စာပေစိစစ်ရေးနဲ့ ပတ်သက်ပြီး ယနေ့မြန်မာမှာ ဖော်ပြထားတဲ့ ပေးစာပါ။ စာရေးပို့တဲ့သူက စာပေလောကသားတယောက်လို့ ဆိုထားပြီး အချက်အလက်တွေခွဲ၊ ထောက်ပြ ဝေဖန်ထားပါတယ်။
(၁) စာပေစိစစ်ရေးတွင် တိကျသော မူဝါဒ မရှိပါ။
(၂) စာပေစိစစ်ရေး ဝန်ထမ်းများမှာ အရည်အချင်း မပြည့်မီပါ။
(၃) စာပေးစိစစ်ရေးတွင် အကြီးအကျယ် လာဘ်စားနေကြသည်။
(၄) စာပေစိစစ်ရေးသည် အကြွင်းမဲ့ အာဏာရှင်ပုံစံဖြင့် တည်ဆောက်ထားသည်။
(၅) စာပေစိစစ်ရေးသည် စာပေဆိုင်ရာ စီးပွားရေးလုပ်ငန်းအား စစ်အာဏာရှင်တစုသာ လုပ်နိုင်အောင် ကန့်သတ်ထားသည်။
(၆) စာကောင်းပေမွန်များ အထွက်နည်းရေးသည် စာပေစိစစ်ရေး၏ အဓိက ဦးတည်ချက်ဖြစ်သည်။
အဲဒီလို ကဏ္ဍတွေခွဲပြီး ဝေဖန်ထားပါတယ်။ အသေးစိတ်ကို ဒီနေရာက ယနေ့မြန်မာမှာ ဖတ်နိုင်ပါတယ်။
ဒီဆောင်းပါးရေးသူကို အထူးကျေးဇူးတင်ပါတယ်
အားလုံးအမှန်တွေချည်းပါ
စာပေစိစစ်ရေးကို စာပေကင်ပေတိုင်ဆိုပြီး ခေါ်ခဲ့ ကြတာ မှတ်မိပါသေးတယ်
ကျွန်မဂျာနယ် ထုတ်စဉ်က
တင့်ဆွေမရောက်သေးပါဘူး..အဲဒီတုန်းကလည်း ညွှန်မှူးအခန်းဝက ပြာတာက ကျွန်မကို ဖိနပ်ချွတ်ဖို့ပြောပါတယ်..ကြည့်လိုက်တော့ ကြမ်းပြင်ကို ဖယောင်းပုဆိုး ညစ်ထပ်ထပ်ခင်းထားတယ်..ပြာတာကိုယ်တိုင်လည်း ဖိနပ်စီးထားတယ်..ကျွန်မ လုံးဝ ဖိနပ်မချွတ်ခဲ့ဘူး..အဲ..ဒါပေမယ့် ကျွန်မရဲ့ အယ်-ချူပ်က စကားနည်း ရန်စဲ ပြေရာပြေကြောင်း ဖိနပ်ချွတ်ခဲ့ပါတယ်.
သာမန်ကြည့်ရင်တော့ အသေးအမွှား ယူဆစရာပေမယ့် သက်သက် လူပါးဝတာပါ..နောက် သူ့ကို လဘက်ရည်ဖိုးပေးထားလိုက်တော့မှ အဆင်ပြေသွားတယ်..လာဘ်ပေးလာဘ်ယူတာကို မနှစ်သက်ပေမယ့် လူပ်ခဲ့ရတာပါဘဲ