အမျိုးသားဒီမိုကရေစီအင်အားစု (NDF ပါတီ) ကို တည်ထောင်သူ ဒေါက်တာသန်းငြိမ်း ဒီမနက် ရန်ကုန်မြို့မှာ ကွယ်လွန်သွားပါတယ်။
၂ဝ၁ဝ သြဂုတ်လ ၁၉ ရက်နေ့က မန္တလေးမှာ တွေ့ရတဲ့ ဒေါက်တာသန်းငြိမ်း (ဓာတ်ပုံ - Reuters)
~
ရန်ကုန်မြို့ ပင်လုံဆေးရုံမှာ ကုသမှုခံယူနေတုန်း ကွယ်လွန်တာဖြစ်ကြောင်း ပါတီက ကြေညာပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ် ရှိပါပြီ။
ဒီအကြောင်း ဧရာဝတီအင်္ဂလိပ်ပိုင်းစာမျက်နှာ http://www.irrawaddy.org/burma/ndf-founder-dies-liver-cancer.html မှာ ရေးထားပါတယ်။ ဆီလျော်အောင် ကောက်နုတ် ဘာသာပြန်ရရင်... NDF ကို မထူထောင်ခင်မှာတော့ ဒေါက်တာသန်းငြိမ်းက NLD ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တဦးပါ။ ၂၀၁၀ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေး NLD ပါတီတွင်း အယူအဆ ကွဲပြားတွေထွက်အပြီးမှာ NDF ကို ထူထောင်ခဲ့တာပါ။
ဒေါက်တာသန်းငြိမ်းက စစ်ထောက်လှမ်းရေးခေါင်းဆောင်ဟောင်းဦးခင်ညွန့်ရဲ့ ယောက်ဖ တော်စပ်ပါတယ်။ သို့သော်လည်း သူတို့က အယူအဆ တူကြတာ မဟုတ်ပါဘူး။
ကျန်းမာရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းခဲ့တဲ့ ဒေါက်တာသန်းငြိမ်းဟာ ၁၉၈၈ လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အတွက် ရာထူးက ဖယ်ရှားခံရသူပါ။
NLD မှာ ပါဝင်ပြီး ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တယောက် ဖြစ်ခဲ့သူပါ။ သူ့ကို ရွေးကောက်ခဲ့သူတွေကတော့ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်က မဲဆန္ဒရှင်တွေပါပဲ။
အဲဒီရွေးကောက်ပွဲရလဒ်ကိုတော့ စစ်အစိုးရက လျစ်လျူရှုခဲ့တာပါ။
NLD မှာ ရှိနေစဉ် ဒေါက်တာသန်းငြိမ်း အထိန်းသိမ်းခံရပါတယ်။ ထောင်ထဲမှာ ၁၁ နှစ် နေခဲ့ရပါတယ်။
ထောင်ကထွက်လာတော့ သူ့မှာ အသည်းကင်ဆာ ပါလာပါတယ်။
ပြည်ပကို ဆယ်ကြိမ်ထွက်ပြီး ကုသမှု ခံယူခဲ့ပါတယ်။
.
0 comments :
Post a Comment