အရင်က တီဗီ မင်းသား၊ အခုတော့ ဂျာနယ်မင်းသား ဆိုတဲ့ မစပ်စုရဲ့ စပ်စုချက်မှာ ပရိသတ်တဦးက အကြံပြုတာပါ။
Bo K. Nyunt should have FB account to fully understand public votes. တဲ့။
နောက်တယောက်ကလည်း "သူ့ကို ဦးခင်ညွန့်ဟာ ယုန်တစ်ကောင်မဟုတ်ပါ၊ ကျားတစ် ကောင်ဖြစ်ခဲ့ တာတော့ မမေ့သင့်ပါဘူး" လို့ မှတ်ချက်ရေးထားပါတယ်။
ဦးခင်ညွှန့်စပြီးလွတ်လာတဲ့နေ့ကစပြီး ယနေ့အထိ ပြောတဲ့ စကားတွေထဲမှာ ရှေ့နောက်မညီတာတွေအများကြီးပါနေပါတယ်။ ပထမကနိုင်ငံရေးလုံးဝစိတ်မ၀င်စားပါဘူး၊ နိုင်ငံရေးအတိုင်ပင်ခံအဖြစ်လည်း စိတ်မ၀င်စားပါဘူး။ ဒါက ပထမဆုံးနေ့ကပါ။ နောက်ပိုင်းအင်တာဗြူးတွေမှာတော့ တကယ်လို့ လိုအပ်မယ်ဆိုရင် စိတ်စေတနာကောင်းနဲ့အကြံပေးချင်ပါတယ်လို့ပြောပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ်ဦးခင်ညွှန့်ဟာယုံကြည်စရာမရှိပါဘူး။ ၈၈ နောက်ပိုင်းမှာလည်း တိုင်းပြည်ရဲ့သမိုင်းကိုပြောင်းပြန်လှန်တဲ့သမိုင်းစာအုပ်တွေကို သူပဲ ဦးဆောင်းပြီးထုတ်ခဲ့တာပါ။ အဲဒီတော့ သူ့ကို ဒီအတိုင်းပဲထားလိုက်ကြပါ။ ကျားသေကို အသက်မသွင်းကြပါနဲ့၊ သူ့ဘာသူလေးထားလိုက်ကြပါ။
ကိုဇာဂနာလည်း ကျားသေကို ပြန်အသက်သွင်းနေသလိုဖြစ်နေပါတယ်။ဦးခင်ညွှန့်ဟာ ဘယ်လိုလူစားလဲဆိုတာ ကိုဇာဂနာအသိဆုံးပါ။ ကိုဇာဂနာရေ ဒီတစ်ခါဆိုရင်တော့ ......