Showing posts with label IT. Show all posts
Showing posts with label IT. Show all posts

work.com.mm က ဒုတိယအကြိမ်မြောက် အလုပ်အကိုင်ပြပွဲကြီးကျင်းပမည်

Wednesday, December 9, 2015 0 comments


Add caption

မြန်မာပြည်ရဲ့ ပထမဆုံးအွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး Website တခုဖြစ်တဲ့ work.com.mm က       ဒုတိယအကြိမ်မြောက် အလုပ်အကိုင်ပြပွဲကြီးကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ           ရန်ကုန်မြို့ MICT park မှာကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

work.com.mm အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးက ပထမအကြိမ်ပြုလုပ်တဲ့ အလုပ်အကိုင်ပြပွဲကြီးကို မေလအတွင်းက ပြုလုပ်ခဲ့ပြီး ပြပွဲကို လူဦးရေတသောင်းခွဲ တက်ရောက်ခဲ့ပါတယ်။ လာမယ့် ဒုတိယ အ           ကြိမ်မြောက်ပြုလုပ်တဲ့ အလုပ်အကိုင်ပြပွဲမှာ လုပ်ငန်းနယ်ပယ်ပေါင်းစုံက အတွေ့အကြုံရှိတဲ့ အလုပ်အကိုင် ရှာဖွေသူများအနေနဲ့လာရောက်နိုင်ပြီး အပြည်ပြည်ဆိုင်ရာက ထိပ်တန်းကုမ္ပဏီကြီးတွေနဲ့ ပြည်တွင်းကုမ္ပဏီ ကြီးတွေက HR များနဲ့ လူချင်းတွေ့အင်တာဗျူး ဖြေဆိုခွင့်များကိုလည်း ရရှိမှာဖြစ်ပါတယ်။

ဒီပြပွဲကို မည်သူမဆိုတက်ရောက်နိုင်မှာဖြစ်ပြီး အလုပ်အကိုင်ရှာဖွေမယ့် သူတွေအနေနဲ့ မိမိတို့ရဲ့ ကိုယ်ရေး အကျဉ်းအပြည့်အစုံဖော်ပြထားတဲ့ အလုပ်လျှောက်လွှာများကို တပါးတည်းယူဆောင်လာပြီး မိမိ လျှောက်ထားလိုတဲ့ အလုပ်အကိုင်ကိုတိုက်ရိုက်လျှောက်ထားနိုင်မှာဖြစ်တဲ့အပြင် www.work.com.mm ဝက်ဘ်   ဆိုက်မှာလည်း စာရင်းသွင်းလို့ရပါတယ်။ လျှောက်လွှာတင်ထားသူများကို ဦးစားပေး လျှောက်ထားသူအဖြစ် သတ်မှတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

work.com.mm ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ကို ၂၀၁၂ ခုနှစ်ဇွန်လအတွင်းကစတင် ထူထောင်ခဲ့တာဖြစ်ပြီး လက်ရှိအွန်လိုင်းအလုပ်အကိုင်ရှာဖွေသူများအတွက် အလားအလာကောင်းများနဲ့  အကြီးမားဆုံးအသက်မွေးကြောင်း အလုပ်အကိုင်များရှာဖွေနိုင်တဲ့နေရာအဖြစ် ရပ်တည်ဆဲဖြစ်ပါတယ်။


ယုမွန်ကျော်


မြန်မာနိုင်ငံရဲ့ ပထမဆုံးတယ်လီသွန် အစီအစဉ် MPT Partner အဖြစ်ပါဝင်

Tuesday, November 10, 2015 0 comments



မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ MPT က အောက်တိုဘာ ၂၄ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံးတယ်လီသွန် အစီအစဉ်အတွက် Official partner အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။

တယ်လီသွန်ဟာ ဒေသခံအဖွဲ့တွေနဲ့ ပူးပေါင်းပြီးရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်း တွေအတွက် ရန်ပုံငွေရှာဖွေတဲ့ သီတင်းကျွတ် Coca cola ဂီတဖျော်ဖြေပွဲရဲ့ လှုပ်ရှားမှုတရပ်လည်းဖြစ်ပါတယ်။ MPT က ဂီတပွဲတော်နဲ့ တယ်လီသွန်ရဲ့ ဆက်သွယ်ရေးကဏ္ဍ ၂ ခုစလုံးအတွက် Official partner   အဖြစ် ကူညီဆောင်ရွက်ထားခြင်း ဖြစ်ပါတယ်။

နာမည်ကြီးသရုပ်ဆောင်များဖြစ်ကြတဲ့ နေတိုး၊ ပြေတီဦး၊ ဝတ်မှုံရွှေရည်၊ နန်းစုရတီစိုးတို့ကလည်း တယ်လီသွန် ပြုလုပ်ရာ ယာယီအဆောက်အဦးမှာ လှူဒါန်းမှုမှတ်တမ်းအတွက် အသိအမှတ်ပြုဖို့ ရှိနေခဲ့သလို၊ ဖုန်းခေါ်ဆိုမှုများကို ဖြေဆိုခြင်း၊ လှူဒါန်းမှု ကတိကဝတ်များလက်ခံခြင်းတို့အတွက် အလှမယ်များဖြစ်ကြတဲ့ ထက်ထက်ထွန်း၊ မေဘရဏီသော်၊ ဟန်လေးနဲ့ ချိုချိုထွန်းတို့ကဆောင်ရွက်ပေးကြပါတယ်။

“မြန်မာနိုင်ငံရဲ့ ပထမဆုံးတယ်လီသွန်ရန်ပုံငွေရှာဖွေပွဲက နိုင်ငံတဝှမ်းမှာ ရေဘေးသင့်ဒေသတွေအတွက် ကူညီထောက်ပံ့မှုတွေကို ပြုလုပ်နေတဲ့ MPT ရဲ့ လှုပ်ရှားမှုတွေထဲက တခုဖြစ်ပါတယ်၊ ရန်ပုံငွေဖျော်ဖြေပွဲ မှာလည်း ပျော်ရွှင်စရာအချိန်အခါတွေ ဖန်တီးပေးမှာပါ။ မိသားစုတွေ အများကြီးတစုတဝေးတည်း ပျော်ရွှင်နိုင်တယ်၊ မတူညီတဲ့ ဂီတမျိုးဆက်တွေနဲ့ ဂီတအမျိုးအစား အကုန်လုံးကိုလည်း တပေါင်းတစည်းတည်း ခံစားနိုင်တယ်ဆိုတော့ ဒီလိုပွဲကြီးမှာ ပူးပေါင်းပါဝင်ခွင့်ရတဲ့အတွက် MPT က အရမ်းဝမ်းသာဂုဏ်ယူပါတယ်” လို့ MPT-KSGM Joint Operationsရဲ့ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က ပြောခဲ့ပါတယ်။

လှူဒါန်းမှု တခုပြုလုပ်ရန် ပြောကြားပြီးပါက ငွေသားများကို Rebuild Myanmar Fund သို့ အဆင်ပြေ နှစ်သက်ရာ ရိုးမဘဏ် ဘဏ်ခွဲတွေကနေ လွှဲပေးနိုင်မှာဖြစ်ပြီးတယ်လီသွန်ဖုန်းခေါ်ဆိုမှုများမှာ မှတ်ယူထားမယ့် အချက်အလက်တွေမှာတော့ ခေါ်ဆိုသူအမည်၊ လှူဒါန်းမယ့် ပမာဏ၊ မှတ်ပုံတင်နံပါတ်၊ နေထိုင်တဲ့ မြို့နယ်နဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ ပါဝင်မှာ ဖြစ်ပါတယ်။


ထက်ဦးဝေ



လူမှုအသိုင်းအ၀ိုင်းမှာကျယ်ပြန့်လာသော Instagram ဆိုတဲ့ ငါးနှစ်သားမိုဘိုင်းအပလီကေးရှင်း ၀န်ဆောင်မှု

Monday, October 26, 2015 0 comments




Instragram ဆိုတာ မိုဘိုင်းဖုန်းကနေတစ်ဆင့် Facebook, Twitter, Tumblr and Flickr အစရှိတဲ့ လူမှုကွန်ယက်တွေမှာ ဓါတ်ပုံနှင့်ဗီဒီယိုများဝေမျှနိုင်သည့်  ၀န်ဆောင်မှုတစ်ခုဖြစ်ပြီး Instagram ၀န်ဆောင်မှုရဲ့ ငါးနှစ်ပြည့် အထိမ်းအမှတ်ပွဲအတွက် ပွဲတက်စာရင်းမှာ အယောက်သန်း (၄၀၀)ရှိနေခဲ့ပါတယ်။ အဲဒီ     အယောက် သန်း (၄၀၀)ကျော်ဟာ Instagram အပလီကေးရှင်း ၀န်ဆောင်မှုကို လစဉ်ပုံမှန် သုံးစွဲနေသူများဖြစ် ပြီး အဲဒီသုံးစွဲသူများရဲ့ထက်ဝက်နီးပါးခန့်ဟာ အသက် (၂၅)နှစ်အောက် လူငယ်များဖြစ်ကြပါတယ်။ Facebook Twitter တို့နဲ့အတူ ပူးတွဲလည်ပတ်နေတဲ့ Instagram ဟာ တကယ်ပဲ နှစ်ခြိုက်စရာကောင်းလှတဲ့  အပလီကေးရှင်း ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။

Instagram နဲ့ ကိုင်းကျွန်းမီကျွန်းကိုင်းမီ အသုံးပြုနေတဲ့ လူမှုကွန်ယက်များကလည်း ရိုးရှင်း လွယ်ကူခြင်းရှိဖို့ တောင်းဆိုထားတာမို့ Instagram ကို တည်ဆောက်တဲ့သူများကလည်း Instagram စတင်ထွက်ရှိကတည်းက ယခုထိတိုင် အပြောင်းအလဲ အနည်းငယ်ကိုသာ ပြုလုပ်ခဲ့ကြပါတယ်။

သို့ပေမယ့် ကမကထပြုလုပ်ထားတဲ့ တင်ပြချက်တွေကြောင့် Instagram ရဲ့ရှေ့ရေးဟာ မတင်မကျ၊ ခန့်မှန်း၍မရ ဖြစ်နေခဲ့ပါတယ်။ Instagram ဟာ ပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် ထူးခြားမှုပေးနေခြင်း အနေအထားမှ ဆုံးရှုံးသွားမှာလား ဒါမှမဟုတ် အသွင်အပြင်အသစ်တွေနဲ့ နောက်ထပ် အောင်မြင်မှု အဆင့်တစ်ခုကို တက်လှမ်းသွားမှာလားဆိုတာတော့ Instagram ရဲ့ရှေ့ရေးနဲ့ဆိုင်တဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။

အချိန်နာရီတွေကသာ အဲဒီမေးခွန်းတွေရဲ့ အဖြေကိုတော့ ပြောပြသွားမှာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ Instagram မှ ပေးစွမ်းနေတဲ့ ပျော်ရွှင်ခြင်းတွေကို ခဏဘေးဖယ်ထားပြီး Instagram ဟာကမ္ဘာကြီးကို    ဘယ်လောက်ထိ ပြောင်းလဲပေးနိုင်လဲ စဉ်းစားဖို့အချိန်ဖြစ်ပါတယ်။


ခင်အေးမြလွင် 

ကိုးကားသတင်း။  ။ http://edition.cnn.com/2015/10/22/fashion/instagram-is-changing-the-world/index.html?sr=cnnifb 


ဈေးနှုန်းသင့်တဲ့ Samsung Galaxy J2

Friday, October 23, 2015 0 comments





Samsung ရဲ့နောက်ဆုံးပေါ် Samsung Galaxy J2 ကို မြန်မာနိုင်ငံမှာ ထပ်မံမိတ်ဆက်လိုက်ပါပြီ။

Samsung Myanmar ဟာ Galaxy J Series တွေထဲက သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ အလယ်အလတ်တန်းဝင် နောက်ဆုံးပေါ်အဆင့်မြင့် စမတ်ဖုန်းအသစ်တလုံးကို စတင် မိတ်ဆက်ခဲ့ပါတယ်။ အဆင့်မြင့် စမတ်ဖုန်း တလုံးဖြစ်တဲ့ Samsung Galaxy J2 ဟာ မြန်မာသုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို အထူးအလေးထားပြီး ထုတ်လုပ်ထားတဲ့ ဖုန်းတလုံးဖြစ်တယ်လို့ သိရပါတယ်။


“ကျနော်တို့အနေနဲ့ Samsung စမတ်ဖုန်းတွေကို သုံးစွဲရလွယ်ကူစေရုံသာမက လူတိုင်းအတွက် အသုံးဝင် အကျိုးရှိစေချင်ပါတယ်။ Galaxy J2 မှာဆိုရင် မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက် အဓိကလိုအပ်ချက် သုံး ခုဖြစ်တဲ့ အရောင်အသွေးစုံလင်ပြတ်သားပြီး ကြည်လင်တောက်ပတဲ့ မျက်နှာပြင်၊ 3G အင်တာနက် သုံးစွဲရာမှာ အကုန်အကျ သက်သာစေဖို့ နဲ့ စွမ်းဆောင်ရည်တွေ ထပ်မံတိုးမြှင့်ဖြည့်စွက်ပံ့ပိုးထားတဲ့ စမတ်ဖုန်းတလုံး ဖြစ်ကြောင်းကို ကျနော်တို့ အာမခံပါတယ်” လို့ Samsung Myanmar ရဲ့ Head of IT and Mobile Business ကိုဇာနည်ဝင်းထက်က ပြောပါတယ်။

Galaxy J1 က စွမ်းဆောင်ရည်တချို့ကို ထပ်မံတိုးမြှင့်ထားတာဖြစ်တဲ့အတွက် Samsung Galaxy J2 (SM-J200G) မှာ ၄.၇ လက်မ အရွယ်အစားရှိတဲ့ Quad HD display ပါဝင်မှာဖြစ်ပါတယ်။ ဖုန်းအတွင်းပိုင်းတွင် 1GB RAM အရွယ်အစားရှိ 1.3 GHz 32-bit Quad-Core Exynos 3475 CPU processor လည်း ထည့် သွင်းထားပါတယ်။



Galaxy J2 မှာ Built-in storage space အနေနဲ့ 8GB ပါဝင်ပြီး micro SD cards ထည့်သွင်းပြီး ထပ်မံ      ဖြည့်စွက်အသုံးပြုနိုင်ရုံသာမက ဆင်းမ်ကတ် နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်တဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ Galaxy J2 မှာ 5MP ရှိအနောက်ကင်မရာ နဲ့ 2MP ရှိ အရှေ့ကင်မရာတို့ ပါဝင်ပါတယ်။

အရွယ်အစားအနေနဲ့ 136.5x69x8.4 mm ရှိပြီး 2000 mAh အရွယ်အစားရှိတဲ့ ဘက်ထရီပါဝင်ပါတယ်။ ၎င်း စမတ်ဖုန်းမှာ နောက်ဆုံးထွက်ရှိထားတဲ့ Android 5.1 Lollipop ကိုလည်း ထည့်သွင်းထားပါတယ်။

ဈေးနှုန်းအနေနဲ့ ၁၅၂၀၀၀ ကျပ်ဝန်းကျင်ဖြစ်ပြီး Samsung Galaxy J2 စမတ်ဖုန်းကို ၂၀၁၅ အောက်တိုဘာ ၂၁ ရက် မှာဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။


ထက်ဦးဝေ



ရေထုညစ်ညမ်းမှုကို ကာကွယ်ပေးမယ့် အဆင့်မြင့်နည်းပညာနဲ့ ရေကူးဝတ်စုံ

Tuesday, October 20, 2015 0 comments




ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသနပြုလုပ်သူများဟာ ခိုင်ခန့်မာကျောတဲ့ ပုံစံဖြင့် တိုးတက်ဖွံ့ဖြိုးလာတဲ့ နည်းပညာအသစ်နဲ့ ရေကူးဝတ်စုံ(ဘီကီနီ)ကို တီထွင်ထုတ်လုပ်လာတယ်လို့ Odditycentral.com ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ထူးခြားတာက အဲ့ဒီရေကူးဝတ်စုံဟာ ၀တ်ဆင်သူကိုတစုံတရာ အန္တရာယ်မဖြစ်စေဘဲ ရေထဲမှာရှိတဲ့ ညစ်  ညမ်းတဲ့ အရာများကို စုပ်ယူပြီး ရေကို သန့်စင်မှုပေးတယ်လို့ သုတသနပြုသူများက ဆိုပါတယ်။


အဆိုပါ အဆင့်မြင့်နည်းပညာနဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ ရေကူးဝတ်စုံဟာ ကာဗွန်အခြေခံထားတဲ့ ဖြည့်   စွက် ပစ္စည်းများနှင့်အတူ ရေထဲမှာရှိတဲ့ညစ်ညမ်းတဲ့အရာများကို ရေမြှုပ်ကဲ့သို စုပ်ယူထားနိုင်တဲ့ 3D ပုံစံ အခွံများနှင့် ပြုလုပ်ထားတာပါ။ ရေကူးဝတ်စုံမှာ ထည့်သွင်းထားတဲ့ ဖြည့်စွက်ပစ္စည်းများဟာ ရေထုထဲမှ ညစ်   ညမ်းအရာများကို သူ့ရဲ့ ကိုယ်ပိုင် အလေးချိန် ထက် ၂၅ ဆ စုပ်ယူနိုင်ပါတယ်။ အဲ့ဒီလို စုပ်ယူထားတဲ့ ညစ်  ညမ်းအရာများဟာ အနည်းဆုံး အပူချိန် ၁၀၀၀ ဒီဂရီစင်တီဂရိတ်ဖြင့် အပူပေးမှသာ ပြန်လည် သန့်စင်သွားနိုင်မှာဖြစ်ပါတယ်။

အဆိုပါ အဆင့်မြင့်နည်းပညာ ရေကူးဝတ်စုံဟာ စုပ်ယူစွမ်းအား မကျခင်အထိ အကြိမ် ၂၀ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။



သုတေသနနှင့် ဖွံ့ဖြို့တိုးတက်မှုဆိုင်ရာ အဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ Mihri Ozkan က ဒီရေကူးဝတ်စုံဟာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပေးပြီး ၀တ်ဆင်သူများအတွက်လည်း ပျော်ရွှင်စရာ ကောင်းမှာ ဖြစ်တဲ့အတွက် သဘောကျနှစ်ခြိုက်ကြမယ်လို့ ယုံကြည်နေပါတယ်။

ဒီ တီထွင်ဆန်းသစ်မှုဟာ ဒီလအစောပိုင်းက ပြုလုပ်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ရဲ့ ပြုပြင်ပြောင်းလဲဖန်တီးပြီး ၀တ်ဆင်ဖို့ရန် သင့်တော်မယ့် နည်းပညာပြိုင်ပွဲတခုမှာ ပထမဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။



Ref:CCTVnews

ဆွဇ်ဇာလန်နာရီနဲ့ ပူးပေါင်းထုတ်လုပ်တဲ့ Huawei စမတ်နာရီ

Thursday, October 8, 2015 0 comments


ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ နာရီလောကမှာ နာမည်ကြီးတဲ့ ဆွစ်ဇာလန်နာရီနဲ့ ထုတ်လုပ်ထားတဲ့  Huawei စမတ်နာရီကို ကနေဒါ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန်နဲ့ အီတလီနိုင်ငံတွေမှာ စတင်ရောင်းချနေပြီဖြစ်ပြီး အောက်တိုဘာလထဲမှာ အင်္ဂလန်၊ ဂျပန်နဲ့ ယူအေအီးနိုင်ငံတွေမှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။

Huawei စမတ်နာရီဟာ စတင်မိတ်ဆက်ပြီးနောက်ပိုင်း နည်းပညာရှင်များရဲ့ အားပေးထောက်ခံမှုကို ရရှိခဲ့ပါ တယ်။

Huawei စမတ်နာရီဟာ ဖုန်းအဝင်ကောလ်များ၊ မက်ဆေ့ခ်ျများ၊ အီးမေးလ်များကို လက်ခံရရှိနိုင်မှာပါ။ 1.4” & Sd Touch AMOLED မျက်နှာပြင်၊ ခြစ်ရာထင်းရာများကို ကာကွယ်နိုင်မယ့် နီလာခရစ်စတယ် (ဆွစ်နာရီ   ထုတ်လုပ်သူတွေရဲ့ အနှစ်သက်ဆုံး) နဲ့ စတီးဖရိန်တို့နဲ့   ဖန်တီးထားပါတယ်။

ဖက်ရှင်နဲ့ နည်းပညာကို ပေါင်းစပ်ထားတဲ့အဆင့်မြင့် စမတ်နာရီတလုံးအဖြစ် ထင်ဟပ်စေမယ့်အပြင် Google’s Android Wear™ နောက်ဆုံး Version ထည့်သွင်းထားတာကြောင့် Android အသုံးပြု သူတွေ သာမက iOS အသုံးပြုသူတွေပါ Huawei စမတ်နာရီကို အသုံးပြုနိုင်တော့မယ်လို့ သိရပါတယ်။

Bluetooth နဲ့ ကြိုးမဲ့နားကြပ်ကိုချိတ်ဆက်နိုင်မှာဖြစ်ပြီး သီချင်းများကိုလည်း နားဆင်နိုင်မှာဖြစ်ပါတယ်။ နှလုံးခုန်နှုန်းကို အတိအကျ တိုင်းတာနိုင်ပြီး 6-Axis အာရုံခံကိရိယာက လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ တောင်   တက်ခြင်းစတဲ့ မှတ်တမ်းတွေ၊ ခြေလှမ်းတွေကို မှတ်ယူပေးနိုင်မှာဖြစ်တဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှုမှာလည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Huawei Consumer Business Group (BG) &JU IFA ပွဲမှာ ဓာတ်ပုံပညာရှင် Mario Testino နဲ့ ပူးပေါင်း ပြီး Huawei စမတ်နာရီကိုမိတ်ဆက်ပြသခဲ့ပါတယ်။ အခမ်းအနားကို အမေရိကန် စူပါမော်ဒယ်လ် KarlieKloss နဲ့ ကမ္ဘာ့ထိပ်တန်းမော်ဒယ်လ်  Sean O’Pry တို့လည်းတက်ရောက်ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။

Huawei ဟာ ၂၀၁၄ ခုနှစ်မှာ တကမ္ဘာလုံးကို စမတ်ဖုန်းတင်ပို့မှုအများဆုံး တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။


ထက်ဦးဝေ


OPPO နဲ့ WeChat တို့ပူးပေါင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဂိမ်းအစီအစဉ်တွေ ဖန်တီးပေးမည်

Thursday, September 24, 2015 0 comments




OPPO နဲ့ WeChat တို့ပူးပေါင်းပြီး တစ်နိုင်ငံလုံးအတွက် အွန်လိုင်းလူမှုကွန်ယက်ကို ဖော်ထုတ်ပေးလိုက်ပါ ပြီ။

စက်တင်ဘာလ (၁၅) ရက်နေ့မှ နိုဝင်ဘာလ (၁၅) ရက်နေ့အထိပြုလုပ်တဲ့ ပျော်ရွှင်ဖွယ်ကောင်းသော အွန်လိုင်းကံစမ်းမဲဂိမ်းအစီအစဉ်မှာ ပါဝင်လိုသူတွေအနေနဲ့ WeChat သုံး၍ OPPO Official Account ကို follow လုပ်ပြီး ဆုမဲထည့်ထားတဲ့ သေတ္တာလေးများကိုဖွင့်ကာ လက်ဆောင်များ ရယူနိုင်မှာဖြစ်ပါတယ်။ ဒီ  ဂိမ်းအစီအစဉ်မှာ ကံစမ်းမဲသေတ္တာဖွင့်ရန် မိမိရဲ့ မိတ်ဆွေ၊ မိသားစုအကူအညီကို ရယူဖို့ လိုပါတယ်။      လုပ်ဆောင်ရမယ့်အဆင့်တွေက ရိုးရှင်းပြီး WeChat အသုံးပြု၍ ဆုလက်ဆောင်များ ရယူနိုင်ဖို့ ဖန်တီးပေးထားခြင်းလည်းဖြစ်ပါတယ်။

“WeChat က သုံးစွဲသူတွေအတွက် စိတ်လှုပ်ရှားပျော်ရွှင်စရာကောင်းစေမယ့် အစီအစဉ်တွေ ဖန်တီးပေးနိုင်ဖို့  နည်းလမ်းတွေ အမြဲတမ်းရှာဖွေနေပါတယ်၊  မြန်မာနိုင်ငံမှာရှိတဲ့ သုံးစွဲသူအသစ်တွေကို အွန်လိုင်း လူမှု ကွန်ယက်သုံးစွဲခြင်းက ပျော်ရွှင်မှုတွေဖြစ်ပေါ်စေနိုင်သလို တခြားအကျိုးသက်ရောက်မှုများစွာ ရှိတယ်ဆိုတာ သိရှိနားလည်စေချင်ပါတယ်” ဟု Mr. Poshu Yeung, Vice President of International Business at Tencent, the company behind the WeChat app က ပြောပြခဲ့ပါတယ်။

ဒီအစီအစဉ်ကို ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ် တောင်ကြီး၊့ လားရှိုး၊ မွန်ပြည်နယ် မော်လမြိုင်၊ ပဲခူး၊ ဧရာဝတီ၊ ကချင်ပြည်နယ် မြစ်ကြီးနား၊ မကွေး၊ ရခိုင်နဲ့ စစ်ကိုင်းတိုင်းစတဲ့ မြို့နယ်အသီးသီးရှိ သုံးစွဲသူများ ပါဝင်နိုင်မယ်လို့ သိရပါတယ်။ OPPO ဟာ အမေရိက၊ အာဖရိက၊  ဥရောပ၊  သမုဒ္ဒရာဒေသနဲ့  အာရှတစ်ဝန်းရှိ သုံးစွဲသူများထံ ဆန်းသစ်သော ထုတ်ကုန်တွေကိုဦးဆောင်ထောက်ပံ့နေတဲ့ အပြည်ပြည်ဆိုင်ရာ နည်းပညာအမှတ်တံဆိပ်တခု  ဖြစ်ပါတယ်။

(၂၀၀၄) ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ OPPO ဟာ ဈေးကွက်မှာ အလျင်အမြန် နေရာရရှိလာခဲ့ပါတယ်။
OPPO မိုဘိုင်းဖုန်းတွေကို လက်ရှိ ဈေးကွက် (၂၀) ကျော်တွင် ရရှိနိုင်ပြီး အခြား နိုင်ငံပေါင်း (၅၀) ကျော်မှာလည်း အွန်လိုင်းကနေ ဝယ်ယူနိုင်ဖို့်အတွက် ထောက်ပံ့ပေးထားပါတယ်။(၂၀၁၅) ခုနှစ်  ဧပြီလမှာ OPPO  အမှတ်တံဆိပ်ကို နိုင်ငံပေါင်း (၁၁၆) နိုင်ငံတွင် မှတ်ပုံတင်ထားနိုင်ခဲ့ပါပြီ။


ထက်ဦးဝေ


ဖေ့ဘုတ်မှာ Dislike သင်္ကေတ ခလုတ် ထည့်သွင်းတော့မည်

Thursday, September 17, 2015 0 comments




ဖေ့ဘုတ်စာမျက်နှာကို စတင်တီထွင်ခဲ့သူ မက်ခ်ဇူကာဘတ်က ဖေ့ဘုတ်မှာ Dislike သင်္ကေတကို ထပ်မံထည့်သွင်း သွားတော့မယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က သူ့ရဲ့ကုမ္ပဏီမှာပြုလုပ်တဲ့ အစည်းအဝေးရဲ့Q&A ကဏ္ဍမှာ  ပြောကြားသွားပါတယ်။


“လူတော်တော်များများက ကျနော့်ကို dislike သင်္ကေတနဲ့ ပတ်သတ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မေးခဲ့ဖူးကြမယ်ထင်ပါတယ်။ ဒီနေ့ခေတ်မှာတော့ အရမ်းကိုထူးခြားသွားပါပြီ။ ဘာလို့လဲဆိုတော့ ကျနော်တို့ Dislike သင်္ကေတကို စပြီး လုပ်နေပြီလေ” လို့ ဇူကာဘတ်ကဆိုပါတယ်။


အရင်ကတော့ လူမှုကွန်ရက်မှာ Dislike သင်္ကေတကို လုပ်ဖို့ ရည်ရွယ်ချက်မရှိခဲ့ပါဘူးလို့ CEO မက်ခ်ဇူကာဘတ် (Mark Zuckerberg) က ပြောပါတယ်။


ဒီ Dislike သင်္ကေတဟာ အသုံးပြုသူအနေနဲ့ ထပ်တူထပ်မျှ ၀မ်းနည်းခြင်း၊ စာနာခြင်း စိတ်သဘောကို ဖော်ပြတဲ့ သင်္ကေတတခုလို့လည်း သူကပြောပါတယ်။

“အခြေအနေ အချိန်အခါဆိုတာကတော့ အမြဲတမ်း ကောင်းမနေနိုင်ပါဘူး။ အသုံးပြုသူတွေအနေနဲ့ အဲ    ဒါတွေကို ငြင်းဆန်ဖို့ချည်းမဟုတ်ပဲ စာနာမှုရှိစေချင်တာပါ။” လို့ ၎င်းက ပြောဆိုသွားပါတယ်။



ထက်ဦးဝေ


ကိုးကားသတင်း။ ။http://time.com/4035281/facebook-dislike-button/?xid=fbshare




အမြင်အာရုံချို့တဲ့သူတွေ မြန်မာစာဖတ်နိုင်ဖို့ Text to Speech Software

Monday, September 14, 2015 0 comments



အမြင်အာရုံချို့တဲ့သူတွေ မြန်မာစာဖတ်ရာမှာ အသုံးဝင်မယ့် ကွန်ပျူတာ Software တခု မကြာခင်          ထွက်ပေါ်လာတော့မယ်လို့ သိရပါတယ်။

အဲဒီ Sofeware ကို Geekgirls Myanmar ရဲ့ Member တဦးဖြစ်တဲ့ မသဉ္ဇာဖြိုးက ရေးနေပါတယ်။ သူက NLP လို့ခေါ်တဲ့ Natural Language Processing ပိုင်းရဲ့ Programmer တဦး ဖြစ်ပါတယ်။


“အမြင်အာရုံချို့တဲ့သူတွေအတွက် သီးသန့်တော့မဟုတ်ပါဘူး။ လူတိုင်းသုံးနိုင်ပါတယ်။ Text to Speech လို့ခေါ်ပါတယ်။ မြန်မာစာတွေ တွေ့လာတဲ့အခါမှာ အသံထွက် ဖတ်ပေးတာပေါ့နော်။ အမြင်အာရုံချို့တဲ့သူတွေဟာ Computer ကို အခြေခံလောက်တော့ သုံးနိုင်ကြပါတယ်။ ဒါပေမယ့် မြန်မာစာနဲ့ပတ်သက်ရင် သူတို့တွေက ဘာမှမသိပါဘူး။ Recording လုပ်ထားတဲ့ ebook တွေတော့ ဖတ်လို့ရတယ်၊ မိုးလေဝသ  သ တင်းတို့၊ တခြား မြန်မာလို ရေးထားတဲ့သတင်းတွေကို သူတို့ မသိနိုင်ပါဘူး။ အဲဒါကြောင့် ရေးဖြစ်တာပါ” လို့ မသဉ္ဖာဖြိုးက ရှင်းပြပါတယ်။

လာမယ့် December လကုန်ပိုင်းမှာ အဲဒီ Software ကို အချောသတ်ပြီးတော့ Open seasame နဲ့        တင်ပေးမှာမို့လို့ ဘယ်သူမဆို ယူသုံးနိုင်မယ်လို့သိရပါတယ်။


ထက်ဦးဝေ



MPT ရဲ့ နာရီတိုင်းမှာ ၅ မိနစ်စာအစီအစဉ် စတင်

Wednesday, September 9, 2015 0 comments




မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးအော်ပရေတာတခုဖြစ်တဲ့ (MPT) က ဆွေသဟာသုံးစွဲသူတွေအတွက် “နာရီတိုင်းမှာ (၅) မိနစ်စာ”အစီအစဉ်ကို ဩဂုတ်လ ၂၈ ရက်၊ နေ့လယ် ၁ နာရီကနေစက်တင်ဘာလ ၃၀ ရက်အထိ ဘယ်လိုလျှောက်ထားမှုမှမလိုဘဲ ပြုလုပ်ပေးသွားမှာပါ။

မိနစ် ၆၀ ဆက်တိုက်ဖုန်းခေါ်ဆိုရင် ပထမဆုံး ၅ မိနစ်အတွက်ပဲ တစ်မိနစ် ၂၃ ကျပ်နှုန်းနဲ့ ပေးဆောင်ရ   မှာဖြစ်ပြီး ကျန်တဲ့ ၅၅ မိနစ်ကိုအခမဲ့ရရှိမှာဖြစ်ပါတယ်။ မိနစ် ၆၀ ထက်ကျော်တဲ့ ဖုန်းခေါ်ဆိုမှုတွေ အ       တွက်တော့ မူလ ဈေးနှုန်းဖြစ်တဲ့ တစ်မိနစ် ၂၃ ကျပ်နဲ့ ဆက်လက် ကောက်ခံသွားမှာ ဖြစ်ပါတယ်။ တကြိမ် ဖုန်းခေါ်တိုင်း ပထမဆုံး ၅ မိနစ်ပြီးမှသာ အခမဲ့ဖုန်းခေါ်ချိန်ကိုစတင်သတ်မှတ်မှာ ဖြစ်ပြီးတော့ ၅၅ မိနစ်စာအတွက်ပဲ အခမဲ့ ရရှိမှာဖြစ်ပါတယ်။

“MPT သုံးစွဲသူတွေအတွက် ဒီလိုထူးခြားတဲ့ အစီအစဉ်လေးတွေ လုပ်ပေးရတာသိပ်ကိုဝမ်းသာမိပါတယ်။
သုံးစွဲသူတွေကိုသူတို့ရဲ့ ချစ်ခင်တဲ့သူတွေ၊ မိသားစုဝင်တွေနဲ့ စကားများများပြောဆိုနိုင်အောင် လုပ်ပေးရင်း လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးချင်ပါတယ်။ ဒီ အထူးအစီအစဉ်နဲ့ဆိုရင် ကိုယ့်ရဲ့ချစ်ခင်သူတွေ၊ မိသားစု တွေနဲ့ တနာရီကြာအောင် အားရပါးရ ဖုန်းပြောရင်း တကယ့်ကိုပျော်စရာကောင်းတဲ့အချိန်တွေရရှိမှာပါ။    တနာရီစာပြောမှ ၁၁၅ ကျပ်ပဲကျမှာဖြစ်ပါတယ်”လို့ MPT-KSGM (KDDI Summit Global Myanmar Co. Ltd.) Joint Operations၏ CEO ဖြစ်သူMr. Takashi Nagashima ကပြောခဲ့ပါတယ်။

ဒီအစီအစဉ်ဟာ ဆွေသဟာအသုံးပြုသူတိုင်းအတွက် အကျုံးဝင်မှာဖြစ်ပြီး MPT နံပါတ် အချင်းချင်းပဲ ခေါ်ဆိုနိုင်မယ်လို့ သိရပါတယ်။ Pre-paid နဲ့ post-paid နှစ်မျိုးစလုံးနဲ့ အသုံးပြုနိုင်ပါမယ်။ အခမဲ့ ဖုန်းခေါ်ဆိုမှုကို ညနေ (၆) နာရီကနေ ည (၁၀) နာရီအတွင်းမှာတော့ ရရှိမှာမဟုတ်ပါဘူး။

အဲဒီအချိန်အတွင်းဖုန်းခေါ်ဆိုရင် မူလဈေးနှုန်းဖြစ်တဲ့ တမိနစ် ၂၃ ကျပ်နဲ့ ကောက်ခံသွားမယ်လို့ သိရပါတယ်။ အခမဲ့ ခေါ်ဆိုချိန်တွေအတွက် တရက်စာဖုန်းခေါ်ဆိုမှုကို အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိပါဘူး။ လက်ရှိမှာMPTကိုအသုံးပြုသူပေါင်း ၁၄ သန်းကျော်ရှိနေပြီး ထိုသူများထဲက ထက်ဝက်ကျော်ဟာ ဆွေသဟာအစီအစဉ်ကို အသုံးပြုနေကြပါတယ်။ ဆွေသဟာအစီအစဉ်ကို အသုံးမပြုရသေးတဲ့ သူများအနေနဲ့  ဆွေသဟာအစီအစဉ်ကို ရယူလိုပါက ၁၃၃၂ သို့ “SWE” သို့မဟုတ် “POSTSWE” လို့ ပေးပို့ပြီးအခမဲ့ ရ  ယူနိုင်ပါတယ်။


ထက်ဦးဝေ


Huawei နောက်ဆုံးပေါ် စမတ်ဖုန်း Huawei P8 “European Consumer Smartphone 2015-2016” ဆုကို ဆွတ်ခူးရရှိ

Tuesday, September 1, 2015 0 comments


Huawei နောက်ဆုံးပေါ် စမတ်ဖုန်း Huawei P8 က ၂၀၁၅-၂၀၁၆ ခုနှစ်အတွက်  “ European Imaging and Sound Association (EISA) အဖွဲ့ ချီးမြှင့်တဲ့ “European Consumer Smartphone 2015-2016” ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

EISA မှ ချီးမြှင့်တဲ့ဆုကို Huawei က နှစ်စဉ်ဆွတ်ခူးရရှိခဲ့ပြီး ဒီနှစ်နဲ့ဆိုရင် (၃) နှစ်ဆက်တိုက် ဆွတ်ခူး ရရှိခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့ Huawei က သုံးနှစ်ဆက်တိုက် ဒီဆု ရရှိခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ Huawei P8 က တကမ္ဘာလုံးက သုံးစွဲသူတွေအတွက် အသုံးပြုရ အလွယ်ကူဆုံး စမတ်ဖုန်းတလုံးအဖြစ် အသိအမှတ်ပြုခံလိုက်ရတာ ဖြစ်ပါတယ်” လို့ Consumer Business Group (CBG) ရဲ့ Chief Marketing Officer ဖြစ်သူ Glory Zhang က ပြောကြားခဲ့ပါတယ်။

Huawei P8 စမတ်ဖုန်းက 2680mAh ဘက်ထရီ၊ အလင်းရောင် အားနည်းတဲ့နေရာတွေမှာ လုပ်ဆောင်ချက် ကောင်းမွန်စေတဲ့ f/2 မှန်ဘီလူးနဲ့ မျက်နှာပြင်အရွယ်အစား ၅.၂လက်မ Full HD IPS NEO မျက်နှာပြင်တို့ပါဝင်ပြီး အလင်းအားနည်းချိန်မှာ ကင်မရာရဲ့ လုပ်ဆောင်ချက်က အလင်းပန်းချီ ခြယ်မှုန်းနိုင်ခြင်း၊       လှပသောပုံရိပ်များ ရရှိနိုင်ခြင်းတို့ကြောင့်သုံးစွဲသူတွေအနေနဲ့ ကိုယ့်စိတ်ကြိုက်ဖန်တီးမှုတွေကို တီထွင်နိုင်တဲ့ လုပ်ဆောင်ချက်တွေပါဝင်ပါတယ်။

ဒါ့အပြင် P8 ရဲ့ ကျစ်လျစ်တဲ့ ကိုယ်ထည်နဲ့ လိုင်းဆွဲအားကောင်းမွန်တဲ့အင်တာနာ (၂)ခု (Dual-Antenna) ပါဝင်ခြင်းက လိုင်းဆွဲအားကို ပိုမိုကောင်းမွန်စေပါတယ်။

မနှစ်က ဆုရရှိခဲ့တဲ့ Huawei Ascend P7 ရဲ့ အောင်မြင်မှုနဲ့အတူ အခုနောက်ဆုံးပေါ် Huawei P8 က P စီးရီးရဲ့ လှပမှု၊ စနစ်ကျသပ်ရပ်မှု စတဲ့ သုံးစွဲသူတွေအကြိုက် အသုံးပြုရလွယ်ကူတဲ့ (Easy-to-use)           လုပ်ဆောင်ချက်တွေ ပါရှိတယ်လို့ သိရပါတယ်။

Huawei မှ ၂၀၁၄ခုနှစ်၊ သြဂုတ်လမှာ Huawei Ascend P7 စမတ်ဖုန်းအတွက် “European Consumer Smartphone 2014-2015”ဆုကို ရရှိခဲ့ပြီး ၂၀၁၃ခုနှစ်မှာ Huawei Ascend P6 စမတ်ဖုန်းမှ “European Consumer Smartphone 2013-2014” တို့ကို အသီးသီးရရှိခဲ့ပါတယ်။

Huawei Ascend P7 စမတ်ဖုန်းကို ယခုအချိန်အတွင်း နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ရောင်းချလျက်ရှိပြီးတော့ စမတ်ဖုန်း အလုံးရေ (၇) သန်းကျော်တင်ပို့ရောင်းချပြီးဖြစ်တယ်လို့ Huawei ရဲ့ ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။


သီဟတိုး


Bee Talk ရဲ့ Brand Ambassador အဖြစ် ဖွေးဖွေးကို ခန့်အပ်

Monday, August 31, 2015 0 comments




မြန်မာဘာသာနဲ့ အသုံးပြုနိုင်သော ပထမဆုံး Chatting Application တခုဖြစ်တဲ့ Bee Talk ရဲ့
Brand Ambassador (ကုန်အမှတ်တံဆိပ်သံတမန်)အဖြစ် ရုပ်ရှင်သရုပ်ဆောင်ဖွေးဖွေးကို ခန့် အပ်လိုက်    ပြီဖြစ်ပါတယ်။

Beetalk ရဲ့ Brand Ambassador အဖြစ် ရုပ်ရှင်သရုပ်ဆောင်  ဖွေးဖွေးမှ  ကြော်ငြာရိုက်ကူးပေးခြင်း၊ ပရိုမိုးရှင်းပွဲများတွင် ပါဝင်ပေးခြင်းတို့အပြင် BeeTalk သုံးစွဲသူများအတွက် “PhwayPhway” Public Account ကိုပါဖွင့်လှစ်ပေးထားပါတယ်။ ထိုမှတဆင့် ဖွေးဖွေးရဲ့နေ့စဉ်လှုပ်ရှားမှုတွေ အနုပညာသတင်းတွေနဲ့  ဖွေးဖွေးရဲ့ခံစားမှုလေးတွေကိုပါ BeeTalk အသုံးပြုသူများ သိရှိနိုင်တော့မှာဖြစ်ပါတယ်။

“Bee Talk ကနေ Brand Ambassador  လုပ်ဖို့အတွက် ကမ်းလှမ်းလာတဲ့အခါမှာ  တကယ်ပဲ  ပျော်ရွှင်မိပါတယ်။ BeeTalk ရဲ့Brand Ambassador ဖြစ်ပြီးနောက်ပိုင်းမှာ တကယ့်ကိုချစ်ဖို့ကောင်းတဲ့ sticker လေးတွေကို အမြဲတမ်းစဉ်းစားပြီးလုပ်ပေးသွားမှာပါ” လို့ ဖွေးဖွေးကပြောပါတယ်။

Bee Talk ရဲ့ အကြိုက်ဆုံးသော ထူးခြားချက်ကိုရွှေးချယ်ရန်အတွက် ဖွေးဖွေးအား မေးမြန်းသောအခါ ကျွန်မအကြိုက်ဆုံးကတော့သူငယ်ချင်းတွေ မိသားစုတွေနဲ့ လွယ်ကူစွာ Chat နိုင်တာကိုပါ။ အဲ့ဒါက ဆက်    
သွယ်ရေးပိုင်းမှာ အခြား Chat Application တွေထက်ပိုသာတယ်လို့ထင်မိပါတယ်” လို့ ဖွေးဖွေးက ဆက်လက် ပြောကြားခဲ့ပါတယ်။ Bee Talk ကို GPS နဲ့ သုံးရင် သူငယ်ချင်းတွေ ဒီထက်ပိုရနိုင်ပြီး ပိုပျော်စရာကောင်းတယ်လို့ ဒီ app ကို သုံးစွဲနေသူတဦးက ဆိုပါတယ်။

BeeTalk application ကို (၂၀၁၅) ခုနှစ် ဇန်န၀ါရီလမှာစတင်ခဲ့ပြီး မြန်မာဘာသာနဲ့ အသုံးပြုနိုင်တဲ့ ပထမဆုံး Chatting App တစ်ခုလည်း ဖြစ်ပါတယ်။


ထက်ဦးဝေ


MPT SIM ကတ် အသစ်များတွင် ဆွေသဟာအစီအစဉ် အလိုအလျောက် ထည့်သွင်းပေးထားမည်

Wednesday, August 19, 2015 0 comments




သြဂုတ်လ ၁၀ ရက်နေ့မှ စပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ရဲ့ GSM/ WCDMA ဖုန်း SIM ကတ်အသစ် စတင် ဝယ်ယူသုံးစွဲသူတိုင်း MPT ရဲ့ဆွေသဟာအစီအစဉ်ကို သီးသန့်လျှောက်ထားစရာ မလိုတော့ဘဲ အလိုအလျှောက် ရယူသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရပါတယ်။

ယခင်က MPT ရဲ့GSM/WCDMA SIM ကတ်သုံးစွဲသူများဟာ ဆွေသဟာအစီအစဉ် ရယူရန် အခမဲ့ မက်ဆေ့ခ်ျ ပေးပို့ လျှောက်ထားခဲ့ရပြီး ယခု ပြောင်းလဲထားသော နည်းပညာအသစ်အရ အခမဲ့စာတိုပေးပို့စရာမလိုဘဲ အလိုလျောက် ဆွေသဟာ အစီအစဉ်ကို ရရှိ သုံးစွဲနိုင်မှာ ဖြစ်ပြီး MPT သုံးစွဲသူများအကြား ဆွေသဟာကို သုံးစွဲသူ ပိုမို တိုးပွား လာခြင်းကြောင့် MPT အနေဖြင့် ဆွေသဟာအစီအစဉ်အပြင် တခြား အထူး        ဝန်ဆောင်မှုများကိုပါ ချက်ချင်း ရယူသုံးစွဲနိုင်တော့မယ်လို့ သိရပါတယ်။

“MPT အနေနဲ့ သုံးစွဲသူ မိဘပြည်သူအားလုံးကို အကောင်းဆုံးဝန်ဆောင်မှုတွေပေးဖို့ အမြဲ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ မှတ်ပုံတင်ကြေးကော၊ သုံးစွဲခွင့်၊ လျှောက်ထားကြေးတွေ ပေးစရာမလိုဘဲ တမိနစ်ကို ၂၃ ကျပ်နဲ့ ကျနော်တို့ရဲ့ ဖုန်းခေါ်ဆိုခ အသစ်ကို သုံးစွဲသူတွေ ပိုမိုများပြားလာပါတယ်။ အဲဒါကြောင့် အခု GSM/CDMA SIM ကတ် အသစ်တွေ ဝယ်ယူသုံးစွဲမယ့် မိဘပြည်သူတွေအတွက် အခုလို ဆွေသဟာ အစီအစဉ်ကို အလိုအလျောက်အသုံးပြုနိုင်အောင် လုပ်ပေးလိုက်တာပါ” လို့ MPT နှင့် လုပ်ငန်းတူပူးပေါင်းထားသော KSGM KSGM (KDDI Summit Global Myanmar Co., Ltd.) ရဲ့CEO ဖြစ်သူ Mr. Takashi Nagashima က ပြောပါတယ်။

ဆွေသဟာအစီအစဉ်ကို အသုံးပြုသူဟာ ဖုန်းခေါ်ဆိုခ တမိနစ် ၂၃ ကျပ်၊ မက်ဆေ့ခ်ျ တစောင် ၁၅ ကျပ်နှုန်း ကျသင့်မှာဖြစ်ပြီး မြန်နှုန်းမြင့်အင်တာနက်ကို 1 MB လျှင် ၇.၅ ကျပ်ဖြင့် သုံးစွဲနိုင်မှာပါ။ လက်ရှိအခြေခံ       ဖုန်းခေါ်ဆိုမှုစနစ်ကို သုံးစွဲနေသူများ ဆွေသဟာအစီအစဉ်ကို ရယူရန် 1332 သို့ “SWE” သို့မဟုတ် “POSTSWE” ဟု မက်ဆေ့ခ်ျပေးပို့ လျှောက်ထားရမှာဖြစ်ပါတယ်။

 MPT ရဲ့တခြား အဆင့်မြှင့်တင်မှုများတွင် အခြေခံဖုန်းခေါ်ဆိုစနစ် အသုံးပြုသူများအတွက်သြဂုတ်လ ၁၀ ရက်နေ့မှ စတင်ပြီး အင်တာနက် အခမဲ့ လျှောက်ထားခွင့်လည်း ပါဝင်တယ်လို့ သိရပါတယ်။ ယခင်က အခြေခံဖုန်းခေါ်ဆိုစနစ်ကို သုံးစွဲသူများအနေဖြင့် အင်တာနက် အသုံးပြုခွင့်လျှောက်ထားရန် ငွေကျပ် တသောင်းကျပ် ပေးသွင်းခဲ့ရပါတယ်။

လက်ရှိအခြေခံဖုန်းခေါ်ဆိုစနစ်ကို အသုံးပြုနေသူများ အနေဖြင့် ဆွေသဟာအစီအစဉ်ကို ပြောင်းလဲ အ   သုံးပြုလိုပါက 1332 ကို “SWE” သို့မဟုတ် “POSTSWE” ဟု မက်ဆေ့ခ်ျ ပေးပို့ အခမဲ့ရယူသုံးစွဲနိုင်         မှာဖြစ်ကြောင်း သိရပါတယ်။

သုံးစွဲသူများအနေဖြင့် ဆွေသဟာအစီအစဉ်ကိုအသုံးမပြုလိုဘဲ အခြေခံဖုန်းခေါ်ဆိုစနစ်ကိုသာ သုံးစွဲလိုပါက 1332 သို့ “UNSUB SWE” သို့မဟုတ် “POSTUNSUB SWE” ဟု မက်ဆေ့ခ်ျ ပေးပို့ကာ ဆွေသဟာအစီ  အစဉ်ကိုအလွယ်တကူ ရပ်ဆိုင်းနိုင်မှာ ဖြစ်ပါတယ်။ ဆွေသဟာအစီအစဉ် ရပ်ဆိုင်းလိုက်သည့်သုံးစွဲသူများဟာ မူလ အခြေခံဖုန်းခေါ်ဆိုစနစ်တွင် အင်တာနက်လျှောက်ထားမှုမပြုလုပ်ခဲ့သည့်တိုင် အင်တာနက် ဆက်  လက်အသုံးပြုနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။


သီဟတိုး


Samsung Galaxy Note 5 ကို မြန်မာပရိတ်သတ်နဲ့ မိတ်ဆက်ပေးလိုက်ပြီ

Tuesday, August 18, 2015 0 comments


ဓာတ်ပုံများ - သီဟတိုး / The Irrawaddy

Samsung Galaxy Note Series ထဲက နောက်ဆုံးထွက် Samsung Galaxy Note 5 နဲ့  မြန်မာပရိတ်သတ်တွေကို သြဂုတ်လ ၁၇ ရက်နေ့က မိတ်ဆက်ပေးလိုက်ပါပြီ။

Galaxy Note 5 ဟာမျက်နှာပြင် အရွယ်အစားက ၅.၇ လက်မ Quad HD Super AMOLED မျက်နှာပြင်နဲ့ ထုတ်လုပ်ထားပြီးတော့ ဘက်ထရီအား ၃,၀၀၀ mAh ပမာဏ ပါဝင်တယ်လို့ သိရပါတယ်။


Galaxy Note 5 မှာ Samsung ရဲ့လျင်မြန်တဲ့ ကြိုးမဲ့ အားသွင်းမှုနဲ့ ကြိုးမဲ့ အားသွင်းစနစ် ပါဝင်ပြီး ဘယ်      ကြိုးမဲ့အားသွင်းပြားနဲ့မဆို တွဲဖက် အသုံးပြုနိုင်ပါတယ်။ ကြိုးနဲ့ အားသွင်းမယ်ဆို အနီးစပ်ဆုံး မိနစ် ၉၀ အတွင်းအားအပြည့် သွင်းနိုင်မှာဖြစ်ပြီး ကြိုးမဲ့စနစ်နဲ့ဆိုရင်တော့ မိနစ် ၁၂၀ အတွင်း အားအပြည့်သွင်းနိုင်မှာ    ဖြစ်ပါတယ်။ စက်လည်ပတ်မှုစနစ် Processor အရည်အသွေး 14 nm Octa (Quad 2.1 GHz+ Quad 1.5 GHz) ကို အသုံးပြုထားပါတယ်။

ကင်မရာ အရည်အသွေးပိုင်း အနေနဲ့က အနောက်ကင်မရာကို 16 Mega Pixel နဲ့ အရှေ့ဘက်ကင်မရာကို 5 Mega Pixel အသုံးပြုထားတာ တွေ့ရပါတယ်။

Note 5 မှာဆိုရင် 4K အရည်အသွေးရှိတဲ့ ဗီဒီယိုများရိုက်ကူးနိုင်ခြင်းနဲ့ သုံးစွဲသူတွေကို အရည်အသွေးမြင့် HD Video တွေကို ဖုန်းကနေတဆင့် contacts ထဲက သီးခြားအုပ်စုတွေကိုဖြစ်စေ၊ Youtube တို့လို Public Website တွေကနေ တိုက်ရိုက်ထုတ်လွှင့် ကြည့်ရှုနိုင်တဲ့ လုပ်ဆောင်ချက်တွေလည်းပါဝင်ပါတယ်။


ဘယ်သူမဆို Galaxy Note 5 အသုံးပြုသူထံကနေ Youtube Link ကို လက်ခံရရှိပါက အသုံးပြုသူရဲ့ စမတ်ဖုန်း၊ ကွန်ပျူတာ ဒါမှမဟုတ် Smart TV တွေကနေ တဆင့် Youtube ချိတ်ဆက်မှုနဲ့အတူ live stream video တွေကို တိုက်ရိုက်ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

Android OS Version 5.1 ကို အသုံးပြုထားပြီး သိမ်းဆည်းနိုင်မှု ပမာဏ 32GB နဲ့  RAM 4 GB တို့ ပါဝင်တယ်လို့ သိရပါတယ်။ Note 5 ကို သုံးစွဲသူတွေအကြိုက် ကလစ်တချက် အမြန်နှိပ်ရုံနဲ့ S-Pen ထွက်လာနိုင်တဲ့ S-Pen ကို နှိပ်နိုင်တဲ့ ခလုတ်လေး တပ်ဆင်ထားပြီးတော့ သုံးစွဲသူတွေအနေနဲ့ ဖုန်း Screen ပိတ်ထားသော်လည်း Unlock လုပ်စရာမလိုဘဲ အလွယ်တကူ မှတ်သားမှုတွေ ပြုလုပ်နိုင်ပါတယ်။ Samsung Galaxy Note 5 ကို မြန်မာနိုင်ငံမှာ သြဂုတ်လ (၂၃) ရက်နေ့မှာ စတင်ရရှိနိုင်မှာ ဖြစ်ပြီးတော့ အရောင်အနေနဲ့     အနက်ရောင် (Black Sapphire) နဲ့ ရွှေရောင် (Gold Platinum) တို့ကို 32GB Storage နဲ့ အရောင်နှစ်မျိုး ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဈေးနှုန်းအနေနဲ့ သြဂုတ်လ (၂၃) ရက်နေ့ တရက်တည်းမှာ အထူးဈေးနှုန်း ၈၅၀,၀၀၀ ကျပ်နဲ့ ရရှိနိုင်မှာဖြစ်   ပြီး (၂၃) ရက်နေ့ နောက်ပိုင်းမှာတော့ ဈေးနှုန်း ၈၈၀,၀၀၀ ကျပ်နဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Galaxy Note 5 ကို သြဂုတ်လ (၂၃) ရက်နေ့မှာ ရန်ကုန်မြို့၊ လှည်းတန်းစင်တာနဲ့ မန္တလေးမြို့ ဆီဒိုနားဟိုတယ်တို့မှာ စတင် ရောင်းချသွားမှာပါ။


သီဟတိုး


ဈေးသက်သာပြီး နောက်ဆုံးပေါ် Function တွေပါဝင်တဲ့ Huawei G Play Mini

Monday, June 1, 2015 0 comments






ဈေးနှုန်း ကျပ် ၂ သိန်း ဝန်းကျင်နဲ့ မျက်နှာပြင်အရွယ်အစား ၅ လက်မ အကျယ်ရှိပြီး စက်လည်ပတ်မှုစနစ်ကို Octa Core 1.2 GHz Processor ပါဝင် အသုံးပြုထားတဲ့ တန်ဖိုးနည်း Function မြင့် စမတ်ဖုန်း Huawei G Play Mini ကို Huawei ကုမ္ပဏီက ထပ်မံ ထုတ်လုပ် တင်သွင်းလိုက်ပါပြီ။ 1.2GHz Process (၈) လုံး ပါဝင်တာကြောင့် ဖုန်းရဲ့ လုပ်ဆောင်ချက်တွေ ကောင်းမွန်မြန်ဆန်နေမှာ အသေချာပါပဲ။ နောက်ဆုံးပေါ် တန်ဖိုးကြီး High End စမတ်ဖုန်းတွေမှာသာ ပါဝင်တတ်တဲ့ Full HD ကို ထည့်သွင်းပေး ထားတာကြောင့်လည်း Huawei G Play Mini စမတ်ဖုန်းက တန်ဖိုးနည်းပြီး အရည်သွေးမြင့်တဲ့ ထူးခြားချက်တစ်ခုလို့ ပြောလို့ရပါတယ်။ Full HD ပါဝင်လို့ ၅ လက်မ အကျယ်ရှိတဲ့ မျက်နှာပြင်အရွယ် စမတ်ဖုန်းမှာ ဓာတ်ပုံပဲကြည့်ကြည့်၊ ဗီဒီယိုပဲ ကြည့်ကြည့် ကြည်လင်ပြတ်သားနေမယ့်အပြင် မျက်နှာပြင်က ဓာတ်ပုံရိုက်ဖို့၊ ဗီဒီယိုကြည့်ဖို့အတွက် လုံလောက်တဲ့ မျက်နှာပြင်လို့ ပြောလို့ရပါတယ်။

အနောက်ကင်မရာ 13MP ပါရှိတာကြောင့် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံကို ရရှိစေမှာ အသေအချာပါပဲ။ တဦးချင်း Selfie နဲ့ အဖွဲ့လိုက် Groufie ဓာတ်ပုံတွေ ရိုက်တဲ့အခါမှာလည်း စိတ်တိုင်းကျမှု အပြည့်အဝပေးမယ့် ကင်မရာအရည်အသွေး အရှေ့ကင်မရာ 5 Mega Pixel Resolution နဲ့ အနောက်ကင်မရာ 13 Mega pixel တို့ ပါဝင်အသုံးပြုထားပါတယ်။  RAM က 2GB ပါဝင်ပြီး Storage က 8 GB ပါ။ Android OS Version က နောက်ဆုံးထွက် Lollipop (5.0) ကို အသုံးပြုထားပြီး GSM ဆင်းမ်ကတ် နှစ်ကတ်ထိုး စမတ်ဖုန်း အမျိုးအစား ဖြစ်ပါတယ်။ နောက်ဆုံးပေါ် High End စမတ်ဖုန်းတွေမှာပဲ ပါဝင်လေ့ရှိတဲ့ နောက်ဆုံးပေါ် Function တွေကို သက်သာတဲ့ ဈေးနှုန်း ကျပ် (၂) သိန်းဝန်းကျင်နဲ့ Huawei G Play Mini ကို ဝယ်ယူ ရရှိနိုင်တဲ့ကြောင့် Middle End စမတ်ဖုန်း အနေနဲ့ ဝယ်ယူသင့်တဲ့ဖုန်း ဖြစ်ပါတယ်။


သီဟတိုး 


မြန်မာပြည်အတွက် Facebook က သီးသန့်လုပ်ပေးတဲ့ ကော်မန့်အစီအစဉ်

Thursday, February 19, 2015 4 comments

.


အမုန်းစကား၊ အန္တရာယ်များတဲ့ စကားပြောဆိုမှု၊ ရေးသားမှုတွေကို Facebook  မှာ တွေ့နေရပါတယ်။
အဲဒါကို တစုံတရာသောအတိုင်းအတာနဲ့ ဟန့်တားနိုင်တဲ့ အစီအစဉ်တခု မြန်မာပြည်မှာ ပေါ်လာအောင် Facebook က စီစဉ်ပေးလိုက်ပါပြီ။

Facebook က မြန်မာပြည်မှာရှိတဲ့ ပရိသတ်တွေအတွက် သီးသန့် စီစဉ်လိုက်ခြင်းပါ။

Facebook  မှာ ကော်မန့်ပေးတဲ့အခါ စာရေးကြသလို အဲဒီမှာရှိတဲ့ စတစ်ကာတွေကိုသုံးတာကိုလည်း အများအပြားက နှစ်သက်ကြပါတယ်။

အခု ပေါ်လာတဲ့ အစီအစဉ်က မြန်မာတွေနှစ်သက်နိုင်တဲ့ စတစ်ကာ အခု ၂၀ ကျော်ကို Facebook  မှာ တပ်ဆင်ထားခြင်းပါပဲ။

ကိုယ့် Facebook အကောင့်မှာ စတင်အသုံးပြုနည်း အဆင့်ဆင့်ကို ပြောပြရမယ် ဆိုရင်...


ကော်မန့်ပေးတဲ့နေရာမှာ ရှိတဲ့ အပြုံးရုပ်လေး နေရာကို ထောက်လိုက်ရင် Post a sticker ဆိုတဲ့ စာတန်း ပေါ်လာပါမယ်။ အဲဒါကို ကလစ်ပါ။


ပုံတချို့ ပေါ်လာမယ်။ ပုံပေါ်က အပေါင်းလက္ခဏာ နေရာကို ထောက်ရင် Sticker Store ဆိုတဲ့ စာတန်း ပေါ်လာမယ်။ အဲဒီ အပေါင်းလက္ခဏာကို ကလစ်ပါ။


စတိုးဆိုင်ထဲ ရောက်သွားပါလိမ့်မယ်။ လောလောဆယ် တရုတ်နှစ်ကူးကာလ ဖြစ်တာကြောင့် နှစ်ကူးစတစ်ကာတွေ တွေ့ရမယ်။ ဘေးမှာတော့ မြန်မာဆိုင် တွေ့ရပါမယ်။ ပန်းစကားပြောပါ - Speak Panzagar ဆိုတဲ့ ဆိုင်ပါ။ Free ကို ကလစ်ပါ။

(မြန်မာပြည်မှာပဲ မြန်မာစတိုးကို တွေ့ရပါမယ်။ တခြားနိုင်ငံက အင်တာနက်သုံးသူတွေ  ဒီဆိုင်ကို မြင်ရဦးမယ် မဟုတ်ပါ)


အပေါ်ကအဆင့်တွေ ပြီးပြီဆိုရင် ပုံမှာတွေ့ရတဲ့အတိုင်း မြန်မာ ကာတွန်းပုံလေး ပေါ်လာပါမယ်။ အဲဒါကို ကလစ်လိုက်ရင် ရွေးချယ်စရာ ကာတွန်းရုပ်လေးတွေ အများကြီး တွေ့ရမှာဖြစ်ပါတယ်။ နှစ်သက်ရာကို ရွေးချယ် ကလစ်နိုင်ပါပြီ။


ဒီအရုပ်လေးတွေဟာ အမုန်းစကား၊ အန္တရာယ်များတဲ့ စကားပြောဆိုမှု၊ ရေးသားမှုတွေကို ဟန့်တားတဲ့နေရာမှာသာမက မိတ်ဆွေအချင်းချင်း သာမန်ပြောဆိုရေးသားမှုတွေမှာလည်း သုံးကြမယ်လို့ ယူဆရပါတယ်။ 

လမ်းသွားရင်းဖုန်းအားဖြည့်ဖို့ Power Bank တွေရွေးကြမယ်

Saturday, November 29, 2014 0 comments






 ဒီနေ့ ICT ခေတ်ကြီးထဲမှာ Smart Phone တွေဟာ လူသားတွေအတွက် မရှိမဖြစ် အရေးပါတဲ့ပစ္စည်း၊ လူသားတွေရဲ့ နေ့စဉ်ဘဝတွေမှာ မရှိမဖြစ် ထိတွေ့ကိုင်တွယ်အသုံးပြုနေတဲ့ အသုံးအဆောင် ပစ္စည်းတခု ဖြစ်လာပါတယ်။

Smart Phone တလုံးနဲ့ အင်တာနက် အသုံးပြုတာ၊ ဓာတ်ပုံရိုက်တာ၊ သီချင်းနားထောင်တာ၊ ဂိမ်းဆော့တာ၊ စာဖတ်တာ၊ ဖုန်းပြောတာ စတဲ့ ဖုန်းတလုံးမှာပါဝင်တဲ့ လုပ်ငန်းဆောင်တာအမျိုးမျိုးကို အသုံးပြုလာရတဲ့အတွက် စမတ်ဖုန်း အသုံးပြုသူတွေအတွက် ဖုန်းမှာ နဂိုမူလ ပါဝင်တဲ့ Battery တလုံးနဲ့တင်မလုံလောက်နိုင်တော့ပါဘူး။ အထူးသဖြင့် Smart Phone တလုံးကို တနေကုန် နည်းမျိုးစုံ အသုံးပြုရသူတွေနဲ့ ခရီးဝေးသွားသူတွေအတွက် ဖုန်းအားပြန်ဖြည့်ဖို့ Power Bank ဆိုတဲ့ IT Gadget ပစ္စည်းလေးက မရှိမဖြစ် လိုအပ်လာပါတယ်။










ဒီ ရာသီချိန်ခါ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေကလည်း ခရီးသွားလို့ကောင်းတဲ့ ခရီးသွား ချိန်ခါရာသီဆိုတော့ ဒီလို အချိန်မှာရပ်ဝေးရပ်နီး ပြည်တွင်းပြည်ပ ခရီးသွားလိုသူတွေအတွက် ခရီးသွားတဲ့အခါ မိမိရဲ့စမတ်ဖုန်းနဲ့အတူ စမတ်ဖုန်း အားကုန်သွားရင် အားပြန်ဖြည့်ပေးနိုင်တဲ့ Power Bank တွေဝယ်ထားသင့်ပါတယ်။

ခရီးသွားရင်း ရောက်ရာအရပ်မှာ ရှုခင်းနဲ့Selfie ရိုက်သူတွေ ဟိုဟိုဒီဒီ Check-in တင်ပြီး Facebook တင်ချင်သူတွေ၊ Facebook Crazyတွေအတွက် Facebookသုံးရင်း အားကုန်သွားတာ၊ Selfie ပုံရိုက်ရင်း ဖုန်းအား မကျန်တော့တာ၊ အဲဒီလိုတွေမဖြစ်ရအောင် Power Bank ကို စမတ်ဖုန်းနဲ့အတူ သွားလေရာမှာ မရှိမဖြစ် အရေးတကြီးဆောင်ထားသင့်ပါတယ်။ Power Bankတွေရဲ့ အရွယ်အစားက သယ်ရတာ လွယ်ကူ ပေါ့ပါးတာကြောင့် ဘယ်ကိုသွားသွား အိတ်ထဲ အလွယ်တကူဆောင်ထားလို့ရပါတယ်။

Power Bank ဆိုရင်ဈေးနှုန်းအမျိုးမျိုး၊ အရောင်အသွေး၊ ဒီဇိုင်းအမျိုးမျိုး၊ တံဆိပ်မျိုးစုံရှိပြီး တချို့Power Bankတွေရဲ့အားပြန်သွင်းနိုင်တဲ့ဗို့အားပမာဏကလည်းအမျိုးမျိုးရှိပါသေးတယ်။ Power Bank တလုံး ဝယ်ယူမယ်ဆိုရင် ကိုယ်လက်ရှိ အသုံးပြုနေတဲ့စမတ်ဖုန်းနဲ့ သင့်လျော်အဆင်ပြေတဲ့ Power Bank အမျိုးအစားကို ရွေးချယ်ဝယ်ယူသုံးစွဲတတ်ဖို့အရေးကြီးပါတယ်။

ဈေးနှုန်းမြင့်မားပြီး အရည်အသွေးမြင့်တဲ့ စမတ်ဖုန်းတွေအတွက် သူတို့နဲ့ကိုက်ညီတဲ့ ဗို့အား ပမာဏ ပြန်လည်ဖြည့်သွင်းပေးနိုင်တဲ့ Power Bank မျိုး၊ အရည်အသွေးကောင်းပြီး အာမခံချက်ရှိတဲ့Power Bank မျိုးကို ဝယ်ယူသုံးစွဲပေးဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင် ဖုန်းကို အားပြန်ဖြည့်သွင်းတဲ့အခါ မလိုလားအပ်တဲ့ အားပြန်ပြည့်ဖို့ ကြန့်ကြာမှုတွေ၊ အားမဝင်တာတွေစတဲ့ ပြဿနာတွေမဖြစ်တော့ဘူးပေါ့။












တော်တန်ရုံ ဈေးနှုန်းသင့်တဲ့ စမတ်ဖုန်းအသုံးပြုသူတွေအနေနဲ့ကလည်း ထမ်းပိုး ထက် လက်ခကြီးဆိုတာမျိုး မဖြစ်ရအောင် ကိုယ့်စမတ်ဖုန်းနဲ့ ဈေးနှုန်းသင့်တဲ့ Power Bank မျိုးကို ဝယ်ယူနိုင်ပါတယ်။ Power Bank တွေရဲ့ဈေးနှုန်းအနေနဲ့က အရည်အသွေးကောင်းကောင်းနဲ့ အာမခံချက်ရှိတဲ့ Power Bank တွေဆိုရင် အနိမ့်ဆုံး ဈေးနှုန်းကျပ်တသောင်းဝန်းကျင်လောက်ကနေ ၄သောင်း၊ ၅သောင်း၊ ၆သောင်းကျော်အထိအစားစားရှိပါတယ်။

Power Bank တွေက စမတ်ဖုန်း တမျိုးတည်းမှာတင် အသုံးပြုနိုင်တာမျိုး မဟုတ်ပါဘူး။ စမတ်ဖုန်းနဲ့အတူ ဒီနေ့ခေတ် လူငယ်တွေကြားမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတဲ့ iPad, Tablet, Phablet စတဲ့ IT Gadget အမျိုးအစားစုံမှာ အသုံးပြုနိုင်ပါတယ်။ Power Bank မှာလည်း ရေစိုခံ Power Bank, Bluetooth Speaker ပါဝင်တဲ့ Power Bank Pod နှစ်ခုပါဝင်ပြီး Gadget နှစ်မျိုးတပြိုင်တည်း အားပြန်သွင်းလို့ရတဲ့ Power Bank စသဖြင့် အမျိုးအစားစုံ၊ ဒီဇိုင်းအမျိုးစုံ ရှိပါတယ်။




ကဲ...ဒီလောက်ဆိုရင်တော့ Smart Phone, iPhone, iPad, Tablet, Phablet တွေအတွက် မရှိမဖြစ် အရေးတကြီး ဆောင်ထားသင့်တဲ့Power Bank ကို ဒီလို ခရီးသွားချိန်ခါ ခရီးသွားရာသီမှာ ခရီးသွားရင်း သုံးနိုင်ဖို့ ကိုယ့်ဖုန်းနဲ့ အဆင်ပြေ သင့်လျော်မယ့် Power Bank ကောင်းကောင်းတလုံး ဝယ်ထားရအောင်လား။



သီဟတိုး

မြန်မာ ideabox ကို အမေဇုန် ကူညီ

Tuesday, November 11, 2014 0 comments


ရန်ကုန်အခြေစိုက် နည်းပညာဆိုင်ရာအဖွဲ့အစည်းတခုဖြစ်တဲ့  ideabox ကို အမေဇုန်က နည်းပညာပိုင်းအရ အကူအညီပေးမယ်လို့ သိရပါတယ်။
 



ဖုန်းနဲ့အင်တာနက်သုံးရင် Opera Mini က မြန်တယ်လို့ ဆိုတယ်

Tuesday, November 4, 2014 0 comments

-



                         
တက်ဘလက်တို့၊ စမတ်ဖုန်းတို့မှာ အင်တာနက်သုံးတာ ပိုမြန်ဖို့အတွက်ဆိုရင် Opera Mini က ကောင်းတယ်လို့ တနင်္လာနေ့ထုတ် ကြေညာချက်တစောင်မှာ ရေးထားပါတယ်။


နိုဝင်ဘာမှာ ဖြစ်လာမယ့် အူရီဒူးကွန်ရက်

Thursday, October 30, 2014 0 comments

.




  ရန်ကုန်မြို့ နေရာတချို့မှာ တယ်လီဖုန်း   ဆက်သွယ်ရေးကွန်ရက်များ ဒီလကုန်ရင်   ထပ်မံတိုးချဲ့သွားမယ်လို့  အူရီဒူး  ဆက်သွယ်ရေး    ကုမ္ပဏီက  ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။ 
“နှစ်လခွဲအတွင်း ရန်ကုန်ကွန်ရက် ဖြန့်ကျက်မှုအခြေအနေက ၉၅  ရာခိုင်နှုန်းအထိ ရှိလာမှာ ဖြစ်ပါတယ်။
အခုဆို အင်းယားကန် ပတ်ဝန်းကျင်၊ ၉  မိုင် ပတ်ဝန်းကျင်၊ အင်းယားလိတ် အနီးက
ပါရမီ လမ်းမကြီးတလျှောက်မှာ  ကွန်ရက်ရရှိဖို့ ကြိုးစားနေပါတယ်။
 နောက်ပြီး သာင်္ကေတ မြို့နယ်နေရာ  တော်တော်များများမှာ ကွန်ရက်ရရှိဖို့ လိုပါသေးတယ်။
 အဲဒီအခြေအနေကိုလည်း  ဒီလကုန် ဆောင်ရွက် သွားမှာပါ။
 နောက်ပြီး ဗဟန်းမြို့နယ်ဖြစ်တဲ့  ရွှေတောင်ကြားမှာလည်း တပတ်၊ နှစ်ပတ်အတွင်း ကွန်ရက် ရရှိတော့မှာ ဖြစ်ပါတယ်”
လို့  အူရီဒူး မြန်မာရဲ့ အမှုဆောင် အရာရှိချုပ် Ross  Cormack က သတင်းထောက်များကို ပြောပါတယ်။
 
 ရန်ကုန်တိုင်း ဒေသကြီးအတွင်း  ၂၆ မြို့နယ်မှာ စက်တင်ဘာလကုန်အထိ အူရီဒူးကွန်ရက်ရှိနေပြီး အောက်တိုဘာအကုန်မှာတော့   နောက်ထပ် ၁၃ မြို့နယ်အထိ တိုးချဲ့နိုင်မယ်လို့ အူရီဒူးက ဆိုပါတယ်။

ဒါဆိုရင် မကြာခင် ရန်ကုန်မှာ အူရီဒူးကွန်ရက်ရှိမယ့် မြို့နယ်အရေအတွက် ၃၉ မြို့နယ် ဖြစ်လာပါတော့မယ်။


အောင်တိုဘာအလွန် ဒေသကြီး ၄ ခုအတွင်း အူရီဒူးဖုန်း သုံးနိုင်မယ့် အခြေအနေ





သူဇာ

-

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved