ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဝန်ကြီးချုပ် မစ္စ ယင်လတ် ရှင်နာဝပ် အစိုးရ နုတ်ထွက်ရေး ဆန္ဒပြမှုတွေက အရှိန်ပြင်းထန် လာပြီး အစိုးရ ရုံးတချို့ကို ဆန္ဒပြသူတွေ ဝင်ရောက် စီးနင်းမှုတွေလုပ်တယ်ဆိုတာကြောင့် အရေးပေါ် အခြေအနေတွေ ကြေညာထားပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆန္ဒပြပွဲ မြင်ကွင်းများ၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်
ဖမ်းဝရမ်း ထုတ်ခံရတဲ့ မစ္စတာ ဆုထက်ပ် ( အလယ်)
ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ ဆုထက်ရဲ့ ရှေ့နေ က အစိုးရ ရုံးတွေကို ဝင်စီးတဲ့ ဆန္ဒပြသူတွေကို ဆုထက်ပ် က ဦးဆောင်မှု မလုပ်ခဲ့ကြောင်းနဲ့ ပြည်သူပိုင် ပစ္စည်းနဲ့ အစိုးရ ပိုင် ပစ္စည်းတွေကိုလည်း မဖျက်စီးခဲ့ဘူး လို့ ပြောဆိုထားပါတယ်။
ဆန္ဒပြသူတွေက အခြား အစိုးရ ဝန်ကြီးဌာနရုံးတွေကိုလည်း ဝင်ရောက် စီးနင်းတယ်လို့ သတင်းတွေက ဆိုပါတယ်။
ဘန်ကောက်အနီးဝန်းကျင် ၄ ခရိုင်ကိုတော့ ဝန်ကြီးချုပ် မစ္စယင်လတ်က အရေးပေါ် အခြေအနေကြေညာ ပြီး အစိုးရ ရုံး တွေကို ဆန္ဒပြသူတွေက ဝင်ရောက်စီးနင့်လင့်ကစား အကြမ်းဖက် ဖြိုခွဲသွားမှာ မဟုတ်ဘူးလို့ လည်း ထိုင်းတီဗီရုပ်သံလိုင်း တွေက ကြေညာနေပါတယ်။
ဆန္ဒပြသူတွေက ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝပ်ရဲ့ ကြိုးဆွဲရာ ကနေရတဲ့ လက်ရှိ ဝန်ကြီးချုပ် နုတ်ထွက် ပေးဖို့ အဓိက တောင်းဆိုရာက ဆန္ဒပြမှုတွေ ကျယ်ပြန့်လာတာပါ။
ဆန္ဒပြမှုတွေ ဖြစ်လာရတာကလည်း လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေက ထိုင်းပါလီမန်မှာ အကိုဖြစ်သူ မစ္စတာ သက်ဆင် ကို ၂၀၀၈ ခုနှစ်က ထောင်ဒဏ်ချမှတ်ခံရတာကို ပလပ်စေပြီး ပြည်တော်ပြန်လာခွင့် ရစေမယ့် လွတ်ငြိမ်းချမ်းသာ ဥပဒေကြမ်း ကို မစ္စ ယင်လတ်က တင်သွင်းခဲ့လို့ ဖြစ်ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကို အထက်လွှတ်တော်ကလည်း ပယ်ချပြီးနောက်ပိုင်း ဝန်ကြီးချုပ် မစ္စယင်းလတ်က လည်း ပြန်လည် ရုပ်သိမ်းသွားခဲ့ပါတယ်။
အိမ့်သံစဉ် ~
- ဧရာဝတီ Facebook
- ဧရာဝတီ Twitter
https://twitter.com/IrrawaddyBlog
0 comments :
Post a Comment