(စာကို အကြီးချဲ့ဖတ်နိုင်ရန် စာမျက်နှာပုံပေါ်သို့ ကလစ်နှိပ်ပါ)
- အရှင်ဘုရား... အရှင်ဘုရား.... ဟိုကောင် ပေစိတို့ကောင်တွေ ငါးဖမ်းနေကြတယ်ဘုရား .. ကြိမ်ကြီးကြီးနဲ့သာ ဆော်တော်မူပါဘုရား။
- ဟေ ... မင်းဟာ သေချာလို့လား ကွ။
- သေချာပါတယ် ဘုရား ... တပည့်တော် ငှက်ဥနှိုက်ရင်း မြင်ခဲ့တာပါဘုရား။
DVB နဲ့ ပတ်သက်သူ အားလုံး စုစုစည်းစည်း ဆက်လက်ကြိုးစားသွားပေးကြပါ။ ဒီလို အဖြစ်အပျက်တွေက နေရာတိုင်း အဖွဲ့ အစည်းတိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ပွင့်လင်းမြင်သာ တဲ့ ဖြစ်စဉ် မို့  ဝမ်းသာပါတယ်။ ကြိုဆိုပါတယ်။ အားလုံး လူတိုင်း အဖွဲ့ တိုင်းမှာ အားနည်းချက် အားသာချက်တွေ ရှိတက်စမြဲပါ။ စိတ်ပျက်စရာ ဘာမှ မရှိပါဘူး။ လူထုအတွက် သတင်းအချက်အလက်တွေလောက် ဒီငွေ လောက်က အရေးမကြီးပါဘူး။ စနစ်တကျ ပြုပြင် ဆန်းစစ် လိုက်မယ်ဆိုရင် တည်ငြိမ်သွားမှာပါ။ DVB ကို အားပေးထောက်ခံနေတဲ့ ပြည်သူ တစ်ဦးပါ။
ကဲ ကဲ အဲ့ဒါလေးတော့ ကိုအေးချမ်းတို့ ကိုခင်မောင်ဝင်းတို့ သေချာကျကျနနလေးရှင်းဖို့လိုနေတယ်နော့ မောင်ကောင်းတို့ကတော့ ပြည်တွင်းနက်ဝပ်ခ်လဲမသိဘူး ပြည်ပနက်ဝပ်လဲမသိဘူး သတင်းဖတ်ဖို့လောက်သိတာ အခုဟာက အတော်လေးကိုရှုတ်ထွေးစပြုလာပြီး DVB ရဲ့ သိက္ခာ DVB ရဲ့သမိုင်းကို ထိန်းသိမ်းဖို့ကတော့ ပတ်သက်သူတွေအားလုံးတာဝန်ရှိသဗျိုး - ပြန်ငဲ့ရမှာကတော့ ခင်ဗျားတို့ ထိပ်ပိုင်းတွေကတော့ နော်ဝေနိုင်ငံကြီးသားတွေဗျ DVB မရှိတော့လဲ DVB က ပြုတ်သွားလဲ အေးရောအေးကြောင်းပဲ၊ သို့ပေငြားလဲ မြန်မာနိုင်ငံသားအဖြစ်ခံယူထားသူတွေ မြန်မာနိုင်ငံသားပေမယ့်လဲ အခြားပြည်ပနိုင်ငံမှာခိုးဝှက်နေကြရသူတွေ လုပ်ဖေါ်ကိုင်ဖက်တွေပေါ်တော့ မဟုတ်က ဟုတ်က လုပ်မယ်မကြံနဲ့နော် ကိုယ့်လူတို့ သမိုင်းကနေမှာမဟုတ်သလို ပြည်သူကလဲ လက်ပိုက်ကြည့်နေမှာမဟုတ်ဘူး ရှင်းလိုက် ရှင်းလိုက် ကိုယ့်လူတို့ - ( ဧရာဝတီဘလော့အက်ဒမင် ခင်ဗျား - ဒီ မောင်ကောင်းရဲ့ဝေဖန်အကြံပြုစာလေးတော့ ဆင်ဆာမဖြတ်တောက်ပဲ ထည့်သွင်းပေးစေလိုပါတယ်၊ မောင်ကောင်းစကားမောင်ကောင်းတာဝန်ယူပါကြောင်း၊ )