ပေးစာ - ဒီမိုကရေစီနိုင်ငံမှာ အမိန့် ဆိုတာရှိသေးလား

Monday, February 6, 2012




မွန်ပြည်နယ်၊ မော်လမြိုင်မြို့ စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အသင်း၏ အသင်းဝင်ခွင့်လျှောက်လွှာတွင် အမိန့် နှင့် ညွှန်ကြားချက် ဆိုသည်ကို တွေ့ရှိရသည့်အတွက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ အသင်းဝင်များ အားလုံးနီးပါးသည် အဆိုပါ အသင်းဝင်လျှောက်လွှာဖောင်ကို မဖြည့်စွက်ရဲပဲ ရှိနေကြပါသည်။ ယခင် ၂၀၀၇/၂၀၀၈ ခုနှစ်က ဤအသင်းကို တည်ထောင်စဉ်က မွန်ပြည်နယ် အတွင်း ရာသီဥတုနှင့်ရေမြေအနေ အထားကြောင့် ကြက်သွန်စိုက်ပျိုးရန် အခက်အခဲရှိသည်ကို အသင်းဝင်မှ အသင်းသားများ သိရှိသော်လည်း အသင်းမှ တာဝန်ရှိသူ များက အမိန့် နှင့်ညွှန်ကြားချက် ကြောင့်ဖိအားပေး၍ အတင်းစိုက်ခိုင်းသည့်အတွက် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ဖူးသည်။ စိုက်ပျိုးစရိတ်ဆိုပြီး အသင်းသားများထံမှ တစ်ဦးလျှင် သုံးသိန်း မထည့်မနေရ ထည့်ရပါသည်။ ထည့်ဝင်ခဲ့သည့်ငွေများ ကို ယခု့ အချိန်ထိ ရှင်းတမ်းမထွက်၊ ဘာမှာ့လည်းပြန်မရကြပါ။ ယခုအစိုးရလက်ထက်တွင် မည်သူ၏ အမိန့် နှင့် ညွှန်ကြားချက် များကို အသင်းဝင်များ လိုက်နာရ ဦးမည်နည်း? ဒီမိုကရေစီနိုင်ငံတွင် အမိန့် ညွှန်ကြားချက် ဆိုတာရှိသေးလား? ဤလျှောက်လွှာကို မည်သူရေးပြီး ထုတ်တာလဲ? ဆိုသောအချက်များကို အများသိစေရန် နှင့် ရှင်းလင်းဖြေကြားပေးပါရန် နိုင်ငံတော်သမ္မတကြီးထံသို့ တင်ပြအပ်ပါသည်။

အသင်းဝင်တစ်ဦး
အသင်းဝင်လျှောက်လွှာကို ပူးတွဲတင်ပြအပ်ပါသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved