လက်ခလယ်တချောင်းကြောင့် အလုပ်ပြုတ်သွားတဲ့ သတင်းတင်ဆက်သူ

Friday, November 25, 2011

.





APEC ညီလာခံမှာ အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောတဲ့ သတင်းကြေငြာရင်း အိုဘားမား ဆိုတဲ့ နာမည်အရောက်မှာ လက်ခလယ်ထောင်ပြလိုက်မိလို့ ရုရှက သတင်းတင်ဆက်သူ တာတီရာနာ လီမနိုဗာ တယောက် အလုပ်ရပ်နားခံလိုက်ရပါတယ်။


နိုဝင်ဘာ ၁၄ ရက်နေ့က လွှင့်တဲ့ သတင်းအစီအစဉ်တခုမှာ အိုဘားမားနဲ့ APEC ညီလာခံ သတင်းဖတ်နေတဲ့ တာတီရာနာ လီမနိုဗာ (source: IANS)

သတင်းတင်ဆက်မှု ထူးချွန်ဆု ရထားတဲ့ သူမဟာ ရုရှက REE TV ရုပ်သံ သတင်းဌာနကပါ။ သူမကတော့ ဒီလို လုပ်တာဟာ ကင်မရာနောက်ကွယ်ကနေ သူ့ကို စ နောက်နေတဲ့ အယ်ဒီတာအဖွဲ့နဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို တုံ့ပြန်တာပါ၊ အိုဘားမားကို ဆိုလိုတာ မဟုတ်ဘူး၊ အဲ့ဒီအချိန်က သူမကို ကင်မရာရိုက်နေမှန်းလည်း သူမသိပါဘူးလို့ ငြင်းပါတယ်။

REE TV အုပ်ချုပ်ရေးအဖွဲ့ကတော့ ဒီလိုပြောတာဟာ အပြစ်မခံရအောင် ပြောတဲ့ အကြောင်းပြချက်သပ်သပ်သာ ဖြစ်တယ်၊ ဒီလိုလုပ်ရပ်ဟာ သတင်းလွှင့်နေချိန်မှာ မလုပ်သင့် မလုပ်အပ်တာကြောင့် ဒါဟာ သတင်းသမား မပီသဘူးဆိုတာကို ပြတာပဲ လို့ ဆိုပြီး သူ့ကို တာဝန်ကနေ ရပ်နားလိုက်ပါတယ်။

ဒီလို သတင်းတင်ဆက်နေရင်း မလုပ်သင့်တာတွေ လုပ်မိလို့ အလုပ်ပြုတ်တာကြောင့် ရုရှသတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းမှာ ဟိုးလေးတကြော်ဖြစ်သွားတဲ့ ရုရှသတင်းသမားတွေထဲမှာ မစ္စ တာတီရာနာ လီမနိုဗာ တယောက်တည်း မဟုတ်ပါဘူး။

ရုရှ အစိုးရပိုင် ရုပ်သံဌာန ဖြစ်တဲ့ Channel One က သတင်းတင်ဆက်သူ အီရာဒါ ဇိုင်နာလိုဗာ ဟာလည်း သတင်းတင်ဆက်နေတုန်း ဆဲဆိုခဲ့တဲ့အတွက် အလုပ်ပြုတ်ခဲ့ဖူးပါသေးတယ်။ သူ့အဖြစ်ကတော့ လူအများကြားမှာ ရပ်လို့ တိုက်ရိုက်သတင်း တင်ဆက်နေတဲ့အချိန်မှာ ကင်မရာနောက်ကနေ သူမကို ပြောင်ပြနေတဲ့ ကောင်ကလေးတယောက်ကို ဆဲဆိုမိခဲ့တာပါပဲ။
(source : IANS)
..............







.

1 comments :

  1. Anonymous said... :

    မြန်မာအစိုးရဆိုရင်လက်ရောဖြတ် အလုပ်ရောဖြုတ်လုပ်မှာသေချာတယ်...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved