Showing posts with label Trends. Show all posts
Showing posts with label Trends. Show all posts

နယူးရီးယား ဒါမှမဟုတ် ပါတီပွဲတွေအတွက် မရှိမဖြစ် အသားကင်စက်

Tuesday, December 29, 2015 0 comments




မကြာခင်မှာပဲ နှစ်တနှစ် ကုန်ဆုံးတော့မှာမို့ ရောက်ရှိလာတော့မယ့် နှစ်သစ်အတွက် ကြိုတင်ပြင်ဆင်လို့    နေလောက်ကြပြီထင်ပါတယ်။

အပြင်မသွားပဲ အိမ်မှာပဲ new year ပါတီလုပ်မယ့်သူများရော သူငယ်ချင်း အပေါင်းအသင်း မိတ်ဆွေတွေနဲ့ ပါတီကျင်းပမယ့်သူများရော ပါတီရဲ့ဓလေ့တစ်ခုလည်းဖြစ် သောက်စရာဝိုင်နဲ့လည်း လိုက်ဖက်တဲ့ BBQ ကို မပါမဖြစ်အနေနဲ့ထည့်သွင်းစဉ်းစားကြမယ်ထင်ပါတယ်။ အဲ့လိုစဉ်းစားရာမှာ BBQ ကင်ဖို့အတွက် အသားကင်စက်လေးတွေအကြောင်းလည်း ခေါင်းထဲရောက်လာဦးမှာပါ။

အရင်ကတော့ မီးသွေးမီးဖိုကို အသုံးပြုပြီး အသား စတာတွေကို ကင်ကြရပေမယ့် digital ခေတ်ရောက်လာတဲ့အခါမှာတော့  ပလပ်ထိုးလိုက်တာနဲ့အသင့်သုံးလို့ရတဲ့ မီးဖိုလေးတွေကို အသုံးပြုလာကြပါပြီ။ သုံးရတာလည်းလွယ် နေရာလည်းအရမ်းမယူ ချစ်စရာလည်းကောင်းတာမို့ အသုံးတည့်မှာပါ။

အသား ငါး နဲ့အသီးအရွက်တွေကို လွယ်လွယ်ကူကူနဲ့ လတ်လတ်ဆတ်ဆတ် ကင်စားလို့ရနိုင်မယ့် စက်လေးပါ။ လျှပ်စစ်မီးနဲ့ အသုံးပြုရမှာဖြစ်ပြီး အပူရှိန်ကို လိုသလိုအတိုးအလျော့လုပ်နိုင်ပါတယ်။ လတ်ဆတ်တဲ့ အသားနဲ့ အသီးအရွက်ကင်များကို အလွယ်တကူရရှိနိုင်မယ့်အပြင် ဝိုင်ဖြူ ဝိုင်နီစတာတွေနဲ့လည်း တွဲဖက်စားသုံးနိုင်မှာမို့ အဆင်ပြေစေမှာပါ။



New Year ညမှာ မိသားစုနဲ့ပဲဖြစ်ဖြစ် မိတ်ဆွေ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ပါတီကျင်းပရာမှာ အဆင်ပြေပြီး လွယ်ကူစေဖို့ ဒီအသားကင်စက်လေးက ကူညီမှာပါ။ ဈေးနှုန်းအနေနဲ့လည်း အရမ်းမများပဲ သင့်တင့်တာမို့ ဝယ်ယူအသုံးပြုသင့်ပါတယ်။ New Year တစ်ခုတည်းတင်မဟုတ်ပဲ အခြား ပါတီများနဲ့ အိမ်မှာ မိသားစုတွေ မိတ်ဆွေအပေါင်းအသင်းတွေ တွေ့ဆုံကြတာမျိုးတွေမှာလည်း  အပျော်တမ်းအသားကင်စားဖို့လည်း အဆင်ပြေမှာပါ။

အသားကင်နဲ့တွဲဖက်ဖို့ ဝိုင်ကိုရွေးချယ်မယ်ဆိုရင်တော့ အမဲသားနဲ့လိုက်ဖက်တဲ့ ဝိုင်နီကိုရွေးချယ်သင့်ပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ အသားကင်စက်လေးရဲ့အကူအညီနဲ့ လတ်ဆတ်တဲ့ အသားငါး၊ အသီးအရွက်တွေကို ကင်ပြီး ဝိုင်ချိုချိုတစ်ခွက်နဲ့ ဖြတ်သန်းနိုင်မှာပါ။ ဒီဇင်ဘာလရဲ့အေးမြတဲ့ ရာသီဥတုမှာ အသားကင်ပူပူလေးနဲ့ ဝိုင်ရဲ့ ပြင်းရှရှအပူဓာတ်က ခန္ဓာကိုယ်ကို အနွေးဓာတ်ရရှိစေမှာပါ။

အသားကင်စက်လေးတွေကို အမဲသား ငါး စတာတွေတင် ကင်ဖို့မဟုတ်ပဲ ကိုရီးယားကင်၊ ရုံးပတီသီးစတဲ့ အသီးအရွက်နဲ့ အခြားအသားများကိုလည်း ကင်စားနိုင်ပါတယ်။ မီးသွေးမွှေးရမယ့် ဒုက္ခကိုလည်း ကင်းဝေးစေမှာပါ။ မီးခိုးမွှန်တာမျိုး လက်အပူလောင်တာမျိုးလည်း ရှိမှာမဟုတ်တော့ဘူးပေါ့။

အရွယ်အစားအကြီးအသေး ပုံစံအမျိုးမျိုးရှိတဲ့ အသားကင်စက်လေးတွေဟာ အသုံးပြုဖို့အဆင်ပြေလှပါတယ်။ ဈေးနှုန်းအနေနဲ့ 20000 (နှစ်သောင်းကျော်)ပတ်ဝန်းကျင်သာ ကျသင့်မှာဖြစ်ပါတယ်။ နီးစပ်ရာ online shopping တွေနဲ့ Electronic showroomတွေမှာ ဝယ်ယူနိုင်ပါတယ်။

ခုလာမယ့် နှစ်သစ်ကူး မှာ အသားကင်စက်လေးကို အသုံးပြုပြီးပျော်ရွှင်ဖွယ်နှစ်သစ်ကို ကြိုဆိုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


ထက်ဦးဝေ









ဝိုင်တခွက်နဲ့ အချမ်းဖြေရင်းပါတီပွဲဆင်နွှဲမလား

Thursday, December 24, 2015 0 comments




မြန်မာနိုင်ငံမှာ ဆယ့်နှစ်လရာသီပွဲတော်များနဲ့ လစဉ်စည်ကားမြဲဖြစ်တဲ့အပြင် အနောက်တိုင်းက ပျံ့နှံ့လာတဲ့ ယဉ်ကျေးမှုပွဲတော်တွေပါ ရောနှော ကျင်းပလာကြပြီဖြစ်ပါတယ်။ တခြားလတွေထက် နှစ်တနှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလမှာ ခရစ္စမတ်ပွဲတော်နဲ့ Happy New Year တို့က ထင်ရှားလှပါတယ်။

နောက်တခုက အခုလို နှစ်ကုန်ခါနီးအချိန်၊ ပွင့်လင်းရာသီကာလမှာ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ စူပါမားကတ်တွေက ဝန်ထမ်းတွေကို Staff Party ညစာစားပွဲ ကျင်းပပေးတာမျိုး လုပ်တတ်လာပါတယ်။ Happy New Year ကို သူငယ်ချင်းအချင်းချင်းစုစည်းကျင်းပတာပဲဖြစ်ဖြစ်၊ ဒင်နာတွေ၊ ပါတီတွေမှာပဲဖြစ်ဖြစ် ပါ       ဝင်လေ့ရှိတဲ့ ယမကာကတော့ ဝိုင်ပဲ ဖြစ်ပါတယ်။

Family party အတွက်ကတော့ တခြားအရက်ပြင်းတွေထက် ဝိုင်က အသင့်တော်ဆုံး သောက်စရာပါပဲ။
ဝိုင်မှာအမျိုးအစားများစွာရှိတဲ့အထဲက Red wine လို့ခေါ်တဲ့ ဝိုင်နီကတော့ အဲဒီလိုပွဲလမ်းတွေမှာ အသောက် အများဆုံးဖြစ်ပါတယ်။ ဝိုင်နီကတော့ အမဲသားလို Red Meet တွေနဲ့ ပိုလိုက်ဖက်ပြီး ဝိုင်ဖြူက ကြက်သား၊ ငါးစတဲ့ သားငါးတွေနဲ့ ပိုလိုက်ဖက်တယ်လို့ ဆိုပါတယ်။


NEW YEAR အတွက်လည်း ဝိုင်က သင့်တော်ပါတယ်။ အဲဒီညမှာ လူငယ်အများစုက ပါတီတွေ ကျင်းပကြ   ပြီး ပျော်ပါးကြတဲ့အတွက် ခပ်ပျော့ပျော့ဝိုင်နဲ့ ပါတီကို ဆင်နွှဲခြင်းက ပေါ့ပါးပြီး မြူးကြွစေမှာပါ။ သောက်လေ့  မရှိတဲ့သူများအတွက်လည်း သိပ်မပြင်းတဲ့ ဝိုင်ချိုတခွက်လောက်က အဆင်ပြေပါတယ်။

အဲဒီလို ပွဲတော်ညတွေမှာ တယောက်ယောက်က သိပ်မူးနေခဲ့မယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေလည်း ရှိလာနိုင်တာမို့ ကျန်တဲ့သူတွေပါ ပျော်ရွှင်ရတော့မှာမဟုတ်ပါဘူး။ လုံလောက်တဲ့ ပျော်ရွှင်မှုအတွက် ဝိုင်  
တခွက်က ဖန်တီးပေးနိုင်မှာပါ။

ဝိုင်စစ်စစ်တွေဟာ လတ်ဆတ်တဲ့ သီးနှံကနေ ထုတ်လုပ်တာမို့ တခြား Alcohol တွေနဲ့ ကွာခြားပါတယ်။ သဘာဝလည်းဖြစ်ပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့အတွက် အေးတဲ့ရာသီဥတုနဲ့ လိုက်ဖက်တဲ့ ဝိုင်နဲ့ ပါတီပွဲတွေ နွှဲလိုက်ကြရအောင်။ တခုသတိထားရမှာက ဝိုင်ဟာလည်း Alcohol ရာခိုင်နှုန်းတစုံတရာ ပါဝင်တာဖြစ်တဲ့အတွက် အရက်ပါပဲ။ များရင်တော့ မူးတတ်ပါတယ်။ အခုအချိန်မှာ ပြည်တွင်းဖြစ်စံချိန်မီ     ဝိုင်တွေကော၊ နိုင်ငံခြားကသွင်းလာတဲ့ ဈေးအသင့်အတင့် ဝိုင်တွေပါ ဈေးကွက်မှာရနေပြီဖြစ်ပါတယ်။     ရီဝေဝေ အနေအထားလောက်နဲ့ ရပ်ကြမယ်ဆိုရင်ဖြင့် ဝိုင်တခွက်လောက်ကိုင်ပြီး ပါတီမှာစတိုင်ထုတ်ဖို့ မခဲယဉ်းတော့ပါဘူး။ ဒါဆိုရင် ပါတီမှာ၊ အပေါင်းအသင်းတွေရှေ့မှာ ရုပ်ပျက်ဆင်းပျက်လည်းမဖြစ်တော့ဘူးပေါ့။


ထက်ဦးဝေ



ခရစ္စမတ်အတွက် ကြိုတင်အလှဆင်ကြမလား

Friday, December 18, 2015 0 comments


ဓာတ်ပုံ - သီဟတိုး /The Irrawaddy

အခုဆိုရင် နှစ်တနှစ်ရဲ့ နောက်ဆုံးလ၊ ချမ်းအေးတဲ့ ဒီဇင်ဘာလထဲကိုထဲထဲဝင်ဝင်နဲ့ ဖြည်းဖြည်းချင်း ချဉ်းနင်းဝင်ရောက်လို့လာပါပြီ။ ဒီဇင်ဘာလဟာဆိုရင် ခရစ်ယာန် ဘာသာဝင်တွေရဲ့ Christmas ပွဲတော်ကျင်းပရာ အထွဋ်အမြတ်ထားပျော်ရွှင်ရတဲ့ ပွဲတော်ချိန်ကာလပဲဖြစ်ပါတယ်။

ဒီဇင်ဘာလ (၂၅) ရက်နေ့၊ ခရစ္စမတ်နေ့ မတိုင်ခင် ဒီဇင်ဘာလဆန်းပိုင်းကတည်းက ခရစ္စမတ်ကို ကြိုဆိုတဲ့ အနေနဲ့ ဟိုတယ်တွေ၊ ဈေးဝယ်စင်တာ Shopping Mall တွေ၊ နေအိမ်တွေနဲ့ ဆိုင်တွေမှာ Christmas Decoration ခရစ္စမတ် အလှဆင်မှုတွေကို ပြုလုပ်လေ့ရှိကြပါတယ်။



အခုနောက်ပိုင်းမှာဆိုရင် ခရစ္စမတ် အလှဆင်မှုကို အရင်ကထက် တွင်တွင်ကျယ်ကျယ်နဲ့ ခမ်းခမ်းနားနား ပြုလုပ်လာကြပြီး Shopping Mall တွေမှာဆိုရင် သူ့ရာသီအချိန်အခါနဲ့သူ သေချာ Decoration ပြုလုပ်လာတဲ့ ခေတ်ရေစီးအပြောင်းအလဲကို တွေ့မြင်ရပါတယ်။ တနှစ်ထက်တနှစ် မတူညီတဲ့ ဖန်တီးမှု၊ အလှဆင်မှုတွေနဲ့ ပိုပြီး Creative ဖြစ်လာတဲ့ ဒီနေ့ခေတ်မှာဆိုရင် သာမန်ရိုးရိုးရှင်းရှင်းအလှဆင်တာမျိုးတွေထက် ဖန်တီးမှုရှိပြီး ပိုမိုလှပတဲ့ အပြိုင်အဆိုင်အလှဆင်မှုမျိုးတွေကို တွေ့ရပါတယ်။

Christmas Tree (ခရစ္စမတ် သစ်ပင်)နဲ့ သစ်ပင်မှာချိတ်ဆွဲထားတဲ့ ရောင်စုံအလှ မီးလုံးလေးတွေ၊ လက်ဆောင်ဘူး၊ လက်ဆောင်အထုတ်လေးတွေ၊ ကြယ်တာရာ၊ ခေါင်းလောင်း၊ ထင်းရှူးသီး၊ နှင်းပွင့်နှင်းဖတ် လေးတွေနဲ့အတူသမင်ရုပ်၊ ဒရယ်ရုပ်၊ နှင်းလူရုပ်လေးတွေနဲ့ Christmas Tree ကိုအလှဆင်လေ့ရှိကြပါတယ်။
ခရစ်စမတ် သစ်ပင်ကြီးနဲ့ အတူမပါမဖြစ်က ခန္ဓာကိုယ် ဝဝပုပုနဲ့ မုတ်ဆိတ်မွှေးဖြူဖြူ၊ သိုးမွှေးအင်္ကျီနီနီရဲရဲကို ဝတ်ဆင်ထားပြီးကလေးတွေအတွက် လက်ဆောင်ထုတ်ကြီးကြီးအမြဲသယ်ထားတဲ့၊ ချစ်စရာကောင်းတဲ့ ကလေးများရဲ့အချစ်တော် ခရစ္စမတ် ဘိုးဘိုးကြီး Santa Claus ပဲ ဖြစ်ပါတယ်။



ဒီဇင်ဘာလထဲကိုရောက်ရှိပြီဆိုတာနဲ့ ခရစ်ယာန်ဘာသာဝင် လူငယ်တွေကပျော်ရွှင်စွာနဲ့ ခရစ္စမတ်ကို ဖြတ်သန်းဖို့ ခရစ္စမတ်အလှဆင်မှုတွေကို ဒီဇင်ဘာလဆန်းပိုင်းကတည်းက ပြုလုပ်လေ့ရှိကြပြီး ဒီဇင်ဘာညတွေမှာဆိုရင် သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ Christmas Carol သီချင်းတွေကို ခရစ်ယာန်ဘာသာဝင်တို့ရဲ့ နေအိမ်တွေမှာ သွားရောက်ပြီးပျော်ရွှင်စွာသီဆိုလေ့ရှိကြပါတယ်။ အဲဒီလိုသီချင်းဆိုတဲ့ အဖွဲ့တွေလာရင် ခရစ်ယာန်ဘာသာဝင်တို့ရဲ့ နေအိမ်တွင်းမှာ မျက်စိပသာဒ ဖြစ်စေဖို့ ခရစ္စမတ်သစ်ပင် အလှဆင်ထားတာ၊ မီးတွေ ထွန်းထားတာကိုတွေ့ကြရမှာပါ။

ဒီတပတ်မှာဧရာဝတီခေတ်ရေစီးကဏ္ဍကနေခရစ်စမတ်ချိန်ခါရဲ့ Trend ဖြစ်တဲ့ Christmas Decoration ပြုလုပ်ဖို့ ခရစ်စမတ် အလှဆင်ပစ္စည်းလေးတွေကိုပုံတွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။


သီဟတိုး


ဒီဇင်ဘာမှာခရီးသွားကြမယ်ဆိုရင်

Tuesday, December 8, 2015 0 comments


ပြင်ဦးလွင် ကန်တော်ကြီးဥယျာဉ်(ဓာတ်ပုံများ- ဂျေပိုင်/The Irrawaddy)

အခုဆိုရင် ချိုမြိန်ခြင်းတွေ သယ်ဆောင်လာပေးတဲ့ Sweet December လထဲကိုရောက်ရှိလာပြန်ပါပြီ။ ဒီ   ဇင်ဘာလဆိုရင် ခရစ်စမတ် အချိန်ကာလ အားလပ်ရက် ရုံးပိတ်ရက်ရှည်၊ ကျောင်းပိတ်ရက်ရှည်ကာလတွေ ဖြစ်တာကြောင့် ခရီးထွက်ရတာ ၀ါသနာပါတဲ့ ခရီးသွား ကိုကို၊ မမတွေ ရက်ရှည်ခရီးသွားဖို့ အစီအစဉ်တွေ ခုကတည်းက ကြိုတင်ပြင်ထားနေကြပါပြီ။


ဒီအချိန်က ခရီးသွားရာသီဖြစ်တာကြောင့် ပြည်တွင်း၊ ပြည်ပမှာပါ သွားစရာခရီးစဉ်တွေနဲ့ လည်ပတ်စရာ၊   ဈေးဝယ်စရာနေရာတွေလည်း အစုံအလင်ပါပဲ။ ဒီတပတ် ဧရာဝတီရဲ့ ခေတ်ရေစီးကဏ္ဍကနေ ခရီးသွား ချစ်သူတွေအတွက် ဒီဇင်ဘာလအတွင်းမှာ သွားရောက်လည်ပတ်၊ ဈေးဝယ်ထွက်လို့ ကောင်းမယ့် ပြည်တွင်း၊   ပြည်ပက ခရီးစဉ်နေရာဒေသတချို့ကို ပြောပြပေးချင်ပါတယ်။

ပြင်ဦးလွင် ပွဲကောက်ရေတံခွန်

ဒီဇင်ဘာဆိုရင် ရန်ကုန်မြို့နဲ့ နီးနီးနားနား၊ မန္တလေးမြို့ကနေဆိုရင်လည်း တိုက်ရိုက်သွားလို့ရမယ့် ပြည်ပခရီးစဉ်၊ ထိုင်းနိုင်ငံကိုအလည်သွားပြီး ဘန်ကောက်မှာရှော့ပင်းထွက်မလား၊ ဖူးခတ်မှာ အပန်းဖြေအနားယူမလား၊ ကိုယ့်စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ဒီအချိန်က ဒီဇင်ဘာဆိုတော့ ဈေးဝယ်ထွက်လို့ အကောင်းဆုံး အချိန်၊ အထူးဈေးနှုန်း Discount ၊ Promotion အစီအစဉ်တွေနဲ့ ပြည့်နှက်နေတဲ့အချိန်ဆိုတော့ Shopaholic ကိုကိုမမတွေအကြိုက်ပါပဲ။

ပြင်ဦးလွင် ပိတ်ချင်းမြောင်သဘာဝလိုဏ်ဂူ

ပြည်တွင်းခရီးစဉ်အနေနဲ့ဆိုရင်တော့ ညွှန်းပေးချင်တာကတော့ မြန်မာနိုင်ငံရဲ့ အလှဆုံးပွဲတော်တွေထဲက တခုဖြစ်တဲ့ ပန်းပေါင်းစုံပွင့်ရာအေးချမ်းတဲ့ တောင်ပေါ်ဒေသမြို့လေး၊ ပြင်ဦးလွင်မြို့ရဲ့ နာမည်ကျော် “ပန်းပွဲတော်” ကိုညွှန်းဆိုချင်ပါတယ်။ “ပြင်ဦးလွင် ပန်းပွဲတော်” ကိုဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး 

နောက်ထပ် ပြောပြပေးချင်တဲ့ ပြည်တွင်းခရီးစဉ်တခုကတော့ ရန်ကုန်မြို့နဲ့ နီးနီးနားနားသွားလို့ရမယ့် “ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်” ပါ။ ကျိုက်ထီးရိုးဘုရားက ပြည်တွင်းခရီးသည်တွေ သာမက နိုင်ငံခြားခရီးသွား ဧည့်သည်တွေပါ အလာများလို့ ဒီအချိန်ဆိုခရီးသွားများတဲ့ ရာသီပါ။

ကျိုက်ထီးရိုးခရီးစဉ်ကမိသားစုနဲ့အတူ၊ ဒါမှမဟုတ် သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အတူသွားလို့ ကောင်းတဲ့ခရီးပါ။ တောင်တက်ရင်းဘုရားဖူးမယ်၊ ဘုရားဖူးပြီးရင် ရေတံခွန်သွားပြီးရေဆော့ကစားမယ်။ အေးချမ်းသာယာတဲ့ ရေမြေတောတောင် သဘာဝ အငွေ့အသက်တွေကိုအပြည့်အဝခံစားရမယ့် ခရီးတခုပါ။

ထပ်ပြီးပြောပြပေးချင်တဲ့ ခရီးစဉ်ကတောင်ပေါ်ဒေသခရီးတွေထက် ဒီဇင်ဘာလို ပိတ်ရက်ရှည်မျိုးမှာ အေးအေးလူလူနဲ့ သာသာယာယာအပန်းဖြေအနားယူလိုသူအတွက် ကမ်းခြေခရီးစဉ် Beach Trip တွေနဲ့ မိတ်  ဆက်ပေးချင်ပါသေးတယ်။

ကမ်းခြေဆိုရင် ရန်ကုန်မြို့နဲ့ မနီးမဝေးအလွယ်တကူသွားလာနိုင်တဲ့ ချောင်းသာ၊ ငွေဆောင်ကြိုက်တဲ့ ကမ်းခြေသွားရောက် အပန်းဖြေနိုင်ပါတယ်။ အချိန်ကာလကလည်းဒီဇင်ဘာလ သာသာယာယာပဲမို့လို့ ဒီအချိန်သွားမယ်ဆိုရင် ကောင်းကင်ကြီးကလည်း ပြာပြာ၊ ပင်လယ်ကြီးကလည်းပြာပြာ အရမ်းကို သာယာသာယာနဲ့ ကမ်းခြေမှာ နားနားနေနေအပန်းဖြေနိုင်တဲ့အချိန်ကာလပါ။

ဒီလိုအချိန်ဆို ပင်လယ်ကမ်းခြေဒေသတွေမှာ ခရီးသွားဧည့်သည်တွေ အသွားများတာကြောင့်လည်း       ကမ်းခြေတွေဘက် ခရီးထွက်မယ်ဆိုရင် အခုကတည်းကကိုယ်သွားမယ့်ရက်၊ ကိုယ့်တည်းမယ့် ဟိုတယ်တွေကို ကြိုတင်ဘွတ်ကင် စီစဉ်ထားဖို့ လိုပါတယ်။

ကဲ… ဒီလောက်ဆိုရင်တော့ ခရီးထွက်ဖို့ စီစဉ်နေတဲ့ ကိုကိုမမတွေနဲ့ ဘယ်သွားရင် ကောင်းမလဲလို့ စဉ်းစားနေတဲ့ ဘော်ဒါတွေ ဒီနှစ် ဒီဇင်ဘာမှာ ခရီးထွက်မယ့်နေရာကောင်းလေးတွေ အခုဆို စဉ်းစားပြီးလောက် ပြီလို့ ထင်ပါတယ်။ စဉ်းစားပြီးရင်တော့ လက်မနှေးဘဲ အမြန်ဆုံးခရီးကိုစီစဉ်ပြီး အားလပ်ရက်ရှည်မှာ နားနားနေနေအပန်းဖြေရင်း၊ လေ့လာလည်ပတ် ဈေးဝယ်ထွက်လိုက်ကြရအောင်လား။


သီဟတိုး


ဆောင်းရာသီမှာ အထာကျမယ့် Sport Shoes နဲ့ Boots

Wednesday, December 2, 2015 0 comments



အခုချိန်ဟာဆိုရင် မိုးလေကင်းစင်လို့ ချမ်းအေးတဲ့ ဆောင်းရာသီကို ကူးပြောင်းစကာလ ဖြစ်တာမို့ ဒီလိုချိန်ခါမှာ ဒီနေ့ခေတ် ရေစီးထဲက လူငယ်တွေအတွက် ဆောင်းတွင်း မနက်ခင်း စောစောထ လမ်းလျှောက်၊ အပြေးလေ့ကျင့်ခန်းလုပ်ဖို့အတွက် Sport Shoes ကောင်းကောင်းတရံ လိုအပ်ပါတယ်။



နောက်ပြီး အခုလို ဒီဇင်ဘာလမှာဆိုရင် ခရစ်စမတ်နဲ့ နယူးရီးယား နှစ်သစ်ကိုကြိုဆိုပွဲစတဲ့ ပွဲတွေရှိ     တာကြောင့် အဲဒီပွဲတွေမှာ ရှိုးများပြီး ပဲပေး စတိုင်ထုတ်ဖို့ Boots ဖိနပ်ဒီဇိုင်းလှလှလေးတွေ ရှိထားသင့်ပါ တယ်။



ဒါ့ထက် ခရီးသွားရာသီလည်းဖြစ်တဲ့အတွက် လူငယ်၊ လူရွယ်တွေ တောင်ပေါ်ဒေသတွေ ခရီးသွားတာပဲဖြစ်ဖြစ်၊ နယ်ဝေး ဒေသတခုခုကို ခရီးထွက်တာပဲဖြစ်ဖြစ် ခရီးသွားရင် မရှိမဖြစ် စီးသင့်တာ Boots ဖိနပ်ပါ။

ဖိနပ်က နေ့စဉ်ဝတ်စားဆင်ယင်မှုမှာ မရှိမဖြစ်နဲ့ မပါမဖြစ်ကိုယ်ဝတ်ထားတဲ့ အ၀တ်အစားဖက်ရှင်ကိုပိုပြီး   ဖက်ရှင်ကျအောင် ပံ့ပိုးပေးတဲ့အရာတခုပါ။ ဖိနပ်က ဖက်ရှင်တခုတည်းအတွက် မဟုတ်ပါဘူး။ ပင်လယ်ကမ်းခြေလို နေရာမျိုးမှာ ပေါ့ပေါ့ပါးပါးဖြစ်မယ့် ဖိနပ်အပါးလေးတွေ စီးတာ၊ အေးချမ်းတဲ့ တောင်ပေါ်ဒေသမှာ နွေးနွေးထွေးထွေးနဲ့ အထာကျမယ့် Boots ဖိနပ်တွေ စီးတာစသဖြင့် ကာလ၊ ဒေသနဲ့ ရာသီဥတုအပေါ် မူ တည်ပြီး သင့်တင့်လိုက်ဖက်မှုရှိအောင် စီးရပါတယ်။


လူငယ်တွေကြားမှာဆိုရင်တော့ ရေပန်းစားလူကြိုက်များတာက Sport Shoes မှာဆိုရင် အရောင် အသွေးစုံ၊ ဒီဇိုင်းစုံနဲ့ Adidas တံဆိပ်၊ Boots ထဲမှာဆိုရင်လည်း နာမည်ကြီး Converse တံဆိပ်စတဲ့ Brand တွေပါ။ အရောင်သွေးစုံပြီး ဒီဇိုင်းလန်းတဲ့ ဒီဖိနပ်တွေကခိုင်ခံ့ပြီး အရည်အသွေး ကောင်းတာကြောင့် လူငယ်တွေ  အကြိုက်များပါတယ်။



ဈေးနှုန်းအနေနဲ့ဆိုရင် Adidas Sport Shoes တွေက ၅ သောင်း၊ ၆ သောင်း၊ ၇ သောင်းကနေ တသိန်းကျော်၊ နှစ်သိန်းကျော်ထိ အစားစားရှိပါတယ်။ Converse Boots တွေဆိုရင်တော့ ဈေးနှုန်း ၃ သောင်းကျော်ကနေ ၅ သောင်း၊ ၆ သောင်း၊ တသိန်းကျော်တဲ့အထိ အစားစားရှိပါတယ်။

ဓာတ်ပုံ - သီဟတိုး/ The Irrawaddy

ဒီဖိနပ်တွေက ထုတ်လုပ်တဲ့နိုင်ငံနဲ့ အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းက အနည်းအများ ကွာခြားသွားတာပါ။ အခုနောက်ပိုင်းမှာဆိုရင် Sport Shoes တွေကို အရောင်ဆန်းဆန်းလေးတွေ နှစ်မျိုး၊ သုံးမျိုး အရောင်စပ်ထားတာမျိုးကို အ၀တ်များလာကြပြီး Sport Shoes ကိုမှ အားကစားလုပ်တဲ့ အချိန်ခါမျိုးမှာပဲ စီးတာမျိုးမဟုတ်ဘဲ ထသွားထလာနဲ့ ရှိုးပွဲသွားတဲ့အခါတွေမှာလည်း ဖက်ရှင်တခုအနေနဲ့ စီးလာကြတာ တွေ့ရပါတယ်။
Converse တံဆိပ် Boots ဖိနပ်တွေ ဆိုရင်လည်း အရောင်ဆန်းတွေကို နှစ်မျိုး၊သုံးမျိုး အရောင်စပ်တွေနဲ့ ဒီဇိုင်းဆန်းဆန်းတွေ ဝတ်လာကြပါတယ်။ အမျိုးသား၊ အမျိုးသမီး အရွယ်မရွေး စီးလာကြတဲ့ ဒီ Boots ဖိနပ်တွေက စီးရတာအထာကျပြီး သွားလာရတာလည်း သက်သောင့်သက်သာ ဖြစ်စေပါတယ်။


နောက်ပြီး အခုဟာဆိုရင် ဆောင်းရာသီထဲကိုရောက်ရှိလာပြီလည်းဖြစ်တဲ့အတွက် မနက်ခင်းစောစောစီးစီး အပြေးလေ့ကျင့်ခန်းလုပ်ဖို့ Sport Shoes ကောင်းကောင်းတရံနဲ့ သွားသွားလာလာ အပြင်ထွက်တဲ့အခါ၊  တန်ဆောင်တိုင် ရှိုးပွဲတွေမှာ အထာကျဖို့ရာ Boots ဖိနပ် ကောင်းကောင်းတရံ ၀ယ်ထားလိုက်ရအောင်လား။


သီဟတိုး



Hand Made လက်ဆောင်ပစ္စည်းတွေ

Wednesday, November 25, 2015 0 comments



Handmade ပစ္စည်းလေးတွေဟာ လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်သုံးစွဲဖို့ပဲဖြစ်ဖြစ် အဆင်ပြေပါ တယ်။ သေးငယ်ပြီး ချစ်စရာကောင်းတဲ့ Handmade ပစ္စည်းလေးတွေကို လူငယ် အတော်များများက သဘောကျကြပါတယ်။ အရင်တုန်းက မိမိချစ်တဲ့သူအတွက် ဆုတောင်းပေးချင်ရင်ပဲဖြစ်ဖြစ်၊ အမှတ်တရဖြစ်စေမယ့်  ကြိုးကြာငှက်ပုံစံစက္ကူရုပ်လေးတွေကို ခေါက်ပြီး ဖန်ပုလင်းထဲလက်ဆောင်ထည့်ပေးခဲ့တာ ခေတ်စားခဲ့    ပါသေးတယ်။


သူငယ်ချင်းမိတ်ဆွေတွေ၊ ကိုယ်နဲ့ ရင်းနှီးချစ်ခင်သူတွေကို မွေးနေ့လက်ဆောင်၊ အမှတ်တရလက်ဆောင်၊  နှစ်ပတ်လည်နေ့လက်ဆောင်ပေးတာမျိုး၊ အခမ်းအနားတခုခုမှာ ဆင်ယင်အသုံးပြုတာမျိုး၊ ကိုယ်ကိုယ်တိုင်သုံးတာမျိုး၊ ဘယ်လိုပဲသုံးသုံးအဆင်ပြေစေပါတယ်။


ဒီတပတ်မှာ ပန်းပွင့်ပုံစံ Handmade ပစ္စည်းလေးတွေနဲ့ မိတ်ဆက်ပေးပါမယ်။ သူတို့ဟာပန်းပွင့်ပုံစံရှိနေတဲ့အတွက် အလှူ၊မင်္ဂလာဆောင်စတဲ့နေရာတွေမှာ အလှဆင်ဖို့အတွက် သင့်တော်စေမှာပါ။ ပိုက်ဆံလည်း အကုန်အကျမများဘဲ ချစ်စရာကောင်းပြီးမျက်စိပသာဒဖြစ်တာမို့တင့်တင့်တယ်တယ်ရှိပါတယ်။ပြုလုပ်ရမှာလဲ အခက်အခဲမရှိဘဲမိမိလိုချင်တဲ့ပုံစံကို ပြုလုပ်နိုင်ပါတယ်။ အဖိုးတန်ပစ္စည်းလက်ဆောင်ပေးတာထက် ဒီလို  ကိုယ်ချစ်ရတဲ့သူက Handmade ပေးတာကတော့ ပေးရတဲ့သူအတွက်ရော၊ လက်ဆောင်ရရှိတဲ့သူအတွက်ပါ တန်ဖိုးမဖြတ်နိုင်တဲ့အမှတ်တရဖြစ်စေတဲ့ လက်ဆောင်ပဲ မဟုတ်ပါလား။ ဒီတော့ကိုယ်ချစ်ရတဲ့ခင်ရတဲ့သူကို အချိန်နည်းနည်းပေးပြီး ကိုယ်ရဲ့အိုင်ဒီယာလေးနဲ့ ချစ်စရာ Handmade လက်ဆောင်လေးများပြုလုပ်ပြီး ကိုယ့်ရဲ့မေတ္တာကိုဖော်ညွှန်းပြလိုက်ပါလား။




































































ထက်ဦးဝေ


ခေတ်နဲ့အညီ လက်သည်းပုံဖော် ဒီဇိုင်းအသစ်တွေ

Wednesday, November 18, 2015 0 comments



သာမန်ထက်ပိုတဲ့ အလှအပတခုအတွက် တော်ရုံပြင်ဆင်မှုနဲ့တော့ မရပါဘူး။ အစစ အပိုအလိုမရှိအောင်    ပြင်ဆင်နိုင်မှ တော်ကာကျပါတယ်။ ဆံဖျားကနေ ခြေဖျားထိ ဂရုစိုက်ပါမှ ပြည့်စုံတိကျတဲ့လှပမှုနဲ့ ခေါင်းမော့နိုင်မှာပါ။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အလှအပကို ပိုပြီးဦးစားပေးကြတယ် ဆိုပေမယ့် ခုနောက်ပိုင်းမှာတော့ ယောကျာ်းလေးတွေလည်း ပြင်ဆင်လာကြတာကို တွေ့ရပါတယ်။

မိန်းကလေး အများစုဟာ အလှအပနဲ့ ပတ်သက်ရင် မျက်နှာနဲ့ ဆံပင်ကို အဓိက ပြုပြင်ကြပါတယ်။ အပေါ်ယံအားဖြင့်တော့ မဆိုသာပေမယ့် သေချာပြင်ဆင်ထားသူနဲ့ ယှဉ်ကြည့်ရင်တော့ ကိုယ့်မှာ လိုအပ်ချက်တွေ ရှိနေတာကို သိရမှာပါ။ ဆံပင်ရှည်သူက ဆံပင်ပြုပြင်ဖို့ လိုသလို လက်သည်း ခြေသည်း ရှည်သူကလည်း ပြုပြင်ရမှာပါ။


လက်သည်း ခြေသည်းတွေကို အလှဆင်တဲ့နေရာမှာ သေသပ်ပြီး လှပဖို့လိုပါတယ်။ လက်သည်း ခြေသည်းတွေဟာ ခန္ဓာကိုယ်ရဲ့ သေးငယ်တဲ့အစိတ်အပိုင်းတွေဖြစ်လို့ အလှပြင်ရာမှာ အတော်လက်ဝင် ပါတယ်။ ဘယ်လိုပဲလက်ဝင်တယ်ဆိုပေမယ့် ဝါသနာရှင်နဲ့ ပညာရှင်တွေကတော့ ကြိုးစားပြုလုပ်ကြတာ တွေ့ရပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ စိတ်ငြိမ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒီတပတ်မှာတော့ ဝါလကင်းလွတ်ပြီဖြစ်တဲ့ ဒီချိန်ခါမှာ လက်ထပ်မင်္ဂလာ ဆောင်နှင်းကြမယ့် ချစ်သူစုံတွဲများလည်း ပြင်ဆင်နေကြပြီ ဖြစ်တာကြောင့် သတို့သမီးအတွက် ပြင်ဆင်ဖို့ရော၊ အခြား သူတွေအတွက်ပါ သင်လျော်မယ့် လက်သည်းပုံဖော် ဒီဇိုင်းလေးတွေကို မိတ်ဆက်ပေးသွားမှာပါ။


လက်သည်းရှည်လေးများဟာ အင်မတန် ဂရုစိုက်ရပြီး သန့်ရှင်းမှုကလည်း အလွန်အရေးကြီးပါတယ်။ လက်သည်းရှည်တွေကို အချွန်တမျိုး၊ အဝိုင်းတသွယ်၊ လေးထောင့်တဖုံ ထားတတ်ကြပြီး မိန်း ကလေးများသာမက ယောကျာ်းလေးများလည်း ထားကြပါတယ်။ လက်သည်းခြေသည်းတွေကို ထိန်း သိမ်းရာမှာ တပတ်တခါ ပုံသွင်းခြင်း၊ လက်သည်းဆိုးဆေးကို ဒီဇိုင်း၊ အရောင်ပြောင်းလဲခြင်း စသည်တို့ကို လုပ်ပေးသင့်ပါတယ်။

လက်သည်းများကို အရောင် မကြာခဏ ဆိုးပြန်ရင်လည်း လက်သည်း ကြွေပျက်စီးခြင်း၊ လက်သည်းများ အားနည်းခြင်း စတဲ့ဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်တာမို့ တပတ်မှာ တခါကနေ နှစ်ခါအထိသာ ဆိုးသင့်ပါတယ်။ တကယ်လို့များ လက်သည်းတွေဟာ ပျော့နေခဲ့မယ်၊ ပွန်းပဲ့လွယ်နေခဲ့မယ်ဆိုရင် သံပရာခြမ်းနဲ့ ပွတ်တိုက်ခြင်းဖြင့် ကျန်းမာစေနိုင်ပါတယ်။

ဒီနှစ်မှာတော့ အရောင်တောက်တောက်နဲ့ အရောင်စပ်တာတွေ ခေတ်စားပြီး Fancy ဆန်တဲ့ ဒီဇိုင်းလေးတွေ ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ကျပ် ၄၀ဝ၀၊ ၅၀ဝ၀ ကနေ ၁၀ဝ၀ဝ အထိရှိပါတယ်။ ခေတ်နဲ့အညီ တောက်ပတဲ့ လက်သည်းလေးတွေကို ပိုင်ဆိုင်ကြပါစေ။


ထက်ဦးဝေ 


အခါတော်ပေးဖို့ဝတ်စုံတွေ ရွေးတော့မယ့်အချိန်

Monday, November 9, 2015 0 comments



သီတင်းလဲကျွတ်ပြီဆိုတော့ ထိမ်းမြားမင်္ဂလာပြုလုပ်ကြမယ့် ချစ်သူစုံတွဲများလည်း ပြင်ဆင်နေလောက်ပါပြီ။ မိဘများကလည်း “ထိမ်းမြားခြင်း”လျှင်ဆိုတဲ့ စကားလို မိဘတို့ဝတ္တရားရှိသည့်အတိုင်း သားသမီးတို့ကို လက်ထပ်မင်္ဂလာ ပြုလုပ်ကျင်းပပေးဖို့ရာ ကြိုးပမ်းလို့နေလောက်ပါပြီ။

ခုနောက်ပိုင်းမှာ မြန်မာရိုးရာမင်္ဂလာဝတ်စုံတွေအပြင် အနောက်တိုင်းဝတ်စုံတွေကိုပါ ဝတ်ဆင်လာကြတာကို တွေ့ရပါတယ်။ မြန်မာဆန်တဲ့ မင်္ဂလာပွဲတွေမှာ ညပိုင်းဧည့်ခံပွဲတွေပါ တွဲပြီးကျင်းပလာကြပြီ ဖြစ်ပါတယ်။


 ဘယ်သူမဆို တသက်မှာတခါသာ ဆောင်နှင်းတဲ့မင်္ဂလာပွဲမှာအလှဆုံးအဆန်းဆုံး ဖြစ်ချင်ကြမှာအမှန်ပါ။ မင်္ဂလာဝတ်စုံမှာလည်း မြန်မာထိုင်မသိမ်းဝတ်စုံဆိုရင် ရွှေရောင်၊ ပန်းရောင်ကို အများဆုံးရွေးချယ်တာကို တွေ့ရပြီး အနောက်တိုင်းဝတ်စုံဆိုရင်တော့ အဖြူရောင်နဲ့ ပွဲအနေအထားပေါ် မူတည်ပြီးအရောင်ရွေးချယ် ဝတ်ဆင်လေ့ရှိပါတယ်။


ဒါ့အပြင် မင်္ဂလာဆောင်မယ့် သတို့သား၊ သတို့သမီးရဲ့ အသားအရေပေါ် မူတည်ပြီး အရောင်ကို ရွေးချယ်ကြတာလည်း ရှိပါတယ်။ အရောင်တောက်တောက် များကိုတော့ အသားဖြူတဲ့ အသားလတ်တဲ့ သူများအနေနဲ့ ရွေးချယ်ရာမှာ လိုက်ဖက်မှုရှိပြီးအသားညိုတဲ့ သူတွေကတော့ အရောင်ဆန်းတွေကိုရွေးချယ်ဖို့ အဆင်မပြေလှပါဘူး။ မြန်မာဝတ်စုံဆိုရင်တော့ အကောင်းဆုံးက ဝတ်စုံချုပ်မယ့် ဒီဇိုင်နာနဲ့ တိုင်ပင်ပြီးအရောင်နဲ့ ဒီဇိုင်းရွေးချယ်သင့်ပါတယ်။




ဒီနေရာမှာ မင်္ဂလာသတို့သားလောင်း၊ သတို့သမီးလောင်းများအတွက် လှပသင့်တော်မယ့် မင်္ဂလာဝတ်စုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 











ထက်ဦးဝေ



Halloween’s Day ဆိုတာ

Thursday, October 29, 2015 0 comments





လူငယ်တွေ အနေနဲ့ အောက်တိုဘာလ ၃၁ ရက်ညမှာ ကျရောက်လာမယ့် Halloween’ s day အတွက် ကြိုတင်ပြင်ဆင်မှုတွေ ရှိနေလောက်ပါပြီ။ အဲဒီနေ့မှာ လူငယ်ယောက်ျားလေး၊ မိန်းကလေးတွေဟာ သရဲတွေလို ပြင်ဆင်ပြီး Halloween’s night party တွေလုပ်ကြပါတယ်။ ဟိုအရင်ကတော့ သိပ်ပြီးခေတ်စားတဲ့ ပွဲတပွဲ မဟုတ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပြောင်းလဲလာတဲ့ ခေတ်ရေစီးနဲ့အညီ လူငယ်တွေ စိတ်ဝင်စားတဲ့ ပွဲတခု ဖြစ်လာခဲ့ပါတယ်။

Halloween ဆိုတဲ့စကားဟာ Hallowed evening ဆိုတဲ့ စကားရဲ့ အတိုကောက်ဖြစ်ပါတယ်။ အဲဒီစကားလုံးကို 1556 ခုနှစ် London ရဲ့ Nichols’ ပြည်နယ်မှာ စတင် အသုံးပြုခဲ့ပါတယ်။ Celtic ပြက္ခဒိန်ရဲ့ နှစ်ဟောင်းကုန်၊ နှစ်သစ်ကူးချိန်ဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့ဟာ နှစ်သစ်ကူးနေ့ ဖြစ်ပါတယ်။ နှစ်ဟောင်းတနှစ်ရဲ့ နောက်ဆုံးည ဟာ စုန်း၊ ကဝေညလို့ ယူဆကြသလို၊ သူတော်စင်တွေရဲ့ အကြိုညလို့လည်း ဆိုပါတယ်။ ဒါ့အပြင် သူတော်ကောင်းတရားနဲ့ မကောင်းမှုများ အားပြိုင်ကြတဲ့နေ့လို့လည်း ဆိုပါတယ်။

ဒီနေရာမှာ Halloween နဲ့ ပတ်သက်တဲ့ ဖရုံသီးအကြောင်းလည်း ပြောဖို့လိုပါလိမ့်မယ်။ Jack ရဲ့ မီးအိမ်ဆိုတဲ့ အယူအဆဟာ အိုင်ယာလန် ပြည်နယ်ကနေ အမေရိကားကို ယူဆောင်လာခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အမှန်စင်စစ် အဲဒီ မီးအိမ်ဟာ ဖရုံသီးတလုံး မဟုတ်ပါဘူး။ ကပ်စေးနည်းလွန်းတဲ့ Jack ဆိုတဲ့ လူတယောက်ဟာ  သူသေရင် သူ့ရဲ့စိတ်ဝိညာဉ်ကို မယူရဘူးလို့ နတ်ဆိုးတကောင်နဲ့ ကတိပြုထားခဲ့ပါတယ်။ သူသေသွားတဲ့ တနေ့မှာတော့ စိန့်ပီတာက သူဟာ လူ့ဘဝတုန်းက ကပ်စေးနည်းခဲ့တဲ့အတွက် သူ့ကို နိဗ္ဗာန်ဘုံတံခါးဝကို ဝင်ခွင့်မပေးဘဲ ငရဲကို သွားခိုင်းပါတယ်။ သူငရဲပြည်တံခါးဝကို ရောက်သွားချိန်မှာတော့ သူနဲ့ ကတိပြုခဲ့ဖူးတဲ့ နတ်ဆိုးက သူ့ကို ကယ်တင်ထားပြီး နိဗ္ဗာန်နဲ့ ငရဲကြားက အမှောင်နေရာတခုမှာ သူ့ကိုထားခဲ့ပါတယ်။ ဒါပေမယ့် သူက အမှောင်ထဲက ထွက်နိုင်မယ့်နည်းလမ်းကို နတ်ဆိုးကိုမေးတဲ့အတွက် နတ်ဆိုးက ငရဲမီး တခဲ ပေးလိုက်ပါတယ်။ Jack ဟာ အဲဒီ မီးခဲကို သူ့အကြိုက်ဆုံးတွေထဲက တခုဖြစ်တဲ့ အခေါင်းပါ မုန်လာဥဖြူ တဥထဲမှာ ထည့်ပြီး သူသွားလေရာ ယူသွားတတ်ပါတယ်။ အဲဒါကတော့ Jack O’ lantern ဆိုတဲ့ ဂျက်ရဲ့မီးအိမ်ပါပဲ။

သူတော်စင် အကြိုညများမှာ မုန်လာဥဖြူ၊ ဘူးသီး၊ အာလူး၊ သကြားမုန်လာ စတာတွေရဲ့ အထဲမှာ အလင်းရောင်ကို ထည့်သွင်းပြီး သရဲတစ္ဆေ မကောင်းဆိုးဝါးများကို ထွက်သွားစေဖို့ Jack က လုပ်ပေးရပါတယ်။ အဲဒါက ဂျက်ရဲ့ မီးအိမ်အစစ်ပါပဲ။ နောက်ပိုင်းမှာတော့ အမေရိကားကို ပြောင်းရွှေ့နေထိုင်လာကြတဲ့ Irish လူမျိုးများက ဖရုံသီးဟာ တခြားအသီးတွေထက် ထွင်းထုဖို့ပိုပြီး လွယ်ကူတာကို ရှာဖွေတွေ့ရှိသွားကြပါတယ်။ အဲဒီနောက်မှာတော့ ဖရုံသီးကိုပဲ ဂျက်ရဲ့ မီးအိမ် Jack O’ lantern အဖြစ် အသုံးပြုလာကြပါတယ်။

ဒီညမှာ လူငယ်တွေဟာ သူ့ထက်ငါ ထူးခြားတဲ့ အပြင်အဆင်တွေနဲ့ ပါဝင်ဆင်နွှဲတတ်ကြပါတယ်။ မိတ်ကပ်၊ အဝတ်အစား စတာတွေနဲ့ ပုံစံအမျိုးမျိုး ပြင်ဆင်ပြီး Halloween party ကို ကျင်းပကြပါတယ်။ ဒီပွဲဟာ လူငယ်အများစု စိတ်ဝင်တစားနဲ့ ပါဝင်ကြတဲ့ ပွဲတပွဲဖြစ်တာမို့ လူငယ်တော်တော်များများဟာ ပါတီလုပ်ဖို့၊ မိတ်ကပ်ပြင်ဆင်ဖို့၊ အဝတ်အစားဒီဇိုင်း ထွင်ဖို့ စတာတွေနဲ့ စိတ်လှုပ်ရှားကြတဲ့ ပွဲတပွဲအဖြစ် ဖော်ပြပေးလိုက်ပါတယ်။



ထက်ဦးဝေ

သီတင်းကျွတ်အတွက် ဆင်တူလက်စွပ်လေးတွေ ကြိုပြင်ကြတော့မလား

Monday, October 26, 2015 0 comments




ဝါလကင်းလွတ် သီတင်းကျွတ်တော့မှာမို့ မောင်မယ် ယှဉ်တွဲကာ ထိမ်းမြားလက်ထပ်ကြရန် ပြင်ဆင်သူတွေ ရှိနေပါပြီ။ ဒီလိုစုလျားရစ်ပတ်ကြမယ့် သူတွေအတွက် မပါမဖြစ် အရေးကြီးတဲ့ လက်ထပ် လက်စွပ်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လက်ထပ်လက်စွပ် ဝတ်ဆင်ခြင်းဟာ နှစ်ဦးကြားပတ်သက်မှုတခုကို တံဆိပ်  ခတ်နှိပ်လိုက်တာဖြစ်ပြီး သံယောဇဉ်တွေ ပိုခိုင်မြဲစေတယ်လို့လည်းဆိုကြပါတယ်။

ဆင်တူလက်စွပ်တွေကို လက်ထပ်ထိမ်းမြားသူတွေချည်းမဟုတ်ဘဲ ချစ်သူ၊ သူငယ်ချင်းတွေလည်း ဝတ်ဆင်  ကြပါတယ်။ လမ်းသရဲဆန်တဲ့၊ ချစ်စရာကောင်းတဲ့၊ လှပတဲ့ စတဲ့စတဲ့ ဒီဇိုင်းပေါင်းစုံကို ရည်ရွယ်ချက်ပေါင်းစုံနဲ့ ဝတ်ဆင်ကြပါတယ်။

ဒါ့အပြင် လက်ခလယ်ကို ခေါက်ထားကာကျန်လက်လေးချောင်းကို ခွာချည်ကပ်ချည် ပြုလုပ်ပြီး အဲဒီလိုလုပ်လို့မရတဲ့ လက်သူကြွယ်မှာလက်ထပ်လက်စွပ်လို ဆင်တူလက်စွပ်ဝတ်ဆင်ခြင်းက အဲဒီခွဲမရတဲ့ လက်ချောင်းတွေလိုပဲ ချစ်ကြမယ်ဆိုတာမျိုး ကြားဖူးပါတယ်။

လက်စွပ်တွေကို ပတ်သတ်မှုအမျိုးမျိုးနဲ့ ဝတ်ဆင်ကြပေမယ့် သူတို့ရဲ့ အဓိပ္ပာယ်တွေကတော့ တူညီကြပါတယ်။  မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားကြတာလည်း တူညီကြပါတယ်။ ဒီတပတ်မှာ သီတင်းကျွတ်ကာလ လက်ထပ်  ထိမ်းမြားကြမယ့် ချစ်သူတွေအတွက်ရော၊ သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေအတွက်ရော အဆင်ပြေမယ့် ဆင်တူလက်စွပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။    လက်စွပ်ဆင်တူအမျိုးမျိုးရှိသလို ခုနောက်ပိုင်းမှာတော့ လက်စွပ်နှစ်ခုကို ထပ်လိုက်ရင် တခုတည်းလို         ဖြစ်သွားတဲ့ ပုံစံလေးတွေကို အကြိုက်များလာပါတယ်။

ဆင်တူလက်စွပ်တွေကို Online shopping နဲ့ လက်   ဝတ်ရတနာအရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။


ထက်ဦးဝေ



Huawei စမတ်ဖုန်းသစ် Mate S မိတ်ဆက်

Friday, October 16, 2015 0 comments




ဘာလင်မြို့ Max-Schmeling-HalleမှာHuawei ရဲ့ Mate series စမတ်ဖုန်းသစ်Huawei Mate S ကို မိတ်ဆက်ပြသလိုက်ပါတယ်။

Huawei Mate ဟာ 2.5D ဖောင်းကြွမျက်နှာပြင် ဖန်တီးထားပြီး မျက်နှာပြင် ၅ လက်မခွဲ၊ အထူ ၇ ဒသမ ၂ လက်မရှိပါတယ်။ မျှတတဲ့ အလေးချိန်နဲ့ ကိုင်ဆောင်ရလွယ်ကူစေဖို့  ဒီဇိုင်းပြုလုပ်ထားတာမို့ အလွယ်တကူ   ပြုတ်ကျခြင်းကနေ ကာကွယ်နိုင်မှာပါ။ AMOLED မျက်နှာပြင်က Huawei Mate S ကို ပြည့်စုံတဲ့ မျက်နှာပြင် ဖြစ်အောင် ဖန်တီးပေးထားပါတယ်။

ဒုတိယမျိုးဆက်  Fingerprint 2.0 ကိုတပ်ဆင်ပေးထားပြီး အဆင့်မြင့် လုံခြုံရေးနဲ့ တချက်ထိရုံနဲ့ အလွယ်တကူ ဖွင့်နိုင်တဲ့ နည်းပညာကို ထည့်သွင်းထားပါတယ်။ ဒါ့အပြင် P8မှာမိတ်ဆက်ခဲ့တဲ့ Knuckle Control 2.0 ထပ်မံပါဝင်လာမှာ ဖြစ်ပါတယ်။ Knuckle Control ဆိုတာလက်ဆစ်နဲ့ Crop ပြုလုပ်နိုင်ပြီ်း လက်ဆစ်နှစ်ချက် ခေါက်ရုံနဲ့ Screen Shot  ရိုက်ကူးနိုင်ခြင်းကို ဆိုလိုတာပါ။ RGBW sensor ပါဝင်တဲ့ 13MP အနောက်ကင်မရာ ကိုတပ်ဆင်ပေးထားပြီး Dual color-temp LED ဖလက်ရှ်ပါ ပါဝင်တဲ့အတွက် လှပတဲ့ဓာတ်ပုံတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

“ကျနော်တို့ Huawei Mate S ကို ထုတ်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ပုံမှန်စမတ်ဖုန်းတလုံးထက် သာလွန်ပြီး ကိုင်ဆောင်သူနဲ့ တသားတည်း ကျနိုင်အောင်လို့ပါ။ Huawei Mate S ဟာ လူသားတွေရဲ့ အပြန်အလှန် လုပ်ဆောင်ချက်ကို အခြေခံပြီးထုတ်လုပ်ထားတာပါ။ Mate S က ပုံမှန် လုပ်ဆောင်ချက်တွေကို ထိုးဖောက်ပြီး လူသားနဲ့ စမတ်ဖုန်း အပြန်အလှန်လုပ်ဆောင်ချက်တို့ကို ဦးဆောင်ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်”လို့ Huawei Consumer BG &JU CEOရဲ့ CEO ဖြစ်သူ Richard Yu က ပြောကြားခဲ့ပါတယ်။

Huawei ဟာ ၂၀၁၄ ခုနှစ်မှာ တကမ္ဘာလုံးကို စမတ်ဖုန်းတင်ပို့မှုအများဆုံး တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။


ထက်ဦးဝေ 


စက္ကူမီးပုံးကလေးတွေ ကိုယ်တိုင်ခေါက်ကြည့်မလား

Friday, October 9, 2015 0 comments


နှစ်တနှစ်ရဲ့ ဆယ့်နှစ်လလုံးမှာ သက်ဆိုင်ရာပွဲလမ်းသဘင်တွေနဲ့ စည်ကားမြဲဖြစ်တဲ့ မြန်မာနိုင်ငံဟာ အခုလည်း သီတင်းကျွတ်ကာလကို ရောက်ဖို့နီးကပ်လာပါပြီ။ ဆယ့်နှစ်လရာသီမှာ တခုအပါအဝင်ဖြစ်တဲ့ သီတင်းကျွတ်ကာလမှာ မြန်မာတို့ရဲ့ဓလေ့အတိုင်း မြတ်စွာဘုရားရှင်ကို ဆီမီးထွန်းညှိပူဇော်ကြပါတယ်။

သီတင်းကျွတ်လပြည့်နေ့မှာ မြတ်စွာဘုရားဟာ တာဝတိံသာနတ်ပြည်မှာရှိတဲ့ မယ်တော် မိ    နတ်သားကို ဓမ္မစကြာတရားဟောပြီး လူ့ပြည်ကို ပြန်ကြွရာမှာ လူတွေက ဆီမီးတွေနဲ့ ကြိုဆိုပူဇော်ကြတာပါ။

ခု နောက်ပိုင်းမှာတော့ ဖယောင်းတိုင်မီးအပြင် လျှပ်စစ်မီးသီးလေးတွေ၊ အလှမီးပုံးလေးတွေနဲ့ ပိုပြီး ချစ်      စရာကောင်းအောင် ပြုလုပ်လာကြပါပြီ။ ဒီဇိုင်းစုံ၊ အရောင်အသွေးစုံနဲ့ စက္ကူမီးပုံးလေးတွေကို အရွယ်အစားစုံနဲ့ ချိတ်ဆွဲထားကြတာ ချစ်စရာကောင်းတဲ့မြင်ကွင်းပါ။

မီးပုံးလေးတွေက ဆိုင်မှာဝယ်ယူလို့ရတယ်ဆိုပေမယ့် ကိုယ့်လက်ဖြစ် မီးပုံးလေးတွေနဲ့ ထွန်းညှိ အလှဆင်ရတာကို သဘောကျတဲ့ လူငယ်တွေလည်းရှိပါတယ်။ ဒီတပတ်အတွက် ဧရာဝတီပရိတ်သတ်ကို သီတင်းကျွတ်ပွဲတော်အတွက် ကိုယ်တိုင်လုပ်ထားတဲ့ မီးပုံးလေးတွေနဲ့ အလှဆင်နိုင်အောင်လို့ ချစ်စရာ ကောင်းတဲ့     စက္ကူမီးပုံးဝိုင်းဝိုင်းလေးတွေပြုလုပ်တဲ့နည်းကို ဖော်ပြပေးသွားမှာပါ။

မီးပုံးခေါက်တဲ့ စက္ကူကို နီးစပ်ရာစတိုးဆိုင်နဲ့ ကုန်တိုက်တွေမှာ ဝယ်ယူနိုင်ပါတယ်။ ဈေးလည်းသိပ်မများဘဲ   ဝန်ထုပ်ဝန်ပိုးလည်း မဖြစ်တာကြောင့် Handmade ကိုကြိုက်နှစ်သက်သူတွေ အဆင်ပြေစေမှာပါ။

မီးပုံးလေးတခုကို စက်ဝိုင်းပုံစက္ကူလေးတွေ (၂၀) ဝိုင်းလိုအပ်ပါတယ်။ အလင်းရောင်အပြင်ကို လျှံထွက်စေဖို့ အလယ်မှာ အဝိုင်းပေါက်ကလေးတွေပါတဲ့ စက္ကူဖြစ်ရပါမယ်။ Stapler (ဒါမှမဟုတ်) စက္ကူကပ်တဲ့ကော်၊ မီးပုံးချိတ်ဆွဲဖို့ ကြိုးကလေးတချောင်းနဲ့ အရောင်ပါတဲ့ မီးသီးအသေးတလုံးလည်း လိုအပ်ပါတယ်။


အဆင့် (၁) ။ ။ စက်ဝိုင်းပုံစက္ကူကလေးတွေကို တြိဂံပုံဖြစ်အောင် ခေါက်ပါ။

အဆင့် (၂)။ ။ ခေါက်ပြီးတဲ့ တြိဂံပုံစက္ကူတွေကို       ဖင်ပြန်ခေါင်းပြန်တွဲပြီး Stapler (သို့) ကော်နှင့်ကပ်ပါ။ (၉) ခုတွဲတခု၊ (၅) ခုတွဲတခု၊ (၄) ခုတွဲတခု ဖြစ်ပါ တယ်။

အဆင့် (၃)။ ။ (၉) ခုတွဲတခုကိုစက်ဝိုင်းပုံဖြစ်အောင် အစွန်းနှစ်ဖက်ကိုတွဲလိုက်ပါ။

အဆင့် (၄)။ ။ အဲဒီနောက် နောက် (၉) ခုတွဲရဲ့ အောက်နားကို (၅) ခုတွဲအပေါ်နားနဲ့ တွဲကပ်ပါ။ အောက်  ပိတ်နဲ့ အလယ်ပိုင်းကို ရရှိပါမယ်။ ပြီးရင် (၄) ခုတွဲကို အပေါ်ကဆက်ပါ။

အဲဒီအခါအပေါ်မှာ မီးလုံးထည့်ဖို့ အပေါက်ပါတဲ့ မီးပုံးကလေးကို ရရှိမှာဖြစ်ပါတယ်။ ဒါဆိုရင် မီးလုံး ထည့် သွင်းပြီးကြိုးတပ်လို့ ချိတ်ဆွဲနိုင်ပါပြီ။ ကဲ ဒီနည်းနဲ့ ရောင်စုံမီးပုံးလေးတွေ ကိုယ်တိုင်လုပ်ကြည့်ကြရအောင်လား။



ထက်ဦးဝေ 




တောင်ကိုရီးယားနိုင်ငံတွင် အိမ်မွေးတိရိစ္ဆာန်များကို ခွဲစိပ်ပြုပြင်မှု ပိုမိုပြုလုပ်လာကြ

Thursday, October 8, 2015 0 comments




တောင်ကိုရီးယားနိုင်ငံဟာ ခွဲစိပ်ပြုပြင်ဖန်တီးခြင်းကို အလွန် ၀ါသနာပါတဲ့နိုင်ငံတခုလို့ဆိုရပါမယ်။ တောင်ကိုရီးယားရှိ လူများသာမက အခုဆို တိရိစ္ဆာန်များကိုပါ ခွဲစိပ်ပြုပြင်လာကြပြန်ပါပြီ။

အခုဆိုရင် အိမ်မွေးအလှခွေးကလေးများကို ပလပ်စတစ်ဆာဂျရီ ပြုလုပ်ခြင်းဟာ တောင်ကိုရီးယားနိုင်ငံရဲ့  ရေစီးကြောင်းအသစ်တခုလို ဒီနှစ်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လို့လာပါတယ်။ တပြိုင်နက်ထဲမှာပဲ ဒီလို    ပြုလုပ်လာကြခြင်းအပေါ် တိရိစ္ဆာန်ချစ်သူများရဲ့ ဝေဖန်ပြောဆိုခြင်းတွေဟာလည်း ပေါ်ပေါက်လာပါတယ်။




တိရိစ္ဆာန်လေးတွေကို ဖြီးလိမ်းပြင်ဆင်ပေးခြင်းဟာ တောင်ကိုရီးယားနိုင်ငံမှာ ကျယ်ပြန့်စွာ ခေတ်စားလာခဲ့   ပြီး အငြင်းပွားဖွယ်ရာ ခွဲစိပ်ပြုပြင်မှုများကို သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးများအပေါ် ပြုလုပ်လာကြတဲ့ ပိုင်  ရှင်ဦးရေဟာလည်း ပိုမိုများပြားလို့နေတာပါ။

ခွဲစိပ်ပြုပြင် ကုန်ကျစရိတ်အနေနဲ့ အမေရိကန်ဒေါ်လာ ၆၀ မှ ၁၀၀ ၀န်းကျင်ရှိပါတယ်။ သို့ပေမယ့် တောင်ကိုရီးယားနိုင်ငံမှ တိရိစ္ဆာန်ချစ်သူများက အခုလို တိရိစ္ဆာန်လေးများအား ခွဲစိပ်ပြုပြင်ခြင်း ရေစီး ကြောင်းအသစ်အပေါ် အပြင်းအထန်ကန့်ကွက်ခဲ့ကြပြီး ဒါဟာ ညင်းပန်းနှိပ်စက်ခြင်းတခုဖြစ်တယ်လို့ ဆိုကြပါတယ်။




 “တိရိစ္ဆာန်လေးတွေကို ခွဲစိပ်ဖို့ ဆုံးဖြတ်ထားကြတဲ့ ပိုင်ရှင်တွေဟာ ကလေးငယ်တဦးကို ပလပ်စတစ်ဆာဂျရီ လုပ်ဖို့ အတင်းအဓမ္မစေခိုင်းနေတဲ့ မိဘနဲ့တူပါတယ်” လို့ ဒီလိုခွဲစိပ်မှုအပေါ် ကန့်ကွက်သူတဦးက ဆိုရှယ်မီဒီယာ တခုမှာ ရေးသားထားပါတယ်။

အခုလို အိမ်မွေးတိရိစ္ဆာန်များကို ပလပ်စတစ်ဆာဂျရီပြုလုပ်ပေးခြင်းဟာ ယခင်က ဆေးပညာလောကမှာ    စိတ်တောင်မကူးခဲ့ဘူးတဲ့ အရာတခုဖြစ်ခဲ့ပေမယ့် မကြာခင်မှာပဲ ဒီလို ခွဲစိပ်ပြုပြင်ခြင်းတွေဟာ သူတိုရဲ့      တိ ရိစ္ဆာန်လေးတွေကို ပိုမို ဆွဲဆောင်မှုရှိစေနိုင်တယ်ဆိုတာ ရှာဖွေတွေ့ရှိလာကြတဲ့အခါမှာ ပြုလုပ်လာ      ကြခြင်း ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။



Ref: CCTV news


သူငယ်ချင်းတွေ၊ ချစ်သူတွေအတွက် Couple Shirt

Monday, October 5, 2015 0 comments




စတိုင် ရှိမှ စတားဖြစ်မယ် ဆိုတဲ့ စကားအတိုင်းလူငယ်တွေဟာစတားဖြစ်ဖို့အတွက် စတိုင်ကို ဦးစားပေးလာကြပါပြီ။ ဒီလိုဦးစာပေးလာတဲ့နေရာမှာ အတိုအပြတ်တွေ ဝတ်မှ စတိုင်ကျမှာ မဟုတ်ပဲလုံခြုံပြီးသပ်ရပ်တဲ့ ဝတ်စားဆင်ယင်မှုကလည်း စတိုင်ကျစေတယ်ဆိုတာကို သတိပြုကြရမှာပါ။

ခုခေတ်မှာ T-shirt လေးတွေကို ယောက်ျားလေးတွေသာမကဘဲ မိန်းကလေးတွေပါ မက်မက်မောမောဝတ်ဆင် လာကြပါပြီ။ အိမ်နေရင်းပဲဖြစ်ဖြစ် အပြင်သွားတဲ့အခါပဲဖြစ်ဖြစ် T-shirt လေးတွေကို Jeans လေးတွေနဲ့ တွဲဖက်ပြီး ဖက်ရှင်ကျကျလေး ဝတ်ဆင်လာကြတာ အခုခေတ် လူငယ်လေးတွေရဲ့ စတိုင်ပါပဲ။

မရိုးလွန်းမဆန်းလွန်တဲ့ ဖက်ရှင်နဲ့ ပေါ့ပါးလွတ်လပ်တဲ့ လူငယ်စတိုင်တခုအတွက် T-shirt နဲ့ Jeans က   အကောင်းဆုံးလို့ ဆိုရမှာပါ။ အဲဒီလို T-shirt လေးတွေကို ချစ်သူစုံတွဲလေးတွေအတွက် အရောင်တူ၊ အ  ဆင်တူ Couple shirt လေးတွေအဖြစ်လည်း တွေ့မြင်လာကြရပါတယ်။

ချစ်သူတွေရဲ့ အမှတ်အသားတွေဖြစ်တဲ့ လက်စွပ်ဆင်တူ၊ ဆွဲကြိုးဆင်တူစသည်ဖြင့် ဆင်တူလေးတွေ ဝတ်ဆင် အသုံးပြုကြတဲ့ အလေ့အကျင့်လေးကလည်း တကယ့်ကိုချစ်စရာပါပဲ။ အဲဒီလိုဆင်တူလေးတွေထဲမှာအင်္ကျီ ဆင်တူဝတ်ကြတာတော့ ပိုများပါတယ်။ Valentine’ s day နှစ်ပတ်လည်နေ့နဲ့ အမှတ်တရနေ့တွေမှာ ဆင်တူအင်္ကျီလေးတွေဝတ်ပြီး လျှောက်လည်  တတ်ကြပါတယ်။

ဒီလိုဆင်တူပစ္စည်းလေးတွေကိုချစ်သူတွေချည်းမဟုတ်ဘဲ၊ သူငယ်ချင်းတွေနဲ့ပါ အသုံးပြုကြပါတယ်။ Best Friend Forever ဆိုတဲ့ BFF တွေအကြားမှာ ဒီအမူအကျင့်လေးကို အများဆုံးတွေ့ရပါတယ်။ သူငယ်        ချင်းတွေကို လက်ဆောင်ပေးတာမျိုး၊ သူတို့နဲ့အတူတူ ဝတ်ဆင် အသုံးပြုတာမျိုးစတဲ့ ချစ်စရာကောင်းတဲ့ အမူအကျင့် လေးပါပဲ။

ဒီတပတ်မှာတော့ မိမိတို့ ချစ်သူခင်သူတွေနဲ့ ဆင်တူဝတ်ဆင်နိုင်မယ့် အင်္ကျီလေးတွေကို ဖော်ပြ ပေးလိုက်ပါတယ်။ Couple shirt လေးတွေကို Online shopping မှာကော နီးစပ်ရာ Shopping mall တွေမှာပါ ဝယ်ယူနိုင်ပါတယ်။


ထက်ဦးဝေ



အိပ်မက်လှလှလေးတွေမက်ဖို့အဆောင်အဖြစ် အသုံးပြုလာတဲ့ Dream Catcher

Monday, September 28, 2015 0 comments




အိပ်မက်တွေဟာ အဓိပ္ပာယ်မျိုးစုံကို ပေးပါတယ်။ အိပ်မက်တွေကြောင့် ပျော်ရွှင်ရသလို၊ စိတ်ညစ်ရတာ တွေလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မကောင်းတာကို လက်မခံချင်တဲ့ လူတွေရဲ့ သဘာဝအတိုင်း ခပ်ဆိုးဆိုးအိပ်မက်တွေကို ဖျောက်ဖျက်ချင်ကြပါတယ်။

အိပ်မက်တွေနဲ့ ပတ်သက်ပြီး ရှေးလူကြီးတွေရဲ့ ဆိုရိုးစကားများလည်း မှတ်သားဖူးပါတယ်။ ဥပမာ “မြွေကို မက်ရင် ပိုက်ဆံရတယ်ဆိုတာမျိုး၊ သူသေမက်ရင်လာဘ်ကောင်းတယ် ဆိုတာမျိုးပေါ့။ ဒါပေမယ့် အိပ်မက်ဆိုးတွေရဲ့ နှောင့်ယှက်တဲ့ဒဏ်ကြောင့် အလန့်တကြားနဲ့ အိပ်ရာကနိုးပြီး ပြန်အိပ်မရတဲ့ ညမျိုးတွေလည်း ကြုံဖူး ကြမှာပါ။

အဲဒီလို အိပ်မက်ဆိုးတွေရဲ့ နှောင့်ယှက်မှုကနေ လွတ်ကင်းနိုင်ဖို့ Dream catcher လေးတွေနဲ့ မိတ်ဆက်   ပေးချင်ပါတယ်။ သူတို့တတွေက အိပ်မက်ဆိုးတွေကို ဖယ်ရှားပေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့တွေက ကံကောင်းခြင်းတွေကိုလည်း ယူဆောင်ပေးတယ်လို့ ဆိုပါသေးတယ်။

အဲဒီ Dream catcher လေးတွေကို အိမ်မှာချိတ်ဆွဲရုံတင်မဟုတ်ဘဲ Key chain လေးတွေ၊                   ဆွဲကြိုးလေးတွေ၊ တက်တူးတွေအနေနဲ့ပါ အသုံးပြုလာကြပါတယ်။ မိန်းကလေးအများစုသဘောကျကြတဲ့ Handmade  ပစ္စည်းလေးပါ။



ဈေးနှုန်းတွေအနေနဲ့တော့ Size အကြီးအသေးပေါ်မူတည်ပြီး နှစ်ထောင်ကနေ ၁ သောင်းကျော်အထိ ရှိပါတယ်။ အဲဒီပစ္စည်းလေးတွေကိုတော့ ဖန်စီပစ္စည်းတွေ ရောင်းချတဲ့ဆိုင်တွေမှာ ရနိုင်ပါတယ်။

ဒါကြောင့် ဒီတပတ်မှာ မိန်းကလေးငယ်တွေအကြား အဆောင်အနေနဲ့ ခေတ်စားနေတဲ့ Dream catcher  လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီပစ္စည်းလေးတွေရဲ့ အကူအညီနဲ့ အိပ်မက်ဆိုးတွေကနေ ကင်းဝေး ပြီး ကံကောင်းခြင်းတွေ ရရှိနိုင်ပါစေ။

ဖော်ပြထားတဲ့ ပုံတွေကို ရန်ကုန် Junction Square က Moon ဖန်စီပစ္စည်းအရောင်းဆိုင်က ရိုက်ကူးထားပါတယ်။


ထက်ဦးဝေ


ဇာဝမ်းဆက် ဒီဇိုင်းမျိုးစုံနဲ့ မြန်မာဆန်ကြည့်ရအောင်

Friday, September 25, 2015 0 comments


ဓာတ်ပုံများ- ဟိန်းထက်/ The Irrawaddy
‘တောင်းမှာအကွပ်၊ လူမှာ အဝတ်’ ဆိုတဲ့ စကားအတိုင်း အဝတ်အစားဟာ အရေးကြီးပါတယ်။ အဝတ်အစားဝတ်တဲ့ နေရာမှာ ဖက်ရှင်ကျဖို့ချည်းပဲ ဦးစားမပေးဘဲ ကိုယ်နဲ့ လိုက်ဖက်မှု ရှိမရှိ၊ သွားရမယ့်နေရာနဲ့ သင့်တော်ဖို့ပါ ထည့်သွင်း စဉ်းစားပေးရမှာပါ။ ဘုန်း   ကြီးကျောင်းကို ဘောင်းဘီတိုနဲ့ သွားလို့ မသင့်လျော်သလိုပေါ့။

ခုခေတ်မှာ နိုင်ငံခြားက တင်ပို့လာတဲ့  အဝတ်အ   ထည်ဆန်းတွေလည်း များပြားလာပြီမို့ သူ့ထက်ငါ    စိတ်ဝင်တစား ဝယ်ဝတ်ကြတာမဆန်းပါဘူး။ တချို့သော မြန်မာမိန်းကလေးတွေဆိုရင် ဘောင်းဘီတို၊ စ  ကတ်တွေပဲ ထည်လဲဝတ်ပြီး ထဘီမဝတ်တတ်ဘူးလို့ ပြောရတာကို ဂုဏ်ယူစရာတခုလို့ ထင်လာကြပါ တယ်။

ဒါပေမယ့် ခေတ်ပေါ်အဝတ်အစားအဆန်းအပြားတွေထဲမှာမှ မြန်မာဝတ်စုံ ဒီဇိုင်းဆန်လေးတွေ ပြန်လည်ခေတ်စားလာပြီး တခုတ်တရ ဝတ်တဲ့သူတွေကိုလည်းတွေ့ရမှာ ဖြစ်ပါတယ်။ချည်သားဝမ်းဆက် ကလေးတွေ၊ တိုင်းရင်းသား ရိုးရာ ဒီဇိုင်းတွေနဲ့ မြန်မာဝတ်စုံဝတ် မိန်းကလေးငယ်တွေကို ရန်ကုန်မြို့ထဲမှာ ဥဒဟို သွားလာနေတာ မြင်ရမှာပါ။ တန်ဖိုးလည်း သင့်၊ မြင်ရသူ ရင်အေးစရာလည်း ဖြစ်တဲ့ မြန်မာဝတ်စုံတွေနဲ့အတူ ပွဲထိုင်သွားဖို့အဆင်ပြေတဲ့ မြန်မာဝတ်စုံ တွေကတော့ ဇာနဲ့ချုပ်ထားတဲ့ ဝမ်းဆက်ဝတ်စုံတွေ ဖြစ်ပါတယ်။

ဟိုအရင်တည်းက ဇာနဲ့ဆက်ပြီး ချုပ်ဝတ်ကြပေမယ့် အခုခေတ်မှာတော့ ဇာပွင့်ပုံစံမျိုးစုံ၊အရောင်မျိုးစုံကို လှပဆန်းပြားတဲ့ ဒီဇိုင်းလေးတွေနဲ့ မရိုးမယဉ်လေးတွေ ဝတ်ဆင်လာကြတာပါ။အလွန်ချစ်စရာကောင်းပြီး ကျက်သရေလည်း ရှိပါတယ်။

ဇာနဲ့ချုပ်ထားတဲ့ အင်္ကျီတွေက Sizeအနေနဲ့ Medium, Large, XLဆိုပြီး သုံးခုရရှိ   မှာဖြစ်ပြီး ဝမ်းဆက်ဆိုရင်တော့ Medium နဲ့ Large နှစ်မျိုးရရှိနိုင်ပါတယ်။ဈေးနှုန်းတွေအနေနဲ့ အင်္ကျီချည်းပဲဆိုရင် ကျပ် ၁၂၀၀ က စပြီး ဇာဝမ်းဆက်တွေကတော့ ၃၀၀၀၀ ကျပ်လို့ သိရပါတယ်။

“ဝတ်စုံတွေကိုတော့ ကျမတို့ စက်ရုံမှာပဲ ချုပ်ပါတယ်၊ အင်္ကျီတွေကို တခါတည်း ဝတ်  ကြည့်ပြီးအဆင်မပြေတာရှိရင် ချက်ချင်းလုပ်ပေးပါတယ်”လို့ ‘cho mon ko’ ဖက်ရှင်ဆိုင်က မဇင်မာနိုင်ကပြောပါတယ်။

အပျော့သား၊ ဇာ၊ ချည်သားတွေနဲ့ ချုပ်ထားတဲ့ အင်္ကျီနဲ့ ဝမ်းဆက်ဒီဇိုင်းလေးတွေကို ဧရာဝတီပရိသတ် အတွက် ဖော်ပြပေးလိုက်ပါတယ်။ ဓာတ်ပုံများကို ရန်ကုန်မြို့ ကုန်သည်လမ်း ပေါ်က ဂမုန်းပွင့် မျက်စောင်းထိုးမှာ ရှိတဲ့ “cho mon ko” ဖက်ရှင်ဆိုင်က ရိုက်ယူ ဖော်ပြထားပါတယ်။







ထက်ဦးဝေ



ခေတ်စားလာတဲ့ Handmade ဖက်ရှင်ပစ္စည်းလေးတွေ

Thursday, September 10, 2015 0 comments


အခုနောက်ပိုင်း လူငယ်တွေက စက်နဲ့ သေသေသပ်သပ် လုပ်ထားတဲ့ ဖက်ရှင် ပစ္စည်းတွေထက် လက်နဲ့လုပ်တဲ့ ပစ္စည်းလေးတွေကို ပိုပြီး နှစ်နှစ်သက်သက် အသုံြး ပုလာတာ တွေ့ရပါတယ်။

Handmade ပစ္စည်းလေးတွေဟာ မြင်ရသူအဖို့ ထူးဆန်းသလို ဖြစ်နေနိုင်ပြီး Limited လည်း ဖြစ်တာကြောင့် ဒီတပတ်မှာ လူငယ်တွေအကြား ခေတ်စားနေတဲ့ Handmade ဖက်ရှင်ပစ္စည်းလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Handmade ပစ္စည်းတွေဟာ ဈေးလည်းအများကြီး မပေးရဘဲ ပြည့်စုံတဲ့ Fashion တခုကို ပေးစွမ်းနိုင်မှာပါ။
လည်ပင်းနဲ့ ကွက်တိဖြစ်နေတဲ့ Handmade လည်ပတ်လေးတွေဟာ အရင်ကတည်းကရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှ ပိုပြီးခေတ်စားလာတာကို တွေ့ရပါတယ်။ ရောင်စုံရှိပေမယ့် အနက်ရောင်က ပိုပြီးလူကြိုက်များ    တယ်လို့ Handmade ဆိုင်က ပိုင်ရှင်ဖြစ်သူ မဟန်နီကပြောပြပါတယ်။

လည်ပတ်လေးတွေအပြင် တခြား Accessories တွေဖြစ်တဲ့ Hand chain, Keychain တွေကိုပါရရှိနိုင်ပါတယ်။ Hand chainတွေအတွက် Design ကိုဆိုရင်လည်း ကိုယ့်ရဲ့ လက်အတိုင်းနဲ့ ကိုယ်ကြိုက်တဲ့ပုံစံအတိုင်း    ပြောပြီးအပ်လို့လည်း ရပါတယ်။

Handmade လေးတွေဟာ ကိုယ့်အတွက်လည်း အ ဆင်ပြေစေမှာဖြစ်သလို၊ သူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့အတွက်လည်း အထူးသင့်လျော်ပါတယ်။ ပစ္စည်းလေးတွေရဲ့ ဈေးနှုန်းက ကျပ် ၁၈၀၀ ကနေ ၄၀၀၀ အကြား အသီးသီးသာရှိတာဖြစ်လို့ ဈေးသိပ်မများလှဘူးလို့ ဆိုချင်တာပါ။

ကဲ Fashionကျကျလန်းနိုင်ဖို့အတွက် Handmadeလေးတွေနဲ့ အလှဆင်ကြ        ရအောင်။

Epiphany Handmade ဖက်ရှင်ဆိုင်လိပ်စာ -လမ်း၅၀နဲ့ ၅၁လမ်းကြား၊ မဟာဗန္ဓုလလမ်း၊ No(202 B) ရန်ကုန်မြို့။











ထက်ဦးဝေ

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved