What Now and What Next?

Wednesday, November 24, 2010


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ချုလာလောင်ကွန်း တက္ကသိုလ်ရှိ လုံခြုံရေးနှင့် နိုင်ငံတကာ လေ့လာရေး ဌာန (ISIS) မှာ ယမန်နေ့က မြန်မာ့အရေး ဆွေးနွေးပွဲတခု လုပ်သွားပါတယ်။ Post-Election Burma/Myanmar: What Now and What Next? ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။

ဧရာဝတီက အယ်ဒီတာ ကိုအောင်ဇော်၊ ဗဟု ဖွံ့ဖြိုးရေး အင်စတီကျုက ကိုအောင်နိုင်ဦး၊ ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးခွန်ဆိုင်းနဲ့ ISIS က ဒါရိုက်တာ ဒေါက်တာ သီတီနန် တို့က ဦးဆောင် ဆွေးနွေးကြပါတယ်။

ကိုအောင်ဇော်က မကြာသေးမီက ပြီးစီးသွားတဲ့ ရွေးကောက်ပွဲ၊ နယ်စပ်တိုက်ပွဲများနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှု ကိစ္စများကို ဆွေးနွေးခဲ့ပါတယ်လို့ ပြောပါတယ်။

သီတင်းပတ် ၁ ခု၊ ၂ ခုအတွင်းမှာ ဆက်တိုက်ဖြစ်ခဲ့တဲ့ အဲဒီအဖြစ်အပျက်များဟာ နိုင်ငံတကာကို သင်ခန်းစာတွေ ပေးခဲ့တယ်လို့ ကိုအောင်ဇော်က ပြောပါတယ်။

ရွေးကောက်ပွဲဟာ “နေ့ခင်းကြောင်တောင် ဓားပြတိုက်မှု” တခုသာ ဖြစ်ကြောင်း၊ နယ်စပ်တိုက်ပွဲ အစဟာလည်း အဝေမတည့်တာထက် ရွေးကောက်ပွဲကြောင့် ဖြစ်ရတာ ဖြစ်ကြောင်း ပြောသွားပါတယ်။

ရွေးကောက်ပွဲကို အကောင်းမြင် မျှော်လင့်ထားသူတွေဟာ ရွေးကောက်ပွဲ အပြီးမှာ အရှက်ကွဲ၊ မျက်နှာမလှ ဖြစ်ကြရကြောင်း၊ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင် လုပ်ဖို့ လိုကြောင်းလည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ခေါင်းဆောင်အနေနဲ့ ပေါ်လာပြီး လူငယ်နဲ့ တိုင်းရင်းသားများရဲ့ ထောက်ခံမှုကို တခဲနက်ရရှိနေကြောင်း၊ သို့သော်လည်း အချိန်မရွေး ပြန်အဖမ်းခံရနိုင်ကြောင်းလည်း ပြောဆိုသွားပါတယ်။

တောင်ဒဂုံမှာ HIV/AIDS ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်နေတဲ့ NLD လူမှုအထောက်ပြုအဖွဲ့ရဲ့ ဂေဟာကို ပြောင်းရွှေ့ဖို့ ဖိအားပေးတာ၊ ပြည်တွင်းဂျာနယ်တွေကို ဒေါ်အောင်ဆန်းစုကြည် သတင်းဖော်ပြတာနဲ့ ပတ်သက်ပြီး ဖိအားပေးတာတွေကိုကြည့်ရင် စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်မရှိတာ ထင်ရှားကြောင်း ကိုအောင်ဇော်က ပြောသွားပါတယ်။

နိုင်ငံတကာအနေနဲ့လည်း မြန်မာ့အရေးကိစ္စမှာ အဖြူအမည်း အပေါ်ယံ ကြည့်ဖို့ လွယ်ကူပေမယ့် နက်နက်နဲနဲ ကြည့်ရင် ရှုပ်ထွေးနေကြောင်း၊ ထိုနက်နဲ ရှုပ်ထွေးမှုအပေါ် အခွင့်ကောင်းယူပြီး ဒီမိုကရေစီ အင်အားစုများအပေါ် အထဲနှင့် အပြင် သွေးခွဲခြင်းမျိုး ရှောင်ကျဉ်သင့်ကြောင်း ထောက်ပြပြောဆိုသွားပါတယ်။ ဥပမာ Funding ကိစ္စတွေကြောင့် အထဲနဲ့ အပြင် ကွဲကြတဲ့ အဖြစ်မျိုးပါ။

ြုမန်မာပြည်ကိုကြည့်ရင် Need တွေကိုချည်း မကြည့်စေလိုကြောင်း၊ Strength ကိုလည်း ကြည့်စေချင်ကြောင်း၊ Need များက ပြောမဆုံးနိုင်အောင် ရှိနေတာကြောင့် လူထုနဲ့ လှုပ်ရှားမှုရဲ့ Strength ကို ကြည့်လျှင် အဖြေရှာဖို့ ပိုမိုလွယ်ကူနိုင်ကြောင်း ပြောသွားပါတယ်။





ဓာတ်ပုံ - ကိုလှဘုန်း

3 comments :

  1. Anonymous said... :

    အဖမ်း ပြန်ခံရတာထက် ၊ အပျောက်တစ်ခါထဲ ရှင်းမှာကို စိုးနေရပါတယ်။
    ပစ်ချင်လို့  မောင်းထုပ်လိုက်တာမဟုတ်လား..၊
    သူတို့ စိတ်ထဲမှာ မကောင်းတတ်လို့ ပါ ဆိုတဲ့  အားနာစိတ်လေး ကုန်ခမ်းတဲ့ 
    အချိန်ကျရင် စ ပါတော့ မယ်။ ရင်နာနာနဲ့  စောင့် ကြည့် နေရပါတယ်။

  1. Anonymous said... :

    Look at Aung Naing Oo. He's another Zarni.

  1. နောက်ဆုံးပေါ် စစ်အစိုးရကို လှောင်ပြောင်ထားသော အငြိမ့်ခွေ စဆုံး ကြည့်ရူ့ရန် http://www.shweo.com/myanmarmovies.php?movieid=3435

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved