ကယ်လီဖိုးနီးယားမှမြန်မာလူမျိုးများရဲ့ ရက်ရောစွာ လှူဒါန်းသောကြောင့် နိုင်ငံရေးအကျဉ်းသားများအတွက် အလှူငွေ စုစုပေါင်း၃၅,၄၀၀ ဒေါ်လာရရှိကြောင်း သိရပါတယ်။ အားလုံးဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြပါခင်မျာ..
ဆိုပြီး Eagle Video Group ရဲ့ ရုပ်သံတွေကို ဖေ့စ်ဘုတ်မှာ ဒီလို တွေ့ရပါတယ်။
(တနင်္ဂနွေ မနက် ၁၀း၁၃ ဖြည့်စွက်ချက် - စာများကို မိုးဇော်အောင်ရဲ့ ပါဆင်နယ် ဖိုတိုအယ်ဘမ်မှ ကူးယူ ဖော်ပြ၏)
Eagle Video Group ရဲ့ ရုပ်သံများ၊ စာများကို ကူးယူ ဖော်ပြသည်)
ကိုဇာဂနာကလည်း ကိုဇာဂနာပေါ့။ ဒေါ်စုက ဒေါ်စုပေါ့။ ၈၈ က ၈၈ ပေါ့။ သီးလေးသီးကလည်း သီးလေးသီးပေါ့။ ကသိန်းစိန်ကလည်း ကသိန်းစိန်ပေါ့။ (ရုက္ခစိုးလေသံ) ကိုကိုသန်းရွှေကလည်းကိုကိုသန်းရွှေပေါ့။ ပြည်သူကလည်းပြည်သူပေါ့။ စီးပွားရေးသမားများကလည်း စီးပွားရေးသမားပေါ့။ သဘောနည်းနည်းပေါက်မယ်ထင်ပါတယ်။ ဒီလောက်ပြောတာနေတာတောင် ကိုယ့်စကားကဘယ်မှ မရောက်ဖြစ်နေတယ်။ လောကကြီးကိုကလည်း ဘယ်မှ မရောက်ဖြစ်နေတယ်ထင်တယ်။