ပြည်တွင်းရှိ စေတနာ့ လူမှုဝန်ထမ်း လုပ်ဆောင်နေသူများအတွက် ရွေးချယ် ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ခါတင် ၅ ဦးအနက် အကျဉ်းကျ သံဃာတော်နဲ့ သီလရှင်များကို ထောင်ဝင်စာ တွေ့ပေးနေတဲ့ ဒေါ်ရှုကို မဲအများဆုံးနဲ့ မနေ့က ရွေးချယ်လိုက်ပါတယ်။ နိုင်ငံပေါင်း ၄၀ က မဲဆန္ဒရှင် ၂ သိန်းခွဲကျော်က မဲပေးခဲ့ကြတယ်လို့ သိရပါတယ်။
ဧရာဝတီ ဝက်ဘ်ဆိုဒ်မှာ ဆောင်းပါးရှင် မင်းနိုင်သူ ရေးခဲ့တဲ့ ဒေါ်ရှုအကြောင်းကို ဒီနေရာမှာ ဖတ်နိုင်ပါတယ် ။ မနှစ်တုန်းကတော့ ပြည်သူ့ဂုဏ်ရည်ဆိုကို နာရေးကူညီမှု အသင်း (ရန်ကုန်) က ဦးကျော်သူက ရရှိခဲ့ပါတယ်။
မဲပေးခဲ့ကြတဲ့ စာရင်းဇယားများကို ပြည်သူ့ဂုဏ်ဆိုဒ်မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
မဲပေးကြသည့် နိုင်ငံစုစုပေါင်း = ၄၀ နိုင်ငံ
စုစုပေါင်း လက်ခံရရှိသည့် မဲအရေအတွက် = ၂၅၀၂၂၈ မဲ
ပထမ မဲအများဆုံး ရရှိသူ - စုစုပေါင်းမဲ၏ ၄၃.၉၁ %
ဒုတိယ မဲအများဆုံး ရရှိသူ - ၂၅.၇၅ %
တတိယ မဲအများဆုံး - ၁၅.၃၆ %
စတုတ္ထ မဲအများဆုံး - ၁၀.၃၇ %
ပဉ္စမ မဲအများဆုံး - ၀.၃၉ % ဖြစ်ပါသည်။
ဆန္ဒမဲလာရောက်ပေးကြသည့် ဧည့်ပရိသတ် ၀င်ရောက်မှု အများဆုံး နိုင်ငံများမှာ -
၁။ အမေရိကန်ပြည်ထောင်စု - စုစုပေါင်းမဲ၏ ၄၁.၁၀ %
၂။ စင်ကာပူ - ၂၁.၈၆ %
၃။ ထိုင်းနိုင်ငံ - ၆.၄၆ %
၎။ ဂျပန် - ၃.၁၆%
၅။ ၾသစေၾတးလ် - ၃.၀၈ %
၆။ မြန်မာနိုင်ငံ - ၁.၁၃ %
မဲကောက်နေမယ့်အစား အလှည့်ကျ ပေးလိုက်တာ ပိုမကောင်းဘူးလား။ဘာလို့လည်းဆိုတော့ အားလုံးက ကောင်းတဲ့အလုပ်လုပ်နေကြတဲ့သူတွေဆိုတော့ ဘယ်သူသာတယ် မသာဘူးဆိုတာ ဆုံးဖြတ်လို့မရဘူး။အားလုံးအတူတူပဲ။ဒီတော့ အားလုံးကို အလှည့်ကျစနစ်ပေးလိုက်တာ အကောင်းဆုံးပါပဲ။ဒီလူတစ်ယောက်တည်းကြည့်ပဲ မဲပေးရွေးချယ်နေရင်လည်း ကျန်တဲ့ အနစ်နာခံလုပ်နေတဲ့သူတွေတွက်လည်း နစ်နာတယ်မဟုတ်လား။ဒီတော့ အလှည့်ကျစနစ်သာ အကောင်းဆုံးပါ။
မောင်