ယနေ့ နံနက်ယွန်းယွန်း၌ သတင်းအဖျင်းစာစောင်ကို ကောက်ကိုင်လိုက်ရာ “နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ” ဆိုပြီး စာလုံးမည်းကြီးနှင့် တွေ့ရ၏။ သေချာစောင့်ကြည့်နေသည့်ကြားမှ ဘယ်အချိန် ကျမ်းကျိန်လိုက်သည်မသိ။
သတင်းအဖျင်းစာ အတွင်းထဲတွင် သမ္မတနှင့် ဒုတိသမ္မတများထံ နိုင်ငံတကာမှ ပေးပို့ထားသော စာရင်းကို ခန့်ခန့်ကြီး ဖော်ပြထားသေးသည်။ သမ္မတတွေကို ပွဲထုတ်မည်လော၊ ငလျင်ဒုက္ခသည်တွေ တကယ်ကူညီရေးက အရေးကြီးသလောဟု မေးစရာရှိသည်။
မြန်မာပြည်သူများအတွက် ဘုမသိ ဘမသိ သမ္မတကြီးတော့ ရချေပြီ။ အကယ်၍ အသက်၂၀ ကျော် အစိတ်အရွယ် မြန်မာနိုင်ငံသားတဦး ဖြစ်ငြားအံ့၊ အနှီလူငယ်သည် “ကျနော်တို့ သမ္မတ” ဟူသော စကားကို သုံးဖူးမည် မဟုတ်ချေ။ “သမ္မတကြီး ဦးနေဝင်း” လက်ထက်နောက်မူကား “တပ်ချုပ်ကြီး” သာ အစဉ်တစိုက် ရှိခဲ့သောကြောင့်တည်။ ယခုမှုကား အကြောင်းရှိသော် လျှာယားယားဖြင့် သုံးကြရတော့ချေမည် တမုံ့။
“မြန်မာပြည်ရဲ့ အင်းမေ့ခ်ျဆိုရင် နိုင်ငံတကာမှာ သန်းရွှေရဲ့ လော်ပလိုစီရုပ်ကြီး ပြေးပြေးမြင်ရတာ စိတ်ညစ်လှသဗျာ” ဟု ညဉ်းလေ့ညဉ်းထရှိသော ကျွန်ုပ်၏ မိတ်ဆွေကား ယခု သမ္မတ အသစ်ကျပ်ချွတ်ကြီးကို မည်သို့ ပြောမည်မသိ။ စလောင်းဖုံး ရှုံ့တွတွကို နေပြထားသည့် ရုပ်နှင့် သမ္မတကြီး ဦးသိန်းစိန် ဖြစ်တော့သည်တကား။
အာဏာကင်ဆာဖြစ်နေသည့် မြန်မာပြည်မှာ ဒုတ်ထိုးကြိုးဆွဲ သမ္မတသစ်နှင့် အစိုးရသစ် ဘာဆိုင်းတီးပြီ ထွက်လာမည်ကို ကြည့်ကြဦးစို့ရဲ့။
မောင်ခက်
နိုင်ငံတော်အစိုးရ နောက်ထပ်ဆယ်ယောက်တက်ပါစေအုံး .. မကောင်းပြောနေကြသူကတော့ သူ့အကျင့်စရိုက်အရ ပြောနေမှာပါပဲ ဘာဖြစ်လို့လဲ သူကိုယ်တိုင် အဲဒိနေရာ ရအောင်မယူနိုင်လို့ပါပဲ..မြေခွေး စပျစ်သီးမမှီတော့ ချဉ်ပါတယ်ပြောတတ်ပါတယ်..ကိုယ်ကိုယ်တိုင်တော့ ရအောင်မလုပ်ပဲ မကြိုးစားပဲနဲ့ လျောက်ပြောချင်နေကြတာ..လေးစားလောက်ပါတယ်..