ဝါရှင်တန် မြန်မာသံရုံးက နောက်ထပ် သံအရာရှိတယောက် မနေ့ကပဲ အဲဒီမှာ ခုန်ချလိုက်ပါပြီ။ သူကတော့ ပထမအတွင်းဝန် ဦးစိုးအောင် ဖြစ်ပါတယ်လို့ ဗွီအိုအေ အသံလွှင့်ဌာနက ဆိုပါတယ်။
ဒုသံမှူးကြီး ဦးကျော်ဝင်း ခုန်ကျအပြီး တပတ်အကြာမှာ သူ ခုန်ချတာ ဖြစ်ပါတယ်။
ဦးကျော်ဝင်းအမှုနဲ့ ပတ်သက်ပြီး စစ်ကြောစရာရှိလို့ ၂၄ နာရီအတွင်း လာခဲ့ဖို့ နေပြည်တော်က ဆင့်ခေါ်တာကြောင့် အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့် ရုတ်တရက် တောင်းလိုက်တာလို့ ဆိုပါတယ်။
ဦးစိုးအောင်ဟာ နိုင်ငံခြားရေး ဌာနမှာ လုပ်သက် အနှစ် ၃၀ ကျော်ပြီလို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ရာထူးက ပထမအတွင်းဝန် အဆင့်ပဲ ရောက်နေပါသေးတယ်။
သူတို့ဌာနမှာ “အကောင်” ဖြစ်နေသူတွေကတော့ ထုံးစံအတိုင်း စစ်ဗိုလ်တွေပါ။ လွှတ်တော်မှာက အခုမှ စစ်ဗိုလ် တမတ်သား ဖြစ်နေတာ၊ နိုင်ငံခြားရေး ဌာနမှာ၊ သံရုံးတွေမှာတော့ ဒီလိုဖြစ်နေတာ ကြာပါပြီ။
“တပ်ကလူတွေ ၀င်လို့ ကျနော်တို့ နိုင်ငံမှာရှိတဲ့ ၀န်ထမ်းအဖွဲ့အစည်း အားလုံးက ပျက်တာပဲ” လို့ ဒုသံမှူးကြီး ဦးကျော်ဝင်းက ဗွီအိုအေကို ပြောလိုက်ပါတယ်။
ဒီအတိုင်းဆို - မြန်မာသံတမန်တွေ ဒီမိုကရေစီနိုင်ငံတွေမှာ ခုန်ချကြတဲ့ သတင်းတွေ ထွက်လာအုံးမယ် ထင်ပါရဲ့။
အမေရိကန်မှာနေချင်တာနဲ.ဘဲအကြောင်းအမျိုးမျိုးပြနေ တယ်။ ဒုက္ခသယ်လုပ်လိုက်ပါလား။