ဒုဝန်ကြီး
ထိုင်းနိုင်ငံရောက် အလုပ်သမားတွေ မြန်မာပြည်ကို ပို့နေတဲ့ငွေတွေ အများကြီးပဲ၊ အလုပ်သမားတွေကို
ထိုက်သင့်တဲ့အကာအကွယ် ပေးရမယ်လို့ အလုပ်သမား ဒုဝန်ကြီး ဦးမြင့်သိန်း ဘန်ကောက်မှာ ပြောလိုက်တာကို ဒီရုပ်သံမှာ မြင်ရ ကြားရမှာပါ။
သံအမတ် ဦးအောင်သိန်းရဲ့ ပြောဆိုချက်လည်း ပါဝင်ပါတယ်။
"အရင်တုန်းက အမှန်အတိုင်း ပြောရင် တရားမ၀င်အလုပ်သမားကသံရုံးကိုကြောက်သလို၊ သံရုံးကလည်း အဲဒီလူတွေကို ကြောက်တယ်" လို့ သံအမတ်က ပြောသွားပါတယ်။
...
ပြောကြားသွားချက်တွေကို ကြိုဆိုပါတယ်။ ဒီထက် အဆပေါင်းများစွာ ကိုယ့်ဗမာပြည်သားတွေ၊ တိုင်း၇င်းသား ညီအကိုတွေကို အကာအကွယ်ပေးရပါမယ်။ အပိုပြောနေတာမဟုတ်ပါဘူး။ ဖြစ်နိုင်ရင် ရွှေ့ ပြောင်း အလုပ်သမား ဗမာပြည်သားတွေကို ထိုင်း အစိုးရကရော လက်ရှိ ဘောင်ဘီချွတ် အစိုးရက ပါ ကန့် တော့ဦးခိုက် သင့်ပါတယ်။ မြောက်များစွာသော နိုင်ငံခြားငွေတွေကို သူတို့ က ဗမာပြည်အတွက် ရှာဖွေပေးနေတာ နှစ်အတော်ကြာခဲ့ သလို့  ဥပက္ခာပြု ထားခဲ့တာ ပစ်ထားခဲ့တာ ကြာခဲ့ပါပြီး။ လူသာဓု နတ်သာဓု ခေါ်စေဗျာ။ ကိုယ်နိုင်ငံသားကို ကိုယ်စောင့်ရှောက်ရဲရမယ်။ ဒါမှ ပြည်သူက ကလည်းပြန်ပြီး ကောင်းတဲ့သူကို စောင့်ရှောက်မှာပါ...။ ။ သံရုံးဆိုတာ ဗမာပြည်သားတွေ မျက်နှာမငယ်ရအောင် ပြည်ပရောက်နေတဲ့ ပြည်သူတွေ အကျိုးစီးပွားကို ကာကွယ်ဖို့  ဖြစ်ပါတယ်။ သံအမတ်ကြီးရော အလုပ်သမားရော ဝန်ကြီးရော ကျန်းမာ ချမ်းသာပါစေဗျာ။ ပြည်ပ အတိုက်အခံတစ်ဦး။