ဒီပွဲတော်နဲ့ ပတ်သက်ပြီး ကျောင်းသားမိဘတဦး ရှင်းပြတာက “ရှေးကရင်လူကြီးတွေရဲ့ အဆိုအမိန့်အရ ၀ါခေါင်လဆိုတာ မကောင်းဆိုးဝါးတွေ ပျော်မြူးတဲ့လဖြစ်တယ်။ အဲဒီ မကောင်းဆိုးဝါးတွေရဲ့ လိပ်ပြာ (၀ိညာဉ်) တွေဟာ လူသားတွေအပေါ် ၀င်ရောက်ပူးကပ်ခဲ့မယ်ဆိုရင် မကောင်းတဲ့ အတိတ်နမိတ်တွေနဲ့ ကြုံတွေ့ရတတ်တယ်။ ဥပမာ အနာရောဂါတွေ ကျရောက်ပြီး လူတွေဒုက္ခဆိုးကျိုးတွေနဲ့ ကြုံတွေ့ရတဲ့ဘေးက ကင်းဝေးဖို့အတွက် အဆောင်အယောင် ၇ မျိုးနဲ့ စီမံထားတဲ့ ချည်ဖြုခင်တွေနဲ့ လက်ကောက်ဝတ်မှာ ချည်ဖြူဖွဲ့ပြီး အကာအကွယ်ပြုပေး လိုက်တဲ့ ရိုးရာဓလေ့တခုက ဆင်းသက်လာတာပါ။ ဒီပွဲကို မျက်မှောက်ခေတ် ကရင်အမျိုးသားတွေကတော့ ကရင်အမျိုးသားထုအတွင်းမှာ စည်းလုံးညီညွတ်မှု ပွဲတော်အနေနဲ့ကျင်းပကြတာ ဖြစ်တယ်လို့” ရှင်းပြခဲ့ပါတယ်။ (ဓာတ်ပုံ - ဧရာဝတီ)
0 comments :
Post a Comment