Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

သင့်အရိုးများအတွက် နို့

Tuesday, December 22, 2015 0 comments




အရိုးတွေဟာ သင့်ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ကြီးတခုလုံးကို ထောက်ပံ့ပေးထားတဲ့ အရိုးတွေဟာ အသက်ကြီးလာရင် ဆတ်လာတတ်ပြီး ကျိုးလွယ်လာပါတယ်။ ဒါကြောင့် သင့်အရိုးများသန်မာစေဖို့ ကယ်လ်စီယမ်ဓာတ် ကြွယ်ဝအောင် နို့၊ ဒါမှမဟုတ် ဒိန်ချဉ်တခွက်ကို နေ့စဉ်သောက်သုံးသင့်ပါတယ်။ အသက် ၃၀ ကျော်လာရင်တော့ ကယ်လ်စီယမ်ဓာတ် ပိုမို ချို့တည့်လာတာမို့ နေ့စဉ် ၂၀ဝ မီလီဂရမ်လောက် သောက်သုံးရပါမယ်။ ကယ်လ်စီယမ် ဓာတ်စုပ်ယူမှု အားကောင်းစေဖို့အတွက် မဂ္ဂနီဆီယမ် ပါဝင်တဲ့ဆေး၊ ဒါမှမဟုတ် အစားအစာနဲ့ တွဲဖက် သောက်သုံးသင့်ပါတယ်။


အသက်ကြီးလာရင် အယ်လ်ဇိုင်းမား ဖြစ်နိုင်ခြေလျော့ကျဖို့

Monday, December 14, 2015 0 comments


photo - en.wikinoticia.com

သင့်ရဲ့ ဦးနှောက်ဟာ အချိန်နဲ့အမျှ အလုပ်တွေလုပ်နေရတာ ဖြစ်ပါတယ်။ ဦးနှောက် အလုပ်လုပ်ပုံဟာ ကွန်ပျူတာဆားကစ်တွေနဲ့ အတူတူပဲလို့ အမေရိကန် သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့် သင့်ဦးနှောက်ရဲ့ ဆားကစ်တွေကို အလုပ်လျှော့လုပ်ခိုင်းသင့်ပါတယ်။ ပုံမှန်လုပ်ခိုင်းနေကျ ပုံစံမဟုတ်ဘဲ ပြောင်းလဲလုပ်ကိုင်စေ ခြင်းဟာအသက်ကြီးလာရင် အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေလျော့စေနိုင်ပါတယ်။ ဥပမာ - သွားတိုက်တဲ့အခါ သွားပွတ်တံကို ကိုင်နေကျလက်နဲ့ မဟုတ်ဘဲ၊ တခြားလက်နဲ့ကိုင်တိုက်တာမျိုး၊ အဝတ်အစားတွေကို ရွေးရင် မျက်စိနဲ့ကြည့်မရွေးဘဲ အထိအတွေ့နဲ့ရွေးတာမျိုးလုပ်သင့်တယ်လို့ ဆိုပါတယ်။

ဝိုင်နီတနေ့တခွက် သောက်ခြင်းရဲ့ကောင်းကျိုး

Friday, December 4, 2015 0 comments


photo - winecurmudgeon.com

ဝိုင်နီကိုနေ့စဉ် တနေ့တခွက် သောက်ခြင်းကြောင့် ကောင်းကျိုးတွေ ခံစားရနိုင်တယ်လို့ လေ့လာသူ တွေကဆိုပါတယ်။ မကြာသေးခင်က လေ့လာတွေ့ရှိချက်တခုကတော့ ဝိုင်နီထဲမှာ Antioidant ဆိုတဲ့ ဓာတ်တမျိုးပါဝင်တယ်လို့ သိရပါတယ်။ Antioidant ပါဝင်တဲ့အတွက် ဝိုင်နီ၊ Green Tea နဲ့ သံလွင်ဆီတို့ဟာ ရင်သားကင်ဆာဖြစ်ခြင်းက ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ထူးခြားချက်ကတော့ Antioidant ဟာ ပတ်ဝန်း          ကျင်ကြောင့် (ဥပမာ - ဆေးလိပ်ငွေ့၊ ကာဗွန်ငွေ့) တွေကြောင့် ရတတ်တဲ့ ရောက်ဂါကိုခုခံပေးပါတယ်။

အချိန်ယူပြီး သွားတိုက်ပါ

Monday, November 30, 2015 0 comments




လူအများစုက သွားမှန်မှန်တိုက်ပေမယ့် ဘယ်လောက်အချိန်ကြာကြာ သွားတိုက်သင့်တယ်ဆိုတာ မသိကြပါဘူး။ တကယ်တော့ သွားတိုက်တဲ့အချိန်ကို ၂ မိနစ်လောက် ပေးသင့်တယ်လို့ လေ့လာသူတွေက ဆိုပါ တယ်။

ဒါမှသာ သွားတိုက်ဆေးက ခံတွင်းထဲမှာရှိတဲ့ ပိုးမွှားတွေကို ပျက်စီးစေမှာ ဖြစ်ပါတယ်။ သွားပွတ်တံကို   စာရေးတဲ့အခါ ဘောပင်ကိုကိုင်သလို ကိုင်ပြီး သွားတွေအပြင် လျှာနဲ့ အာခေါင်၊ ခံတွင်းတခုလုံးကို တိုက်ချွတ်ရပါမယ်။ သွားပွတ်တံကို ဖန်စီဖြစ်တာတွေ၊ ထောင့်ချိုး သွားပွတ်တံတွေ သုံးစရာမလိုပါဘူး။ နူးညံ့တဲ့  အမွေးအမှင်တွေပါတဲ့ သွားပွတ်တံကို အသုံးပြုရုံနဲ့ လုံလောက်တယ်လို့ ဆိုပါတယ်။


နံနက်စောစောစာနဲ့ ကိုယ်အလေးချိန် ထိန်းညှိပါ

Monday, November 23, 2015 0 comments




မနက်စောစောစာကို မရှောင်တဲ့သူတွေဟာ ရှောင်တဲ့သူတွေထက် ကိုယ်ခန္ဓာအလေးချိန် ထိန်းညှိဖို့ အထောက်အကူပေးနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ နံနက်စာကို လုံးလုံးမရှောင်ဘဲ စားသုံးတဲ့ အစားအစာထဲမှာ အမျှင်ဓာတ်ပါတဲ့ စီယီရယ်လို အစားအစာတွေ၊ လတ်ဆတ်တဲ့သစ်သီး၊ ဒိန်ချဉ်နဲ့ အဆီလျှော့ထားတဲ့ နို့တွေကို ထည့်သွင်းစားသုံးခြင်းအားဖြင့် ကိုယ်အလေးချိန်ကို လျှော့ချရာမှာ အထောက်အကူ   ဖြစ်စေပါတယ်။


အိပ်ရာထရင် အရင်ဆုံး ဘယ်လိုလေ့ကျင့်ခန်းလုပ်မလဲ

Monday, November 16, 2015 0 comments



နံနက် အိပ်ရာထတာနဲ့ ခန္ဓာကိုယ်ကိုဆန့်ထုတ်တဲ့ လေ့ကျင့်ခန်းမျိုး လုပ်သင့်တယ်လို့ ဆိုပါတယ်။ အဲဒီလို မိမိရဲ့ခန္ဓာကိုယ်ကို ဆန့်နိုင်သမျှ ဆန့်ထုတ်တဲ့ လေ့ကျင့်ခန်းလုပ်တာဟာ သွေးလည်ပတ်မှု ပိုမိုကောင်း      မွန်စေပြီး တစ်နေ့တာ စားသောက်သမျှအစာတွေကို ကျေစေဖို့လည်း အထောက်အကူပြုပါတယ်။ ပြီးတော့ ခါးနာတဲ့ဝေဒနာ ခံစားနေရသူတွေအတွက် သက်သာနိုင်တယ်လို့ ဆိုပါတယ်။

ဆေးလိပ်ရဲ့ မကောင်းကျိုးတွေ

Tuesday, November 10, 2015 0 comments




ဆေးလိပ်ကသောက်သုံးသူကိုယ်တိုင်အတွက် အဆုတ်ကင်ဆာဖြစ်မှုနဲ့ ၉၀ ရာခိုင်နှုန်းလောက် ဆက်စပ်နေတဲ့အပြင် နှုတ်ခမ်း၊ လျှာ၊ ခံတွင်း၊ ဆီးအိမ်ကင်ဆာတွေနဲ့ပါ ဆက်စပ်နေတာပါ။ နှလုံးသွေးကြောကျဉ်းတာ၊ သွေးတိုးရောဂါ၊ နာတာရှည် အသက်ရှူ လမ်းကြောင်းရောဂါ တွေနဲ့လည်း ဆက်စပ်နေတာပါ။ ပိုဆိုးတာက ကိုယ်တိုင်မသောက်ဘဲ ကိုယ့်နံဘေးမှာရှိနေသူတွေ (Secondhand smoker ) ကိုလည်း ဒုက္ခပေးပုံက ကလေးငယ်တွေမှာ နားပြည်ယို၊ ရင်ကျပ်၊ ချောင်းဆိုးနဲ့ အဆုတ်ရောင်တာတွေ ဖြစ်စေသလို၊ အမြဲရှူရှိုက်နေရသူတွေမှာလည်း အဆုတ်ကင်ဆာ ဖြစ်စေပါတယ်။ ကိုယ်တိုင်ရော၊ သူတပါးအတွက်ပါ ဒုက္ခပေးတဲ့ ဆေးလိပ်ကိုတတ်နိုင်သမျှ လျှော့ချ၊ ရှောင်ကျဉ်၊ ဆင်ခြင်ကြဖို့ သတိပြုသင့်ပါတယ်။ ။


စားရင်းသောက်ရင်း အဆီကျစေဖို့

Monday, November 2, 2015 0 comments




တချို့အစားအသောက်တွေက အဆီကျဖို့ အထောက်အကူပေးပါသတဲ့။ အစားအသောက်ရှောင်ပြီး အဆီကျဖို့ ကြိုးစားနေရတဲ့သူတွေ စဉ်းစားသင့်တာပေါ့။ အဆီကျလို့ စားစေချင်တဲ့ စားစရာတွေထဲမှာ အမည်စုံပါဝင်နေတာ တွေ့ရပါတယ်။ လက်ဖက်ရည်၊ ကော်ဖီလို သောက်စရာတွေ၊ ဒိန်ချဉ်လို နို့ကလုပ်ထားတဲ့ အစားအသောက်၊ အသီးတွေထဲက စပျစ်၊ ပန်းသီး၊ ဖရဲသီး၊ ဘယ်ရီသီးလေးတွေ၊ ဟင်းသီးဟင်းရွက်စိမ်းတွေဖြစ်တဲ့ ပန်းဂ်ါဖီစိမ်း၊ မုန်လာဥနီ၊ ငရုတ်သီးစိမ်း၊ သခွားသီးတွေ၊ သရေစာအဖြစ်စားတဲ့ ကန်စွန်းဥ၊ အစေ့အဆန်တွေထဲက သီဟိုဠ်၊ ဟင်းလျာတွေမှာ အဆီမပါတဲ့ စွပ်ပြုတ်၊ အသုပ်တွေနဲ့ အဆီဖယ်ထားတဲ့ အသားတွေ၊ ငါးမျိုးစုံနဲ့ မီးဖိုချောင်ထဲက ရှာလကာရည်အထိ အဆီကျစေပါသတဲ့။


ခရမ်းချဉ်သီးစားကြပါ

Tuesday, October 27, 2015 0 comments



သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ ခရမ်းချဉ်သီးက စူပါစတားစာရင်းဝင်နေပါသတဲ့။ သူ့မှာပါ  ဝင်တဲ့ လိုင်ကိုပင်း Lycopene ဓာတ်က ကင်ဆာတိုက်ရာမှာ အတော်အစွမ်းထက်တဲ့ တိုက်ခိုက်ရေးသမားလို့ ပြောကြပါတယ်။ ချက်ထားတဲ့ ခရမ်းချဉ်သီးက အာဟာရဓာတ် ပိုများတယ်လို့ ဆိုပြီးခေါက်ဆွဲတွေ၊        စွပ်ပြုတ်တွေ၊ အသုပ်တွေမှာ သုံးကြပါတယ်။

ခရမ်းချဉ်သီးက ပန်းသီးလိုဘဲ ရင်ကျပ်ပန်းနာနဲ့ နာတာရှည် အဆုတ်ရောဂါတွေ လျော့ပါးစေတယ်လို့ ဆိုပါတယ်။ အဲ့ဒီအသီး ၂ မျိုးစလုံးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်း Quercetin ကြောင့်ပါ။ သီတင်းတပတ်မှာ ခရမ်းချဉ်သီး ၅ လုံးလောက်တော့ စားသင့်ကြပါသတဲ့။


စင်တင်ပွဲများနဲ့ နားထိုင်းခြင်း

Tuesday, October 20, 2015 0 comments




အခုခေတ် ဂီတပွဲတွေက ဆူညံလွန်းလို့ နားထောင်ကြည့်ရှုပြီးရင် နားအူကျန်ခဲ့တတ်ပါတယ်။

ရော့ခ်ရှိုးပွဲတပွဲမှာအသံ 110 Decibel လောက် ပျမ်းမျှရှိပါတယ်။ အဲဒီအသံအားကို ၁၅ မိနစ်လောက်        တောက်လျှောက်နားထောင်ရင်ကိုပဲ ထာဝရနားပင်းဖို့ လုံလောက်ပါတယ်။

နားအကြားအာရုံချို့တဲ့ဖို့ရာ ဘယ်အသံမဆို 80 Decibel ထက် ကျော်တာကို တာရှည်ကြားနေရရင် ဖြစ်  တတ်ပါတယ်။

လွှစက်ဖြတ်သံလည်းပါဝင်ပါတယ်။ အဲဒီအသံတွေကနေ နားအူနေတာမျိုးကနာရီပိုင်း၊ ရက်ပိုင်းကနေ ထာဝရလည်း ဖြစ်သွားတတ်တာမို့ နားကိုကာကွယ်တဲ့ Ear plug လေးတွေနဲ့ သောတ ဆင်သင့်ပါတယ်။


နေကြာစေ့ရဲ့ အံ့မခန်းအစွမ်း

Thursday, October 15, 2015 0 comments




ကောက်ပဲသီးနှံတွေနဲ့ပဲရောစားစား၊ အသီးအရွက်အသုပ်တွေအပေါ်မှာပဲဖြူးစားစား၊ ပေါင်မုန့်နဲ့ပဲတွဲစားစား၊ အစေ့ ချည်းသက်သက်အရသာခံစားစား နေကြာစေ့ကို နည်းလမ်းများစွာနဲ့ ပျော်ရွှင်စွာသုံးဆောင်နိုင်ပါတယ်။ နေကြာစေ့ဟာ သေးငယ်သော အစေ့ဖြစ်သော်လည်း သူ့မှာဗိုက်တာမင်၊ သတ္တုဓါတ်၊ ရနံ့အဆီနဲ့ ဓါတ်တိုး ဆန့်ကျင်ပစ္စည်းများ အပြည့်အ၀ပါဝင်ပါတယ်။ လက်တစ်ဆုပ်စာမျှ နေကြာစေ့ပမာဏကို စားသုံးတာနဲ့ ကျန်းမာရေးကို အထောက်အကူပြုစေတဲ့ အကျိုးကျေးဇူးများကို ရရှိစေပါတယ်။

နှလုံးသွေးကြောများကိုအကာအကွယ်ပေးခြင်း

နေကြာစေ့မှ ဗိုက်တာမင်အီး အများအပြားပါဝင်ပြီး အဆီမှာ အလွယ်တကူ ပျော်ဝင်နိုင်တဲ့ ဓါတ်တိုး ဆန့်ကျင်ပစ္စည်းလည်းပါရှိပါတယ်။ ဗိုက်တာမင်အီးဟာ ခန္ခာကိုယ်တွင်းရှိ ဓါတ်မပြည့်တဲ့ မော်လီကျူးများကို ထိန်းညှိုပေးတဲ့အပြင် အောက်ဆီဂျင်ဓါတ်လျော့ခြင်းကိုလည်း တားမြစ်ပေးပါတယ်။ ဓါတ်ပြယ်သွားသော သွေးတွင်းအဆီများဟာ သွေးကြောတစ်လျှောက်မှာ ကပ်ညိနေတတ်ပြီး သွေးကြောအဆီပိတ်ခြင်းကို စတင်ဖြစ်ပေါ်စေပါတယ်။ ထိုမှတဆင့် သွေးကြောများပိတ်ခြင်း၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကိုပါ ဖြစ်ပေါ်နိုင်ပါတယ်။

သွေးတွင်းအဆီများကိုလျှော့ချပေးခြင်း

နေကြာစေ့မှာပါရှိတဲ့ ကယ်လိုရီများဟာ ဟိုက်ဒရိုကာဗွန်များပါဝင်တဲ့ ဖက်တီးအက်ဆစ်နဲ့ ဖွဲ့စည်းထားပြီး လင်နိုလစ်အက်ဆစ်မှာလည်း ဖက်တီးအက်ဆစ် (၅၀%)ပါဝင်ပါတယ်။ တချိန်တည်းမှာပဲ နေကြာစေ့မှာ ကာဗွန်အက်တန်တစ်လုံးသာ ပါဝင်သော လင်နိုလစ်အက်ဆစ်ပါဝင်တာမို့ ခန္ခာကိုယ်အတွက် မလိုအပ်သော အဆီများကိုလျော့ချပေးပြီး ခန္ခာကိုယ်ကိုအကျိုးပြုသော အဆီပမာဏကို မြှင့်တင်ပေးပါတယ်။

အရိုး၊အာရုံကြောနဲ့ ကြွက်သားများအား အကျိုးကျေးဇူးပေးခြင်း

နေကြာစေ့ဟာ မဂ္ဂနီစီယမ်ကြွယ်ဝစွာ ပါဝင်တဲ့ အစားအသောက်ဖြစ်တာမို့ ခန္ခာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်နဲ့ ကျန်းမာသန်စွမ်းတဲ့အရိုးများကို ပိုင်ဆိုင်ဖို့ကူညီပေးပါတယ်။ ခွက်တစ်ခွက်ထဲမှာ လေးပုံတစ်ပုံမျှရှိနေတဲ့ နေကြာစေ့ပမာဏဟာ နေ့တနေ့တာအတွက် လိုအပ်တဲ့ မဂ္ဂနီစီယမ်ဓါတ်ကို ဖြည့်ဆည်းပေးနိုင်ပါ တယ်။

နေကြာစေ့ဟာ သင့်ရဲ့အမောအပန်းများကိုလည်း ပြေစေပါတယ်။ အာရုံကြောများရဲ့ ထုတ်လွှင့်မှုလုပ်ငန်းများ ကောင်းမွန်စေရန်အတွက် အာရုံကြောဆဲလ်များဟာ ကယ်လ်စီယမ်ဓါတ်အပေါ်မှီခိုလျက်ရှိပါတယ်။ မဂ္ဂနီစီယမ်ဟာ အာရုံကြောဆဲလ်အတွင်း ကယ်လ်စီယမ်ဝင်ရောက်လာမှုကို ထိန်းညှိပေးပါတယ်။ ထိုကဲ့သို့ ထိန်းညှိပေးခြင်းအားဖြင့် အာရုံကြောဆဲလ်များဟာ လိုအပ်သည်ထက်ပို၍ တက်ကြွနေခြင်းကို ကာကွယ်ပေး   ပြီး သွေးကြောနဲ့ကြွက်သားများကို ပြေလျော့စေပါတယ်။

ကင်ဆာဆန့်ကျင်ပစ္စည်းအဖြစ် ကာကွယ်ပေးခြင်း

သေးငယ်လှတဲ့နေကြာစေ့တွေမှာ ဆလင်နီယမ်သတ္တုဓါတ်၊ ကြွယ်ဝစွာပါဝင်ပြီး အဲဒီဓါတ်ဟာ ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့အရာများစွာနဲ့ ဆက်နွယ်လျက်ရှိပါတယ်။ ရှာဖွေလေ့လာချက်များအရ ဆလင်နီယမ်ဟာ ဗီဇဆဲလ်များကို ပြန်လည်ပြုပြင်ပေးခြင်းကို ပံ့ပိုးပေးပြီး ကင်ဆာဆဲလ်ပြန့်နှံ့ခြင်းကို ရပ်တန့်စေရန် ကူညီပေးတာမို့ ကင်ဆာဆဲလ်များ ၄င်းတို့အလိုအလျောက် ပြန်လည်ချေဖျက်ခြင်းကိုဖြစ်ပေါ်စေပါတယ်။

ဓါတ်တိုးဆန့်ကျင်ပစ္စည်းများဖြင့်ကာကွယ်ပေးခြင်း

နေကြာစေ့ဟာ ကျူးနစ်အက်ဆစ်၊ ကလိုရဂျန်းနစ်အက်ဆစ်၊ ကဖီးက်အက်ဆစ်ကဲ့သို့သော ပိုလီဖီနောများကို ကြွယ်ဝစွာဖြည့်ဆည်းပေးနိုင်သော အစားအစာလည်းဖြစ်ပါတယ်။ အဲဒီဒြပ်ပေါင်းများဟာ ဓါတ်တိုး ဆန့်ကျင်ပစ္စည်းအဖြစ်ဆောင်ရွက်ပေးပြီး ဆဲလ်များကို ဓါတ်မပြည့်ခြင်းမှသော်လည်းကောင်း၊ ဓါတ်ပြယ် ခြင်းကြောင့်ြ ဖစ်ပေါ်လာစေတဲ့စိတ်ဖိစီးမှုများမှသော်လည်းကောင်း ကွယ်ကာပေးပါတယ်။ ဤကဲ့သို့ စိတ်ဖိစီးမှုများဟာ အချိန်မတန်မီ အိုမင်းရင့်ရော်ခြင်းနဲ့ နာတာရှည်ရောဂါများကို ဖြစ်ပွားစေနိုင်ပါတယ်။



ခင်အေးမြလွင် 

ကိုးကားသတင်း။ ။ http://www.healthdigezt.com/5-wonderful-benefits-of-sunflower-seeds/


လိင်ဆက်ဆံမှုတွေဟာ လူသားမဆန်တော့ဘဲ စက်ရုပ်ပိုဆန်လာတော့မယ့်၂၀၅၀

Tuesday, October 13, 2015 0 comments




တဏှာရာဂကို ဖျော်ဖြေဖို့ T-1000၊ R2-D2၊ Bishop တို့လို စက်ပစ္စည်းတွေရှိနေပါပြီ။ မကြာသေးမီက ထွက်ရှိလာတဲ့ သတင်းအချက်အလက်များအရ ၂၀၅၀ ပြည့်နှစ်များရောက်ရင်တော့ လူသားအချင်းချင်း လိင်ဆက်ဆံမှုတွေထက် လူသားနဲ့ စက်ရုပ်ကြားလိင်ဆက်ဆံမှုတွေဟာ ပိုများလာမယ်လို့ ဆိုပါတယ်။

“The work”ဆိုတဲ့ စာအုပ်ကို ရေးသားသူ အနာဂတ်အကြောင်းလေ့လာနေတဲ့ ဒေါက်တာ အီရန် ပီရက်ဆင်ဆိုသူကတော့ ယနေ့ခေတ် ပြည့်တန်ဆာတွေနဲ့ လိင်ဆက်ဆံသလိုမျိုးပဲ ၂၀၃၀ ခုနှစ်လောက်မှာ  စက်ရုပ်တွေနဲ့ လိင်ဆက်ဆံမှုတွေဟာ ရေပန်းစားလာမှာဖြစ်ပြီး  ၂၀၃၅ ခုနှစ်လောက်မှာတော့ လူ အတော်များများဟာ ကာမစက်ရုပ်၊ စက်ပစ္စည်းတွေကို ပိုင်ဆိုင်လာတော့မှာဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒီလိုကာမစက်ပစ္စည်းတွေကို လက်ခံအသုံးပြုဖို့ ငြင်းဆန်နေတဲ့ လူတွေအတွက်ကိုတော့ ဒေါက်တာ ပီရက်ဆင်က “ လူအတော်များများဟာ အစပထမမှာ စက်ရုပ်နဲ့ လိင်ဆက်ဆံဖို့ကို ငြင်းဆန်မှာ ဖြစ်ပေမယ့်  စက်ယန္တရားတွေရဲ့ ခေတ်မီလာမှုကြောင့် လူတွေရဲ့ခံစားချက်တွေ ပိုမိုကောင်းမွန်လာတာနဲ့အမျှ လူတွေဟာ ဒီလိုအရာတွေနဲ့ တဖြည်းဖြည်းနဲ့ ရင်းနှီးမှုရလာပြီး စိတ်ခံစားမှုပိုင်းမှာလည်း ပိုမိုခိုင်မာလာတာကို တွေ့ရမှာပါ။ ဒီကိစ္စတွေကို လက်မခံနိုင်တဲ့ ကြောက်ရွံ့မှုတွေဟာလည်း တဖြည်းဖြည်းနဲ့ အငွေ့ပျံ ပျောက်ဆုံးသွားမှာ ဖြစ်ပါတယ်။” လို့ ခန့်မှန်းထားပါတယ်။

အသက်(၂၄)နှစ်အရွယ်ရှိ ဂျယ်နီဆိုသူ အမျိုးသမီးတစ်ဦးကတော့ မိမိရဲ့အိပ်ခန်းထဲ စက်ရုပ်တွေနေရာ ယူလာခြင်းကို လက်ခံနိုင်ဖွယ်ရာမရှိဘူးလို့ ဆိုပါတယ်။“ ဒီလို စက်ရုပ်နဲ့လိင်ဆက်ဆံခြင်းကိစ္စကို ကျွန်မ ဘယ်တော့မှ စဉ်းစားမှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီစက်ရုပ်က အင်မတန်ဆွဲဆောင်မှုရှိခဲ့ရင်တော့           တမျိုးပေါ့လေ” လို့ သူမက ဆိုပါတယ်။

သူမကဲ့သို့ပဲ သင်လည်း အစပိုင်းမှာ တွေဝေနေရမှာပါ။ သိပ်ပြီးလူသားမဆန်တဲ့ လိင်မှုကိစ္စတွေဆီကို အကူးအပြောင်းကာလမှာတော့ တွေဝေကြမှာပါ။ ဘွန်ဒါရာရှိ online လိင်ဖျော်ဖြေရေးစက်ပစ္စည်းတွေ ရောင်းချနေတဲ့ ဆိုင်ရဲ့မန်းနေဂျင်း အယ်ဒီတာတစ်ဦးဖြစ်သူ ခရစ်ဆင်းမ်ကတော့ “Demolition Man” ဆိုတဲ့ ရုပ်ရှင်ကို အမှတ်ရမိပါတယ်။  အဲဒီမှာ မင်းသမီး ဆန်ဒရာဘူးလော့ခ်က စက်ရုပ်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား စတားလုံးနဲ့ လိင်ဆက်ဆံဖို့ ကြိုးစားတဲ့ အခန်းလည်းပါတယ်။ အဲဒီရုပ်ရှင်ထဲဟာ ၂၀၃၂ မှာ ဖြစ်လာမယ့်အကြောင်းအရာကို အခြေခံပြီး ဇာတ်လမ်းပုံဖော်ထားတာပဲဖြစ်ပါတယ်။ အဲဒီကားကို ကြည့်တုန်းက နောင်အနာဂတ်မှာဖြစ်လာမယ့် လူခန္ခာကိုယ်ချင်း ထိတွေ့ဆက်ဆံခြင်းမရှိတော့တဲ့ လိင်ဆက်ဆံမှုပုံစံမျိုးကို မြင်ယောင်ပြီး ကျွန်တော်ရယ်မိတယ်။ အတော်လည်း ရယ်စရာကောင်းတယ်လို့ ထင်ခဲ့ဖူးတယ်။ ဒါပေမယ့် အင်တာနက်နဲ့ အသုံးပြုလို့ရတဲ့ပစ္စည်းတွေနဲ့ အမြင်နဲ့ဖန်တီးထားတဲ့ စက်ရုပ်တွေပေါ်ပေါက်လာတဲ့ ဒီကနေ့ခေတ်ကိုရောက်တော့ ကျွန်တော်ကြည့်ဖူးတဲ့၊ လုံးဝဖြစ်နိုင်ခြေ မရှိဘူးလို့ ထင်ခဲ့တဲ့ အကြောင်းအရာ တွေဟာ ရုပ်ရှင်ထဲမှာဖော်ပြထားတဲ့ ၂၀၃၂ ခုနှစ်ထက်တောင် ပိုပြီးစောစီးစွာဖြစ်ပေါ်လာဖို့ အလားအလာ ရှိနေပါပြီ” လို့ဆိုပါတယ်။

အနာဂတ်ကတော့ အတော်ပဲ ဆွဲမက်ဖွယ်ကောင်းနေပါပြီ။ လူသားနဲ့တူတဲ့ အသုံးပြုလို့ရတဲ့ ပစ္စည်းတွေ ထုတ်လုပ်ဖို့တော့ ငွေကြေးအကုန်အကျ များဦးမှာပါ။ ဒေါက်တာ ပီရက်ဆင်ကတော့ ကိလေသာ ဖြေဖျောက်ဖို့အတွက် စက်ပစ္စည်းတွေကတော့ နောင် (၃၅)နှစ်မှာ ယနေ့ ခေတ်ထက် (၇)ဆ တိုးတက်ကျယ်ပြန့် ကြီးမားလာမှာဖြစ်တယ်လို့ ခန့်မှန်းပါတယ်။ ဒါ့အပြင် နောင်လာမယ့် ဆယ်စုနှစ်တစ်စုအတွင်း ၀င်ငွေမြင့်မားတဲ့ ချမ်းသာကြွယ်ဝသူတွေရဲ့အိမ်မှာ ကာမစက်ရုပ်တွေကို ၀ယ်ယူအသုံးပြုလာမှာဖြစ်တဲ့အပြင် ယနေ့ခေတ် စက်ရုပ်ကို အသုံးပြုဖို့ ဆန့်ကျင်နေတဲ့သူတွေကတောင် ၀ယ်ယူအသုံးပြုနေတဲ့လူတွေကို နှိမ်ချဆက်ဆံမှု မပြုရဲလောက်အောင်ကိုဖြစ်မယ်လို့ ယုံကြည်ကြောင်း ဒေါက်တာ ပီရက်ဆင်က ဆိုပါတယ်။

နောက်အနာဂတ်ရဲ့လိင်ဆက်ဆံမှုဟာ ဘယ်လိုပုံစံပဲရှိရှိ၊ သေချာတာတစ်ခုကတော့ လူအချင်းချင်း လိင်ဆက်ဆံခြင်းနဲ့ စက်ရုပ်များနဲ့ လိင်ဆက်ဆံခြင်းများကို ပိုင်းခြားသိမြင်နိုင်တဲ့ ကျွန်တော်တို့ရဲ့ အရည်အသွေးတွေဟာ ပြောပလောက်အောင် ရှိတော့မှာမဟုတ်တာပါပဲ။ Ex Machina ရုပ်ရှင်ထဲမှာလို တကယ့် အဖြစ်အမှန်ကို မဖော်ပြခင်မှာ မင်းသမီး အလစ်ရှာ ဗီကန်းဒါရဲ့ဓါတ်ပုံများကို Tinder မှာ အသုံးပြုဖော်ပြပြီး Apps ကို အသုံးပြုသူများနဲ့ စကားမိတ်ဆက်နှီးနှောဖလှယ်ခဲ့ပါတယ်။ စမ်းသပ်ပြသခြင်းဟာ ထိတွေ့မှုကို သူမတူဘဲ ဆန်းသစ်စေပါတယ်။ မိမိအိပ်ခန်းထဲမှာ အမြင်အားဖြင့် အမှန်ဖြစ်သော နည်းပညာ (Visual Reality) ကို တွင်ကျယ်စွာ ထားရှိအသုံးပြုခြင်းဟာ အချစ်နဲ့ လိင်ကိစ္စကို ကွဲပြားသွားအောင် ခွဲခြားပေးနိုင်ပါတယ်။

တနည်းအားဖြင့်တော့ သမားရိုးကျ ဆက်ဆံရေးကို စိန်ခေါ်လိုက်တဲ့ အကြောင်းအရာ လည်းဖြစ်ပါတယ်လို့ ဒေါက်တာ ပီရက်ဆင်က ဆိုပါတယ်။ စုံတွဲတစ်တွဲမှာ တစ်ဦးက အိမ်အပြန်စောလို့ မိမိရဲ့ ချစ်သူဟာ သုံးဖက်မြင်ရုပ်လုံးကြွ အရုပ်တစ်ဦးနဲ့ ချစ်ကြည်နူးနေတဲ့ အဖြစ်မျိုးကို တွေ့ရင်တော့ စုံတွဲတွေ လမ်းခွဲဖြစ်ကြမလားဆိုတာကိုတော့ စောင့်ကြည့်ဖို့လိုဦးမှာဖြစ်ပါတယ်။

ဒါ့အပြင် လိင်မှုရေးရာ အမူအကျင့်တွေကို ပြောင်းလဲသွားစေနိုင်တဲ့ စိတ်ဝင်စားဖွယ် ခန့်မှန်းမှုများကို ဖော်ပြ ထားပါတယ်။ နောက်ပိုင်းမှာ အလွန်ပေါ့ပါးတဲ့ မျက်မှန်တွေ၊ မျက်ကပ်မှန်တွေကနေတဆင့် အာရုံခံစားမှုတွေကို ဖမ်းယူပြီး ပြန်လည်ဖော်ပြပေးနိုင်တဲ့ နည်းပညာနဲ့ ပစ္စည်းတွေဟာ ကာမစက်ရုပ် ရောင်းချရာ ဈေးကွက်ထဲကို ၀င်ရောက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ “လူတွေရဲ့ခန္ဓာနဲ့ တွဲစပ်အသုံးပြုနိုင်ပြီး အဲဒီလူကို တစ်နေရာရောက်အောင် ခေါ်သွားနိုင်တဲ့၊ အီလက်ထရောနစ်နည်းအရ ထိန်းချုပ်ထားနိုင်တဲ့နည်းပညာတွေကို လူတွေ သိရှိခံစားနိုင်လာအောင် မိတ်ဆက်ပေးတာတွေ ရှိလာမယ်” လို့ ဒေါက်တာ ပီရက်ဆင်က ခန့်မှန်း ထားပါတယ်။ နောက်ပိုင်းမှာ တကယ့်ဘ၀တွေကို အကုန်အကျ သက်သက်သာသာဖြင့် အစားထိုး လာတဲ့အနေနဲ့ အဖော်အချွတ် ကလပ်တွေကိုတောင် နည်းပညာကိုအခြေခံပြီး တင်ဆက်လာမှာ ဖြစ်တယ်လို့ သူက မှတ်ချက်ပေးထားပါတယ်။ ကာမဆိုင်ရာ ဇာတ်လမ်းအခွေများကို ငှားရမ်းပြီး ကွန်ပျူတာမှ ထွက်ပေါ် လာတဲ့ သုံးဖက်မြင်ပုံရိပ် (Computer generated  image)တွေကို ကိုယ်ပိုင် ကွန်ပျူတာများကနေ ကြည့်ရှု နိုင်မှာဖြစ်ပြီး မိမိရှုမြင်လိုတဲ့ ဇာတ်ဆောင်များရဲ့ပုံရိပ်ကို ရွေးချယ်နိုင်မှာဖြစ်တယ်လို့လည်း ဒေါက်တာ ပီရက်ဆင် က မှတ်ချက်ပေးထားပါတယ်။

စိုးရိမ်စရာအကောင်းဆုံးကတော့ စက်ရုပ်များကိုသာ နှစ်ခြိုက်ပြီး ကလေးများ မွေးထုတ်မပေးနိုင်တဲ့  လူသားမျိုးဆက်တစ်ခုဖြစ်လာခြင်းနဲ့ လူသားမဟုတ်တဲ့ လိင်ထိတွေ့ဆက်ဆံမှုတွေကို လူသားမဟုတ်တဲ့ စက်ရုပ်တွေကနေ ပြုလုပ်လို့ ဖြစ်ပေါ်လာနိုင်တဲ့အချက်တွေဟာ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုများပဲ ဖြစ်ပါတယ်။    “အတုအယောင် တီထွင်မှုများ အချင်ချင်း လိင်မှုရေးရာမှာ ပျော်မွေ့ဖို့ ဖန်တီးထားတဲ့အရာတွေဟာ ဘယ် အတိုင်းအတာအထိ ရောက်မယ်ဆိုတာကို ခန့်မှန်းဖို့ အလွန်ခက်ပါတယ်။ ဟက်ကာများရဲ့ တိုက်ခိုက်မှုကနေ ကွယ်ကာဖို့ လိုအပ်ပါတယ်။” လို့လည်း ဆိုပါတယ်။

အခြေအနေကို မသိနိုင်ပေမယ့် နောင်လာမယ့် အချိန်များမှာ ဖြစ်လာနိုင်တဲ့ လိင်မှုရေးရာ ကိစ္စတွေကို ဒီလို စဉ်းစားသုံးသပ်နေရတာကိုက စိုးရိမ်စရာရှိနေပြီဆိုတာကို သက်သေပြလျက်ရှိပါတယ်။ “ကျွန်တော်တို့ရဲ့ စာရိတ္တဟာ ရိုးရာယဉ်ကျေးမှုအပေါ်မှာ အခြေခံထားပြီး ဒီလို သုံးဖက်မြင် ရုပ်လုံးကြွနည်းပညာတွေဟာ ကျွန်တော်တို့ရဲ့အမူအကျင့်တွေကို တိုက်စားသွားနိုင်တယ်” လို့ ဒေါက်တာ ပီရက်ဆင်က နိဂုံးချုပ်အားဖြင့် ဆိုထားပါတယ်။

“လိင်မှုရေးရာပျော်မွေ့ခြင်းဆိုတာ လွန်ခဲ့သော နှစ်ပေါင်းများစွာကနေ ယနေ့ထိတိုင် လူသားအားလုံးအတွက် အခြေခံအကြောင်းအရာတစ်ခုဖြစ်ပါတယ်။ အဲဒီအရာတွေဟာ လျင်မြန်စွာပျောက်ကွယ်သွားဖို့ မဖြစ်နိုင်ပါဘူး။ အသစ်ပေါ်ပေါက်လာမယ့် နည်းပညာတွေနဲ့ အမူအကျင့်တွေဟာ လူမှုအသိုင်းအ၀ိုင်းရဲ့ပြောင်းလဲလာတဲ့ တန်ဖိုးထားမှုအရ လိုက်လျောညီထွေရှိလာနိုင်ပေမယ့် တန်ဖိုးထားမှုတွေ ဘယ်လိုပဲပြောင်းပြောင်း       ချစ်ခြင်းမေတ္တာကို အခြေခံတဲ့ ဆက်ဆံရေးတွေဟာ အမြဲအရေးကြီးတဲ့နေရာက ရှိနေပါလိမ့်မယ်”လို့လည်း    ဒေါက်တာပီရက်ဆင်က ဆိုပါတယ်။


ခင်အေးမြလွင်

ကိုးကားသတင်း။  ။ http://www.thedailybeast.com/articles/2015/10/03/sex-in-2050-more-robots-less-humans.html      


ဆေးဘက်ဝင် နွယ်ချို

Monday, October 12, 2015 0 comments


ပါးစပ်အတွင်းကအနာစက်တွေကိုကုသဖို့ နွယ်ချိုကိုသုံးပါ။ သူက ချွဲသလိပ်တွေကိုလည်း ပျောက်ကင်းစေ ပါ တယ်။ နွယ်ချိုမှုန့်ကို ဝယ်ပြီးရေနည်းနည်းရောပါ။ ပြီးရင် အနာကိုထည့်ပေးပါ။

တော်ကီနည်းနည်းပွားပါ

Tuesday, October 6, 2015 0 comments



မိတ်ဆွေတွေနဲ့ ပေါ့ပေါ့ပါးပါးစကားစမြည် ပြောဆိုခြင်းက စကားလုံးပဟေဠိ ကစားနည်းတခု ကစားရသလိုပဲ သင့်ကိုထက်မြက်လာအောင် ကူညီပေးနိုင်တယ်လို့ လေ့လာမှုတချို့ကဆိုပါတယ်။ တနေ့ကို ၁၀           မိနစ်လောက် ပေါ့ပေါ့ပါးပါး စကားပြောဆိုနေလိုက်ရုံနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေနဲ့ မှတ်ဥာဏ်ကို တိုးတက်ကောင်းမွန်စေပါတယ်။

သင့်ဝမ်းဗိုက်မှာအဆီပိုတွေ မရှိစေဖို့

Wednesday, September 30, 2015 0 comments




ဝမ်းဗိုက်ကအဆီတွေ လျှော့ချနိုင်ဖို့ ကြိုးစားနေပါသလား။ ဒါဆိုရင်တော့ သင့်ရဲ့ ကာဘို ဟိုက်ဒရိတ် (ကစီဓာတ် သို့မဟုတ် ကစီဓာတ်များတဲ့ အစားအသောက်တွေ) စားသုံးမှုကို သတိပြုပါ။ သဘာဝမဟုတ်တဲ့ အချိုတွေကို ရှောင်ကြဉ်ပါ။ သကြားများတဲ့ သရေစာတွေနဲ့ သန့်စင်အောင် ပြုလုပ်ထားတဲ့ တခြား ကာဘိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေကလည်း ဆီးချိုဖြစ်စေနိုင်သလို၊ ကိုယ်ခန္ဓာ အလယ်ပိုင်းမှာလည်းအလေးချိန် တိုးလာ စေပါတယ်။ အဲဒါတွေအစား ပြောင်း၊ ပဲနဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုပြီးတော့ စားသုံးသင့်ပါတယ်။

ရောင်ရမ်းခြင်းအတွက် Arnica ပန်း

Wednesday, September 23, 2015 0 comments


photo -sanasana.com

ဒေစီပန်းနဲ့ ခပ်ဆင်ဆင် ပန်းတမျိုးဖြစ်တဲ့ Arnica ပန်းပါဝင်တဲ့ Homeopathic ခရင်မ်တွေ၊ ဂျယ်တွေ        လိမ်းဆေးတွေကို ရောင်ရမ်းခြင်းနဲ့ အတွင်းကြေခြင်းများအတွက် အသုံးပြုလာကြတာကြာပြီ ဖြစ်ပါတယ်။ နာကျင် ရောင်ရမ်းနေတဲ့နေရာကိုပွတ်လိမ်းပေးနိုင်ပါတယ်။ ဒါပေမယ့် အရေပြားတွေ ကျိန်းစပ် လာမယ်ဆို ရင်တော့ ဆက်မသုံးပါနဲ့။

လူတိုင်းလေ့ကျင့်သင့်တဲ့ “ယောဂ”

Wednesday, September 16, 2015 0 comments




Sanjay Kumar ဟာ ယောဂသင်တန်းဆရာတယောက်ဖြစ်ပြီး ယောဂသင်တန်း အဆင့်ဆင့် ဖွင့်လှစ်သင်   ကြားပေးနေတဲ့ ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးမှာ အလုပ်လုပ်နေသူလည်းဖြစ်ပါတယ်။ သင်တန်းများက မြန်မာ-အိန္ဒိယ ဆက်ဆံရေး ပိုမို တိုးတက်ကောင်းမွန်လာစေရန်ဖြစ်ပြီး Ashtanga၊ Hatha နှင့် Bihar စတဲ့         ရှေးဟောင်းယောဂနည်းစနစ် ၃ မျိုးကို သင်ကြားပေးနေတဲ့ Sanjay Kumar နှင့် ဧရာဝတီက တွေ့         ဆုံမေးမြန်းခဲ့ပါတယ်။

မြန်မာပြည်သူတွေက ယောဂကို စိတ်ဝင်စားကြပါသလား။ ဘယ်သူတွေသင်တန်းလာတတ်ကြပါသလဲ။
ကျနော်တို့ သင်တန်းတွေက လူတိုင်းအတွက်ဖွင့်လှစ်ထားတာပါ။ လာတက်သူ အများစုကမြန်မာတွေပါ။ ဒါပေမယ့်တရုတ်၊ သြစတြီးယား၊ ဂျပန်၊ စင်ကာပူ၊ အီတလီ၊ ပြင်သစ်နဲ့ အမေရိကန်နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားတွေလည်း လာကြပါတယ်။ လူတိုင်းလာတက်နိုင်ပါတယ်။

ကျနော် ဒီကိုရောက်တဲ့အချိန်မှာ သင်တန်းသား ၁၂၅ ယောက်ရှိပါတယ်။ အခုဆိုရင် အခြေခံကနေအဆင့်   မြင့်တန်းအထိ တန်းခွဲ ၈ ခုမှာ သင်တန်းသား ၂၅၀ ကနေ ၃၀၀ လောက်အထိ ရှိနေပါပြီ။ အများစုကတော့ ကျန်းမာရေးအတွက် ရောက်လာကြတာဖြစ်ပါတယ်။ ကျန်းမာဖို့၊ စိတ်ကြည်လင်ငြိမ်းချမ်းဖို့နဲ့ သူတို့ရဲ့အလုပ်တွေ ကောင်းကောင်းလုပ်နိုင်ဖို့ အတွက်ပါ။

အဓိကရရှိမယ့် ကျန်းမာရေးအကျိုးအမြတ်တွေက ဘာတွေပါလဲ။

လူတွေက ဒီကိုပြဿနာအမျိုးမျိုးနဲ့ ရောက်လာကြတယ်။ တချို့ကခါးနာတယ်။ တချို့ကလည်ပင်းနာတယ်။ အချို့က အဝလွန်နေလို့။တခါတလေတော့လည်းသူတို့စိတ်ဖိစီးမှုတွေဖြစ်ကြတယ်။ အနားမနေရဘူး၊ အလုပ်တွေအများကြီး လုပ်နေရတယ်လို့ခံစားကြရတယ်။ သူတို့ညဘက်မှာ ကောင်းကောင်းအိပ်မပျော်ကြဘူး။ ယောဂလေ့ကျင့်ပြီး ၁ လ သို့မဟုတ်၊ ၂ လ လောက်ကြာတဲ့အခါမှာတော့ သူတို့ပြဿနာတွေပြေလည်သွားတဲ့အတွက် ကျေးဇူးတင်ကြောင်း ကျနော့်ကို ပြောကြတယ်။
ယောဂသင်တန်းက အိန္ဒိယ-မြန်မာ ဆက်ဆံရေးကောင်းမွန်စေရေးအတွက် သံရုံးကို ဘယ်လို အထောက်အကူ ဖြစ်စေပါသလဲ။

ကျနော်တို့က သာမန်လူတန်းစားတွေကို ချဉ်းကပ်နေတာပါ။ သူတို့က ဆက်ဆံဖို့ လွယ်ကူပါတယ်။ သူတို့ ဒီကို လာကြတယ်။ ပြီးတော့နေလို့ ပိုကောင်းသွားတယ်လို့ ခံစားကြရတယ်။ အိန္ဒိယသံရုံးက သင်တန်းကြေးအနေနဲ့ တလကို ၅ ဒေါ်လာပဲယူပါတယ်။ ကျနော်တို့က မြန်မာပြည်သူတွေကို ကျန်းမာဖို့လန်းဆန်း    
တက်ကြွစေဖို့ ကူညီနေတာ ဖြစ်ပါတယ်။

သူတို့ရဲ့ကျန်းမာရေး အခက်အခဲတွေအကြောင်း ပြောပြတဲ့သူ တော်တော်များသလား။

သင်တန်းလာတက်တဲ့သူတွေ တော်တော်များများက သူတို့ရဲ့အခက်အခဲတွေအကြောင်း ပြောပြကြပါတယ်။ ၃၀ ရာခိုင်နှုန်းကျော်လောက်ပေါ့။ တခြားသူတွေကိုလည်း ယောဂလေ့ကျင့်ဖို့ သူတို့က တိုက်တွန်းကြပါ တယ်။


လူတွေဘာကြောင့်ယောဂလေ့ကျင့်သင့်သလဲ။

လူတိုင်းယောဂကို လေ့ကျင့်သင်ယူသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ယောဂက ဖျားနာခြင်းကနေ ကာ   ကွယ်ပေးပါတယ်။ မှန်မှန်လေ့ကျင့်သွားမယ်ဆိုရင် ကျန်းမာရေးပိုကောင်းလာပါလိမ့်မယ်။ တကယ်လို့ အချိန်နာရီဝက်ပဲရမယ်ဆိုရင် နာရီဝက်ပဲ လေ့ကျင့်ပါ။ တပတ်ကိုတကြိမ်ပဲ လေ့ကျင့်နိုင်မယ်ဆိုရင် အပတ်        တိုင်းလေ့ကျင့်ပါ။ ယောဂက ဘာသာရေးနဲ့မဆိုင်ပါဘူး။ ယောဂကအားလုံးအတွက်၊ လူတိုင်းအတွက်ဖြစ်ပါတယ်။ ယောဂလေ့ကျင့်ခန်းစာအုပ်ထဲမှာ “အသက်ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ နာမကျန်းသူဖြစ်စေ၊ အင်အားချိနဲ့သူဖြစ်စေ ယောဂလေ့ကျင့်ခြင်းအားဖြင့် လူတိုင်းအကောင်းဆုံးကို ရရှိနိုင်ပါသည်” လို့ ဖော်ပြထားပါတယ်။ လူတိုင်းလေ့ကျင့်နိုင်ပါတယ်။ စိတ်စွမ်းအင်မြင့်မားချင်တဲ့သူတွေလည်းပဲ လေ့ကျင့်နိုင်ပါတယ်။

အမြဲတမ်း ကျန်းမာဖို့ နှစ်နှစ်ကာကာ ပြုံးရယ်ကြစို့

Tuesday, September 15, 2015 0 comments




ကမ္ဘာ့နိုင်ငံတိုင်းမှာ နိုင်ငံသူနိုင်ငံသားများရဲ့ကျန်းမာရေးအတွက် နှစ်စဉ်ငွေကြေးအမြောက်အများကို သုံးစွဲ
ကြရပါတယ်။ ကျန်းမာရေးလိုက်စားဖို့ အားကစားပစ္စည်းများ၊ အားကစားခန်းမများ၊ ဖြည့်စွက်ဆေးဝါးများ၊
 ဆေးခန်းပြစရိတ်နဲ့ ဆေးဝယ်ယူရခြင်း အစရှိတဲ့ ကုန်ကျစားရိတ်တွေကို ပေါင်းလိုက်ရင် ကျန်းမာရေးအတွက် ကုန်ကျစရိတ်ဟာ သန်းနဲ့ချီ ရှိနိုင်ပါတယ်။ သို့ပေမယ့် သင့်ကျန်းမာရေးကို ကောင်းမွန်စေဖို့ ငွေကုန်ကြေးကျ လည်း သက်သာပြီး အကျိုးရှိစေမယ့် နည်းလမ်းကောင်းတွေရှိနေပါတယ်။ ငွေကုန်ကျစရာ လုံးဝမလိုအပ်တဲ့ ကျန်းမာရေးကို ကောင်းမွန်စေမယ့် လုပ်ဆောင်ချက်အချို့လည်းရှိနေပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်နဲ့ စိတ် ကျန်းမာရေး၊ သင့်ရဲ့ရှင်သန်မှုသက်တမ်းအတွက်သာမက သင်တိုးတက်ကြီးပွားဖို့ရန်အတွက် ငွေ အကုန်အကျ လုံးဝမရှိ၊ အားထုတ်စရာအထူးမလိုအပ်တဲ့နည်းလမ်း တစ်ခုကတော့ ပြုံးရယ်ခြင်းပဲ ဖြစ်ပါတယ်။

ပြုံးရယ်ခြင်းအားဖြင့် အောက်ပါကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

ရယ်မောလိုက်ခြင်းဟာ အဆုတ်ကိုအားကောင်းစေပြီး ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေကို လှုပ်ရှားစေတဲ့အပြင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဓါတ်တွေ၊ အပူအအေးတွေကို ထိန်းညှိပေးနိုင်ပါတယ်။ ပြုံးရယ်လိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်မှာ လှုပ်ရှားမှုရှိလာပြီး အောက်ဆီဂျင်များလည်း ရှုရှိုက်မိသောကြောင့် ဆဲလ်များကို ပြန်လည်အားပြည့်စေပါတယ်။

ပြုံးရယ်ခြင်းဟာ နှစ်လိုဖွယ်အမြင်ကို ဖြစ်ပေါ်စေပါတယ်။ သင့်ရဲ့အပြုံးလေးနဲ့ လူတွေကို ဆွဲဆောင်နိုင်ပါတယ်။ အပြုံးမရှိတဲ့မျက်နှာကြောင့် လူတွေဟာ သင့်ထံကို ချဉ်းကပ်လိုကြမှာ မဟုတ်ပါဘူး။ အပြုံးနဲ့ နွေးထွေးပျူငှာမှုကို ပြသနိုင်ပါတယ်။ လူတွေနဲ့ ဆက်ဆံရာမှာ ခက်ခဲမှုမရှိစေချင်ရင်တော့ အပြုံးအရယ်လေးတွေကို ဖလှယ်တတ်ဖို့ လိုအပ်ပါတယ်။ ပြုံးရယ်ခြင်းဆိုတာ တစ်ဦးကိုတစ်ဦး ကူးစက်တတ်ပါတယ်။ ဒါ့အပြင် တဖက်သားကိုလည်း သက်သောင့်သက်သာ ရှိစေတတ်ပါတယ်။  ပြုံးရယ်လိုက်ခြင်းအားဖြင့် လူတွေနဲ့ ဆက်ဆံရာမှာပိုပြီး အဆင်ပြေ စေနိုင်တဲ့အပြင် သင့်အနားမှာလူတွေ အမြဲနေချင်အောင်လည်း ဆွဲဆောင်ထားနိုင်ပါတယ်။ သင့်မျက်နှာမှ အပြုံးတစ်ခုကြောင့် သင့်အတွက်လည်း အပြုသဘောဆောင်တဲ့ အကျိုးကျေးဇူးတွေ အများကြီး ရှိလာ နိုင်ပါတယ်။

အခုခေတ်အချိန်အခါမှာတော့ စိတ်ဖိစီးမှုဟာ လူတိုင်းကို နာမကျန်းဖြစ်စေတဲ့ အကြောင်းအရင်းတခုထဲမှာ ပါတယ်လို့ သတ်မှတ်ထားကြပါတယ်။ တနေ့တာအတွက် စိတ်ဖိစီးမှုကို တိုက်ရိုက်လျော့ချနိုင်တဲ့ နည်းလမ်း ကတော့ ပြုံးရယ်ခြင်းပဲ ဖြစ်ပါတယ်။ ပြုံးရယ်လိုက်တဲ့အခါ အန်ဒိုဖင်းဆိုတဲ့ ဟော်မုန်းတစ်ခု ထွက်လာပြီး စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကို လျှော့ချပေးနိုင်ပါတယ်။

ပြုံးရယ်လိုက်ခြင်းအားဖြင့် လျင်မြန်နေတဲ့ နှလုံးခုန်နှုန်းဟာ လျော့ကျသွားပြီး ခန္ဓာကိုယ်ရဲ့တင်းကြပ်မှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့ကြောင့် ပြုံးရယ်ခြင်းဟာ နှလုံးကိုလိုအပ်သည်ထက်ပိုပြီး အလုပ်လုပ်နေရခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ အမြဲတမ်း ပြုံးရွှင်ရယ်မောနေတတ်တဲ့သူမှာ နှလုံးရောဂါ ဖြစ်နိုင်ချေနည်းပါတယ်။ ဒါ့အပြင် ပြုံးရယ်ခြင်းဟာ သွေးပေါင်ချိန်မြင့်တက်ခြင်းကို လျော့ကျစေပါသေးတယ်။

နေ့စဉ် လုပ်နေရတဲ့ အလုပ်အကိုင်များပိုမို ပြီးမြောက်ဖို့အတွက် ပြုံးရွှင်စွာ အလုပ်လုပ်တတ်ဖို့ အရေးကြီး ပါတယ်။ လေလေးတချွန်ချွန်နဲ့ စိတ်အေးအေးထားပြီး ရွှင်ပြစွာ အလုပ်လုပ်ခြင်းဟာ အလုပ်ပိုမို ပြီးမြောက်ဖို့ရန် အတွက် မှန်ကန်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ရယ်မောဖွယ်ရာအကြောင်းအရာနဲ့ ပုံများကို ၀က်ဆိုဒ် များပေါ်မှာ ဖတ်ရှုကြည့်မြင်ခြင်းအားဖြင့် ရယ်မောခြင်းကို ဖြစ်ပေါ်စေပြီး အဲဒီလို ရယ်မောပြုံးရွှင်ခြင်းများနဲ့ အလုပ်လုပ်ကိုင်ခြင်းဟာလည်း အလုပ်ကို ပိုမိုတွင်ကျယ်စေပါတယ်။

ရယ်မောခြင်းနှင့် ပြုံးရယ်ခြင်း နှစ်ခုစလုံးဟာ ခံစားနေရတဲ့ နာကျင်မှုဝေဒနာတွေကို သက်သာစေပါတယ်။
ပြုံးရယ်လိုက်တဲ့အခါ အင်ဒိုဖင်းဟော်မုန်းထွက်လာပြီး လူတွေရဲ့စိတ်ခံစားမှုများကို ပြန်လည်မြှင့်တင်ပေးနိုင်တဲ့ အပြင် အင်ဒိုဖင်းဟော်မုန်းတွေဟာ နာကျင်ကိုက်ခဲမှုများကို ပုံမှန် ချေမှုန်းပေးတဲ့ အကိုက်အခဲနာကျင်မှု  ပျောက်ဆေးကဲ့သို့လည်း အစွမ်းရှိပါတယ်။

ပြုံးရယ်ခြင်းဟာ ခန္ဓာကိုယ်ရဲ့တင်းကြပ်မှုတွေကို လျှော့ချပေးနိုင်တာကြောင့် ခန္ဓာကိုယ်မှလည်း ဘက်တီးရီးယားပိုးများ တိုက်ခိုက်ခြင်းကို လျှင်မြန်စွာပြန်လည်တုန့်ပြန်ပေးနိုင်ခြင်းရှိတာကို တွေ့ရပါတယ်။

လူတွေရဲ့ ကျေနပ်အားရခြင်း၊ တင်းတိမ်ရောင့်ရဲမှုရှိခြင်းတွေကို ပြုံးရယ်မှုရှိခြင်းအားဖြင့် တိုင်းတာသိနိုင်ပါတယ်။ သို့ပေမယ့် ပြုံးရယ်မှုအားဖြင့် အခြားသော အကြောင်းအရာများကိုလည်း တိုင်းတာလို့ရနိုင်ပါသေးတယ်။ ကျန်းမာရေးအတွက် ကောင်းတဲ့ရလဒ်တွေရရှိဖို့ စစ်မှန်စွာ ပြုံးတတ်ဖို့ လိုအပ်သလို စိတ်ပါလက်ပါ ပြုံးရယ်ခြင်းဟာလည်း ကောင်းကျိုးတွေများစွာ ပေးနိုင်ပါသေးတယ်။ ဟန်ဆောင်ပြီး ပြုံးရယ်လိုက်ရင် ကြွက်သား အနည်းငယ်ကသာ လှုပ်ရှားသွားပါတယ်။ စစ်မှန်စွာ ပြုံးရွှင်ရယ်မောလိုက်ရင်တော့ မျက်လုံးအောက်က ကြွက်သားများအပါအ၀င် ကြွက်သားအတော်များများဟာ လှုပ်ရှားခွင့်ရပါတယ်။ ဒါကြောင့် စစ်မှန်တဲ့ ပြုံးရွှင်ရယ်မောခြင်းရှိစေဖို့ မကြာခင်ကဖြစ်ခဲ့တဲ့ ဘ၀ရဲ့ရယ်မောဖွယ်ရာအတွေ့အကြုံများကို စဉ်းစားပြီး ရယ်မောပေးပါ။ ပြုံးရယ်ခြင်းဟာ သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေအပေါ်မှာ အကျိုးသက်ရောက်မှု ရှိတဲ့အပြင် သင့်စိတ်ခံစားချက်အပေါ်မှာလည်း အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိပါတယ်။


ခင်အေးမြလွင် 

ကိုးကားသတင်း။  ။ http://www.healthdigezt.com/health-benefits-of-smiling/


အစွမ်းထက်ပျားရည်

Friday, September 11, 2015 0 comments




ပျားရည်အစစ်ဟာ ချောင်းဆိုးတာကို သက်သာစေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ညဘက်တအုံးအုံး    ချောင်းဆိုးတတ်သူတွေအနေနဲ့ ပျားရည်ဟာ ချောင်းဆိုးပျောက်ဆေးထက် အစွမ်းထက်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။ ညဘက် အိပ်ရာဝင်ခါနီး ပျားရည်ကို လက်ဖက်ရည်ဇွန်းနဲ့ ၂ ဇွန်း သောက်သုံးသင့်ပါတယ်။ 

Capsaicin ပါတဲ့ ခရင်မ် ဆောင်ထားပါ

Monday, September 7, 2015 0 comments


ကြွက်သားနဲ့ အရိုးအဆစ် နာကျင်ကိုက်ခဲမှုတွေအတွက် Capsaicin ပါတဲ့ ခရင်မ် သို့မဟုတ် လိမ်းဆေးကို တနေ့ ၂ ကြိမ်၊ သို့မဟုတ် ၃ ကြိမ် လိမ်းပေးနိုင်ပါတယ်။ Capsaicinဟာ ငရုတ်သီးနဲ့ ငရုတ်ကောင်းတို့မှာ ပါဝင်တဲ့ သဘာဝ အပူဓာတ်တမျိုး ဖြစ်ပါတယ်။ ငရုတ်ကောင်းရဲ့ အပူက နာကျင်မှုကို သက်သာစေနိုင်ကြောင်း တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved