ယမန်နေ့က တရုတ်နိုင်ငံ ပီကင်းမြို့ သတင်းစာရှင်းလင်းပွဲတခုမှာ တရုတ်နိုင်ငံက မြန်မာအပေါ် ထားရှိတဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျန်းယီက အပြည်ပြည်ဆိုင်ရာ သတင်းထောက်များရဲ့ မေးခွန်းများကို ဖြေကြားခဲ့ပါတယ်။
လတ်တလော တရုတ်ရဲ့ မြန်မာအပေါ် ထားရှိတဲ့ နိုင်ငံရေးပေါ်လစီနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကိုလည်း ထည့်သွင်းပြောဆိုသွားပါတယ်။
ကျန်းယီက ယခုမြန်မာနိုင်ငံမှာ အစိုးရသစ်နဲ့ သမ္မတသစ် ဦးသိန်းစိန် တက်လာသည်ကို ကြိုဆိုကြောင်း၊ မြန်မာလူထုနဲ့ မြန်မာ့ဒီမိုကရေစီ လမ်းကြောင်းကိုလည်း အလေးအနက်ထားကြောင်း၊ နိုင်ငံတည်ငြိမ်ရေးကို အစိုးရသစ်က ဦးဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောသွားပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲပြီးနောက် အနောက်နိုင်ငံများက မြန်မာနဲ့ ဆက်ဆံရေးတိုးမြှင့်မှုကိုလည်း ဖိအားမပေးလိုကြောင်း၊ အကြောင်းမှာ တရုတ်နိုင်ငံသည် ဘယ်နိုင်ငံမဆို သူ့ပေါ်လစီနဲ့ နိုင်ငံရေး ဝင်ရောက်စွက်ဖက်မှု မလုပ်ကြောင်း၊ တရုတ်နိုင်ငံအနေနဲ့လည်း နိုင်ငံတကာက မြန်မာအပေါ်ထားရှိတဲ့ စီးပွားရေးပိတ်ဆို့မှုများကို စဉ်းစားဆွေးနွေးပြီး လျှော့သင့်တယ်လို့ မျှော်လင့်ကြောင်း စသည်စသည် ဟိုရှောင်ဒီရှောင် ပြောကြားသွားပါတယ်။
ဝင်းလက်
Ref: Sina
အရှက်မရှိတဲ့၊ရိုင်းစိုင်းတဲ့တရုပ်အစိုးရနဲ့သိက္ခာသမာဓိကင်းမဲ့သောရုရှား၊
အင်ဒီးယားတို့၊
မောင်မင်းတို့ထူထောင်ချင်တဲ့ခေါတ်နောက်ပြန်ဆွဲ၁၄ရာစုကျေးပိုင်ကျွန်ပိုင်စနစ်၊
အာဏာရှင်စနစ်၊အကျင့်ပျက်ချစား၊အဂတိလိုက်စား၊ကလိမ်စိငြမ်းဆင်၊
တွေကိုကိုယ့်နိုင်ငံမှာဘဲအေးအေးဆေးဆေးလုပ်ကြပါ။
ဟိုလိုလိုဒီလိုလိုနဲ့၂၁ရာစုယဉ်ကျေးသိမ်မွေ့တဲ့ကမ္ဘာ့ဇာတ်ခုံပေါ်တက်လာတော့၊
ရှက်ရှက်နဲ့နောက်ပြန်လိမ့်ကျသွားရပြီမဟုတ်လား၊
ဂဒါဖီးကဒေါသလက်စားချေစိတ်ရိုင်းနဲံ့ဘင်ဂါစီမြို့ကိုမီးလောင်တိုက်သွင်းဘို့
လုပ်တော့၊ကမ္ဘာ့တာဝန်သိခေါင်းဆောင်လူကြီးလူကောင်းများက၊
ကုလသမဂ်ဂလုံခြုံရေးကောင်စီမှာဂဒါဖီးလူသတ်သမားကိုအရေးယူဘို
့မဲခွဲတယ်။ ဂျဗိုးသခိုးအဆင့်လောက်ဘဲရှိတဲ့ခင်ဗျားတို့ခပ်တည်တည်နဲ့မဲမထဲ့ဘဲရှောင်
ထွက်လာရတယ်၊ ခင်ဗျားတို့ကိုလဲလူကြီးတွေကသေရေးရှင်ရေးအလုပ်ရှုပ်နေတော့အမှိုက်လို့ဘဲသဘောထားတယ်။
ခင်ဗျားတို့ကမ္ဘာ့အမှိုက်တွေမကြာခင်ဗမာနိုင်ငံမှာလူအစုလိုက်သတ်ဖြတ်မှု၊
ကာကွယ်ရေးအစီးအဝေးပွဲကြီးမှာအမှိုက်တောင်းထဲအပြစ်ခံရအုံးမယ်။
အမှိုက်စုတ်ပလောင်းစုတ်တွေဘဲ။