တရုတ်နိုင်ငံရဲ့ ပတ်စ်ပို့အသစ်ကို ဘာကြောင့်ကန့်ကွက်နေကြသလဲ

Sunday, November 25, 2012






တရုတ်နိုင်ငံရဲ့ နိုင်ငံကူး လက်မှတ် အသစ်မှာ ပါတဲ့ မြေပုံနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်စတဲ့ အရှေ့တောင် အာရှနိုင်ငံတချို့မှာ ဆန့်ကျင်မှုတွေဖြစ်လာနေပါတယ်။ 
ဓာတ်ပုံ- businessinsider.com
ဖိလစ်ပိုင်ကတော့ တရုတ်နိုင်ငံရဲ့ နိုင်ငံကူးလက်မှတ် အသစ်မှာ ပါရှိတဲ့ ရေပိုင်နက်မြေပုံကိစ္စကို ပြင်းပြင်း ထန်ထန် လက်မခံနိုင်ကြောင်း ကြေညာပြီး ပတ်စ်ပို့ အသစ်နဲ့ တရုတ်နိုင်ငံသားတွေကို  ပြည်ဝင်ခွင့် မပေးတော့ပဲ ကန့်သတ်လိုက်ပါတယ်။ ဗီယက်နမ်ကလည်း အလားတူ ကန့်ကွက်ခဲ့ပါတယ်။ 


အခု တရုတ် နိုင်ငံရဲ့ နိုင်ငံကူး လက်မှတ် အသစ်ပါ ရေပိုင်နက် နယ်မြေဆိုင် ရာ မြေပုံဟာ တောင် တရုတ် ပင်လယ်ကိစ္စ အငြင်းပွားမှုကို ပိုပြီး မီးထိုးပေးလိုက်သလိုလည်း ဖြစ်ပါတယ်လို့ သတင်းတွေက ဆိုပါတယ်။ 

အခု လို တရုတ်နိုင်ငံရဲ့ ရေပိုင်နက်မြေပုံဖော်ပြမှုဟာ တခြားသက်ဆိုင်ရာ နိုင်ငံတွေရဲ့ အချုပ်အခြာ အငြင်းပွားမှု ဖြစ်နေဆဲဖြစ်သည့်အပြင် အဆိုပါ ကိစ္စဟာ အာဏာကို ထိပါး လိုက်ခြင်းဖြစ် တယ်လို့ သတင်းတွေမှာ ရေးသား ဝေဖန်နေကြပါတယ်။ 

အိန္ဒိယနိုင်ငံကလည်း အဆိုပါ e-Passport အီလက်ထရောနစ် ပတ်စ်ပို့ အသစ်မှာ ဖော်ပြတဲ့ မြေပုံကိစ္စကို လက်ခံနိုင်စရာ မရှိဘူးလို့ ဆိုလိုက်ပါသေးတယ်။ 




















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved