Showing posts with label အနုပညာ ရပ်ဝန်း. Show all posts
Showing posts with label အနုပညာ ရပ်ဝန်း. Show all posts

ဖေ့ဘုတ်ရဲ့စာမျက်နှာထက် လတ်တလော ဘာတွေခေတ်စားနေလဲ

Tuesday, December 29, 2015 0 comments

မြန်မာပြည်မှာ သတင်းဦး၊သတင်းထူး၊ ဟော့သတင်းတွေကို ဖတ်ချင်ရင်တော့ သိပ်ဝေးဝေးသွားရှာ နေစရာမလိုပါ။ ဖေ့ဘုတ်သတင်းဌာနကြီးမှာ သွားရောက်ရှာဖွေ ဖတ်ရှုနိုင်ပါသည်လို့ ပြောရမလိုဖြစ်နေတဲ့ ဒီဘက်ခေတ်မှာ လတ်တလော ဖေ့ဘုတ်သတင်းဌာနကြီးရဲ့ စာမျက်နှာတွေထက် ဟော့ဖြစ်နေတဲ့ အောင်မြင်ကျော်  ကြားနေတဲ့ အကြောင်းအရာ၊ လူပုဂ္ဂိုလ် စတဲ့အကြောင်းကို စုစည်းဖော်ပြပေးချင်ပါတယ်။

ဖိုးတခေတ် (ဓာတ်ပုံ-ဖိုးတခေတ် ဖေ့ဘုတ်)

ဖိုးတခေတ်လို့ ခေါ်ထွင်နေတဲ့ ကရင်ရသေ့

ပထမဆုံးအနေနဲ့ ဖေ့ဘုတ်စာမျက်နှာထက် ဟော့အဖြစ်ဆုံးလို့ပြောလို့ရမယ့် သတင်းကတော့ ကရင်ပြည် နယ် ဘားအံမြို့နယ် ဂျိုင်းရွာအနီးတ၀ိုက်က လူအများ ယုံကြည်ကိုးကွယ်နေကြတဲ့ “ဖိုးတခေတ်” ဆိုတဲ့ က ရင်ရသေ့တပါးလို့လည်း ခေါ်ဆိုနေကြသော သူတဦးပါပဲ။ ဖိုးတခေတ်ဆိုပြီး ပေါ်ပေါက်နေခဲ့တာ ကြာခဲ့ပြီဆိုပေမယ့် အခုပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော သူ့ရဲ့ မွေးနေ့ပွဲ   ကျင်းပပုံတွေကို ပြည်တွင်းသတင်းဌာနတွေက ဓာတ်ပုံတွေနဲ့ တကွ ဖော်ပြလာခဲ့ရာက စလို့ ဖေ့ဘုတ်စာ   မျက်နှာတွေထက်မှာ ပျံ့နှံ့လာပြီး ပိုမိုလူသိများလာကြတာပါ။

ဒါ့ထက် ပိုဆိုးတာက သူ့ရဲ့ မွေးနေ့ပွဲတော်ကာလအတွင်းမှာ ဖိုးတခေတ်ဟာ ဆိတ် ၅ ကောင်ဆွဲတဲ့ လှည်းယာဉ်၊ မြင်းဖြင့်ဆွဲတဲ့ လှည်းယာဉ်၊ ဆတ်ဖြင့်ဆွဲတဲ့လှည်းယာဉ်၊ ကားဖြင့် ဆွဲတဲ့ လှည်းယာဉ်စတာတွေကို စီးပြီး နတ်နန်းကို လှည့်ပတ်မှုပြုလုပ်ခဲ့တာတို့ ကျွဲဖြူစီးပြီး လှည့်ပတ်တာတို့ ပြုလုပ်ခဲ့တဲ့အပေါ် တထူးတဆန်းနဲ့ ပြောဆိုဝေဖန်ခဲ့ကြတာပါ။ အဲ့ဒီမွေးနေ့ပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ကာ သူ့အား ယုံကြည် ကိုးကွယ်သူတွေက အရိုအသေပေးတဲ့အနေနဲ့ အလှူငွေများကိုလည်း လာရောက်လှူဒါန်းခဲ့ကြတယ်လို့လည်း    ပြည်တွင်းသတင်းတွေအရသိရပါတယ်။

အဆိုပါ ကရင်ရသေ့လို့လည်း လူသိများနေကြတဲ့ ဖိုးတခေတ်ကို အဲ့ဒီဒေသအတွင်း ယုံကြည်နေကြတဲ့သူတွေ ရှိသလို သူ့ရဲ့ နေထိုင်သွားလာမှုပုံစံတွေကြောင့် ဝေဖန်ပြောဆိုနေကြသူတွေလည်း ရှိပါတယ်။ လတ်တလော ဖေ့ဘုတ်သတင်းဌာနကြီးမှာတော့ ဖိုးတခေတ်ရဲ့ဝတ်စားဆင်ယင်ပုံဖက်ရှင်ဒီဇိုင်းတွေကို ပိုပြီး      စိတ်ဝင်စားတယ်ထင်ပါရဲ့။ အဲ့ဒီလို ဒီဇိုင်းမျိုးတွေ ၀တ်ဆင်လို့ သရော် ဝေဖန်ထားတဲ့ ဓာတ်ပုံတွေနဲ့ ပလူ  ပျံနေပါတော့တယ်။

သေဒဏ်အမိန့်ကျခံနေရတဲ့ မြန်မာနိုင်ငံသားနှစ်ဦး(ဓာတ်ပုံ - Reuters)


လိပ်ကျွန်းလူသတ်မှုရဲ့ သေဒဏ်အမိန့်

ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရတ်ဌာနီ ကော့တောင်ကျွန်းမှာ ပြီးခဲ့တဲ့နှစ် ၂၀၁၄ စက်တင်ဘာ ၁၅ ရက်နေ့က    ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ပတ်သက်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးဖြစ်တဲ့ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းကို လူသတ်တရားခံများအဖြစ် တရားစွဲဆိုထားရာကနေ ၂၀၁၅ ဒီဇင်ဘာ ၂၄ ရက်နေ့က သေဒဏ်ချမှတ်လိုက်တာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအပါအ၀င် တကမ္ဘာလုံးမှာရှိတဲ့ မြန်မာလူမျိုးတွေက မကျေနပ်တဲ့အတွက် ဒီသေဒဏ်အမိန့်ကို ဆန့်ကျင်ဆန္ဒပြမှုများ နေရာအနှံ့အပြားမှာ ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံရပ်ခြားရောက်နေတဲ့  မြန်မာလူမျိုးတွေကလည်း သူတို့ရောက်ရှိနေတဲ့ နိုင်ငံမှာရှိသော ထိုင်းသံရုံးရှေ့တွေမှာ ဆန္ဒပြခဲ့ကြသလို ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့မှာလည်း ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် နယ်မြို့အသီးသီးမှာလည်း ဆန္ဒပြခဲ့ကြသလို ရန်ကုန်မြို့ရှိ လူငယ်အများစုပေါင်းကာ ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ အာဏာပိုင်များထံ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ထုတ်ဖော်တဲ့အနေနဲ့ လက်မှတ်ရေးထိုး      တောင်းဆိုမှုများကိုလည်း ရန်ကုန်မြို့ရှိ လူစည်ကားရာနေရာတွေမှာ လိုက်လံကောက်ခံမှုများကိုပါ ပြု      လုပ်နေကြတာပါ။

ဖေ့ဘုတ်သတင်းဌာနကွန်ရက်ကြီးမှာတော့ ဒီ သေဒဏ်အမိန့်နဲ့ ပတ်သက်လို့ မျိုးချစ်မြန်မာတွေရဲ့ ပေါက်ကွဲသံစဉ်တွေဟာ ပျံ့နှံ့ထွက်ပေါ်လာကာ ထိုင်းနိုင်ငံရဲ့ တရားရေးရာစီရင်မှုနဲ့ ပတ်သက်ပြီး ရှုံ့ချပြောဆို ဝေဖန်မှုများ ဖေ့ဘုတ်ပရိုဖိုင်းပုံပြောင်းလဲမှုများ ပြုလုပ်ကာ ဆန္ဒဖော်ထုတ်နေကြပါတော့တယ်။




အေးမြတ်သူဝတ်ဆင်ရိုက်ကူးခဲ့တဲ့ ရေကူးဝတ်စုံနဲ့ ပြက္ခဒိန်

ကုမ္ပဏီတခုရဲ့ ၂၀၁၆ ခုနှစ်အတွက် ပြက္ခဒိန်တခုမှာ မြန်မာနိုင်ငံရဲ့ မော်ဒယ်လ်တချို့ရေကူးဝတ်စုံများ ၀တ်ဆင်ရိုက်ကူးခဲ့တဲ့အထဲမှာ သရုပ်ဆောင် အေးမြတ်သူရဲ့ ပုံကို လူတော်တော်များများက သတိထားမိ လာတာပါ။ အထူးသဖြင့် ဖေ့ဘုတ် သတင်းဌာနကြီးမှာပေါ့။

အဲ့ဒီပြက္ခဒိန်တခုလုံးမှာ သရုပ်ဆောင်အားလုံးဟာ ရေကူးဝတ်စုံများဝတ်ဆင်ပြီး သရုပ်ဖော်ခဲ့ကြတာပါ။

စွဲမက်ဖွယ်ကောင်းလှတဲ့ ခန္တာကိုယ် အချိုးအစား ခပ်မိုက်မိုက်နဲ့ ရေကူးဝတ်စုံဝတ်ဆင်ရိုက်ကူးခဲ့သော သရုပ်ဆောင် မော်ဒယ်လ် အေးမြတ်သူကတော့ အားလုံးထဲမှာ အပေါ်လွင်ဆုံးဖြစ်သွားတယ်လို့ ဆိုရမလိုဖြစ်နေပါတော့တယ်။ သူ့ရဲ့ ၀တ်စားဆင်ယင်ရိုက်ကူးခဲ့မှုကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေ ရှိသလို ဝေဖန်ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် လတ်တလော ဖေ့ဘုတ်သတင်းဌာနကြီးရဲ့ ဟော့ဖြစ်ဆုံး လူပုဂ္ဂိုလ်တဦးအဖြစ် ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။


မစပ်စု










အမှားကင်းအောင်နေလို့မရဘူး အမှားနည်းအောင်တော့နေလို့ရတယ်ဆိုတဲ့ အေးမြတ်သူ

Monday, December 28, 2015 0 comments


သရုပ်ဆောင် အေးမြတ်သူ (ဓာတ်ပုံ - ယုမွန်ကျော်/ The  Irrawaddy)

ဆယ်စုနှစ်တစုစာမျှ သရုပ်ဆောင် မော်ဒယ်လ်လောကမှာ ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးတွေကြောင့် ပရိတ်သတ်ရဲ့ ချင်ခင်အားပေးမှုကို လတ်တလောတိုင် ရရှိနေဆဲဖြစ်သလို ဆွဲမက်ဖွယ်ကောင်းတဲ့ ခန္တာကိုယ် အချိုးအစား ခပ်မိုက်မိုက်နဲ့ ဒီကနေ့ထိတိုင်အောင် လူသိများထင်ရှားနေဆဲ မော်ဒယ်လ်နဲ့ သရုပ်ဆောင်      အေးမြတ်သူကို သိကြမယ်ထင်ပါတယ်။ ဒါ့အပြင် သူဟာ သိပ်မကြာသေးခင်ကာလလောက်က လောက်ကိုင်ဒေသမှာစစ်ပွဲတွေနဲ့ ရင်ဆိုင်နေရချိန်တုန်းကလည်း စစ်ဘေးရှောင် ပြည်သူတွေ ဒုက္ခသည်တွေထံ ကိုယ်တိုင်သွားရောက် ကူညီအားပေးခဲ့လို့ ပရိတ်သတ်ရဲ့ ချီးမွမ်း ဂုဏ်ပြုခြင်းကိုလည်း ခံခဲ့ရပါသေးတယ်။ ဒီတော့   သရုပ်ဆောင် အေးမြတ်သူ နဲ့ ဧရာဝတီသတင်းထောက် ယုမွန်ကျော်တို့ ကြုံတုန်းဆုံတုန်းမှာ မေးဖြစ်ပြောဖြစ်ခဲ့တာလေးတွေကို အမြည်းသဘောအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

မေး  မြန်မာအမျိုးသမီးဆိုတာ ဘယ်လိုလို့ အေးမြတ်သူလက်ခံထားလဲ။

ဖြေ  တခါတလေကျရင်လေ လူတွေက ငါလုပ်တာ အကောင်း ငါပြောသလို ငါလုပ်သလိုမလုပ်နဲ့ ပြောသလြို ဖစ်နေတယ်။ ဥပမာ အိမ်ထောင်ကျသွားတဲ့သူတယောက်က သူအိမ်ထောင်ကျသွားပြီး နင်ယောကျာ်း မယူနဲ့နော် မကောင်းဘူး လို့ပြောတယ် သူကျတော့ ကျသွားပြီလေ။ ငါလုပ်သလိုမလုပ်နဲ့ငါပြောတာကိုလုပ် ဆိုတာလေ။ ပြောချင်တာက သိသိကြီးနဲ့ တခါတလေကျရင် မှားတတ်ကြတဲ့ အမှားတွေလည်း ရှိပါတယ်။ မြန်မာမိန်းကလေးတယောက်ကတော့ ကိုယ့်ရဲ့ ကာယိနြေ္ဒကိုတော့ ထိန်းသိမ်းရတာပေါ့။ အဲဒီလိုပြောမယ်ဆိုရင် နင်ကျတော့ ဒီလိုရိုက်ပြီးပြောတယ်ပေါ့ ဆိုပြီး ရှိကောင်းရှိနိုင်တယ် ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်းမဟုတ်ရင်တောင်မှ အေးမြတ်သူ လုံလုံခြုံခြုံနဲ့ ပုံလေးတွေပေါ်လာရင် အဲဒီပုံလေးတွေကိုပိုကြိုက်ကြမှာ။ ဒါက ခေတ်အရ ဒီလိုရိုက်ကြတာရှိမယ်။ဒါပေမယ့် တကယ့်တကယ့် ရင်ထဲစွဲဖို့ဆိုတာ မြန်မာမတယောက်က ကျက်သရေရှိရှိ လုံလုံခြုံခြုံဆိုရင် ပရိသတ်ရင်ထဲမှာ စွဲနေမှာပါ။ ဒါက ခဏပါ။ ဒီထက်ပို ဟော့တဲ့ပုံတွေ တက်လာခဲ့ရင် ဒီပုံက ဘာမှမဟုတ်တော့ပါဘူး။ ဒါက ခဏလေး အတိုင်းအတာမှာ ပရိသတ်က လက်ခံနေတာပါ။ တပတ်ပေါ့ ဆယ်ရက်ပေါ့။ ဒီထက်ပိုပြီး ဟော့တာမျိုး၊ ဖော်တာမျိုးထွက်လာခဲ့ရင် ဒီပုံက ဘာမှ မဟုတ်တော့ဘူး။ ဒါပေမယ့် ဘယ်တော့မှ မရိုးတာက မြန်မာဆန်ဆန်နဲ့ ကျက်သရေရှိတဲ့ ပုံပါပဲ။ ဒါလေးက သူရဲ့ဘ၀မှာ အလှဆုံးပုံလေးဖြစ်နေမှာပါ အေးမြတ်သူက အဲဒါကို လက်ခံပါတယ်။ တချို့ဟာတွေက ခေတ်ကြောင့်သာ ခဏသာ ဟော့နေတာပါ။ ပြောချင်တာကတော့ မြန်မာမိန်းကလေးတယောက်က ကိုယ့်ရဲ့ ကာယိနြေ္ဒ ထိန်းသိမ်းရပါတယ်။ ပြီးတော့ အနေအထိုင်ဆင်ခြင်ရပါတယ်။ ဒါတွေက ပြောနေပေမယ့် လူတိုင်းတော့ မလုပ်နိုင်ပါဘူး။ ကိုယ်တိုင်လဲ အပါအ၀င်ပါပဲ၊ လူငယ်သဘာဝ မှားတာတွေရှိခဲ့ပါတယ်။ ပြောနေကျသလိုပေါ့ အမှားလုံးဝမရှိတဲ့သူဆိုတာ မရှိပါဘူး။ အမှားကင်းအောင် အေးမြတ်သူတို့ နေလို့မရဘူး။ အမှားနည်းအောင်တော့ အေးမြတ်သူတို့ နေလို့ရပါတယ်။ အေးမြတ်သူလဲ အမှားမကင်းဘူး ဒါပေမယ့်အတတ်နိုင်ဆုံး အမှားနည်းအောင်တော့ နေတယ်။ မမှားဘူးလို့တော့ မပြောပါဘူး။

မေး  အိမ်ထောင်ပြုဖို့ရော အစီအစဉ်က ဘယ်လိုရှိလဲ။

ဖြေ  အဲဒါနဲ့ပတ်သက်ပြီး အေးမြတ်သူ အသက် ၂၆ နှစ်လောက်ကထဲက အမြဲပြောပါတယ်။ အသက် ၃၀ ကျရင် အိမ်ထောင်ပြုမယ်လို့လေ။ မရတာတော့ ကံပေါ့လေ။ အေးမြတ်သူက လေကတော့ မလျော့ဘူး။ ၃၀ သာ ကျော်သွားမယ် လေကတော့ မလျော့ဘူး အသက် ၃၀ မှာ အိမ်ထောင်ပြုမယ်ပဲ။ အသက် ၂၆နှစ်ထဲက ပြောနေတာလေ။ တွေ့ပြီလားဆိုရင် တွေ့လို့လဲ မဟုတ်ဘူးလေ။ အေးမြတ်သူရဲ့ life plan က အဲလိုလေ။ ကိုယ်မှာရှိနေလို့ လုပ်တော့မှာမလို့ ပြောနေတာ မဟုတ်ဘူး။ ရှိနေရင်တော့ သေချာတယ်ပြောပြမှာ ကိုယ်က မလျို့ဝှက်တတ်ဘူးလေ။ အခုက ၃၀ က ပြည့်တော့မယ် မဖြစ်တော့ဘူးဆိုတော့ ၃၅ နှစ် မှလို့ ပြောင်းပြောရင်ကောင်းမလားမသိဘူး။ ပြောရတာ ရှက်လာလို့လေ။


ဆက်လက်ပြီး သရုပ်ဆောင် အေးမြတ်သူက သူ့ရဲ့ ခန္တာကိုယ်အချိုးအစားလှပမှု၊ အလှအပကို ဘယ်လို ထိန်းသိမ်းပြုပြင်သလဲ၊ sexy pose ဆိုတာနဲ့ ပတ်သက်လို့ စတာတွေကို ဘယ်လို ပြောဆိုဖြေကြားထားသလဲဆိုတာ ဧရာဝတီကနေ ဆက်လက်ဖော်ပြပေးပါဦးမယ်နော်။ 


လိပ်ကျွန်းလူသတ်မှု စီရင်ချက်အပေါ် အနုပညာရှင်များနဲ့ လူငယ်လှုပ်ရှားသူတို့ရဲ့ ရင်ဖွင့်သံ

0 comments

ထိုင်းလိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမား လူငယ်နှစ်ဦးကို သေဒဏ်ချမှတ်လိုက်တဲ့အပေါ် အနုပညာရှင်တချို့နဲ့ မြန်မာနိုင်ငံမှာ လက်ရှိ လူငယ်ရေးရာ တက်ကြွလှုပ်ရှား ဆောင်ရွက်နေသူတဦးရဲ့ အမြင် တို့ကို ဧရာဝတီသတင်းထောက် သီဟတိုးနဲ့ ယုမွန်ကျော်တို့က မေးမြန်းထားပါတယ်။

တေးရေး ရွှေဂျော်ဂျော် 

တေးရေးဆရာ ရွှေဂျော်ဂျော် 

ပုံမှန် မြန်မာပြည်သူတယောက်အနေနဲ့ အရမ်းစိတ်မကောင်း ဖြစ်ရတာပေါ့၊ မခံချင်စိတ်လည်း ဖြစ်ရတာပေါ့။ တကယ့်ပြသနာမှာ ဘယ်လောက် ဘယ်သူက တကယ့် အသေးစိတ်ကို ကိုယ်ကိုယ်တိုင် မသိရှိတဲ့အတွက် ကြောင့်ရယ်၊ ကိုယ့်ထက်ပိုပြီး တာဝန်ရှိတဲ့လူတွေက ဘယ်လို ဆောင်ရွက်မှာလဲ မသိတဲ့ အတွက်ကြောင့်ရယ်၊ ခံစားဖို့တော့ ခက်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်ဟာ အကူးအပြောင်း ကာလလည်းဖြစ်တယ်။ ကိုယ့်ထက်ပိုပြီး တာဝန်လည်းရှိတယ်၊ ကိုယ့်ထက်ပိုလည်း လက်လှမ်းမှီတဲ့သူတွေက ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ရုံကလွဲရင် ဘာမှ မတတ်နိုင်ဘူးပေါ့။ စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူးပေါ့။

အဆိုတော် သားစိုး 

အဆိုတော် သားစိုး

ဒါကတော့ သူတို့ တကယ်ပဲ ကျူးလွန်လား မကျူးလွန်ဘူးလားဆိုတာ သူတို့အသိဆုံးပါပဲ။ တရားကိုလည်း နတ်စောင့်ပါလိမ့်မယ်။ ပြောရမယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ကြီးက အရာရာမှာနောက်ကျနေတဲ့ ဆင်းရဲသား တိုင်းပြည်ဖြစ်နေတယ်။ လမ်းထဲမှာတောင် ဆင်းရဲသားလမ်းလျှောက်သွားတာနဲ့ သူဌေးလမ်းလျှောက်သွားတာ တူမှမတူတာပဲလေ။ သူဌေးလမ်းလျှောက်ရင် “သူဌေး မင်းဘာလုပ်နေတာလဲ”ပေါ့ ဆင်းရဲသားလမ်းလျှောက်ရင် “ဟာ မင်းဘာလုပ်နေတာလဲ မင်းဘာခိုးမလို့လဲ” လို့မေးကြတယ်။ ဆင်းရဲသားတိုင်းပြည်က လူတွေဆိုတော့လည်း ဒါမျိုးတွေ့ကြုံ့ရတာ မဆန်းပါဘူး။ ဒါမျိုးတွေ မကြုံ့တွေ့ချင်ဘူးဆိုရင် ကိုယ့်ဘာသာကြိုးစားကြဖို့ကလည်း အရေးကြီးပါတယ်။ ကိုယ်နယ်ပယ် ကိုယ့်လုပ်ငန်းခွင်မှာ ဘယ်သူမှ မတူအောင် တီထွင်ကြမယ်၊ ဆန်းသစ်ကြမယ် အခုဟာက ထိုင်းနဲ့ မြန်မာယှဉ်ကြမယ်ဆိုရင်တောင် ခရီးသွားတဲ့ လုပ်ငန်းကိုပဲ ယှဉ်ကြည့်ပေါ့။ ထိုင်းမှာ တနှစ်ကို နိုင်ငံခြားသား ၂၉ သန်း ၀င်နေတဲ့အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံမှာ တသန်းကျော်ကျော် ၀င်တာတောင်မှ ဟိုတယ် မလောက်ဘူးဆိုတော့ ကျနော်တို့တိုင်းပြည်နဲ့ ဘယ်လောက်ကွာဟနေလည်းဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ထိုင်းမှာဆိုရင် မိုးမျှော်အဆောက်အအုံက ရေတွက်လို့မရဘူးဆိုရင် မြန်မာနိုင်ငံမှာ မြို့ထဲမှာ နှစ်ခုလောက်နဲ့ ရေတွက်လို့ရနေတယ်။ ဆိုတော့ ကျနော်တို့တိုင်းပြည်က ဒါမျိုးခံရတာ မဆန်းပါဘူး။ ကျနော်တို့က အရာရာနုံချာဆင်းရဲ စုတ်ပြတ်နေတာကိုး။ ဒါမျိုးမဖြစ်ချင်ဘူး မကြိုက်ကြဘူးဆိုရင်တော့ ကျနော်တို့ အားလုံးကြိုးစားမှပဲ ဖြစ်မှာပါ။

သရုပ်ေဆာင် ဗေလုဝ

သရုပ်ဆောင် ဗေလုဝ 

အမေရိကန်နိုင်ငံက မိုက်ကယ်ဖီးလင်း စင်ကာပူနိုင်ငံမှာ ကားတွေကိုဓားနဲ့ခြစ်တုန်းကတော့ စင်ကာပူဥပဒေအရ သူကို ကြိမ်ဒဏ်ပေးတယ်လေ။ အဲဒီမှာ အမေရိကန်သမ္မတနဲ့ ပြည်သူလူထုက လျော့လျော့ပေါ့ပေါ့ပေးဖို့ ၀ိုင်းပြီး တောင်းပန်ကြတယ်ပေါ့။ သူ့လူမျိုးတယောက်ကို ထိရင် ဆတ်ဆတ်ထိနာကျဉ်းပါတယ်။ ကျနော်တို့ကလည်း ကျနော်တို့လူမျိုး ဒီ ကလေးနှစ်ယောက်ကိုထိတာ ဆတ်ဆတ်ထိမခံနားကျဉ်းပါတယ်။ အစိုးရအနေနဲ့လည်း အိမ်နီးချင်းနိုင်ငံအနေနဲ့ ပြည်သူကလည်း ဒီကလေးနှစ်ယောက်အတွက် ရှေ့က မားမားမတ်မတ်ရပ်ပြီး အစိုးရကလည်း ညှိညှိနှိုင်းနှိုင်းလုပ်ပေးမယ်ဆိုရင် ဒီကလေးတွေအနေနဲ့က သက်သာလိမ့်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံသားတယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒါ မဟုတ်ဘူးဆိုတာ အားလုံးကလည်းသိတယ် ကမ္ဘာကလည်းသိတယ် သူတို့ဥပဒေကလည်း ပြောရမယ်ဆိုရင် သိပ်မကွာဘူးလေ ငွေများတရားနိုင်မှာပဲ။ တကယ်လို့ဒီကလေးနှစ်ယောက် အပြစ်မရှိဘဲ ဒီလိုအပြစ်ပေးခံရမယ်ဆိုရင် မြန်မာနိုင်ငံသားတယောက်အနေနဲ့ နာတယ်။ ဆတ်ဆတ်ထိနာတယ်။ ကြေကွဲပါတယ်။ ခံစားရပါတယ်။

သဉ္ဖာရွှန်းလဲ့ရည်(လူငယ်ရေးရာ ဆောင်ရွက်လှုပ်ရှားသူ)

သဉ္ဇာရွှန်းလဲ့ရည် (လူငယ်ရေးရာ ဆောင်ရွက်လှုပ်ရှားသူ)

ပထမတော့ ဒီကိစ္စကို စကတည်းက လေ့လာဖြစ်တယ်၊ လေ့လာဖြစ်ပြီးတော့ သတင်းတွေ အမြဲတမ်း ထိုင်းသူငယ်ချင်းတွေနဲ့လည်း ဆွေးနွေးဖြစ်တယ်။ ဆွေးနွေးဖြစ်တော့ သူတို့တွေ ကိုယ်တိုင်လည်း လက်မခံဘူး။ ထိုင်းနိုင်ငံမှာ ဦးဆောင်ပြီး လုပ်နေကြတဲ့၊ လှုမှုရေးတက်ကြွလှုပ်ရှားနေကြတဲ့၊ နိုင်ငံရေး တက်ကြွလှုပ်ရှား နေကြတဲ့ ထိုင်းသူငယ်ချင်းတွေကလည်း ဒီကိစ္စအပေါ်မှာ အကြီးကြီး သံသယရှိတယ်။ ဒါပေမဲ့ အခု ဒီလိုသတင်းတွေ ကြားမိတဲ့အခါမှာ တော်တော်လေးရှော့ခ်ဖြစ်မိတယ်။ ရှော့ခ်ဖြစ်မိတဲ့ အပြင် ဘာတွေ ဆက်ပြီး   တွေးမိသလဲဆိုတော့ တရားဥပဒေ ကိစ္စပေါ့၊ အဓိကက ဒီလိုမျိုး စစ်တပ်က အုပ်ချုပ်တဲ့ နိုင်ငံတခုမှာ တရားဥပဒေကို ကျမတို့ ဘယ်လောက်ထိ မျှော်မှန်းလို့ ရပါ့မလဲဆိုတာ တော်တော်လေးကို သံဝေဂရမိတယ်။ အခုဆိုရင် ဒါက စစ်တပ်က အုပ်ချုပ်တဲ့ စစ်တပ်ရဲ့အာဏာ သက်ရောက်မှုရှိနေတဲ့ နိုင်ငံဖြစ်နေတဲ့အခါကျတော့ အဲဒီနိုင်ငံမှာရှိနေတဲ့ တရားစီရင်ရေးကိစ္စတွေက ဒီလိုပုံစံတွေ ဖြစ်နေပါလားဆိုတာ၊ ဖြစ်တတ်ပါလားဆိုတာက ကျမတို့ ကိုယ်တွေ အရင်တုန်းက ဖြစ်ခဲ့တာနဲ့ သွားမြင်မိတယ်။ နောက်တခုကတော့ လူငယ်တွေအနေနဲ့ တော်တော်လေး ၀မ်းနည်းမိတယ်။ အဲဒါက သူတို့က အသက် (၂၂)နှစ်ပဲ ရှိသေးတယ်။ ကိုယ့်နိုင်ငံမှာကိုယ် ပညာသင်ရမယ့် အရွယ်၊ အလုပ်လုပ်ရမယ့် အချိန်မှာ သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းမရှိဘဲ တခြားနိုင်ငံမှာသွားပြီး ကျွန်ပြုနေရတယ်။ အောက်ခြေအလုပ်သမားအနေနဲ့ အလုပ်လုပ်နေတဲ့အချိန်မှာ ဒီလို မတရားမှုတွေ ကြုံတွေ့နေရတဲ့အချိန် သူတို့ကို ဘယ်အရာကမှ မပံ့ပိုးပေးနိုင်ပါလားဆိုတာကိုလည်း မြင်မိတယ်။ အမှန်တိုင်းပြောရရင် သူတို့နှစ်ယောက်ရဲ့ ကိစ္စက တကမ္ဘာလုံးနီးပါး High Profile ဖြစ်သွားတဲ့ကိစ္စဖြစ်တယ် ဆိုတော့ High Profile ကိစ္စမှာတောင် ဒီလိုမျိုး တရားစီရင်ခံရတယ်ဆိုတော့ တခြား လူမသိ၊ သူမသိ မသိလိုက်ပဲနဲ့ စီရင်ခံလိုက်ရတဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေရဲ့ ထိုင်းရဲတွေနဲ့ နေ့စဉ် ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေက ဘယ်လောက်တောင် များနေမလဲလို့ တွေးမိတယ်။ ရွှေ့ပြောင်းလုပ်သား လူငယ်တွေအပေါ်မှာ ပြည်နယ် အဖွဲ့အစည်းတွေကော၊ ပြည်တွင်းမှာ လုပ်နေကြတဲ့ လူ့အဖွဲ့အစည်းတွေကော ဘယ်လိုနည်းနဲ့ ပြန်လည်ခေါ်ယူမလဲ၊ သူတို့ကို ကာကွယ်ပေးဖို့အတွက် ဘယ်လိုမျိုး လုပ်ဆောင်သွားမလဲဆိုတဲ့ အဖြေကိုလည်း စဉ်းစားနေမိပါတယ်။



သရုပ်ဆောင် စိုးမြတ်နန္ဒာ၏ကြေညာချက်ကို သရုပ်ဆောင် စိုးသူရဲ့ယခင်ဇနီးဖြစ်သူက ပြန်လည်တုံ့ပြန်

Thursday, December 24, 2015 0 comments

လတ်တလောဖေ့ဘုတ်စာမျက်နှာထက်တွင် ရေပန်းစားနေတဲ့ အကြောင်းအရာတွေထဲက တခုအပါအ    ၀င်ဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်နန္ဒာနဲ့ သရုပ်ဆောင် စိုးသူတို့ရဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ပြောဆို ဝေဖန်နေကြတဲ့အပေါ် သရုပ်ဆောင် စိုးမြတ်နန္ဒာက ၎င်းရဲ့ ရှေ့နေကတဆင့် သတင်းစာထဲမှာ         ကြေညာချက်တရပ်ကို ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီ ကြေညာချက်ကို အောက်တွင်ဖတ်ရှုနိုင်ပါတယ်။



ဒီလို ကြေညာချက်ထုတ်ပြန်လိုက်တဲ့အပေါ် သရုပ်ဆောင် စိုးသူရဲ့ ယခင်က တရားဝင် ဇနီးဖြစ်သူ             ခင်မြမြ၀တ်မှုံဆွေ ကလည်း သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာထက်မှာ ဒီ ကြေငြာချက်အပေါ် ပြန်လည် ရေး  သားပြောဆိုထားတာတွေ့ရပါတယ်။

"မှုံကို ချစ်သော မိတ်ဆွေများအတွက်

ကျမ နာမည် ခင်မြမြ၀တ်မှုံဆွေဟုခေါ်ပါသည်။ ကိုစိုးသူနှင့် ၂၀၀၁ တွင် လက်ထက်၍ အမေရိကားတွင် နေထိုင်ပါသည်။ ၂၀၁၃ တွင် ကိုစိုးသူနှင့် စိုးမြတ်နန္ဒာ ဖောက်ပြန်ကြသည်မှာ အမှန်တကယ်ဖြစ်ပါသည်။  သက်သေခံ အထောက်အထားများလဲရှိပါသည်။ ထို့ကြောင့် ကျမနှင့် ပတ်သက်သော သတင်းမှာ ကောလဟလ မဟုတ်ကြောင်းဟု ကျမက ထိုသတင်းကို အတည်ပြုကြောင်း ပြောကြားလိုပါသည်။ " 

ခင်မြမြ၀တ်မှုံဆွေ
(Kha Nge)


ဓာတ်ပုံ - ခင်မြမြ၀တ်မှုံဆွေရဲ့ ဖေ့ဘုတ် စာမျက်နှာထက်မှ



ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနဲ့ မြိုင်ရာဇာတာတေ ဇာတ်ကားရိုက်ကူးတော့မည်

Wednesday, December 23, 2015 0 comments


ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနဲ့ မြိုင်ရာဇာတာတေ ဇာတ်ကားကန်တော့ပွဲအခမ်းအနား (ဓာတ်ပုံ - ယုမွန်ကျော် / The Irrawaddy)

ဒါရိုက်တာ ခင်စောမျိုးရိုက်ကူးမယ့် စာရေးဆရာကြီးမင်းသိင်္ခရဲ့ ၀တ္ထု “ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနဲ့
မြိုင်ရာဇာတာတေ” ဇာတ်ကားကန်တော့ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက်က ရန်ကုန်မြို့ ၀င်္ကဘာလမ်းရှိ ရုပ်ရှင်အစည်းအရုံးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

သရုပ်ဆောင် အေးမြတ်သူ

ဇာတ်ကားကန်တော့ပွဲကို ပါဝင်သရုပ်ဆောင်ကြမယ့် သရုပ်ဆောင်ကျော်သူ၊ အေးမြတ်သူနဲ့ ဆားပုလင်းနှင်းမောင် အဖြစ် ပါဝင်သရုပ်ဆောင်နေကျ သရုပ်ဆောင် ထွန်းလွင်အောင်တို့က တက်ရောက်ခဲ့ကြပါတယ်။
စာရေးဆရာမင်းသိင်္ခရဲ့ ၀တ္ထုကားပေါင်းများစွာကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ ခင်စောမျိုးက ဒီဇာတ်ကားနဲ့ပတ်သက်လို့ ဆရာကြီးက သူရဲ့ ၀တ္ထုငါးဆယ်ကျော်ကို ကျနော်ကို ရိုက်ကူးဖို့ ပေးခဲ့ပြီးပြီလေ အများကြီးလဲ ရိုက်ကူးခဲ့ပြီးပြီ အခုပြန်ရိုက်တယ်ဆိုတာက ပြန်ပြီးတော့ဆန်းသစ်တဲ့သဘောပေါ့။ ဒီကားပြီးရင်လည်း ဆရာကြီးရဲ့ “မတတ်ပ့ါ” ကို ဆက်ပြီး ရိုက်ကူးဖို့ ရှိပါတယ်။ ဦးကျော်သူဆိုတာကလည်း ဟိုးအရင်ထဲက ကားအရိုက်အများဆုံးမင်းသားဖြစ်ခဲ့တော့ ဘာအခက်အခဲ၊ အဆင်မပြေစရာမရှိပါဘူး။ တယောက်အကြောင်းလဲ    တယောက်သိနေတော့ အဆင်ပြေတယ်” လို့ ဇာတ်ကားနဲ့ပတ်သက်ပြီး ဧရာဝတီကို ပြောပြပါတယ်။

သရုပ်ဆောင် ကျော်သူ

ဒီဇာတ်ကားကို လက်ကီးဆဲဗင်းထုတ်လုပ်ရေးက ရိုက်ကူးတင်ဆက်မှာဖြစ်ပြီး ဇာတ်ကားမှာပါဝင်ကြမယ့် သရုပ်ဆောင်တွေကတော့ ကျော်သူ၊ လူမင်း၊ ဗေလုဝ၊ထွန်းလွင်အောင်၊ အေးမြတ်သူ၊ ဘေဘီမောင်၊ ရဲမွန်နဲ့ သရုပ်ဆောင်ပေါင်းများစွာတို့ပဲ ဖြစ်ပါတယ်။ ဇာတ်ကားကို ၂၀၁၆ ခုနှစ်အတွင်း ရုံတင်ပြသမှာဖြစ်ပြီး ရိုက်ကူးရေးကိုတော့ ဒီဇင်ဘာ ၂၄ ရက်နေ့ကစတင်လို့ ရေနံရိပ်သာ၊သန်လျင်၊ တိုင်းရင်းသားကျေးရွာနဲ့ ရုပ်      ရှင်မြင့်တင်ရေးရုံးတွေမှာ သွားရောက်ရိုက်ကူးမှာဖြစ်ပါတယ်။

ဒါရိုက်တာ ခင်စောမျိုး
သရုပ်ဆောင် ထွန်းလွင်အောင်


ယုမွန်ကျော်


မြန်မာရုပ်ရှင်ဇာတ်ကားတွေကို ရုံပြိုင်စနစ်ဖြင့် ပြသတော့မည်

0 comments


ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံတခုရဲ့ မြင်ကွင်း(ဓာတ်ပုံ - The Myawady Daily)

လာမယ့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ဒုတိယပတ်က စတင်လို့ ရုပ်ရှင်ဇာတ်ကားတွေကို ရုံပြိုင်စနစ်နဲ့ ပြသတော့မယ်လို့ သိရပါတယ်။

ယခုလက်ရှိမှာ ရုပ်ရှင်ကားတကားတည်းကိုပဲ ၃ ပတ် သို့မဟုတ် ၄ ပတ် ရုံတင် ပြသပြီးမှသာ နောက်ထပ် ဇာတ်ကားတကားကို ရုံတင်ပြသနေခြင်းပါ။ သဘောကတော့ ဇာတ်ကားတကားပြီးမှ တကား အလှည့်ကျ ရုံတင်ပြသခွင့်ရရှိခြင်းလို့ဆိုနိုင်ပါတယ်။ ယခုရုံပြိုင်စနစ်ပြသခြင်းဆိုတာဟာ ဆင်ဆာကျလာသမျှ ရုပ်ရှင်ဇာတ်ကားအားလုံး ၆ ကား ဒါမှမဟုတ် ၇ ကားစသဖြင့် ဇာတ်ကားတွေဟာ တပြိုင်နက်တည်း သက်ဆိုင်ရာ ရုပ်ရှင်ရုံတွေမှာ အပြိုင်ပြသနိုင်တော့မှာဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်ပရိတ်သတ်တွေအနေနဲ့ ကိုယ်နှစ်သက်ရာ ရုပ်ရှင်ဇာတ်ကားကို တချိန်တည်းမှာပဲ ရွေးချယ် ကြည့်ရှုခွင့်ရမှာပါ။

ဒီရုံပြိုင်စနစ်ကို အရင့်အရင် ရုပ်ရှင်ရွှေခေတ်အဖြစ် ရပ်တည်နေနိုင်ခဲ့ချိန်တုန်းက ကျင့်သုံးခဲ့ဖူးပါတယ်။ အဲ့ဒီကမှ ဒီစနစ်ဟာ ပျောက်ကွယ်လို့ အလှည့်ကျ ရုံတင်စနစ်ကို ပြောင်းလဲလာခဲ့တာပါ။

ယခု ၂၀၁၆ ဇန်န၀ါရီဒုတိယပတ်ကစလို့ ရုပ်ရှင်ဇာတ်ကား ၆ ကားကို ရုံပြိုင်စနစ်ရဲ့ စမ်းသပ်ကာလတခု   အဖြစ် စတင်ပြသတော့မယ်လို့ အဆိုပါ ဇာတ်ကား ၆ ကားထဲတွင် ကိုယ်တိုင်ရိုက်ကူး ထုတ်လုပ်ထားတဲ့  ဇာတ်ကားတကားပါဝင်နေတဲ့ ဒါရိုက်တာ ညီညီထွန်းလွင်က ဧရာဝတီကိုပြောပါတယ်။

“စမ်းသပ်ကာလအနေနဲ့ ၆ ကားကို ပြိုင်ပြီး ဇန်န၀ါရီကနေ စပြမယ့်ကားတွေပေါ့။ အဲ့ဒီ ၆ ကားက မတ်လအထိရောက်မလား ဘယ်အထိရောက်မလဲမသိဘူး။ ပြီးတော့မှ အဲ့ဒီအခြေအနေကိုကြည့်ပြီး မူကို ပြန်ချမှာပါ။ ကောင်းတာကတော့ ခါတိုင်းကို ၃ ပတ်ကို ဇာတ်ကားတကား ၄ ပတ်ကို တကားထားတယ်။ မြန်မာကားတွေက တနှစ်ကို ၁၇ နှစ်ကားလောက် အများဆုံးဝင်နိုင်တယ်။ သဘောကတော့ တလ တကား တောင် မရှိဘူးပေါ့။ ၃ ပတ်ဆိုတော့လေ။ တကယ်လို့ အဲ့လို အပြိုင်စနစ်နဲ့ဖြစ်လာမယ်ဆိုရင်တော့ ၃၄ ကားဖြစ်လာမှာပေါ့။ အဲ့လို ကား သုံးဆယ် လေးဆယ်ဖြစ်လာမှ ရုံတွေဆောက်မှာ။ အခုက ပြစရာမြန်မာကားမရှိတော့ ရုံတွေ ကလည်း မဆောက်တာ။ ပြသနာကတော့ ၆၂ ခုနှစ်က စလိုက်တာ။ စစ်အစိုးရအာဏာသိမ်းပြီးချိန်မှာ ရုပ်ရှင်ရုံတွေကို ပြည်သူပိုင်သိမ်းလိုက်တယ်။ အဲ့ဒီကတည်းက စပြီး တဖြည်းဖြည်းနဲ့ အိပဲ့အိပဲ့ ကျသွားတာ။ တချို့တွေက ပြောတာကတော့ ဆိုရှယ်လစ်ခေတ်တုန်းက ရုံတွေက များသေးတယ်ပေါ့။ ရုံနှစ်ရာကျော်တို့ ရှိခဲ့ဖူးတယ်။ တနှစ်ကိုလည်း မြန်မာကားတွေက ခုနှစ်ဆယ်တို့ ဘာတို့ပြသေးတယ်။ ကျနော်တို့ ဟိုဖက်ခေတ်က အရှိန်က ကျန်ခဲ့တာ။ ကောင်းတဲ့ခေတ်ရဲ့အရှိန်လေးက ကျန်ခဲ့တော့ ကောင်းခဲ့တာ။ အခုအခြေအနေက တနိုင်ငံလုံးမှာမှ ရုံ နှစ်ဆယ် သုံးဆယ်လောက်ပဲ ကျန်တော့တဲ့ခေတ်ရောက်တာ။ အရင်တုန်းကတော့ ရုံတွေ နှစ်ရာကျော်လောက်ရှိတာ။” လို့သူကဆိုပါတယ်။

ဒါ့အပြင် အန်အယ်လ်ဒီအစိုးရဖြစ်လာခဲ့ရင် အဆိုပါ အစိုးရလက်ထက်မှာ စီးပွားရေး၊လူတွေရဲ့ စားဝတ်နေရေးက အစ မြင့်မားလာမယ့်လို့ထင်မြင်ကြောင်းနဲ့ ရုပ်ရှင်ခေတ်လည်း ကောင်းလာမှာဖြစ်ကာ ရုပ်ရှင်မှမဟုတ် အကုန်ကောင်းလာမှာပါ လို့ သူ့ရဲ့ အမြင်ကို ဆက်ပြောပါတယ်။

နောက်ပြီးရုံပြိုင်စနစ်မှာ ရုပ်ရှင်ဇာတ်ကားတွေကို ဘယ်လိုပုံစံမျိုးနဲ့ပြသသွားမှာလဲဆိုတော့ “၀င်ငွေစနစ်နဲ့ပဲလေ။ ကားတခုကို သတ်မှတ်ထားမယ်။ ၀င်ငွေအနေနဲ့ ၃၀ ရာခိုင်နှုန်းမရှိဘူးဆိုရင် ၂ ပတ်ပဲ။ ပြီးတာနဲ့ ရုံဆင်းပေါ့။ ၀င်ငွေရာခိုင်နှုန်းပြည့်မီမှ ၂ ပတ် ၃ ပတ်တို့သွားရမယ်။ သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းကို မီတယ်ဆိုရင် ၃ ပတ်တို့ ၄ ပတ်တို့ တိုးပြီး ပြသွားရမယ်။ အဲ့ဒီရာခိုင်နှုန်းမမီဘူးဆိုရင်တော့ ၂ ပတ်တည်းနဲ့လည်း ရုံဆင်းသွားရပါမယ်။ ဒါရိုက်တာတို့ ကုမ္ပဏီတို့က ကိုယ့်ကားကိုကောင်းအောင် ရိုက်ရမှာပေါ့။ ကွာလတီပိုင်းတော့ မြင့်အောင် သူတို့ကြိုးစားရတော့မယ်။ အရင်လိုကောင်းကောင်းမကောင်းကောင်း နှစ်ပတ် သုံးပတ်တော့ ရမှာပဲဆိုတဲ့ ခေတ်မဟုတ်တော့ဘူး။ အရင်တုန်းကတော့ မရှုံးနိုင်ဘူးပေါ့။ အခုကတော့ အကြီးအကျယ် ရှုံးသွားနိုင်တဲ့ သဘောမှာတော့ရှိတယ်။” လို့ ဦးညီညီထွန်းလွင်က ရှင်းပြပါတယ်။

ဆက်လက်ပြီး ဦးညီညီထွန်းလွင်က “ဒီရုံပြိုင်စနစ်ကို ကျနော်ကတော့ အားပေးပါတယ်။ ပရိတ်သတ်အတွက် ပြည်သူလူထုအတွက်ပေါ့။ အရင်တုန်းက မြန်မာကားတွေ တနှစ်မှ ၁၇ ကားလောက်ကြည့်နေရတယ်။ အခုဆိုရင် ၃၄ ကားပေါ့။ နောက် တယောက်နဲ့ တယောက် အပြိုင်အဆိုင်လုပ်လာရတော့ ကွာလတီပိုင်းလည်း   မြင့်လာမှာပေါ့။ ပရိတ်သတ်အတွက်လည်း သူတို့ ရွေးချယ်လို့ရတာပေါ့။ ကျနော်ကတော့ အားပေးပါတယ်။ ကျနော်တို့လောကထဲမှာလည်း လူက မျိုးစုံပေါ့။ တချို့လည်း သိပ်မကြိုက်ကြဘူး။” လို့ သူက ဆိုပါတယ်။


သဲသဲ







သီချင်းတွေဆိုပြီး အဆိုတော်လုပ်တော့မယ့် အလှမယ် နန်းခင်ဇေယျာ

Tuesday, December 22, 2015 0 comments


သရုပ်ဆောင် အလှမယ် နန်းခင်ဇေယျာ(ဓာတ်ပုံ - ယုမွန်ကျော်/The Irrawaddy)

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်နောက်ပိုင်း မြန်မာနိုင်ငံတွင် Miss တွေအမြောက်အများ ပေါ်ထွက်လာဖို့   ခေတ်ဦးဖြစ်တဲ့ အလှမယ် နန်းခင်ဇေယျာက အလှမယ် တယောက်အနေနဲ့ အောင်မြင်ခဲ့သလို သရုပ်ဆောင်အနေနဲ့လည်း ပရိသတ်အားပေးမှုကို ရရှိထားသူတဦးလည်းဖြစ်ပါတယ်။



နန်းခင်ဇေယျာက အခုဆိုရင် နယ်ပယ်ချဲ့ထွင်လို့ သီချင်းတွေသီဆိုပြီး အဆိုတော်လုပ်တော့မှာ ဖြစ်ပါတယ်။ နန်းခင်ဇေယျာက သူရဲ့ တကိုယ်တော်တေးစီးရီးနာမည်ကို Nonstop(ဘယ်တော့မှမရပ်)လို့ နာမည်ပေးထားပြီး အခုလာမယ့် ဒီဇင်ဘာ ၂၅ ရက်( ခရစ်စမတ်)နေ့မှာ ဖြန့်ချိပေးတော့မှာပါ။ အခွေစီးရီးနာမည် Nonstop ကို တေးရေးရွှေဂျော်ဂျော်က ရေးပေးထားတာဖြစ်ပြီး နန်းခင်ဇေယျာနဲ့ ပတ်သက်လို့ တေးရေးရွှေဂျော်ဂျော်က “သူရဲ့အသံကို အရင်နားထောင်ကြည့်တဲ့အခါ သူရဲ့အသံက အဆိုတော်ဖြစ်မယ့် အသံရှိတာတွေ့ရတယ်။ မထင်မှတ်ဘဲ သူရဲ့အသံက ဂိုးသွင်းနိုင်မယ့် ရွှေအစွမ်းမျိုးရှိတယ်။ ကျနော်က သီချင်းလေးတပုဒ်ကို ရေးပေးထားတယ် Pop အမျိုးအစားလေးပါပဲ။ ဘယ်တော့မှမရပ်နဲ့ ဆိုတဲ့ သီချင်းလေးပါ သီချင်းလေးတွေကို ဖန်တီးပါ သီဆိုပါ ဘယ်တော့မှမရပ်ပါနဲ့ဆိုတဲ့ ပုံစံမျိုးပါ” လို့ ပြောပြပါတယ်။



နန်းခင်ဇေယျာရဲ့တေးစီးရီးမှာ ပရိသတ်နားစွဲလွယ်မယ့် တေးသီချင်းများထည့်သွင်းထားတယ်လို့ သိရပါတယ်။ နန်းခင်ဇေယျာက သူ့အနေနဲ့ တေးစီးရီးထုတ်ဖြစ်တာဟာ ပရိသတ်တွေကို အသစ်လုပ်ပြချင်တာနဲ့ Surprise လုပ်ချင်တဲ့အတွက်ကြောင့် ထုတ်ဖြစ်တာလို့လည်း ပြောပြပါတယ်။ တေးစီးရီးမှာ သီချင်းစုစုပေါင်း ၁၂ ပုဒ် ပါဝင်ပါတယ်။ ဒီမှာ သီချင်းအမျိုးအစားစုံလင်စွာ ထည့်သွင်းထားကာ တေးစီးရီးကို မန္တလေးမြို့တွင် ဒီဇင်ဘာ ၂၅ ရက်နေ့ ဖြန့်ချိပေးမှာဖြစ်ပြီး ရန်ကုန်မှာတော့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဖြန့်ချိပေးမှာဖြစ်ပါတယ်။

ယုမွန်ကျော်


အင်းသားလူငယ်တွေရဲ့ "တက်ဝါးကိုင်တဲ့ လက်များ”

Monday, December 21, 2015 0 comments




အင်းလေးဒေသက အဆိုတော်လူငယ်တွေ စုဖွဲ့ထားတဲ့ CICADA ရဲ့ အင်းလေးဒေသကို အခြေပြုဖွဲ့ဆိုထားတဲ့ သီချင်းခွေ ထွက်ရှိလာပါပြီ။ CICADA အဖွဲ့မှာ အဆိုတော် ခွန်ဇင်မွန်၊ သားဖြူ၊ အယ်အောင် တို့ပါဝင်ပါ တယ်။

"တက်ဝါးကိုင်တဲ့ လက်များ” လို့အမည်ပေးထားတဲ့ အခွေမှာ သီချင်း ၉ ပုဒ်ပါဝင်ပါတယ်။ တက်ဝါးကိုင်တဲ့လက်များ၊ လာခဲ့ပါဒို့အင်းလေး၊ အင်းသားဘဝ အင်းသားအလှ၊ ရိုးရာပွဲတော်၊ မိန်းမ၊ မင်းထားခဲ့တဲ့အင်းလေး၊ ပွဲတော်ကာလရိုးရာအလှ၊ အင်းလေးကိုလွမ်းတဲ့စိတ်၊ ငြိမ်းချမ်းပါစေ အိုကမ္ဘာမြေတို့ ဖြစ်ပါတယ်။

Mixing & Mastering ကတော့ ကိုဟန်စိုင်း ဖြစ်ပါတယ်။ အသံသွင်းယူတဲ့ Studio တွေကတော့ ENTNITY ရယ်၊ Happy Macost ရယ်၊ Yin Yin ရယ်၊ Ro Say ရယ်ပါ။


နိုင်ငံရေးနဲ့ ကင်းလွတ်နေပါတယ်ဆိုတဲ့ အဆိုတော်လေးဖြူ

0 comments


အဆိုတော် လေးဖြူ  (ဓာတ်ပုံ - ယုမွန်ကျော်/ The Irrawaddy)

မြန်မာနိုင်ငံရဲ့ ရော့ခ်ဘုရင်ကြီးတဆူလို့ပြောလို့ရနိုင်ပြီး ဒီကနေ့ထက်ထိကို ရော့ခ်ဂီတမှာ နှစ်ပေါင်းများစွာတိုင်အောင် မားမားမတ်မတ်ရပ်တည် နေနိုင်ဆဲဖြစ်တဲ့ မြန်မာပြည်ရဲ့ ထိပ်တန်း ရော့ခ်ဂီတသမားကြီးတဦးရှိပါတယ်။ သူထွက်သမျှ တေးစီးရီးတိုင်းကလည်း ပရိတ်သတ်အကြား မပေါက်ဘူးဆိုတာ မရှိပါဘူး။ သူကတော့ အဆိုရှင်ကြီး လေးဖြူပါ။ သူတဦးတည်သာမက သူနဲ့အတူ ကပ်ပါလာစမြဲ ဒီကနေ့ထက်ထိလည်း လက်တွဲနေဆဲ ဂီတအဖွဲ့တခုဖြစ်တဲ့ Iron Cross Music Band ဟာလည်း ဂီတလောကမှာ အောင်မြင်ပေါက်မြောက်နေဆဲပါပဲ။ ရော့ခ်ဘုရင်ကြီး အဆိုတော် လေးဖြူကို ဧရာဝတီသတင်းထောက် ယုမွန်ကျော်က ဘာတွေစပ်စုမေးမြန်းထားသလဲဆိုတာကို အမြည်းသဘောအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်နော်။

မေး  နိုင်ငံရေးနဲ့ပတ်သတ်တဲ့ မေးခွန်းရော မေးလို့ရမလား။

ဖြေ  ကျနော်နိုင်ငံရေးနဲ့ ကင်းလွတ်နေပါတယ်ခင်ဗျ။



မေး  ဒါဆို အခု ပြောင်းလဲလာတဲ့ နိုင်ငံရေးမှာ ကိုလေးဖြူအနေနဲ့ရော ဂီတပိုင်းမှာ ဘယ်လိုပြောင်းလဲမှုကို  မျှော်လင့်ထားတာမျိုးရော ရှိပါလား။

ဖြေ  ဟုတ်ကဲ့။ အများကြီး ရှိပါတယ်။ ဒါကလည်း ရှင်းရှင်းပြောရရင် ကျွဲကူးရေပါပေါ့။ နိုင်ငံတော်က ပြောင်းလဲမယ် အစိုးရက ပြောင်းလဲမယ်။ လူတွေကလဲ ပြောင်းလဲမယ်ဆိုရင် ကျနော်တို့ music ကလည်း မလွဲမသွေ ပြောင်းရမှာပဲ။ ပြောင်းလဲရမှာပဲ၊ ဆိုလိုတာက တင်ဆက်ပုံ တင်ဆက်နည်းတို့ ဂီတအမျိုးအစားတို့ အမှန်က music ဆိုတာ သစ်ပင်လိုပဲ အမြဲတမ်း Develope ဖြစ်နေရမှာလေ တနေရာမှာ ရပ်နေလို့ မရဘူး။ ဒါပေမယ့် နှစ်ရှည်လများ ဒီတခုထဲကိုပဲ ထုံပြီးဒီတခုထဲကိုပဲ သာယာနေတဲ့ အဲဒီလောက်ကောင်းမွန်နေတဲ့ Music မျိုးကတော့ ကမ္ဘာမှာ ဘယ်နှစ်ခုမှ မရှိပါဘူး။ Rock Music ကတော့ ပုံစံသာ နည်းနည်းပြောင်းရင် ပြောင်းသွားမယ်။ သူရဲ့ အရိုးအရေကတော့ ဒီအတိုင်းပါပဲ။ သူက ကြာရှည်ခံတယ်။ အဲဒါကြောင့်သူများတွေက ပြောကြတယ် Rock will never Die ဆိုပြီးတော့လေ ကျနော်တို့လဲ အဲဒီလိုပဲ Rock ကို ချစ်မြတ်နိုးပါတယ်။ ပြောင်းလဲတယ် ဆိုတာကလည်း သူရဲ့ အသွင်အပြင်နဲ့ ပရိသတ်တွေဆီကို တဆင့် ရောင်းချတဲ့နည်းတို့ နောက်ပြီး Data Travelling ပေါ့ ကျနော်တို့ရဲ့ အနုပညာပစ္စည်းတို့ ဘယ်လိုဖြန့်ဖြူးမလဲဆိုတဲ့ နည်းစနစ်တွေရော ပြောင်းလဲရမှာပေါ့။ အခုဆိုရင် သီချင်းတွေကို ဟမ်းဖုန်းကနေ ၀ယ်လို့ရနေပြီ၊ ကျနော်တို့ အရင်တုန်းက ဆိုရင် ဘားလမ်းမှာသွားဝယ်ရတယ်။ နောက်တခါ City Mart မှာ ၀ယ်လို့ရတယ်။ အခုဆိုရင် အွန်လိုင်းပေါ်မှာ ၀ယ်လို့ရလာတယ်။ အဲဒီလိုမျိုးပေါ့။ အဲဒါတွေ ပြောင်းလဲလာတယ်။ ပြောင်းလဲသင့်ပြီ၊

မေး Rock ဂီတကို ဒီဘက်ခေတ် လူငယ်တွေ စိတ်ဝင်စားမှုအပိုင်းနဲ့ Rock ဂီတရဲ့ မြန်မာနိုင်ငံမှာ ရပ်တည်မှု အနေအထားကိုရော ကိုလေးဖြူ ဘယ်လိုသုံးသပ်ပြောပြချင်လဲ။

ဖြေ ကျနော်ကတော့ Blind Faith ပဲပြောပြော Rock music ကတော့ ရှိနေဦးမှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူက လူတွေရဲ့ ရင်ခုန်သံပေါ်မှာ အခြေပြုပြီး တည်ဆောက်ထားတဲ့ ဂီတဖြစ်နေတဲ့အတွက်ပါ။ အဲဒါက တော်ရုံတန်ရုံ လူသိနားလည်မှာမဟုတ်ဘဲ နှလုံးသားချင်း ချိတ်ဆက်နားလည်ရတဲ့အလုပ် သူတီးတဲ့ Base နဲ့ သူတီးတဲ့ Drum နဲ့ သူဆိုတဲ့ Tempo နဲ့ ချိတ်ဆက်ထားတာ နှလုံးသားချင်းချိတ်ဆက်ပြီး လုပ်နေရတဲ့အလုပ်ပါ။ လူတွေမှာ မွေးကတည်းက ပါတဲ့နှလုံးသားနဲ့ ဆောက်တည်ပြီး အခြေခံပြီးလုပ်နေရတဲ့ အတွက် လူတွေရှိနေဦးသမျှ သူကလည်း ရှိနေဦးမှာပါ။

ရော့ခ်ဘုရင်ကြီး လေးဖြူက ဧရာဝတီကို ဂီတအပေါ်အမြင်၊ ပြောင်းလဲမှုများနှင့် ဖန်တီးမှုအပိုင်းများနဲ့ပတ်သက်လို့ ဘာတွေ ဘယ်လို ဖြေကြားပေးထားသလဲဆိုတာ ဧရာဝတီကနေ ဆက်လက်ဖော်ပြပေးပါဦးမယ်။


အွန်လိုင်းမှာပေါ်ထွက်ခဲ့တဲ့ဒီဇိုင်းတူဝတ်စုံကြောင့်ဘာစိတ်အနှောင့်အယှက်မှမဖြစ်ခဲ့ပါဘူးဆိုတဲ့ အလှမယ်

Friday, December 11, 2015 0 comments


ဆုရ ညနေခင်းဝတ်စုံနှင့်အတူ Miss Supranational 2015 မြန်မာအလှမယ် Lဘောက်နူး (ဓာတ်ပုံ - Golden land myanmar organization facebook)

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်ကနေ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ပိုလန်နိုင်ငံတွင် ကျင်းပပြုလုပ်သွားတဲ့ Miss Supranational 2015 ပြိုင်ပွဲမှာ မြန်မာအလှမယ် L ဘောက်နူးဟာ အင်တာနက် မဲအများဆုံးဆု နဲ့ အကောင်းဆုံး ညနေခင်းဝတ်စုံဆု နှစ်ဆုရရှိခဲ့တာပါ။ Miss Supranational ပြိုင်ပွဲဟာ မြန်မာအလှမယ်တွေအတွက် အခွင့်အရေး အများဆုံးရတဲ့ ပြိုင်ပွဲတခုများလားလို့တောင် ထင်မြင်မိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီ  ပြိုင်ပွဲမှာ ပထမဆုံးအနေနဲ့ ၂၀၁၃ ခုနှစ်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ခင်ဝင့်ဝါ ဆိုရင် အင်တာနက်ဆုကို ရရှိခဲ့ပြီး စကာတင်အယောက် ၂၀ စာရင်းမှာ ပါဝင်လာနိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ဒုတိယမြောက် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ဟန်သီမှာလည်း အာရှကိုယ်စားပြုအလှမယ်ဆုနှင့် အင်တာနက်ဆုတွေကို ဆွတ်ခူးရရှိခဲ့တာပါ။

ဒီမှာ ထူးခြားတာက ၂၀၁၅ ခုနှစ်အတွက် Miss Supranational ပြိုင်ပွဲမှာ ၀င်ရောက်ခဲ့တဲ့ အလှမယ်       Lဘောက်နူး ရဲ့အမျိုးသားဝတ်စုံပြိုင်ပွဲမှာ လက်ရှိအနိုင်ရပါတီ NLD ရဲ့ Logo တံဆိပ် နှင့် မြန်မာဝတ်စုံ ၀တ်ဆင်ပြီး ယှဉ်ပြိုင်ခဲ့တာပါ။ ဒီလိုယှဉ်ပြိုင်ခဲ့လို့လည်း အွန်လိုင်းမှာ ပေါ်ထွက်နေတဲ့ ဒီဇိုင်းနှင့်ပုံစံတူဖြစ်သွားလို့ အငြင်းပွားဖွယ်ရာတွေနဲ့လည်း ကြုံတွေခဲ့ရပါသေးတယ်။ ကဲ မြန်မာအလှမယ် L ဘောက်နူးကို ဧရာဝတီသတင်းထောက် ယုမွန်ကျော်က မေးမြန်းစပ်စုထားတဲ့ အနည်းငယ်သော ကောက်နုတ်ချက်ကလေးကို ဖော်ြ ပပေးလိုက်ပါတယ်။

မေး  National Custome မှာ ဘောက်နူးက မြန်မာဝတ်စုံကို NLD logo ချုပ်ပြီး ၀တ်ခဲ့တယ်။ အဲဒီ ဒီဇိုင်းကလည်း အွန်လိုင်းမှာ ဒီဇိုင်းပိုင်းနဲ့ပတ်သတ်ပြီး အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့တော့ အဲဒီအပေါ်ကိုရော ဘယ်လိုများ ပြောပြချင်တာ ရှိမလဲ။

ဖြေ  ညီမကတော့ အဲဒီဝတ်စုံကိုဝတ်ရတာ အရမ်းကို ဂုဏ်ယူပါတယ်။ ဒီဝတ်စုံကို ညီမက ရွေးကောက်ပွဲမှာ NLD က နိုင်ခဲ့လို့လည်း ၀တ်ခဲ့တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲမစခင်ထဲက ညီမတို့က ဒီဝတ်စုံကို ချုပ်နေ   ပြီးပါပြီ၊ အဲဒီတုန်းက ဒီ အိုင်ဒီယာကို ညီမလက်ခံခဲ့တယ်ဆိုတာကလည်း ညီမတို့ ၀တ်စုံက သာမာန်အမျိုးသမီးတယောက်မဟုတ်ဘဲနဲ့ နိုင်ငံတကာက အသိအမှတ်ပြုပြီး နိုဗယ်လ်ဆုလည်းရထားတဲ့  အမျိုးသမီးကို ကိုယ်စားပြုပြီး ၀တ်ရမှာ ဖြစ်တဲ့အတွက် အရမ်းကျေနပ်ပါတယ်။ ၀တ်စုံက ညီမတို့အကုန်လုံး ဆရာတို့နဲ့ ညီမနဲ့ စဉ်းစားပြီး ချုပ်ဖြစ်ခဲ့တာပါ။

မေး  ဒီလိုမျိုးဖြစ်ခဲ့တဲ့အတွက် ပြိုင်ပွဲဝင်နေတုန်းရော ကိုယ့်အတွက်  စိတ်အနှောက်အယှက် ၊ စိတ်ဖိစီးမှုရော ဖြစ်ခဲ့မိသေးလား။

ဖြေ  ညီမ ဘာမှမဖြစ်ခဲ့ပါဘူး။ ညီမပြိုင်ပွဲဝင်နေတဲ့အခါမှာ ဒီလိုကိစ္စမျိုး ဖြစ်လာတယ်။ အဲဒီဟာကို ညီမ Facebook ပေါ်မှာ တွေ့တယ်။ ဒါပေမယ့် အဲဒီဘက်ကို စိတ်ရောက်သွားရင် ဒီဘက်ပြိုင်ပွဲမှာ ဘာပဲ လုပ် လုပ် စိတ်ပျော်တော့မှာ မဟုတ်ဘူးလေ။ အဲဒီကိစ္စကို ခေါင်းထဲ မထည့်ဘဲ ဆရာတို့ကလည်းပြောထား တယ်။ ဒါကို ခေါင်းထဲမထည့်ဘဲ ပြိုင်ပွဲကိုပဲ အကောင်းဆုံးပြိုင်ဖို့ကိုပေါ့။ အဲဒီအတွက် ပြိုင်ပွဲကို ခေါင်းထဲထည့်တဲ့အတွက်ဝတ်စုံနဲ့ပတ်သတ်ပြီး  စိတ်အနှောက်အယှက်တော့ မဖြစ်ခဲ့ပါဘူး။

ကဲ ..အလှမယ် Lဘောက်နူးရဲ့ ပြည်ပပြိုင်ပွဲ အတွေ့အကြုံရယ် Miss တယောက်အနေနဲ့ ဘာတွေ ဘယ်လိုဆက်လုပ်သွားဦးမယ်ဆိုတဲ့ အမေးအဖြေ အပြည့်အစုံကို ဧရာဝတီ ၀က်ဆိုဒ်ကနေ ထပ်မံ ဖော်ပြပေးပါဦးမယ်။ 


မိန်းမလျာအလှမယ် မျိုးကိုကိုစန်း ခေါင်းဆောင်မင်းသမီးအဖြစ် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်မည်

Thursday, December 10, 2015 0 comments


မိန်းမလျာအလှမယ် မျိုးကိုကိုစန်း (ဓာတ်ပုံ - မျိုးကိုကိုစန်းဖေ့ဘုတ်မှ)

Miss International Queen Myanmar 2014 မိန်းမလျာအလှမယ် မျိုးကိုကိုစန်းကို ခေါင်းဆောင်မင်းသမီးအနေနဲ့ ၂၀၁၆ ခုနှစ်မှာ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

“၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ နှစ်ဆန်းပိုင်းလောက်မှာ ကန်တော့ပွဲ ပေးဖြစ်မယ်။ အခုလောလောဆယ် ဇာတ်လမ်းအတွက် ဇာတ်ညွှန်းရပြီ။ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေလည်း ရွေးပြီးပြီ။ မတ်လထဲမှာ စရိုက် ဖြစ်ပါ မယ်။ ဒါရိုက်တာနာမည်နဲ့ ဇာတ်ညွှန်းဆရာနာမည်တွေ အသေးစိတ်က အခု ထုတ်ပြောလို့ မရသေးလို့ပါ” လို့ မျိုးကိုကိုစန်းကို စင်တင်မွေးထုတ်ပေးခဲ့သူ Miss International Queen Myanmar ပွဲ စီစဉ်တဲ့ မိတ်ကပ် ဘိုနီက ဧရာဝတီကိုပြောပါတယ်။

သူကဆက်ပြီး “ဒီဇာတ်ကားကို ဘာကြောင့် စဖြစ်တာလဲဆိုတော့ ဘိုနီလုပ်တဲ့ Miss International ပွဲ နှစ်တိုင်း ဘိုနီ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လုပ်ခဲ့တယ်။ အခု ဇာတ်ကားထုတ်ပေးမယ့် ပရိုဂျူဆာက ဒီ ဇာတ်ကားကို Miss ရထားတဲ့ မျိုးကိုကိုစန်းနဲ့ ရိုက်မယ်။ ရလာတဲ့ အကျိုးအမြတ်ကို Miss International Queen Myanmar ပွဲရဲ့ ရန်ပုံငွေအဖြစ်လုပ်ပေးမယ်။ ပြီးတော့ ဘိုနီ စိတ်ကြိုက် စီစဉ်ပေးတယ်” လို့ဆိုပါတယ်။
ဒီဇာတ်ကားမှာ မျိုးကိုကိုစန်းက သူ့အပြင် လက်ရှိဘ၀မှာလိုပဲ မိန်းမလျာတယောက်အနေနဲ့ သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ မိန်းမလျာအလှမယ် Miss International Queen အနေနဲ့ မဟုတ်ဘဲ မိန်းမနဲ့တူတဲ့   မိန်းမလျာတယောက်ပုံစံမျိုး သရုပ်ဆောင်သွားမှာလို့ သိရပါတယ်။



အလှမယ် မျိုးကိုကိုစန်းက ဇာတ်ကားနဲ့ပတ်သက်ပြီး “ ညီမ နည်းနည်းတော့ ရင်ခုန်မိတယ်၊ ပျော်လည်း ပျော်တယ်။ ဒါ ကိုယ့်ဘ၀ရဲ့ ပထမဆုံးပေါ့။ ဒီလိုမျိုးထဲမှာ ညီမက ခေါင်းဆောင် မင်းသမီး နေရာ၊ ပြီးတော့ ရုပ်ရှင်ဇာတ်ကားကြီးဆိုတော့ တာဝန်လည်းကြီးတယ်။ ပရိသတ်တွေအမြင်စောင်း မှာလည်း ကြောက်တယ်။     ကိုယ်က ဒီလိုမျိုးဖြစ်နေတဲ့အတွက်လည်း အားပေးပါ့မလား စိုးရိမ်မိတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ဘာတွေ ပြင်ဆင်ထားလဲ ဆိုတာကိုတော့ “အဓိကကတော့ ညီမ     အခုလောလောဆယ် Gym ကစားနေတယ်။ ပြီးတော့ မန္တလေးမှာ သူတို့ဘက်ကနေ ကင်မရာအယူအဆနဲ့ ပတ်သက်တာတွေ လာပြပေးမယ်လို့ သိရတယ်။ အလှအပနဲ့ ပတ်သက်ပြီးတော့လည်း ညီမဘက်က ထိန်းသိမ်းသင့်တာတွေ ထိန်းသိမ်းနေပါတယ်” လို့ မျိုးကိုကိုစန်းက ဆိုပါတယ်။

လက်ရှိ လူမှုပတ်ဝန်းကျင်မှာ အချို့က Gay ကို လက်မခံနိုင်ကြသေးတဲ့အပေါ် ဘိုနီက “များသောအားဖြင့် အခု မြန်မာ့ရုပ်ရှင်တွေထဲမှာ ရိုက်ပြနေတာ မိန်းမလျာဆိုရင် ဟာသအနေနဲ့ပဲ လူရယ်စရာ အခန်းကဏ္ဍကနေ သူတို့ရိုက်ပြကြတယ်။ ပြီးတော့ မြန်မာဇာတ်ကားတွေထဲမှာ ကြည့်လိုက်ရင် မိန်းမလျာဖြစ်ရင်  နောက်ဆုံးပိုင်း ဇာတ်သိမ်းမှာကျ ယောကျာ်းပြန်ဖြစ်သွားတယ်။ အပြင်မှာဆိုရင် ရှားတယ်၊ မဖြစ်နိုင်ဘူး။   ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ Gene (ဗီဇ) မှာကတည်းက ပါလာပြီးသား ကိစ္စကြီးက ပြောင်းလဲသွားတယ်ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။ ပရိသတ်တွေလည်း ဒီရုပ်ရှင်တွေကို ကြည့်ပါများတော့ မိန်းမလျာတွေ အပေါ်ကို    ပိုပြီးတော့ အထင်မြင်လွဲတယ်”

“အဲဒါကို ပြန်ပြီးတော့မှ ဖြည်ပေးတဲ့အနေနဲ့ သူတို့မှားနေတဲ့ အတွေးအမှားတွေကို ဒီဇာတ်ကားက ပြန်        ပြီးတော့ နှုတ်ပေးတာပါ။ အပြင်မှာ တကယ်ကို လူ့ပတ်ဝန်းကျင်မှာ ကိုယ့်ကိုယ်ကိုယ် မိန်းကလေး လို့ ခံယူ ပြီးတော့ ရိုးရိုးသားသား၊ သိမ်သိမ်မွေ့မွေ့နဲ့ လူလေးစားအောင်နေတဲ့ မိန်းမလျာတွေလည်း ရှိတယ်ဆိုတာကို ပြချင်တာပါ” လို့ ပြောပါတယ်။

မျိုးကိုကိုစန်းအနေနဲ့ အခုလို ရုပ်ရှင်ဇာတ်ကားကြီးရိုက်မယ့်အပေါ် ပရိသတ်က လက်ခံပါ့မလား ဆိုတာကို အကောင်းဆုံး လုပ်နိုင်ပါ့မလားဆိုတာကို စိုးရိမ်နေမိတယ်လို့လည်း ဆိုပါတယ်။

“ညီမက အခု ရုပ်ရှင်ကားကြီးမှာ Transgender အနေနဲ့ ပထမဆုံး မင်းသမီးလုပ်ရမှာဆိုတော့ တာဝန်ကြီးတယ်။ ညီမရဲ့ ကာရိုက်တာက LGBT (Lesbian, Gay, Bisexual, Transgender) အကုန်လုံးကို          သက်ရောက်နေမှာဖြစ်တဲ့အတွက် တခုခု အမှားအယွင်း ဖြစ်သွားမလား ကြောက်နေ မိတယ်။ အဲဒါကြောင့် အကောင်းဆုံး ကြိုးစားပြင်ဆင်သွားမှာပါ။ ညီမကို အားပေးကြပါလို့ ပြောချင်ပါတယ်” လို့ မျိုးကိုကိုစန်းက   ပြောပါတယ်။


သီဟတိုး





“Queen” ဆိုတဲ့ စန္ဒီမြင့်လွင်က သူများနဲ့မတူတဲ့ တကိုယ်တော် ဖျော်ဖြေပွဲလုပ်သွားဦးမည်

0 comments


ရက်ပ်ပါအဆိုတော် စန္ဒီမြင့်လွင် (ဓာတ်ပုံ - ယုမွန်ကျော်/ The Irrawaddy)

လူငယ်ရက်ပ်ပါအဆိုရှင် စန္ဒီမြင့်လွင်ရဲ့ တကိုယ်တော်တေးစီးရီးသစ် Queen လို့ အမည်ပေးထားတဲ့ စီးရီးခွေဟာ ဒီဇင်ဘ ၂၀ ရက်နေ့မှာ ထွက်ရှိတော့မှာဖြစ်ပါတယ်။ ဒီ စီးရီးခွေဟာ စန္ဒီမြင့်လွင်ရဲ့ စတုတ္ထမြောက်တေးစီးရီးဖြစ်ပြီး တေးသီချင်းစုစုပေါင်း ၈ ပုဒ်ပါဝင်မှာဖြစ်ပါတယ်။ တေးသီချင်းမှာ Featuring အနေနဲ့ နီနီ    ခင်ဇော်၊ X Box နဲ့ Ar-T တို့က ပါဝင်သီဆိုပေးထားပြီး  တေးစီးရီးထဲမှာ Snare အဖွဲ့မှ နေ၀င်းရေးသားပေးထားတဲ့ “နှိုက်မှာပဲ” အမည်ရှိတဲ့ ခပ်ဆန်းဆန်းတေးသီချင်းတပုဒ်လည်း ပါဝင်မှာဖြစ်ပါတယ်။



ရှေ့ကထွက်ရှိခဲ့တဲ့ တေးစီးရီးထဲက သီချင်းတွေတုန်းကလည်း ပရိသတ်ကြားအောင်မြင်မှုရရှိခဲ့သလို ယခု Queen လို့ အမည်ပေးထားတဲ့ တေးစီးရီးကလည်း အမျိုးသမီးထုကို ကိုယ်စားပြုထားတယ်လို့လည်းသိရပါတယ်။

တေးစီးရီးနဲ့ပတ်သက်လို့ စန္ဒီမြင့်လွင်က “ဒီအခွေထဲမှာသီချင်း ၈ ပုဒ်ပဲ ဘာလို့ပါရတာလဲဆိုတော့ ပထမတော့ mini album လုပ်ဖို့ သီချင်း ၃ ပုဒ်ကနေ ၅ ပုဒ်ပဲလုပ်မယ်လို့ စဉ်းစားထားတာ။ ဒါပေမယ့် လုပ်ရင်းလုပ်ရင်း သီချင်း ၈ ပုဒ်ဖြစ်သွားတယ်။ တချို့မပြီးသေးလို့ထားခဲ့ရတဲ့သီချင်းတွေလည်းရှိတယ်။ ၈ ပုဒ်နဲ့ထုတ်ဖြစ်လိုက်တာက ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ one lady show လုပ်ဖြစ်မှာမလို့ပါ။ အဲဒီမှာ ဒီထဲက သီချင်း      သစ်တွေကိုလည်း ဆိုချင်တဲ့အတွက်ပါ။ one Lady show ကိုလည်း ဘယ်သူမှမလုပ်ဖူးသေးတဲ့           ဘယ်လိုမှ မတူနိုင်တဲ့အရသာတွေနဲ့ခံစားရအောင် လုပ်သွားမှာပါ” လို့ ပြောပြပါတယ်။



တေးစီးရီးထွက်ရှိမယ့်နေ့တွင် တေးသံရှင် စန္ဒီမြင့်လွင်က ရန်ကုန်လှည်းတန်းစိန်ဂေဟာမှာ ညနေ ၃ နာရီ   အချိန်ကစပြီး လက်မှတ်ရေးထိုး ရောင်းချပေးသွားမှာဖြစ်ပါတယ်။ အဲဒီနေ့မှာ အခွေဝယ်သူများအတွက်   One Lady Show လက်မှတ်များကို ပေးဖို့စီစဉ်ထားတယ်လို့လည်း သိရပါတယ်။


ယုမွန်ကျော်


ခေါင်းဆောင်ပြောင်းလဲပြီးအောက်ပိုင်းကမပြောင်းလဲရင်အလကားပဲဆိုတဲ့ မိစန္ဒီက စည်းကမ်းရှိဖို့လည်းလိုတယ်ဟုဆို

Tuesday, December 8, 2015 0 comments


အဆိုတော် မိစန္ဒီ (ဓာတ်ပုံ - ယုမွန်ကျော်/The Irrawaddy)

လတ်တလော လူငယ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ ဟစ်ဟော့ပ်အမျိုးသမီးဂီတသမား တဦးရှိပါတယ်။ ဒါ့ထက် မြန်မာနိုင်ငံရဲ့ဟစ်ဟော့ပ်ဂီတလောကမှာ အမျိုးသမီး ဟစ်ဟော့ပ်အဆိုရှင်ဆိုတာ မရှိသလောက် နည်းပါးတယ်လို့လည်းဆိုနိုင်ပါတယ်။ အဲ့ဒီထဲကမှ လက်ရှိမှာလည်း အောင်မြင်နေသောသူ တကိုယ်တော် တေးစီးရီးတွေလည်း ထွက်ရှိထားသူဟာ အဆိုတော် မိစန္ဒီပါ။ မိစန္ဒီဟာ မိုနိုပိုလီနှင့် ပစ်တိုင်း      ထောင်ဆိုတဲ့ တကိုယ်တော်တေးစီးရီးတွေလည်း ထွက်ရှိထားပါတယ်။

သူ့ရဲ့ အနုပညာလမ်းကြောင်းနဲ့ပတ်သက်လို့ သူဘာတွေ လုပ်နေလဲ၊ သူဘာတွေဆက်လုပ်ဖြစ်နေလဲဆိုတဲ့ အမေးတွေ အဖြေတွေကို ပရိတ်သတ်တွေအနေနဲ့ သူ့ရဲ့ အင်တာဗျူးတွေကနေတဆင့် သိသင့်သလောက် သိထားပြီးကြမှာပါ။ အခုတခါမှာတော့ မြန်မာပြည်ရဲ့စည်းကမ်းပိုင်းနဲ့ပတ်သက်တဲ့ ဧရာဝတီရဲ့ အမေးကို   မိစန္ဒီ ဒီလို သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

“အဓိက မိစန္ဒိတို့ဆီမှာက အလေ့အကျင်မရှိတာလည်းပါတယ်။ အရင်တုန်းကဆိုရင် မျက်စိပွင့်၊ နားပွင့်မနေခဲ့ရ ဘူးလေ။ နိုင်ငံတကာသွားမယ်ဆိုရင် စည်းကမ်းပေါ့၊ ဥပမာ - အိမ်သာသွားမယ်ဆိုရင်တောင်မှ တန်းစီ  ပြီးမှ သွားရတာ။ ဒီမှာက တန်းစီရမယ်ဆိုတာ မသိဘူးပေါ့နော်။ ကျော်တက်တာတွေရှိတယ်။ ဒါပေမယ့် သူတို့က လုံးဝကိုမသိတာ။ တန်းစီနေကြတာလည်း မသိကြဘူး။အဲ့ဒီလိုမျိုးတွေတော့ ရှိတယ်။ နောက်တခုက တွေ့နေရာမှာ အမှိုက်တွေလျှောက်ပစ်တာမျိုးပေါ့။ ကားမောင်းတာကအစ ကိုယ့်အတ္တကိုကြည့်ပြီးတော့ ကိုယ်အရင်ရောက်ဖို့၊ ကိုယ့်ဖို့ကိုပဲ အရမ်းများလာတယ်။ အဲ့ဒီသေးသေးလေးတွေကို အကုန်လိုက်ပြင် လိုက်မယ်ဆိုရင် အကုန်အဆင်ပြေသွားမယ်လို့ မိစန္ဒီထင်ပါတယ်။” လို့ သူက ပြောပါတယ်။

ဒါ့အပြင် ပြောင်းလဲမှုတွေနဲ့ ကြုံဆုံလာရတော့မယ့် မြန်မာပြည်အရေးနဲ့ပတ်သက်လို့လည်း သူက “ပြောင်းလဲတာက ခေါင်းဆောင်ပြောင်းလဲပြီး အောက်ပိုင်းက မပြောင်းလဲရင် အလကားပဲလေ။ အောက်ပိုင်းကစပြီး အားလုံး သေသေချာချားလေး စည်းစည်းလုံးလုံနဲ့ ပြောင်းလဲသွားမယ်ဆိုရင် ပြောင်းလဲဖို့ အချိန်ကလည်း တကယ်တန်နေပြီ။ ပြောင်းလည်းပြောင်းလဲနိုင်မယ်လို့ မိစန္ဒီထင်ပါတယ်။ အဓိက လူတဦးချင်းစီ ကောင်းမှ နိုင်ငံကြီးလည်း ကောင်းလာမယ်လို့ မိစန္ဒီ ထင်ပါတယ်။” လို့ လူငယ်ဟစ်ဟော့ပ်အဆိုရှင် မိစန္ဒီက သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။



စစ်သူကြီးဗေလုဝရဲ့ အစိုးရသစ်တရပ်အပေါ် မြင်တဲ့အမြင်

Friday, December 4, 2015 0 comments


သရုပ်ဆောင် ဗေလုဝ (ဓာတ်ပုံ- ယုမွန်ကျော်/The Irrawaddy)

မကြာသေးခင်လောက်က ၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် လက်ရှိအနိုင်ရပါတီရဲ့ ခေါင်းဆောင် လည်းဖြစ် လူထုခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က စစ်သူကြီးရာထူးကို ပေးအပ်လိုက်တဲ့ ဟာသအနုပညာရှင်တဦးကို အားလုံးလည်းသိမှာပါ။ အဲ့ဒီစစ်သူကြီးက ရွေးကောက်ပွဲ မတိုင်မီကာလတွေမှာ လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် မဲဆွယ်စည်းရုံးရေးတွေကို   မြန်မာပြည် တနှံ့တလျားလိုက်လံလုပ်ဆောင်ပေးနေသူလည်းဖြစ်ပါတယ်။

သရုပ်ဆောင်လောကမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ကျင်လည်ခဲ့ပြီး “ဘီလူး”ဆိုတဲ့ ဇာတ်ကောင်ကာရိုက်တာနဲ့ ပရိတ်သတ်အကြား လူသိများထင်ရှားလာခဲ့ပြီး စာပေများကိုလည်းလေ့လာခဲ့သူ စာလည်းရေး၊ စာပေဟောပြောပွဲမှာလည်း အလျဉ်းသင့်သလို လိုက်လံဟောပြောပေးနေသူလည်းဖြစ်ပါတယ်။ သူကတော့ ဟာသသရုပ်ဆောင် ဗေလု၀၀ါ။

ရွေးကောက်ပွဲကြီးပြီးလို့ နောက်တက်လာမယ့် အစိုးရအသစ်တရပ်အတွက်  ဗေလုဝ က ဘယ်လို မြင်သလဲဆိုတော့ “အသစ်အစိုးရတရပ်ကတော့ သူကတော့ လုပ်ပြမှာပဲ။ ဘယ်သူမဆိုဗျာ လုပ်ပြကြမှာပဲ။ အခုက ဒေါ်စုကပြောတယ် လွှတ်တော်ထဲမှာ ၀န်ကြီးရူးမရူးကြနဲ့ဆိုတာလေ။ ကျနောက်ကတော့ ထင်တယ် အဂတိလိုက်စားတာကတော့ နည်းသွားလိမ့်မယ်။ ပညာရေး အရမ်းကောင်းသွားလိမ့်မယ်။ အဲ့ဒီနှစ်ခုနဲ့တင် တိုင်းပြည်က စကောင်းနေပြီ။ တိုင်းပြည်တပြည်ရဲ့ အကောင်းဆုံးကတော့ အဂတိနည်းရင် ချမ်းသာကြတာပဲ။ စနစ်ကောင်းမယ်၊ ပညာရေးကောင်းမယ်ဆိုရင် ကျနော်တို့ တတိုင်းပြည်နဲ့တတိုင်းပြည်က ခေါင်းတွေနဲ့ ယှဉ်ကြရတာကိုး။ ခွန်အားတွေနဲ့ ယှဉ်တာမှ မဟုတ်တာကို။ အဲ့ဒီတော့ ပညာတတ်များများ ပေါ်ထွက်လာလေလေ၊ ပညာရေးစနစ်ကြီး ကောင်းလာလေလေ တိုင်းပြည်ကောင်းလေပဲ။ ကျနော်က တော့ အဲ့ဒီလိုပဲမြင်တယ်။ အဓိက အသက်က အဲ့ဒါပဲ။” လို့ ဧရာဝတီကို ပြောသွားပါတယ်။


ဟာသသရုပ်ဆောင် ဗေလုဝနဲ့ ဧရာဝတီမှ သတင်းထောက် ယုမွန်ကျော်တို့ ပြောဆိုမေးမြန်းထားဖြစ်တာများကိုလည်း ဧရာဝတီမှ ဆက်လက်ဖော်ပြပေးပါဦးမည်။ 


စိုင်းစိုင်းခမ်းလှိုင် ဘာလို့ လူပျိုကြီးဖြစ်နေတာလဲ

0 comments


သရုပ်ေဆာင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်(ဓာတ်ပုံ-ဂျေပိုင်/The Irrawaddy)

အနုပညာလောကမှာ အခုအချိန်အထိ အချိန်အတော်ကြာမြင့်စွာ ရပ်တည်နေနိုင်နေဆဲဖြစ်တဲ့ သရုပ်ဆောင် အဆိုတော် တောင်ကြီးသား စိုင်းစိုင်းခမ်းလှိုင်တယောက် သူနဲ့ အပေါင်းအပါတွေထဲက တယောက်ပြီးတယောက် သာယာတဲ့ အိမ်ထောင်ရေးတွေကို တည်ထောင်သွားကြပေမယ့် သူကတော့ အခုထက်ထိ တကိုယ်တည်းလူပျိုကြီးဖြစ်နေတုန်းပါပဲ။

အဲ့ဒီလို လူပျိုကြီးဘ၀မှာပဲ ကျေနပ်နေဆဲဖြစ်နေတဲ့ အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ကို မီဒီယာပေါင်းများစွာ ကလည်း ၀ါကျွတ်ပြီဆိုတာနဲ့ လာလာခလုတ်တိုက်မေးမြန်းခဲ့ကြတယ်ဆိုပေမယ့် သူကတော့   တနှစ်နဲ့တနှစ် ဒီအဖြေထဲကကို ထွက်မလာပါဘူး။


သူဘာကြောင့် လူပျိုကြီးဘ၀မှာပဲ ကျေနပ်ပျော်ရွှင်နေရတာလဲ။ သာယာတဲ့ မိသားစု အိမ်ထောင်ရေးတခုကို သူတည်ထောင်ဖို့ အစီအစဉ်မရှိတော့ဘူးလားဆိုတဲ့ ဧရာဝတီရဲ့အမေးကို သူက “ခိုင်မာတဲ့ Relationship ဆိုတာကို ကျနော်ယုံကြည်ပါတယ်။ မိသားစု ဘ၀ဆိုတာကို ကျနော် ယုံကြည်တယ်။ အခုထိ ကျနော်တယောက်ထဲ အိမ်ထောင်မပြုဘဲ နေနေသေးတာက အိမ်ထောင်ရေးကို မယုံကြည်လို့ မဟုတ်ဘဲနဲ့ ကျနော်ဘာသာကျနော် ကျနော်ရဲ့ အနုပညာအလုပ်တွေနဲ့ပဲ မျောပါနေလို့ အိမ်ထောင်မပြုဖြစ်သေးတာ ဖြစ်ပါတယ်။ မိသားစုဘ၀ဆိုတာကို မယုံကြည်တာ မဟုတ်ပါဘူး။ ကျနော် မိသားစုဘ၀ဆိုတာကို ရှိသင့်တယ်လို့လည်းထင်တယ်။ ယုံလည်း ယုံကြည်ပါတယ်။ တချိန်ချိန်ကျရင် ကျနော်လည်းသူများနည်းတူ မိသားစုဘ၀တခုကို တည်ဆောက်နိုင်မယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ကျနော် အနုပညာကိုပဲ လုပ်ပါဦးမယ်။” လို့ ဆိုပါတယ်။

အဲ့ဒီလို သူတည်ထောင်မယ့် မိသားစုဘ၀ကို သူ့ရဲ့စိတ်ခံစားချက်အတိုင်းပဲ လုပ်သွားမှာပါလို့လည်း         ထပ်မံပြောဆိုသွားပါတယ်။


ရုပ်ရှင်မင်းသားတယောက်အနေနဲ့လည်း အောင်မြင်ချင်ပါတယ်

Thursday, December 3, 2015 0 comments


သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင် (ဓာတ်ပုံ-ယုမွန်ကျော်/The Irrawaddy)

သရုပ်ဆောင်လောကမှာရော အဆိုလောကမှာပါ ပရိတ်သတ်ရဲ့အားပေးမှုတွေကို အခိုင်အမာရရှိလာနေတဲ့ တနည်းအားဖြင့် သရုပ်ဆောင်အဆိုတော် တောင်ကြီးသားလေးတဦးကို သိကြမယ် ထင်ပါတယ်။ သူ   ကတော့ စိုင်းစိုင်းခမ်းလှိုင် ပါ။ သူအခုလို အောင်မြင်တဲ့အနုပညာရှင်တဦးဖြစ်လာဖို့ကို ကြိုးပမ်းရုန်းကန်ခဲ့ရတာလည်း မနည်းမနှောပါပဲ။ သရုပ်ဆောင်ထက် စီးရီးခွေထုတ်ပြီး သီဆိုတဲ့အခါကျမှ ပရိသတ် လက်ခံအားပေးမှု အများကြီး ရလာခဲ့တဲ့သူ၊ သရုပ်ဆောင်ဘက်မှာ ထိပ်ဆုံးရောက်အောင် အောင်မြင်မှု မရှိခဲ့ပေမယ့် ဂီတဘက်ကို ဖန်တီးမှု ပြုလုပ်တဲ့အခါမှာတော့ အောင်မြင်မှုတခုကို ရလာခဲ့တဲ့သူ ချောကလက်ရောင် ရေခဲမြစ် တေးစီးရီးကစလို့ အခုနောက်ဆုံးထွက်ရှိခဲ့တဲ့ ဒိတ်ဒိတ်ကြဲ တေးစီးရီးထိ သူရဲ့ အောင်မြင်မှုကို တားဆီးထားလို့ မရဘူးဆိုတာ သက်သေပြနိုင်ထားတဲ့ သူတယောက်လည်းဖြစ်ပါတယ်။ ကဲ .. အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ရဲ့လက်ရှိ သူ လှုပ်ရှားဖြစ်နေတဲ့ အနုပညာတွေအကြောင်းနဲ့ပတ်သက်လို့ ဧရာဝတီသတင်းထောက် ယုမွန်ကျော်က မေးမြန်းဖြစ်ထားတဲ့ အမေးအဖြေ အနည်းငယ်ကို ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်။

မေး ပရိသတ်အားပေးမှုအများကြီး ရခဲ့တဲ့ ဒိတ်ဒိတ်ကြဲ တေးစီးရီးထွက်ပြီးနောက်ပိုင်း ဂီတနဲ့ပတ်သတ်လို့ သီချင်းတွေ ထွက်တာ သိပ်မတွေ့ရတော့ဘူး။ နောက်ထပ်လုပ်မယ့် သီချင်းတွေက ဒိတ်ဒိတ်ကြဲရဲ့ Quality ကို မမီမှာဆိုတဲ့ စိုးရိမ်မှုရှိလို့လား။

ဖြေ အရိုးသားဆုံးဝန်ခံရရင်တော့ ကျနော် ဒိတ်ဒိတ်ကြဲအခွေ ထွက်ပြီးတဲ့နောက်မှာ ရုပ်ရှင်ရိုက်လိုက်တာ ကျနော် အခု ရုံမတင်ရသေးတာတွေရောနဲ့ဆိုရင် ခြောက်ကားလောက်ရှိတယ်။ အခုလာမယ့် ဇန်န၀ါရီ ၂၀၁၆ခုနှစ်မှာ ကျနော်ရဲ့ ရုပ်ရှင်ကားကြီးတကား ပထမဦးဆုံးတင်ပါမယ်။ သီချင်းကတော့ ရေးတော့ရေးဖြစ်ပါတယ်။ ဒါပေမယ့် ရုပ်ရှင်တွေ တောက်လျောက်ရိုက်နေတဲ့အတွက် သီချင်းဘက်မှာခါတိုင်းထက် အားနည်းသွားပါတယ်။ ဒါကြောင့် အခု ၂၀၁၅ခုနှစ် နှစ်ကုန်ပိုင်းကစပြီး လုံးဝကားတွေမရိုက်တော့ဘဲ သီချင်းတွေပဲ လုပ်နေပါတယ်။

မေး သရုပ်ဆောင်မှုအပိုင်းမှာဆိုရင် ကိုစိုင်းစိုင်းကို အရင်ကထက် ပရိသတ်လက်ခံလာကြတယ်။ ဥပမာ ကျူးပစ်ရဲ့ ကျေးကျွန်များ ရုပ်ရှင်ကားကြီးမှာ ဆိုရင် သရုပ်ဆောင်တာ ကောင်းတယ်လို့ လက်ခံလာကြတယ်။ ကိုယ်ကိုကိုယ့်အနေနဲ့ဆိုရင်ရော သရုပ်ဆောင်တဲ့အပိုင်းမှာ ဘယ်လိုများ သုံးသပ်မိနေပါလဲ။

ဖြေ ပြောရရင်တော့ ခုချိန်ထိ ကိုယ့်ကားကိုယ် ပြန်ကြည့်လိုက်ရင်တော့ အမှားတွေ အများကြီးပဲ ၊ အိုက်တင်နဲ့ ပတ်သတ်တဲ့ အမှားတချို့ပေါ့လေ။ အဲဒါတွေ ကျနော်ပြန်တွေ့တယ်။ လိုနေပါသေးတယ်။ ပရိသတ်ကတော့ ကျနော်ကို ချစ်ခြင်းမေတ္တာနဲ့ လက်ခံအားပေးတယ်။ ပြီးတော့ ဇာတ်လမ်းကရော ဒါရိုက်တာကရော တင်ပြမှုကောင်းနေတဲ့ အချိန်မှာ ကျနော်ရဲ့ ဇာတ်ကောင်စရိုက်ကလည်း ဇာတ်ကားထဲမှာ မျောပါနေပြီးတော့ ပရိသတ် ကြည့်လို့ရှု့လို့အဆင်ပြေတယ်။ အဲဒီထက်ပိုပြီးတော့ ကျနော်ကိုယ်ကျနော် ပိုပြီလို့သုံးသပ်လို့မရသေးဘူး။ နောက်ကားတွေလည်း စောင့်ကြည့်ပြီး ကျနော်ကို အကဲဖြတ်ပေးပါဦး။ ကျနော်ကိုယ်တိုင်လည်း နောက်ကားတွေမှာ ကိုယ်ကိုကိုယ်ဘယ်လိုထပ်ထွက်လာမလဲလို့ ရင်ခုန်မျှော်နေတယ်။ သေချာတာကတော့ ကျနော် စိတ်ရောကိုယ်ရောနှစ်ပြီးတော့ ကြိုးစားထားပါတယ်။ ကျနော်အောင်မြင်ချင်ပါတယ် ရုပ်ရှင်မင်းသားတယောက်အနေနဲ့လဲ။

       သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ အနုပညာလမ်းကြောင်းခရီးနဲ့ ပတ်သက်လို့ သူ့  ဘာတွေလုပ်နေလဲ ဘာတွေ လုပ်ဖြစ်သွားဦးမလဲ သူ့ရဲ့ အနုပညာဘ၀ကို သူ့ကိုယ်သူ ဘယ်လို သုံး   သပ်ဝေဖန်ထားလဲ သူဘာကြောင့်လူပျိုကြီးဖြစ်နေသလဲဆိုတာတွေကို ဧရာဝတီက နောက်ထပ်ဖော်ပြပေးသွားပါဦးမယ်။ 


ယုမွန်ကျော်


သရုပ်ဆောင်နေတိုးနဲ့ ရုပ်ရှင်ကားကြီး တွဲဖက်ရိုက်ကူးမယ့် ဗီယမ်နမ်အလှမယ် ငုယင်ထရန်ဟုရန်မေ

Wednesday, December 2, 2015 0 comments


သရုပ်ဆောင် နေတိုးနှင့် ဗီယက်နမ်အလှမယ် ငုယင်ထရန်ဟုရန်မေ (ဓာတ်ပုံ - ဂျေပိုင်/ The Irrawaddy)

Media 7 ရဲ့စီစဉ်မှုနဲ့ အွန်လိုင်းမှာ နာမည်ကြီးရေပန်းစားခဲ့တဲ့ ဗီယမ်နမ်အလှမယ် ငုယင်ထရန်ဟုရန်မေ က မြန်မာနိုင်ငံမှာ အနုပညာလုပ်ငန်းများကို လုပ်ကိုင်တော့မှာပါ။ အလှမယ်ဟာ မြန်မာပြည်က နာမည်ကြီး သရုပ်ဆောင် နေတိုးနဲ့အတူတူ ပွဲဦးထွက်အနေနဲ့ ရုပ်ရှင်ကားကြီးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ လာရောက်ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဒီအတွက် အလှမယ်နဲ့  မြန်မာနိုင်ငံမှာရှိတဲ့ စာနယ်ဇင်းများတွေ့ဆုံပွဲကို ဒီဇင်ဘာ ၂ ရက်နေ့ ဒီကနေ့မှာ ပြုလုပ်ခဲ့ပြီး  အလှမယ်ဟာ ဇာတ်ကား ရိုက်ကူးဖြစ်မယ့် ဖေဖော်ဝါရီလမှာထပ်မံ  ပြီး လာရောက်မှာဖြစ်ပါတယ်။


အလှမယ်ဟာ ဒီဇင်ဘာ ၁ ရက်နေ့မှာ ရန်ကုန်မြို့ကို ရောက်ရှိလာတာဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်နေ့ မနက်မှာတော့ ရွှေတိဂုံဘုရားကို သွားရောက်ပြီး ဖူးမြော်ခဲ့ကာ နေ့လည်မှာ မီဒီယာများနဲ့တွေ့ဆုံပြီး ညနေ ၅နာရီ လေယာဉ်နဲ့ ဗီယမ်နမ်ကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။ ဗီယမ်နမ်အလှမယ် ငုယင်ထရန်ဟုရန်မေက အွန်လိုင်း Facebook စာမျက်နှာများကနေတဆင့် လူသိများ လူကြိုက်များလာတဲ့ အလှမယ်တယောက်    လည်း ဖြစ်ပါတယ်။




ယုမွန်ကျော်


့မြန်မာဒီဇိုင်နာဖန်တီးထားတဲ့ဝတ်စုံ Miss Supranational 2015 ပြိုင်ပွဲရဲ့ အကောင်းဆုံးညနေခင်းဝတ်စုံဆုရရှိ

0 comments


အကောင်းဆုံးညနေခင်းဝတ်စုံဆုရရှိခဲ့တဲ့ ၀တ်စုံနဲ့ မြန်မာအလှမယ် အယ်လ်ဘောက်နူး(ဓာတ်ပုံ- ဝေယံအောင် ဖေ့ဘုတ်မှ)

ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ Miss Supranational 2015 ပြိုင်ပွဲရဲ့ ညနေခင်းဝတ်စုံပြိုင်ပွဲမှာ မြန်မာ ဒီဇိုင်နာ ကိုသျှီလာတီထွင်ချုပ်လုပ်ပေးခဲ့တဲ့ ၀တ်စုံနဲ့ မြန်မာအလှမယ် အယ်လ်ဘောက်နူးက အကောင်းဆုံးညနေခင်းဝတ်စုံ(Best Evening Dress 2015) ဆုကို ရရှိခဲ့ပါတယ်။



ဒီဇင်ဘာ ၁ ရက်နေ့က ရွေးချယ်ပေးခဲ့တဲ့ ဒီ အကောင်းဆုံးညနေခင်းဝတ်စုံဟာ နိုင်ငံပေါင်း ၈၂ နိုင်ငံမှ အလှမယ်လေးများ ၀တ်ဆင်ပြသခဲ့တဲ့ ညနေခင်းဝတ်စုံတွေထဲကမှ အကောင်းဆုံးရွေးချယ်ခံခဲ့ရတာပါ။
မြန်မာဒီဇိုင်နာ သျှီလာဖန်တီးချုပ်လုပ်ပေးတဲ့ ဒီ ညနေခင်းဝတ်စုံဒီဇိုင်းဟာ ခန္တာကိုယ်တခုလုံးကို မှန်စီရွှေချထားသလို ဖန်တီးထားတဲ့ ဒီဇိုင်းမျိုးပါ။



ဒီဇိုင်နာ ရှီလာဟာ နိုင်ငံတကာ Pageant များမှာ ထူးခြားဆန်းပြားတဲ့ ညနေခင်းဝတ်စုံတွေကို ဖန်တီးနိုင်သူဟု Pageant Media များ အဖွဲ့ အစည်းများမှ မကြာခဏ ချီးကျူးဂုဏ်ပြုခြင်းခံရသူတစ်ဦးလည်းဖြစ်ပါတယ် လို့Miss Golden Land Myanmar Orgainzation ရဲ့ တရားဝင်ဖေ့ဘုတ်စာမျက်နှာထက်မှာ ရေးသားထား  ပါသေးတယ်။



ကမ္ဘာ့အဆင့် နံပါတ် ၅ အလှမယ်ပြိုင်ပွဲကြီးဖြစ်တဲ့ Miss Supranational ပြိုင်ပွဲကြီးကို ဒီနှစ်တွင် ပိုလန်နိုင်ငံမှာ  နိုဝင်ဘာလ ၁၈ ရက်ကနေ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်နေတာပါ။

Miss Supranational 2014 အလှမယ် အိန္ဒိယနိုင်ငံသူနှင့်အတူ မြန်မာအလှမယ် အယ်လ်ဘောက်နူး





Miss Supranational 2015 ပြိုင်ပွဲရဲ့ ညနေခင်းဝတ်စုံ ပြိုင်ပွဲမှာ မြန်မာဒီဇိုင်နာရဲ့ဝတ်စုံ အကောင်းဆုံးစာရင်းဝင်နေ

Tuesday, December 1, 2015 0 comments


Top 10 စာရင်းဝင်နေတဲ့ ဒီဇိုင်နာ သျှီလာရဲ့ ညနေခင်းအလှဝတ်စုံနဲ့ အလှမယ် အယ်လ်ဘောက်နူး (ဓာတ်ပုံ- ဝေယံအောင် ဖေ့ဘုတ်မှ)

ပိုလန်နိုင်ငံမှာ နိုဝင်ဘာလ ၁၈ ရက်ကနေ ဒီဇင်ဘာလ ၄ ရက်နေ့အထိကျင်းပပြုလုပ်နေတဲ့ Miss Supranational 2015 ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နေသော မြန်မာအလှမယ် အယ်လ်ဘောက်နူးရဲ့ ညနေခင်းအလှဝတ်စုံဟာ အကောင်းဆုံးညနေခင်းဝတ်စုံ (၁၀) စုံစာရင်းထဲမှာ ပါဝင်နေပါတယ်။



နိုင်ငံပေါင်း ၈၂ နိုင်ငံမှ အလှမယ်လေးတွေဝတ်ဆင်ပြသခဲ့တဲ့ ညနေခင်းအလှဝတ်စုံပြိုင်ပွဲမှာ မြန်မာအလှမယ် ရဲ့ ညနေခင်းဝတ်စုံက အခုလို Top 10 စာရင်းဝင်ခဲ့တာပါ။ ဒီဝတ်စုံကို ဖန်တီးချုပ်လုပ်ပေးခဲ့တဲ့ ဒီဇိုင်နာက ကိုသျှီလာ လို့သိရပါတယ်။



လက်ရှိမှာ Canada၊ Chile၊ Iceland၊ Indonesia၊ Japan၊ Myanmar၊ Philippines၊ Trinidad & Tobago၊ United States နဲ့ Vietnam နိုင်ငံများမှ အလှမယ်လေးတွေရဲ့ ညနေခင်းဝတ်စုံတွေဟာ Top 10  စာရင်းထဲမှာ ပါဝင် နေတာလည်းဖြစ်ပါတယ်။

“မနက်ဖြန်မနက်မှာတော့ အဲ့ဒီ ၁၀ စုံထဲကမှ အကောင်းဆုံးဝတ်စုံကို ကြေငြာမှာပါ။ ဒီနေ့အထိကတော့ အဖြေမထွက်သေးပါဘူး။ အဓိကကတော့ မှန်စီရွှေချဝတ်စုံလေးတွေဟာ များသောအားဖြင့် ဗင်နီဇွဲလားကနေ ဆင်းသက်လာခဲ့တာပါ။ ဗင်နီဇွဲလားဆိုတာက အလှမယ်လောကမှာ နာမည်အကြီးဆုံး အအောင်မြင်ဆုံး နိုင်ငံပေါ့နော်။ အဲ့ဒီကမှ မှီငြမ်းပြီးတော့ ဒီဇိုင်နာ ကိုသျှီလာက အဲ့ဒီဘက်က ဒီဇိုင်းတွေကို လေ့လာတယ်။ အဲ့ဒီလို မှန်စီရွှေချဝတ်စုံလေးတွေကို အလှမယ်ပွဲတွေအတွက် ချုပ်ပေးဖြစ်တယ်ပေါ့။ ဒါတွေက အပြင်ဈေးကွက်အတွက် မတွင်ကျယ်ဘူးပေါ့နော်။ ဒါပေမယ့် အလှမယ်ပြိုင်ပွဲတွေမှာတော့ အရမ်းကိုပဲ အောင်မြင်တဲ့ဝတ်စုံ  နိုင်ငံတကာ ကလည်း အသိအမှတ်ပြုတဲ့ ၀တ်စုံဆိုတော့ ဒါတွေကို သိပ်မသိတဲ့မြန်မာတွေအတွက်တော့ တခါလာလည်း မှန်စီရွှေချပုံစံပဲ ဆိုပြီးတော့ပေါ့။ တကယ်ပြန်ပြီးတော့ ဂုဏ်ယူဖွယ်ရာတွေးကြည့်မယ်ဆိုရင် ဒီလိုမှန်စီ ရွှေချဒီဇိုင်မျိုးကောင်းကောင်းလုပ်နိုင်တာ ဗင်နီဇွဲလားလို နိုင်ငံပဲရှိပါတယ်။ ဒုတိယအနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံက ကိုသျှီလာကနေ ဖန်တီးချုပ်လုပ်ခဲ့တာပေါ့။ အဲ့ဒီအတွက် ဂုဏ်ယူမိပါတယ်။ အခုလို Top 10 ၀င်တယ်ဆိုတာကလည်း ကိုသျှီလာရဲ့ လက်ရာတွေကို အသိအမှတ်ပြုလို့ရရှိခဲ့တာပဲဖြစ်ပါတယ်။အကောင်းဆုံး ဆုရဖို့လည်း မျှော်လင့်ထားပါတယ်” လို့ Miss Golden Land Myanmar Orgainzation မှ ကိုဝေယံအောင်က ဧရာဝတီကိုပြောပါတယ်။


ဒီဇိုင်နာ ရှီလာ ဟာ နိုင်ငံတကာ Pageant များမှာ Amazing Evening Gown များဖန်တီးနိုင်သူဟု Pageant Media များ အဖွဲ့ အစည်းများမှ မကြာခဏ ချီးကျူးဂုဏ်ပြုခြင်းခံရသူတစ်ဦးလည်းဖြစ်ပါတယ် လို့
Miss Golden Land Myanmar Orgainzation ရဲ့ တရားဝင်ဖေ့ဘုတ်စာမျက်နှာထက်မှာ ရေးသားထား  ပါသေးတယ်။

ကမ္ဘာ့အဆင့် နံပါတ် ၅ နေရာမှာရှိတဲ့ Miss Supranational  ပြိုင်ပွဲကို ဒီနှစ်တွင် ပိုလန်နိုင်ငံမှာ နိုဝင်ဘာလ ၁၈ ရက်ကနေ ဒီဇင်ဘာလ ၄ ရက်နေ့ အထိကျင်းပပြုလုပ်နေတာဖြစ်ပြီး နိုင်ငံပေါင်း ၈၂ နိုင်ငံမှ အလှမယ်လေးတွေ ၀င်ရောက်ယှဉ်ပြိုင်နေတာလည်းဖြစ်ပါတယ်။




ဆုကြေးကျပ်သိန်းတရာ့ငါးဆယ်ချီးမြှင့်မယ့်အဆိုပြိုင်ပွဲတွင်ဖြူဖြူကျော်သိန်းအကဲဖြတ်ဒိုင်အဖြစ်ပါဝင်မည်

Wednesday, November 25, 2015 0 comments


အဆိုတော် ဖြူဖြျူေကျာ်သိန်းနှင့် ပြိုင်ပွဲဝင်များ(ဓာတ်ပုံ-ယုမွန်ကျော်/The Irrawaddy)

မြန်မာပြည်အနှံ့အပြားက အဆိုရှင်များစွာပါဝင်ယှဉ်ပြိုင်ကြကာ အဲ့ဒီထဲကမှ နောက်ဆုံးစကာတင် ၁၀        ယောက်ကို ရွေးချယ်ထားတဲ့ The One Star–Singing Dancing & Performing Contest ပြိုင်ပွဲကို စ   တင်တော့မှာ ဖြစ်ပါတယ်။

ရန်ကုန်၊မန္တလေး နဲ့ တောင်ကြီးမြို့ကြီးများကို သွားရောက်ပြီး နောက်ဆုံးစကာတင်ရွေးချယ်ထားတဲ့ ၁၀ ဦးကို ထိုင်းနိုင်ငံမှ အဆိုအက ကျွမ်းကျင်ပညာရှင်များနဲ့အတူ လေ့လာ၊ လေ့ကျင့်မှုများကို ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ အဲဒီ ၁၀ ဦးထဲက ၁ ဦးကို winner အဖြစ်ရွေးချယ်ပြီး ဆုငွေကျပ်သိန်းတရာနဲ့အတူ အခြားသော အခွင့်အရေးများစွာကို ရရှိစေမှာဖြစ်ပါတယ်။

ဒီအစီအစဉ်ကို Princess Iris Entertainments မှ စီစဉ်တင်ဆက်တာဖြစ်ပြီး ဒီပြိုင်ပွဲမှာ  အကဲဖြတ်ဒိုင်     အဖြစ် ပါဝင်မယ့် တေးသံရှင်ဖြူဖြူကျော်သိန်းက “ဖြူဖြူအနေနဲ့ အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့တဲ့ပွဲတွေမှာ များသောအားဖြင့်အဆိုကိုပဲ အကဲဖြတ်ခဲ့ရတာ များပါတယ်။ အဆိုကိုအသားပေးခဲ့ရတာ များပါတယ်။ ဒီပွဲကတော့ အဆိုပညာတခုထဲတင်မကဘဲနဲ့ အကနဲ့ တင်ဆက်မှုပိုင်းတွေကိုပါ မျှပြီးတော့ အကဲဖြတ်ပေးခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအတွက် ဖြူဖြူတို့ ဒိုင်သုံးယောက်လုံးသေချာ ညှိနှိုင်းပြီးတော့ အကဲဖြတ်ပေးခဲ့ကြ တယ်။ နောက်တခုက ကလေးတွေရဲ့ နောက်တဆင့်မှာဘယ်လောက်ထိ တိုးတက်ပြောင်းလဲလာနိုင်မလဲ  စိတ်ရဲ့ခံယူချက် ဘယ်လိုရှိလဲ၊ Teamwork ကို ဘယ်လိုလုပ်သလဲ အဲဒီအပေါ်မူတည်ပြီး အကဲဖြတ်အမှတ်ပေးသွားတဲ့ စနစ်လေးပါ။ နောက်ပြီးဖြူဖြူတို့ ဂီတလောကက သူများထက် အများကြီးနောက်ကျနေတဲ့အတွက် အခုချိန်လောက်ကစပြီး အမြန်အမီလိုက်မှ ဖြစ်တော့မှာပါ။ ကိုယ်တွေဆိုရင် အချိန်တောင်လွန်သွားခဲ့  ပြီလို့  ပြောလို့ရပါတယ်။ အခုပြိုင်ပွဲဝင်မောင်လေး ညီမလေးတွေကို ကမ္ဘာကျော်မယ့် မြန်မာနိုင်ငံက ကြယ်   ပွင့်လေးတွေအဖြစ် ဖြူဖြူမသေခင်တော့ မြင်ဖူးသွားချင်ပါတယ်”လို့ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

The One Star-Singing Dancing & Performing Contest ပြိုင်ပွဲယှဉ်ပြိုင်မှုများကို နိုဝင်ဘာ ၂၆ ရက်နေ့က စတင်ပြီး အပတ်စဉ် ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များမှာ SkyNet Music Channel မှ ပြသသွားမှာ ဖြစ်ပြီး အကဲဖြတ်ဒိုင်များအဖြစ် မြန်မာနိုင်ငံမှ တေးသံရှင်ဖြူဖြူကျော်သိန်း၊ မင်းသား ရန်အောင်နဲ့ ထိုင်းနိုင်ငံမှ ဒါရိုက်တာ kreangsak kreankrainiyom တို့က ဆောင်ရွက်ပေးကြမှာပါ။

အခုနောက်ပိုင်း အဆိုပြိုင်ပွဲများစွာရှိလာပြီး အဲ့ဒီထဲကမှ ပရိသတ် ကြိုက်နှစ်သက်အားပေးမှုများ ရရှိထားတဲ့ အောင်မြင်တဲ့ပြိုင်ပွဲများစွာလည်းရှိနေတဲ့အတွက် ယခုပြုလုပ်လာမယ့် The One Star–Singing Dancing & Performing Contest ပြိုင်ပွဲကလည်း ပရိသတ်တွေကို ဘယ်လိုဆွဲဆောင်လာမယ့် အစီအစဉ်တခု ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


ယုမွန်ကျော်

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved