ထိုင်းနိုင်ငံရောက် မြန်မာပြည်သားများအရေးအတွက် အလေးပေး ဆောင်ရွက်နေပါတယ် လို့ ထိုင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တနာဆတ် ပါတီမာ ပါရာဂွန်က ကြာသပတေးနေ့က ပြောလိုက်ပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8xNo50K_Gd1Jaq8IbXNJ7e-QOqRlKxy4VzovmivU-EBaiXdfVAQc2C6p61jFelmzrB3I2Bag4P16HvuJ0_hWImXR4iXtBVVsMm_cpsq1O5-mlpk9lFsufb0xqfHX5bxL_TNP_u4fZYDfm/s1600/photo+by+than+htike+oo.jpg)
- ဇင်းမယ်လို့ အရင်က ခေါ်ကြတဲ့ ချင်းမိုင်မြို့ရောက် မြန်မာပြည်သား အလုပ်သမားများ။ သူတို့က နေ့စားလုပ်ကိုင်သူတွေဖြစ်ပြီး လာရောက်ငှားရမ်း ခေါ်ယူမယ့်သူကို စောင့်ဆိုင်းနေကြတာဖြစ်ပါတယ် (ဓာတ်ပုံ - ဧရာဝတီ)
ပုဂံမြို့မှာပြုလုပ်တဲ့ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အစည်းအဝေးမှာ အဲဒီလို ပြောလိုက်ခြင်းဖြစ်ကြောင်း မြန်မာအစိုးရသတင်းထုတ်ပြန်ချက်မှာ ရေးပါတယ်။
"နှစ်နိုင်ငံ ပြည်သူများအား သာယာစည်ပင်မှုနှင့် ပျော်ရွှင်မှုများ ဆောင်ကြဉ်း ပေးနိုင်စေရေး တို့အတွက် မျှော်လင့်ထား မိပါကြောင်း၊
ထိုင်းနိုင်ငံရောက် မြန်မာ အလုပ် သမားများအတွက် ထိုင်းနိုင်ငံသားများ နည်းတူ ခံစားနိုင်အောင် ဆောင်ရွက် နေပါကြောင်း" ဆိုပြီး ထိုင်းဗိုလ်ချုပ်ကြီးက ပြောပါတယ် တဲ့။
ထိုင်းနိုင်ငံအနှံ့အပြားမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာပြည်သား နှစ်သန်း သုံးသန်း ရှိမယ်လို့ ယူဆရပါတယ်။
မြန်မာပြည်သားတွေအရေး ဆောင်ရွက်ပေးမယ် ဆိုတာကို မြန်မာပြည်ရောက်တုန်း ပြောဆိုသွားတာ သဘာဝကျပါတယ်။
ထိုင်းစစ်ခေါင်းဆောင် ပြောသွားတဲ့ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တခုကတော့ ..
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇူလိုင်လအတွင်း ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီး လာရောက်မှုကို မိမိတို့ အနေဖြင့် များစွာ တန်ဖိုးထားပါတယ် ဆိုတဲ့အချက်ပါ။
ထိုင်းစစ်တပ်က မေလ ၂၂ မှာ အာဏာသိမ်းပါတယ်၊ အာဏာသိမ်းပြီး ဆယ်ရက်ခန့်အကြာမှာ မြန်မာ ကာကွယ်ရေးဦးချုပ် ဘန်ကောက်ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။
http://burma.irrawaddy.org/news/2014/05/23/59360.html
.
0 comments :
Post a Comment