(နေရေးထက် သချိုင်္င်းပျောက်သွားလို့ သေရေးပါ ခက်နေရတဲ့ ရွာတရွာအကြောင်း ဦးဝင်ချိုရဲ့ ဖေ့စ်ဘုတ်က ကူးယူဖော်ပြတာပါ။)
ရွာတွေမှာ သင်္ချိုင်းရှိတယ်။ အဲဒီသင်္ချိုင်းကို ဘယ်သူမှမပိုင်ဘူး။ သင်္ချိုင်းဆိုတာ တဦးတယောက်တည်း ပိုင်ကောင်းတဲ့အရာမျိုးမှ မဟုတ်တာ။ မြေစာရင်းမှာ သင်္ချိုင်းနာမည်မပေါက်ဘူး။ ဒါပေမယ့် ထိစပ်နယ်မြေမှာ မြေပုံကူးတုန်းကတော့ သင်္ချိုင်းလို့ဖော်ပြထားတယ်။
နိုင်ငံတော်က သည်မြေကို သိမ်းလို့ ရပါတယ်။ နိုင်ငံတော်သိမ်းရင် မြေမြုပ်သဂြိုင်္လ်ဖို့ နေရာတနေရာတော့ ပြန်ပေးတန်ကောင်းရဲ့။ အခုတော့ နိုင်ငံတော်က မသိမ်းဘူး၊ ကြုံရာလူက သိမ်းတယ်။ နောက်တယောက်ကို ပြန်ရောင်းတယ်။ ရွာသားတွေက သင်္ချိုင်းပျောက်သွားလို့ သက်ဆိုင်ရာအာဏာပိုင်ကို တင်ပြတယ်၊ သင်္ချိုင်းမြေမဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဒါဆိုရင် ဘာကြောင့်များ ရောင်းတဲ့သူက အစိုးရမြေကိုရောင်းပြီး ၀ယ်တဲ့သူက ၀ယ်တာလဲဆိုတာကိုတော့ ဖြေရှင်း မပေးလိုက်ဘူး။ ရွာမှာနေပြီး ရွာမှာသေရမယ့် လူတွေမှာ သေစရာတောင် နေရာမရှိတော့ဘူး။ ကဲ... ဘာလုပ်ရမလဲ ပြောကြပါဦး ...
နေရာ - ရေပြာကျေးရွာ (လေးအိမ်စုကျေးရွာအပိုင်) ပဲခူးမြို့နယ်။ ပဲခူးတိုင်းဒေသကြီး။
တိုင်ကြားသူ - မောင်တိုးမိုးကျော် (ခ) မောင်ဝိုင်းကြီး (နှင့်) တခြား (၇) ယောက်
ပတ်သက်သူများ - ရောင်းသူ - ကိုကျော်ဆန်းဝင်း (ခ) ရှမ်းလေး၊ ဦးမောင်စိန်း
ဝယ်သူ - ကိုဧလယ် (ဘ) ဦးငွေရင်
ရပ်ကွက်အုပ်ချုပ်ရေးမှူး (ဦးကျင်လှိုင်း)
သချိုင်းမြေမဟုတ်ဟု ဖြေရှင်းပေးသူ (မ.ယ.က) ဒု ဦးစီးမှူး ဦးသိန်းထွန်း
ကျနော်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတို့ရဲ့ တာဝန်နဲ့ ရပိုင်ခွင့်ကို အလေးထားတဲ့သူ၊ အခုသည်ကိစ္စ ကျနော့်ဆီ ရောက်လာတယ်။ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြန်လှန်ရှာတော့ ပုဒ်မ ၃၅၅။ “နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မည်သည့် အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်” တဲ့ဗျ။ သေဖို့အတွက် ပြဌာန်းထားတာမတွေ့ ။ အဲဒီတော့ သေဖို့သချိုင်္င်းကိစ္စဖွဲ့ စည်းပုံမှာ မပါ။ ကျနော်မတတ်နိုင်တော့ပါခင်ဗျာ။ ဒါပေမယ့် နိုင်ငံတော်ပိုင်မြေကို လွယ်လွယ်ကူကူ ရောင်းလို့ဝယ်လို့ ရတယ်ဆိုရင်တော့ ....။
ဦးဝင်းချို အမှတ် (၆၀) ဗိုလ်ရာညွန့်လမ်း၊ ယောမင်းကြီးရပ်ကွက်၊ ဒဂုံမြို့ နယ်။
ဆက်သွယ်ရန်ဖုန်း ၀၁-၃၉၃၁၅၅-လိုင်းခွဲ၂၆၄။ ၀၉-၇၃၂၀၆၈၃၈။
အဲဒီမြေကိုမင်းတို့ယူလိုက်ကွာ..