Facebook ရဲ့ Note မှာ Link ထည့်နည်း

Sunday, May 27, 2012


လွင်အောင်စိုး ရေးသားသည်)

Facebook မှာ ကျနော် ရေးတဲ့ Note တွေမှာ လိုအပ်တဲ့အခါ ဆက်စပ်သတင်းတို့၊ ရည်ညွှန်းကိုးကားတာတို့ ရှိလာရင် Link ကို ထည့်ပေးလေ့ရှိပါတယ်။ အဲဒီလင့်က အပြာရောင်နဲ့ ပေါ်နေပါတယ်။ သူ့အပေါ်မှာ Cursor တင်ပြီး နှိပ်လိုက်ရင် မူရင်းဆီကို တခါတည်း တန်းရောက်သွားစေပါတယ်။ https://www…… တွေ မမြင်ရတော့ပါဘူး။ Copy & paste လည်း လုပ်စရာ မလိုတော့ပါဘူး။

ဒီနည်းလမ်းကို သိလာတာက ကျနော့် မိတ်ဆွေတဦးဖြစ်တဲ့ ကိုကျော်… ဆီက ဖြစ်ပါတယ်။ တခါတလေ မြန်မာစာလုံးတွေ ပါတဲ့ https://www…… Link ဆိုရင် စာကြောင်း ၄-၅ ကြောင်းလောက် ဖြစ်နေတာကို မိတ်ဆွေက ဘဝင်မကျတာနဲ့.. “ဟောဒီလို လုပ်ကြည့်လိုက်ပါ” လို့ အကြံပေး၊ နည်းလမ်းပေးတာနဲ့ လုပ်လိုက်တော့ ရှင်းရှင်းသန့်သန့်လေး ထွက်လာပါတယ်။

စာဖတ်သူတွေလည်း အမြင်ရှင်းတော့ စိတ်ချမ်းသာကြမယ် ထင်ပါတယ်။

လုပ်ပုံလုပ်နည်း အသေးစိတ်ကို ဒီလင့် http://4.bp.blogspot.com/--1DKnrdIxnA/T8HE16zJGUI/AAAAAAAAX_Q/B7P0db8aWoI/s1600/534335_304037103016370_1355875878_n.jpg မှာ ဖော်ပြထားပါတယ်။

မေတ္တာဖြင့်
လွင်အောင်စိုး
၂၆-၅-၂ဝ၁၂

လွတ်လပ်စွာ ရှယ်ပေးနိုင်ကြပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved