ရာဇ၀တ်မှု ကျူးလွန်သူတွေလို ဆက်ဆံခံနေရတဲ့ စာနယ်ဇင်းသမားများ

Thursday, July 5, 2012

~


အပတ်စဉ်ထုတ် ဂျာနယ်တစောင်မှာ အယ်ဒီတာ လုပ်နေသူတယောက် ပို့လာတဲ့စာ ဖြစ်ပါတယ်။

ဇွန်လကုန်ရင် စာပေစိစစ်ရေး မရှိတော့ဘူး၊ စာနယ်ဇင်းကောင်စီ ဖွဲ့မယ် ဘာညာနဲ့ပြောခဲ့တာ။ အခုတော့ ဘာမှလည်း ဖြစ်မလာပါဘူး။

အားလုံးတော့ အတော်ကို
စိတ်ပျက်ကုန်ကြပြီ။ ကတိဖျက်တယ်။ ၀န်ကြီးတွေ လုပ်ပြီး ကတိမတည်တာ အံ့ပ။

ကျနော်တို့မှာ စာပေစိစစ်ရေး မဖျက်တဲ့အပြင် ပိုလို့တောင် တင်းကျပ်လာလို့
အလုပ် လုပ်ရတာ အတော်ကို ခက်လာပါတယ်။

သတင်းဂျာနယ်တွေကို စာပေစိစစ်ရေးက ဖုန်းဆက်ခေါ်၊ အမှားတခု ပါတာနဲ့ လက်မှတ်ထိုးခိုင်း၊ ကတိခံဝန် လုပ်ခိုင်းနဲ့ တကယ့်ကို ရာဇ၀တ် အကျဉ်းသားတွေလိုပါပဲ။

ဆိုးလွန်းပါတယ်။



~

1 comments :

  1. Anonymous said... :

    မြန်မာတွေရဲ့ မျက်စိရှေ့ ကို လက်နဲ့ လိုက်ကာနေသလိုပေါ့ဗျာ..မကြည့်တော့ပြန်ရင်လည်း..အမြင်နောက်ကျဦးမယ်ဗျာ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved