skip to main
|
skip to sidebar
Top Menu
HOME
VIDEO
BURMESE
ENGLISH
Facebook
RSS Feed
Twitter
ရှမ်းရိုးရာ နှစ်ကူး ပဒေသာပင် အလှူ
Friday, December 14, 2012
~
ဂျွန်ချစ်ငြိမ်း(တောင်ကြီး)
~
ယနေ့ နေ့ခင်း ၁၂း၀၀ နာရီခန့်တွင် တောင်ကြီးမြို့ ၊ မိန်းလမ်း တောက်လျှောက် ရှမ်းရိုးရာ နှစ်သစ်ကူး ကထိန်ပဒေသာပင်များကို အိုးစည်ဗုံမောင်းများဖြင့် အဖွဲ့လိုက်စီတန်း လှည့်လည်ခဲ့သည်ကို တွေ့ရသည်။
ပဒေသာပင်စုစုပေါင်း အခု ၅၀ ကျော် ပါဝင်ပြီး တောင်ကြီးမြို့နယ် ဒေသအသီးသီးရှိ ရှမ်းရွာများ၊ မြို့နယ်များမှ ပဒေသာပင်များပါ ပါဝင်ကြောင်း တောင်ကြီးဒေသခံ ရှမ်းတိုင်းရင်းသား ကိုစိုင်းမွန်းကပြောသည်။
ယခု နှစ်သည် ရှမ်းသက္ကရာဇ် ၂၁၀၇ တွင် ကျရောက်ကြောင်း ၊ ယခုကဲ့သို့ နှစ်ကူးတွင် အလှူ လှူဒါန်းရခြင်းသည် နှစ်သစ်ကူး အထိမ်းအမှတ် နှစ်ဆန်း မင်္ဂလာအလှူဖြစ်ကြောင်း၊ ဆန်းစပါးအသစ် ထွက်သည့်အချိန်လည်း ဖြစ်သောကြောင့် ညအလှူ အတန်းပြုလုပ်ကြသည်မှာ ရှေးယခင် ခေတ်အစဉ်အဆက်မှ ကျင်းပလာခြင်း ဖြစ်ကြောင်း ကိုစိုင်းမွန်းကပြောသည်။
လှူဒါန်းထားသည့် ပဒေသာပင်အသီးသီးကို မနက်ဖြန် ဒီဇင်ဘာ ၁၅ ရက် ရှမ်းနှစ်ဆန်း (၁) ရက်နေ့တွင် တောင်ကြီးမြို့ပေါ်ရှိ ဝေဠုဝန်ကျောင်း၊ ကျိုင်းတုံကျောင်း၊ ရှမ်းပိဋကတ်ကျောင်း၊ မင်းကွန်းကမဋ္ဌန်းကျောင်း အစရှိသည်တို့ကို သွားရောက်ပြီး ရေစက်ချ လှူဒါန်းကြမည်ဖြစ်ကြောင်း ဒေသခံရှမ်းတိုင်းရင်းသားများထံမှ သိရသည်။
ဧရာဝတီ Facebook
/
Twitter
-
Posted in:
Culture
,
Photo
,
ဓာတ်ပုံ
,
ယဉ်ကျေးမှု
0 comments :
Post a Comment
« Newer Post
Older Post »
Home
View mobile version
Subscribe to:
Post Comments ( Atom )
ဘလော့ဂ် အကြောင်း
ဧရာဝတီ ဘလော့ဂ်
ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
ရုပ် / သံ
တပတ်အတွင်း အဖတ်အများဆုံး
မျိုးကြီးလည်း ပေါ်လစီသီချင်း ဆိုပြီ
လူငယ်တွေ အသည်းစွဲ ရော့ခ် အဆိုတော် မျိုးကြီး တယောက် အကျိုးပြုသီချင်း ဆိုနေပြီလို့ သိရပါတယ်။ စစ်အစိုးရရဲ့ ရုပ်သံမီဒီယာဖြစ်တဲ့ မြ၀တီ၊ မြန်မာ့...
ပြောစရာတွေတော့ ဖြစ်ကုန်ပြီ
ပြည်တွင်းက သတင်းထောက် တဦး ပေးပို့တဲ့ စာကို ဧရာဝတီ ဘလော့ဂ် ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။ ဒီနေ့လေ အန်အယ်ဒီရုံးက လူငယ်တွေ...
ဖားမင်းဆွေ၏ အံ့မခန်း ရိုက်ပေါက်များ
- စစ်အစိုးရ အကြိုက် ဆောင်းပါးတွေ ရေးလေ့ရှိတဲ့ ငါးမင်းဆွေ (ဖားမင်းဆွေလို့လည်း နောက်ပြောင်ခေါ်ကြတယ်။ ဖားလွန်းလို့တဲ့) ဟာ ဒီနေ့ ၁၁ နာရီက NLD ရ...
ဂျာနယ်များ သတင်းယူခွင့် NLD ကန့်သတ်
ခင်သြ ပြီးခဲ့သည့်လပိုင်းက တွေ့ရသည့် NLD ၏ သတင်းစာရှင်းလင်းပွဲတခု တောင်ကိုရီးယားသမ္မတ မစ္စတာ လီမြောင်ဘတ်နှင့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယ...
မိုးစက်ဝိုင်နဲ့ပတ်သက်ပြီး Miss Universe Myanmar အဖွဲ့ သတင်းထုတ်ပြန်
~ မော်စကိုသွားပြီး မယ်စကြဝဠာပြိုင်ပွဲဝင်မယ့် မိုးစက်ဝိုင်နဲ့ ပတ်သက်ပြီး "အများပြည်သူထင်ယောင်ထင်မှားဖြစ်အောင်" အင်တာနက်မှာေ...
နေ့စဉ်သတင်းလွှာမှာယူရန်
ကွန်မန့်များ
ကဏ္ဍများ
Car
IT
Trends
Youth
ကျန်းမာရေး
စားသောက်ဆိုင်
ဓာတ်ပုံ
ဖက်ရှင် နဲ့ အလှအပ
ဗဟုသုတ
ဘာသာပြန်
သတင်း
အင်တာဗျူး
အစားအသောက်
အနုပညာ ရပ်ဝန်း
ထွေထွေရာရာ
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved
0 comments :
Post a Comment