~
ဘတ် ၂၂သိန်းဖိုး ဆုံးရှုံးခဲ့ရတဲ့ တာချီလိတ် ရော်ဘာစိုက်ခင်း
မိုင်အဲမလီ ~
![](http://3.bp.blogspot.com/-U2cH85lhW0k/UF_z-DieJFI/AAAAAAAAPas/XQkDCReUglw/s320/1.jpg)
(ဖျက်ဆီးခံလိုက်ရသော ရာဘာစိုက်ခင်းများ)
ဒီပြဿနာကြီးဟာ သမ္မတဦးသိန်းစိန် တချိန်က တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်ခဲ့စဉ်က ဖြစ်ပေါ်ခဲ့တာပါ။
၁၉၉၉ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက် ကျိုင်းတုံမြို့နယ် မဲခေါင်ရိပ်သာ အလှူငွေပေးအပ်ပွဲမှာ မြေလွတ်မြေရိုင်းတွေကို ဖော်ထုတ်ပြီး စံပြနမူနာ အဖြစ် နှစ်ရှည်ရာဘာပင်နဲ့ စံပြအထွက်တိုး စပါးတွေကို အမြန်ဆုံး စိုက်ပျိုးသွားဖို့ နောက်လူတွေကိုလည်း လိုက်လုပ်ချင်အောင် စည်းရုံးဆောင်ရွက်သွားဖို့ တိုင်းမှူးဗိုလ်ချုပ်သိန်းစိန် ကိုယ်တိုင် တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။
(တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သိန်းစိန် လက်မှတ် )
( မဲခေါင်ရိပ်သာ အလှူငွေပေးအပ်ပွဲ အခမ်းအနားမှ တိုင်းမှူးနှင့်အတူ )
တိုင်းမှူးရဲ့ တိုက်တွန်းချက်နဲ့ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု ၊ စန်းလူကျေးရွာ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးအားဟီ၊ ဦးအားထူးနဲ့ ဦးကိုဦးတို့ ဦးဆောင်းပြီး ဧက ၃၀၀ရှိတဲ့ မြေလွတ်မြေရိုင်းတွေကို ရှင်းလင်းခုတ်ထွင်ပြီး နှစ်ရှည် ရာဘာပင်တွေ စိုက်ပျိုးဖို့ လုပ်ဆောင်ခဲ့သလို့ ဦးကိုဦးကိုယ်တိုင်လဲ နီးစပ်ရာ အစုရှယ်ရာတွေကို ခေါ်ပြီး တာချီလိတ်မြို့နယ် လွယ်စီတုံးကျေးရွာသွား ကားလမ်းရဲ့ ဘယ်ဘက် ၁၀ဧက ၊ညာဘက် ၁၅ဧက စုစုပေါင်း ၂၅ဧကရှိတဲ့ မြေလွတ်မြေရိုင်း (ပလပ်မြေ) တွေကို ခုတ်ထွင်ရှင်းလင်းပြီး နှစ်ရှည်ရော်ဘာပင်တွေကို စိုက်ပျိုးခဲ့ပါတယ်။
![](http://3.bp.blogspot.com/-3LC2zj62GHA/UF_0EtlyxhI/AAAAAAAAPbk/hY1gDYPwr9U/s320/4.jpg)
( လွယ်စီတုံးကျေးရွာသွား ကားလမ်းတဘက်ရှိ မရှင်းလင်းရသေးသောမြေလွတ်မြေရိုင်း ပုံ)
ဒီလိုစိုက်ပျိုးနေစဉ်မှာ သက်ဆိုင်ရာ မြေစရင်းကို သက်သေခံရေးကူးပေးဖို့ စာရွက် စာတန်းတွေပြပြီး တင်ပြခဲ့ပေမယ့် မြေစရင်းက လုပ်မပေးခဲ့ပါဘူး။
ပလပ်မြေတွေကို လယ်မြေအဖြစ် ဖော်ထုတ်နိုင်ဖို့ သက်ဆိုင်ရာဌာနတွေကလည်း လုပ်ထုံးလုပ်နည်းတွေ နဲ့အညီ အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ တိုင်းမှူးကိုယ်တိုင် ညွန့်ကြားခဲ့တာလို့ ဦးကိုဦးက ပြောပြပါတယ်။
ဒါကြောင့် နှောင့်နှေးကြန့်ကြာအောင် လုပ်တဲ့ မြေစရင်းကို အရေးယူပေးဖို့ တိုင်းမှူးဆီက အမိန့်စာ ကျလာခဲ့ပေမယ့် အရေးယူခဲ့လား မယူခဲ့လား ဆိုတာ ဘာတခုမှ မသိခဲ့ရဘူးလို့ ဆိုပါတယ်။
( မဲခေါင်ရိပ်သာ အလှူငွေပေးအပ်ပွဲ အခမ်းအနားမှ မြင်ကွင်း)
၂၀၀၀ခုနှစ် ရာဘာပင်တွေ ရှင်သန်နေတဲ့ တနှစ်သားအရွယ်မှာ ဦးကိုဦး ကျိုင်းတုံကို သွားနေခိုက် ပုဂ္ဂိလိကကုမ္ပဏီ တခုဖြစ်တဲ့ တာဝေမီးစက် ဓါတ်အားပေးစက်ရုံ ဆောက်ဖို့ ရာဘာ အစောင့်တွေကို ညဘက် ခြိမ်းခြောက်မောင်းထုတ်လိုက်ပြီး လူနေတဲတွေနဲ့ ရာဘာပင်တွေကို မီးရှို့ဖျက်ဆီးပစ်လိုက်ပါတယ်။
( ရာဘာစိုက်ခင်းများဖျက်ဆီးပြီး ဓါတ်လျှပ်စစ်ဓါတ်အားပေး စက်ရုံ ဆောင်းဘုတ်အား စိုက်ထူးထားပုံ )
ဒီကိစ္စ ဖြစ်ဖြစ်ချင်း ၂၀၀၀ခုနှစ် မေလ ၂၂ရက်နေ့မှာ တိုင်းမှူးဗိုလ်ချုပ်ကြီး ဦးသိန်းစိန်ကို တိုင်ကြားခဲ့ပါတယ်၊
အဲဒီအချိန်မှာ တာချီလိတ်မြို့နယ် ဒုရဲမှူး ဦးဖေအောင် ဦးစီးတဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ လာရောက်စစ်ဆေးခဲ့ပါတယ်၊ ဒါပေမယ့် ဘာမှအကြောင်း မပြန်ခဲ့ပါဘူး၊
ရာဘာစိုက်ခင်းတွေ ဖျက်ဆီးခံလိုက်ရလို့ ဘတ်ငွေ ၂၂သိန်း ( မြန်မာငွေ သိန်း ပေါင်း ၇၀၀ကျော် ) ဖိုး နစ်နာဆုံးရှုံးသွားခဲ့တယ် လို့ ဦးကိုဦးက ပြောပြခဲ့ပါတယ်။
ဦးကိုဦး (ဓါတ်ပုံ အဲမလီ )
တာဝေဓါတ်အားပေး စက်ရုံဟာ နောက်ပိုင်းမှာ ထိုင်းနိုင်ငံက လျှပ်စစ်မီး ခိုးရောင်းမှု ပြဿာနာ အရုပ်အထွေးတွေနဲ့ ရပ်ဆိုင်းလိုက်ရကြောင်း သိရပါတယ်။
ဦးကိုဦးဟာ ရာဘာစိုက်ခင်းမြေ ၁၅ ဧက နစ်နာဆုံးရှုံးခဲ့သလို ၂၀၀၆ခုနှစ်မှာ စံပြစပါးစိုက်ပျိုးဖို့ ၁၀ဧကကိုလဲ မြို့ပြမြေကွက်အဖြစ် သတ်မှတ်လိုက်တာကြောင့် ထပ်မံ ဆုံးရှုံးခဲ့ ရပြန်တယ်။
![](http://1.bp.blogspot.com/-dcxc9dNV0_0/UF_0G-fWPVI/AAAAAAAAPcE/vXI3MvdrOMs/s320/8.jpg)
၂၀၀၅ ခုနှစ်က ဒီကိစ္စတွေကိုထပ်မံတိုင်ကြားခဲ့ပါတယ်။ ၂၀၀၆ခုနှစ်မှာတော့ ခရိုင်ရုံးက ဒုဗိုလ်မှူးကြီး ဇော်မိုးအေးက ဦးကိုဦးကို ခေါ်တွေ့ပြီး ခင်ဗျား ဘယ်သူ့ကို ချဲချင်တာလဲ လို့မေးခဲ့လို့ ဆိုပါတယ်။
မြို့ပြမြေကွက်အဖြစ် သတ်မှတ်လိုက်တဲ့ လွယ်စီတုံး ကျေးရွာသွား ကားလမ်းဘေးက ၁၀ဧကဟာ မြို့ပြပုံစံအဖြစ် ပြောင်းလဲသွားခြင်း မရှိဘဲ
အခုအခါ ဦးလောစံ ဆိုသူအား လ/န (၃၉) ချပေးပြီး စိုက်ပျိုးခွင့်ပေးကြောင်း သိရပါတယ်။ တိုင်းမှူးဗိုလ်ချုပ်သိန်းစိန် သမ္မတဖြစ်လာတဲ့ နောက်ပိုင်း ၂၀၁၁ခုနှစ်မှာ ထပ်မံတိုင်ကြား ခဲ့ပါတယ်။
ဒါ့အပြင် လယ်/ဆည် ၊ ပြည်ထဲရေး ၊ စသုံးလုံးနဲ့ ပြည်နယ်ဝန်ကြီးဌာန တွေကိုပါ အဆင့်ဆင့် တိုင်ကြားခဲ့ပေမယ့် ယနေ့ချိန်ထိ အကြောင်းပြန်ခြင်း မရှိခဲ့ကြောင်း ဧရာဝတီမှ တဆင့် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
![](http://4.bp.blogspot.com/-6DfXdy398RY/UF_0Iqj_CWI/AAAAAAAAPcY/3SHEOL77lMM/s320/9b.jpg)
( မရှင်းလင်းရသေးသော လွယ်စီတုံးကျေးရွာသွား ကားလမ်းဘေးမှ ၁၀ဧက အကျယ်အ၀န်းရှိ ပလပ်မြေ )
ဦးကိုဦးဟာ တောင်ကြီး တပ်မတော် တပ်ထိန်းမှ ဒုတပ်ကြပ်တဦးဖြစ်ပြီး ( ၁၉၉၄) မှာ ပင်စည်ယူ ခဲ့သူပါ။ ပင်စည်ယူခဲ့ပြီးနောက် တာချီလိတ်မြို့နယ် စန်းလူကျေးရွာ ဌာနေ ပြည်သူ့စစ်အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။
ဘတ်ငွေ ၂၂သိန်းဖိုး ဆုံးရှုံးခဲ့ရတာဟာ သူ့ငွေကြေး တခုတည်း မဟုတ်ပါဘူး။ အစုရှယ်ယာတွေ ပါဝင်သလို ကတိစကားနဲ့ ချေးယူခဲ့တဲ့ ငွေကြေးတွေလည်း ပါဝင်ကြောင်း သိရပါတယ်။
ဒီဖြစ်ရပ်ကြောင့် သူဟာလူလိမ် လူကောက်အဖြစ် သတ်မှတ်ခြင်း ခံနေရပါတယ်။
![](http://3.bp.blogspot.com/-ELZ9ImGgG6Q/UF_z_cpUopI/AAAAAAAAPa4/YtrBepq92SI/s320/2+copy.jpg)
![](http://4.bp.blogspot.com/-0BMJNkZV9zk/UF_0EuOVsPI/AAAAAAAAPbo/FoCmUF-cSTo/s320/5+copy.jpg)
![](http://2.bp.blogspot.com/-E66W1Cus36I/UF_0C7L6WGI/AAAAAAAAPbc/osDgg2S8PiE/s320/4+copy.jpg)

![](http://2.bp.blogspot.com/-ENIc4Fa2d8I/UF_z_2YokXI/AAAAAAAAPa8/nm9U3TL3jhc/s320/2.jpg)
(တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သိန်းစိန် လက်မှတ် )
![](http://1.bp.blogspot.com/-jMz74Qh5RV8/UF_0BlwzkkI/AAAAAAAAPbQ/-DgPrMtwh-c/s320/3.jpg)
( မဲခေါင်ရိပ်သာ အလှူငွေပေးအပ်ပွဲ အခမ်းအနားမှ တိုင်းမှူးနှင့်အတူ )
တိုင်းမှူးရဲ့ တိုက်တွန်းချက်နဲ့ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု ၊ စန်းလူကျေးရွာ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးအားဟီ၊ ဦးအားထူးနဲ့ ဦးကိုဦးတို့ ဦးဆောင်းပြီး ဧက ၃၀၀ရှိတဲ့ မြေလွတ်မြေရိုင်းတွေကို ရှင်းလင်းခုတ်ထွင်ပြီး နှစ်ရှည် ရာဘာပင်တွေ စိုက်ပျိုးဖို့ လုပ်ဆောင်ခဲ့သလို့ ဦးကိုဦးကိုယ်တိုင်လဲ နီးစပ်ရာ အစုရှယ်ရာတွေကို ခေါ်ပြီး တာချီလိတ်မြို့နယ် လွယ်စီတုံးကျေးရွာသွား ကားလမ်းရဲ့ ဘယ်ဘက် ၁၀ဧက ၊ညာဘက် ၁၅ဧက စုစုပေါင်း ၂၅ဧကရှိတဲ့ မြေလွတ်မြေရိုင်း (ပလပ်မြေ) တွေကို ခုတ်ထွင်ရှင်းလင်းပြီး နှစ်ရှည်ရော်ဘာပင်တွေကို စိုက်ပျိုးခဲ့ပါတယ်။
![](http://3.bp.blogspot.com/-3LC2zj62GHA/UF_0EtlyxhI/AAAAAAAAPbk/hY1gDYPwr9U/s320/4.jpg)
( လွယ်စီတုံးကျေးရွာသွား ကားလမ်းတဘက်ရှိ မရှင်းလင်းရသေးသောမြေလွတ်မြေရိုင်း ပုံ)
ဒီလိုစိုက်ပျိုးနေစဉ်မှာ သက်ဆိုင်ရာ မြေစရင်းကို သက်သေခံရေးကူးပေးဖို့ စာရွက် စာတန်းတွေပြပြီး တင်ပြခဲ့ပေမယ့် မြေစရင်းက လုပ်မပေးခဲ့ပါဘူး။
ပလပ်မြေတွေကို လယ်မြေအဖြစ် ဖော်ထုတ်နိုင်ဖို့ သက်ဆိုင်ရာဌာနတွေကလည်း လုပ်ထုံးလုပ်နည်းတွေ နဲ့အညီ အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ တိုင်းမှူးကိုယ်တိုင် ညွန့်ကြားခဲ့တာလို့ ဦးကိုဦးက ပြောပြပါတယ်။
ဒါကြောင့် နှောင့်နှေးကြန့်ကြာအောင် လုပ်တဲ့ မြေစရင်းကို အရေးယူပေးဖို့ တိုင်းမှူးဆီက အမိန့်စာ ကျလာခဲ့ပေမယ့် အရေးယူခဲ့လား မယူခဲ့လား ဆိုတာ ဘာတခုမှ မသိခဲ့ရဘူးလို့ ဆိုပါတယ်။
![](http://2.bp.blogspot.com/-9O706oxiF0o/UF_0FO5jp_I/AAAAAAAAPbs/DhRIhl6TJ40/s320/5.jpg)
( မဲခေါင်ရိပ်သာ အလှူငွေပေးအပ်ပွဲ အခမ်းအနားမှ မြင်ကွင်း)
၂၀၀၀ခုနှစ် ရာဘာပင်တွေ ရှင်သန်နေတဲ့ တနှစ်သားအရွယ်မှာ ဦးကိုဦး ကျိုင်းတုံကို သွားနေခိုက် ပုဂ္ဂိလိကကုမ္ပဏီ တခုဖြစ်တဲ့ တာဝေမီးစက် ဓါတ်အားပေးစက်ရုံ ဆောက်ဖို့ ရာဘာ အစောင့်တွေကို ညဘက် ခြိမ်းခြောက်မောင်းထုတ်လိုက်ပြီး လူနေတဲတွေနဲ့ ရာဘာပင်တွေကို မီးရှို့ဖျက်ဆီးပစ်လိုက်ပါတယ်။
![](http://1.bp.blogspot.com/-fc3OO-Rya5U/UF_0GHMAgRI/AAAAAAAAPb4/ChM-RdV7saI/s320/6.jpg)
( ရာဘာစိုက်ခင်းများဖျက်ဆီးပြီး ဓါတ်လျှပ်စစ်ဓါတ်အားပေး စက်ရုံ ဆောင်းဘုတ်အား စိုက်ထူးထားပုံ )
ဒီကိစ္စ ဖြစ်ဖြစ်ချင်း ၂၀၀၀ခုနှစ် မေလ ၂၂ရက်နေ့မှာ တိုင်းမှူးဗိုလ်ချုပ်ကြီး ဦးသိန်းစိန်ကို တိုင်ကြားခဲ့ပါတယ်၊
အဲဒီအချိန်မှာ တာချီလိတ်မြို့နယ် ဒုရဲမှူး ဦးဖေအောင် ဦးစီးတဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ လာရောက်စစ်ဆေးခဲ့ပါတယ်၊ ဒါပေမယ့် ဘာမှအကြောင်း မပြန်ခဲ့ပါဘူး၊
ရာဘာစိုက်ခင်းတွေ ဖျက်ဆီးခံလိုက်ရလို့ ဘတ်ငွေ ၂၂သိန်း ( မြန်မာငွေ သိန်း ပေါင်း ၇၀၀ကျော် ) ဖိုး နစ်နာဆုံးရှုံးသွားခဲ့တယ် လို့ ဦးကိုဦးက ပြောပြခဲ့ပါတယ်။
![](http://1.bp.blogspot.com/-LpWglOxP39Y/UF_0HG8lzOI/AAAAAAAAPcI/ilNUG6bwqrI/s320/7.jpg)
ဦးကိုဦး (ဓါတ်ပုံ အဲမလီ )
တာဝေဓါတ်အားပေး စက်ရုံဟာ နောက်ပိုင်းမှာ ထိုင်းနိုင်ငံက လျှပ်စစ်မီး ခိုးရောင်းမှု ပြဿာနာ အရုပ်အထွေးတွေနဲ့ ရပ်ဆိုင်းလိုက်ရကြောင်း သိရပါတယ်။
ဦးကိုဦးဟာ ရာဘာစိုက်ခင်းမြေ ၁၅ ဧက နစ်နာဆုံးရှုံးခဲ့သလို ၂၀၀၆ခုနှစ်မှာ စံပြစပါးစိုက်ပျိုးဖို့ ၁၀ဧကကိုလဲ မြို့ပြမြေကွက်အဖြစ် သတ်မှတ်လိုက်တာကြောင့် ထပ်မံ ဆုံးရှုံးခဲ့ ရပြန်တယ်။
![](http://1.bp.blogspot.com/-dcxc9dNV0_0/UF_0G-fWPVI/AAAAAAAAPcE/vXI3MvdrOMs/s320/8.jpg)
၂၀၀၅ ခုနှစ်က ဒီကိစ္စတွေကိုထပ်မံတိုင်ကြားခဲ့ပါတယ်။ ၂၀၀၆ခုနှစ်မှာတော့ ခရိုင်ရုံးက ဒုဗိုလ်မှူးကြီး ဇော်မိုးအေးက ဦးကိုဦးကို ခေါ်တွေ့ပြီး ခင်ဗျား ဘယ်သူ့ကို ချဲချင်တာလဲ လို့မေးခဲ့လို့ ဆိုပါတယ်။
![](http://2.bp.blogspot.com/-1NE9idNRydM/UF_0HqbE9II/AAAAAAAAPcM/ZjfsjYio1lE/s320/9.jpg)
မြို့ပြမြေကွက်အဖြစ် သတ်မှတ်လိုက်တဲ့ လွယ်စီတုံး ကျေးရွာသွား ကားလမ်းဘေးက ၁၀ဧကဟာ မြို့ပြပုံစံအဖြစ် ပြောင်းလဲသွားခြင်း မရှိဘဲ
အခုအခါ ဦးလောစံ ဆိုသူအား လ/န (၃၉) ချပေးပြီး စိုက်ပျိုးခွင့်ပေးကြောင်း သိရပါတယ်။ တိုင်းမှူးဗိုလ်ချုပ်သိန်းစိန် သမ္မတဖြစ်လာတဲ့ နောက်ပိုင်း ၂၀၁၁ခုနှစ်မှာ ထပ်မံတိုင်ကြား ခဲ့ပါတယ်။
ဒါ့အပြင် လယ်/ဆည် ၊ ပြည်ထဲရေး ၊ စသုံးလုံးနဲ့ ပြည်နယ်ဝန်ကြီးဌာန တွေကိုပါ အဆင့်ဆင့် တိုင်ကြားခဲ့ပေမယ့် ယနေ့ချိန်ထိ အကြောင်းပြန်ခြင်း မရှိခဲ့ကြောင်း ဧရာဝတီမှ တဆင့် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
![](http://4.bp.blogspot.com/-6DfXdy398RY/UF_0Iqj_CWI/AAAAAAAAPcY/3SHEOL77lMM/s320/9b.jpg)
( မရှင်းလင်းရသေးသော လွယ်စီတုံးကျေးရွာသွား ကားလမ်းဘေးမှ ၁၀ဧက အကျယ်အ၀န်းရှိ ပလပ်မြေ )
ဦးကိုဦးဟာ တောင်ကြီး တပ်မတော် တပ်ထိန်းမှ ဒုတပ်ကြပ်တဦးဖြစ်ပြီး ( ၁၉၉၄) မှာ ပင်စည်ယူ ခဲ့သူပါ။ ပင်စည်ယူခဲ့ပြီးနောက် တာချီလိတ်မြို့နယ် စန်းလူကျေးရွာ ဌာနေ ပြည်သူ့စစ်အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။
ဘတ်ငွေ ၂၂သိန်းဖိုး ဆုံးရှုံးခဲ့ရတာဟာ သူ့ငွေကြေး တခုတည်း မဟုတ်ပါဘူး။ အစုရှယ်ယာတွေ ပါဝင်သလို ကတိစကားနဲ့ ချေးယူခဲ့တဲ့ ငွေကြေးတွေလည်း ပါဝင်ကြောင်း သိရပါတယ်။
ဒီဖြစ်ရပ်ကြောင့် သူဟာလူလိမ် လူကောက်အဖြစ် သတ်မှတ်ခြင်း ခံနေရပါတယ်။
![](http://3.bp.blogspot.com/-ELZ9ImGgG6Q/UF_z_cpUopI/AAAAAAAAPa4/YtrBepq92SI/s320/2+copy.jpg)
![](http://4.bp.blogspot.com/-XmasvcQH7w4/UF_z-xbeWCI/AAAAAAAAPaw/DZnwqwbubEY/s320/1+copy.jpg)
![](http://2.bp.blogspot.com/-dKs7KCqyq68/UF_0BI8y04I/AAAAAAAAPbM/pigO5GCU9Do/s320/3+copy.jpg)
![](http://4.bp.blogspot.com/-0BMJNkZV9zk/UF_0EuOVsPI/AAAAAAAAPbo/FoCmUF-cSTo/s320/5+copy.jpg)
![](http://2.bp.blogspot.com/-E66W1Cus36I/UF_0C7L6WGI/AAAAAAAAPbc/osDgg2S8PiE/s320/4+copy.jpg)
0 comments :
Post a Comment