မြန်မာတက္ကသိုလ်အသင်း တတိယနေရာဖြင့်သာ ကျေနပ်ရ

Thursday, December 23, 2010

အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပွဲစဉ် တတိယနေရာလုပွဲမှာ မြန်မာအသင်းက ဗီယက်နမ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

၁၅ ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီဇင်ဘာ ၁၅ ရက်နေ့က စတင်ကျင်းပနေတာဖြစ်ပြီး ဒီနေ့ ပြိုင်ပွဲနောက်ဆုံးရက် ဖြစ်ပါတယ်။

မြန်မာတက္ကသိုလ်ဘောလုံးအသင်းဟာ ဒီဇင်ဘာ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ အကြိုဗိုလ်လုပွဲစဉ်မှာ ထိုင်းတက္ကသိုလ်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ဒီကနေ့ တတိယနေရာလုပွဲကို ကစားခဲ့ရတာပါ။

မကြာသေးမီက ကျင်းပခဲ့တဲ့ ဆူဇူကီးဖိတ်ခေါ်ဖလားပြိုင်ပွဲမှာလည်း မြန်မာလက်ရွေးစင်အသင်းဟာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့အတွက် ၂၀၀၈ ခုနှစ်ကစတင်ပြီး ပရော်ဖက်ရှင်နယ် ပြိုင်ပွဲအသွင်ပြောင်းခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွေရဲ့ အကျိုးဆက်ကလည်း တိုးတက်မှု ဖြစ်ထွန်းစေတာမရှိဘူးလို့ ပြည်တွင်းအားကစားကလောင်ရှင်တွေက သုံးသပ်နေကြပါတယ်။



ယနေ့ယှဉ်ပြိုင်ခဲ့သည့် မြန်မာတက္ကသိုလ်အသင်း



မြန်မာပရိသတ်


ဗီယက်နမ်ကို ကျော်ဖြတ်ရန် မြန်မာအလယ်တန်းသမား ကြိုးစား


ဗီယက်နမ်အသင်းဘက်သို့ ထိုးဖောက်နေစဉ်


အားကစားသမားများကိုတွေ့ဆုံနေသည့် ပညာရေးဒုဝန်ကြီး ဦးအောင်မျိုးမင်း


တတိယနေရာအတွက် အောင်ပွဲခံနေသည့် မြန်မာအသင်း

သတင်းအပြည့်အစုံကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved