“မာမားမူ မိုက်မီ၊ မွတ်”
အဲဒါ ထိုင်းစကား။ ဘာသာပြန်ရရင် -
“အမေ - မာမားခေါက်ဆွဲ ၀က်သားနဲ့ ရှိလား”
“မာမားခေါက်ဆွဲ ၀က်သားနဲ့ မရှိဘူးကွဲ့၊ ကုန်သွားပြီ”
“မ” ကို သုံးပြီး ၀ါကျ ၂ ကြောင်းဖွဲ့ထားတာပါ။ ထိုင်းတွေ ထွင်သလား မြန်မာပြည်သားတွေ ထွင်ထားတာလားတော့ မသိဘူး။
ကဲ - မြန်မာပြည်သားတွေထွင်ထားတာ သေချာတဲ့ ၀ါကျ တခု ပြန်ဖော်ကြည့်ရအောင်။
“သ” ကို သုံးပြီး ဖွဲ့ထားတဲ့ ၀ါကျတခု ရှိတယ်။ ကြားဖူးမှာပါ။
သ သ သ သ (၄ လုံး)
သ ဿ သ (၃ လုံး)
သ သ သ သ (၄ လုံး)
သ သ သ (၃ လုံး)
စုစုပေါင်း ၁၄ လုံး
မေးခွန်း ၁ - “သ” ကို သုံးပြီး ၀ါကျ ဘယ်လောက်ရှည်ရှည် ဖွဲ့နိုင်သလဲ။ ၁၄ လုံးပဲလား။
သဲလွန်စ - “ဿ” တလုံး ပါတယ်။
အဖြေ - ???
မေးခွန်း ၂ - ကမ္ဘာ့ သက်တမ်းအရင့်ဆုံး အသက်မွေးဝမ်းကျောင်း လုပ်ငန်း ၂ ခုက ဘာလဲ။
(သဲလွန်စ - အတောင်မပါသည့်ကြက်၊ နိုင်ငံတကာ)
အဖြေ - ???
၁။ သေသောသူသည် သုဿာန်သို့ သက်သက်သာသာ သွားသေသည်။
၂။ ဖာ၊ အရက်