....
လွန်ခဲ့တဲ့ ဆယ်နှစ် ၉လပိုင်း ၁၁ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ နယူးယောက်မြို့ ကုန်သွယ်ရေးမျှော်စင်နေရာမှာ အမှတ်တရ ပြုလုပ်ထားတဲ့ 9/11 အောက်မေ့ဘွယ်နံရံမှာ မနေ့က နယူးယောက်မြို့သားတွေနဲ့ ခရီးသည်တွေ စုဝေးနေကြတာ ဖြစ်ပါတယ် (ဓာတ်ပုံများ - Getty Images )
အဲဒီနေ့က တိုက်ခိုက်မှုတွေအတွင်း လူ ၃၀၀၀ နီးပါး သေဆုံးခဲ့ရတာပါ
သမ္မတအိုဘားမားတို့မောင်နှံလည်း 9/11 ဆယ်နှစ်ပြည့် အစီအစဉ်ကို ရောက်လာပါတယ်
ဒါကတော့ မီးသတ်တဦးရဲ့ ရင်ဘတ်ကပုံ ဖြစ်ပါတယ်
မနေ့က လန်ဒန်မြို့ အမေရိကန် သံရုံးနားမှာ ပြုလုပ်တဲ့ 9/11 အမှတ်တရ အစီအစဉ်မှာ တွေ့ရတဲ့ သံအမတ် Louis Susman, ဗြိတိန်ဝန်ကြီးချုပ် David Cameron နဲ့ ဗြိတိသျှ အိမ်ရှေ့မင်းသား Charles
လန်ဒန်မြို့ အမေရိကန် သံရုံးနားက 9/11 အမှတ်တရ အောက်မေ့ဖွယ် အစီအစဉ်
အစ္စလမ်အစွန်းရောက်တွေရဲ့ လက်ချက်ကြောင့် သေဆုံးသွားရသူတွေအတွက် ၀မ်းနည်းနေသူတွေပါ
တချိန်ထဲမှာပဲ လန်ဒန်မြို့ အမေရိကန်သံရုံးနားမှာ အစ္စလမ်ဘာသာဝင် ၅၀ ၀န်းကျင်က အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ကြပါတယ်
....
0 comments :
Post a Comment