ဂျပန်ရိုးရာ ကီမိုနိုအထည်တွေကို လုံချည်ဝတ်တဲ့မြန်မာတွေ သဘောကျနေကြတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့
http://ajw.asahi.com/article/behind_news/social_affairs/AJ201204180024 မှာ ရေးထားပါတယ်။
ကီမိုနိုလုံချည်တွေကို ရန်ကုန်မှာ တထည် 1,000 yen and 2,000 yen ($12.30 to $24.60) ဈေးနဲ့ ရောင်းနေကြတယ်၊ မြန်မာပြည်မှာ ၀တ်ကြသလို ဂျပန်ရောက် မြန်မာတွေလည်း ၀တ်ကြတယ် တဲ့။
ကီမိုနိုလုံချည် ဆိုပြီး မြန်မာပြည်မှာ ၀တ်ဆင်လာကြခြင်းရဲ့သမိုင်းကြောင်းကိုလည်း စာရေးသူ RYUJI NAKAGAWA က ရှင်းပြထားပါတယ်။
စစ်အတွင်းမြန်မာပြည်ရောက်ဖူးတဲ့ဂျပန်စစ်သည်ဟောင်းတဦးက မွေ့ယာဆိုင် (futon shop) ဖွင့်တယ်၊ လွန်ခဲ့တဲ့ အနှစ် ၃၀ ၀န်းကျင်က သူ့ မြန်မာမိတ်ဆွေတွေကို ကီမိုနိုပုံစံအ၀တ်အစားတွေ လက်ဆောင်ပေးတယ်၊
ရောင်စုံကီမိုနိုတွေကိုကြိုက်သွားတဲ့ မြန်မာတဦးက ကီမိုနိုလုံချည်ချုပ်ဝတ်တယ်၊ ဒါနဲ့ပဲ ကီမိုနိုက မြန်မာပွဲထိုင်ဖြစ်လာတာပါ တဲ့။
ဂျပန်စစ်သည်ဟောင်း မွေ့ယာဆိုင်ရှင် နဲ့ တခြားစစ်ပြန်တချို့ဟာ မြန်မာပြည်၊ မြန်မာပြည်သားတို့ကို အင်မတန်နှစ်သက်ကြတယ်လို့ ဆိုတယ်။ မြန်မာပြည်ကို ကီမိုနိုနဲ့ မိတ်ဆက်ပေးခဲ့သူ မွေ့ယာဆိုင်ရှင်က
အခုတော့ ဆုံးသွားပါပြီ လို့ သူ့ကို ကီမိုနိုတွေ ရောင်းပေးခဲ့တဲ့သူက တိုကျိုက Mihama Clot လက္ကားဆိုင် အကြီးအကဲ Yoshiyuki Hamaguchi က ပြောပါတယ်။
သတင်းကတော့ ဒါပါပဲ။
ကီမိုနို ဆိုတာ တချိန်က ဂျပန်မှာ ကျားမ ကြီးငယ်မရွေး ၀တ်ကြပါတယ်။
ဒီနေ့ခေတ်မှာတော့ ကီမိုနိုဝတ်ဆင်သူ နည်းပါးလာပါပြီ လို့ တဲ့။ ဂျပန်ရုပ်ရှင်တွေမှာလည်း ကီမိုနိုဝတ်တာ မတွေ့ရသလောက်ပါပဲ။
အမျိုးသားတွေက မင်္ဂလာပွဲ၊ လက်ဖက်ရည်ပွဲ နဲ့ ရိုးရာအခမ်းအနားတွေမှာ ၀တ်ကြတယ်၊ ဆူမို နပမ်းသမားတွေလည်း စည်းကမ်းချက်အရ ၀တ်ကြတာ မကြာခဏ တွေ့ရတယ် လို့ သိရပါတယ်။
မြန်မာလူမျိုးဖြစ်လျှက်နဲ့တခြားလူမျိုးရဲ့ယဉ်ကျေးမှူဝတ်စုံကိုဝတ်ပြီးဂုဏ်ယူနေတာလောက်ရှက်စရာကောင်းတာမရှိဘူး။
ကိုယ့်ရိုးရာဝတ်စုံကိုကျဝတ်ပြီးဂုဏ်ယူရမှန်းမသိ။ ရှက်တတ်ရင်လူမျိုးနဲ့ချီပြီးရှက်စရာကောင်းတယ်။