ကားမှန် နဲ့ ဖောက်ထွင်းမြင်နိုင်စွမ်း ရာခိုင်နှုန်း သတ်မှတ်ချက်

Sunday, August 26, 2012

~





တင်သွင်းလာသည့် ယာဉ်များအား ကနဦး မှတ်ပုံတင်ရန်အတွက် စစ်ဆေးရာတွင် မှန်အနက်အပါအဝင် Colour မှန်ကို Tint Meter ဖြင့် တိုင်းတာပြီး ဖောက်ထွင်းမြင်နိုင်စွမ်း(၆ဝ)ရာခိုင်နှုန်းနှင့်အထက်ရှိသည့်မှန်ကို ခွင့်ပြုပါကြောင်း/

ဖောက်ထွင်းမြင်နိုင်စွမ်း (၅၉)ရာခိုင်နှုန်းအောက် ခွင့်မပြု ပါကြောင်း/

ထိုမှန်များ တပ်ဆင်ခြင်းအားဖြင့် မြင်ကွင်းမသဲကွဲခြင်း၊ အထူးသဖြင့် ညဘက် အချိန်တွင် ယာဉ်အန္တရာယ်ဖြစ်နိုင်ခြင်း၊ Colour မှန်ကို အကာအကွယ်ယူ၍ ယာဉ်အတွင်း ရာဇဝတ်မှု ကျူးလွန်နိုင်ခြင်း တို့ကြောင့် ကန့်သတ်ရခြင်း ဖြစ်ပါကြောင်း ရေးထားတဲ့ ဆောင်းပါး တစောင် ဒီနေ့ထုတ် ကြေးမုံ သတင်းစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတချို့ရဲ့ စည်းကမ်းချက်များနဲ့လည်း နှိုင်းယှဉ် ဖော်ပြထားတဲ့ ဆောင်းပါးကို ဒီမှာ http://1.bp.blogspot.com/-F1KUj7k2uTo/UDnJoB9BVAI/AAAAAAAAMcU/9Uze6UbyXtQ/s1600/99.jpg ဖတ်နိုင်ပါတယ်။

ရုရှ၊ ဂျပန်တို့မှာ ကားနောက်မှန်တွေ မြင်နိုင်စွမ်း ဘယ်လောက်ရှိရမယ်လို့ သတ်မှတ်မထားပါဘူး တဲ့။

ထိုင်းနိုင်ငံမှာတော့ ကားမှန်တွေ မည်းနက်နေတာပါပဲ။ အပြင်ကနေ ကားထဲကို မြင်နိုင်စွမ်းမရှိတဲ့မှန်တွေတပ်ထားတဲ့ကားတွေကို အများအပြား တွေ့နေရပါတယ်။
ဒါကြောင့် ထိုင်းမှာ ဖောက်ထွင်းမြင်နိုင်စွမ်း ရာခိုင်နှုန်း သတ်မှတ်ချက်က မဆိုစလောက်ပဲ ရှိပုံရပါတယ်။
~




~


1 comments :

  1. Anonymous said... :

    sticker ဆိုရင်ကော မြင်နိုင်စွမ်း ၆၀%အထက်ရှိရင်ရလား?????/

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved