တပေါင်း၊ တန်ခူး လကျော်လာရင်တော့ ဒီရွာမှာ ရေရှားပါးတဲ့ဒဏ်ကို ကြုံတွေ့နေကြပါ။ တရွာလုံးမှာ
ရေတွင်း ၈ တွင်းရှိတယ် ဆိုပေမယ့် နွေရာသီရောက်တိုင်း တွင်းရေတွေ ခမ်းကုန်တာပါ။
ရေတွင်းတွေ မကဘူး ချောင်းရေပါ ခမ်းခြောက်သွားတာပါ။ သက်ဆိုင်ရာတွေက ဘယ်လိုအကူအညီမျိုး
တွေ ပေးတာရှိလဲ မေးကြည့်တော့ …
ရွာသားတဦးဖြစ်တဲ့ ကိုမောင်လေးက "အစိုးရက ရွာကြီးတွေကိုတောင် မရောက်တာ။ ကျတော်တို့ ဒီရွာ ကတော့ မျှော်မနေပါဘူး။ ဒီလိုဘဲ တွင်းရေက ထွက်သလောက်ရေနဲ့ပဲ မျှ သုံးကြတယ်။ မနေ့က မိုးရွာလို့ ကျတော်တို့ ရွာသားတွေ ရေအဝချိုးရတာ" တဲ့။
ကဲ... ပဒါရွာ ဆိုတာ ဒီဓာတ်ပုံတွေ က ဖော်ကျူးထားပါတယ်။
ငြိမ်းဇော် ~
တို့ ရဲ့ မွေးရပ်မြေရခိုင်ပြည်နယ်ကအရှိုချင်းရွာလေးပါ.....နွေရာသီမှာရေ ရှားတာကတော့ ကိုယ်တိုင်သွားမှ ကြုံဖူးမယ်....သောက်ရေ သုံးရေမလုံလောက်လို့  ရွာသူရွာသားများစိတ်ညစ်ရတဲ့ အချိန်ဟာ...နွေရာသီပါ.....