~
လှိုင်သာယာစက်မှုဇုန် စက်ရုံ ၃၀ ကျော်က အလုပ်သမားတွေ ပထမဆုံးအကြိမ် ပူးပေါင်း ဆန္ဒပြခဲ့ကြပါတယ်။

အချိန် - ဒီမနက် ၉ နာရီမှ ၁၂ နာရီအထိ
နေရာ - လှိုင်သာယာမြို့နယ် (ရန်ကုန်-ပုသိမ်လမ်းမှ ကျန်စစ်သားလမ်းကို ဖြတ်၍ ရန်ကုန်-ညောင်တုန်းလမ်းရှိ လှိုင်သာယာမြို့နယ် အားကစားကွင်းသို့ ချီတက်ဆန္ဒပြ)

တောင်းဆိုချက်များ -
နေ့တွက် လုပ်ခ အနည်းဆုံး ၃၀၀၀ ကျပ် ရရှိရေး၊
နေ့စား လရှင်းများအား လခစား အလုပ်သမားများအဖြစ် သတ်မှတ်ပေးရေး၊
အလုပ်ထုတ်ပစ်မှု ရပ်ဆိုင်းရေး၊
ကလေး အလုပ်သမားအရေး ကာကွယ်ဖြေရှင်းပေးရေး၊
အလုပ်သမားအဖွဲ့အစည်း လွတ်လပ်စွာ ထူထောင်ရန်အတွက် အလုပ်ရှင်၏ လွှမ်းမိုးချုပ်ကိုင်မှု ရပ်ဆိုင်းပေးရေး

~
0 comments :
Post a Comment