(ဓာတ်ပုံများ-ဧရာဝတီ)
ဒညှင်းကုန်းမြို့နယ် ကမ္ဘာ အထည်ချုပ်စက်ရုံက အလုပ်သမား တထောင် နီးပါးကတော့ တခြားစက်ရုံတွေနဲ့ မတူဘဲ စက်ရုံဝန်းတံခါးကို ပိတ်ပြီး ဆန္ဒပြလိုက်ကြပါတယ်။
စက်ရုံဝန်းတံခါးကို ပိတ်ဆို့ပြီး ဆန္ဒပြနေတာကြောင့် စက်ရုံပိုင်ရှင်၊ မန်နေဂျာတွေ ၊ တာဝန်မှူး တာဝန်ခံတွေ၊ ဂိတ်စောင့် လုံခြုံရေးတွေ၊ တခြား အလုပ်သမားတွေ အားလုံးကို အပြင်ထွက်ခွင့် မရဘူးလို့ သိရပါတယ်။
ဆန္ဒပြရတဲ့ အကြောင်းရင်းကတော့ အခြေခံလစာလျော့နည်းမှုပြဿာနာကို ဖြေရှင်းမပေးဘဲ လျစ်လျူရှုထားတာကြောင့် ဖြစ်ပါတယ်။
ဒညင်းကုန်းရပ်ကွက်ပါဗျ။ အင်းစိန်မြို့နယ်ထဲမှာရှိတာ။