စက္ခုအလင်းတံခါး ဖွင့်ထားလေပြီ
Monday, December 10, 2012
 (ကျော်သူ)~
 ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလအတွင်းမှစတင်၍ “လူ ၂၅ဝဝ ရရင် ဗမာတွေအလင်းပွင့်ပြီ” ဟူသော ဆောင်းပါး တစ်ပုဒ် ကျွန်တော်၏ Face Book စာမျက်နှာတွင် တင်ခဲ့ဖူးပါသည်။ 
ဓာတ်ပုံ-ကျော်သူ နာရေးကူညီမှုအသင်း(ရန်ကုန်)~
မျက်စိခွဲစိတ်ခန်းဖွင့်လှစ်မည် ဖြစ်သည့်အတွက် “သုခကုသိုလ်ဖြစ် ဆေးခန်း”သို့ လာရောက်ကုသကြသည့် မျက်စိ ဝေဒနာရှင်များသည် ဆေးရုံများသို့ သွားရောက်ရမည့် လမ်း စရိတ်၊ စားစရိတ်နှင့် မိမိမျက်စိအား ခွဲစိတ်ကုသရန် စောင့်ဆိုင်းခြင်းတည်းဟူသော အချိန်ကုန်၊ ငွေကုန်၊ လူပန်းရခြင်းကိစ္စများ မလို အပ်  
တော့ပေ။ 
ထိုကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ “သုခကုသိုလ်ဖြစ် ဆေးခန်း”၏ မျက်စိခွဲစိတ်ခန်း ဖွင့်လှစ်နိုင် ရန် အတွက်လိုအပ်သည့် မျက်စိခွဲစိတ်ခန်းသုံး ပစ္စည်းကရိယာ ဝယ်ယူနိုင်ရန်အတွက် အလှူငွေများ လိုအပ်ခဲ့သည်။ 
 ထို့ကြောင့် ထိုအချိန်က Digital Slit Lamp နှင့် Operation Microscope (Motorized)တို့အား အလှူရှင် ကိုဝင်းထွန်း+မပေါက် (သိင်္ဂီရွှေဝါပိုးထည်တိုက်) မှ လှူဒါန်းပေးခဲ့ပြီး ကျန်ရှိသောခွဲစိတ်ခန်းသုံး ပစ္စည်း ကရိယာများဝယ်ယူနိုင်ရန် အလှူငွေများ (US$ - 28219) ခန့်အားလိုအပ်နေသောကြောင့် လူတစ်ဦးလျှင် (US$ - 10) နှုန်းဖြင့် လှူဒါန်းကြမည်ဆိုပါက လူအယောက် (၂၅ဝဝ) ဦးဆိုလျှင် လိုအပ်သောခွဲစိတ်ခန်းသုံး ကရိယာများ ဝယ်ယူနိုင်မည်ဖြစ်ပါကြောင်း။
 ထိုကြောင့် “လူ ၂၅ဝဝ ရရင် ဗမာတွေအလင်းပွင့်ပြီ” ဆောင်းပါးအား ရေးသားခဲ့ပြီး Face  Book စာမျက်နှာ ပေါ်သို့တင်ရှိပြီး (၁ဝ) ရက်ခန့်အကြာ၌ လိုအပ်သော မျက်စိခွဲစိတ်ခန်းသုံးပစ္စည်းများ ဝယ်ယူနိုင်ခဲ့သည်။ 
ထိုအချိန်က မျက်စိခွဲစိတ်ပေးမည့် ဆရာဝန်များသည်လည်း . . . အသင့်မျက်စိခွဲစိတ် ကုသမှုခံယူမည့် လူနာများသည်လည်း . . . အသင့်မျက်စိခွဲစိတ်ရာတွင် အသုံးပြုရမည့် ခွဲစိတ်ခန်းသုံးပစ္စည်းများသည်လည်း . . . အသင့် (အခမဲ့) ခွဲစိတ်ပေးမည့် “သုခကုသိုလ်ဖြစ်းဆေးခန်း” သည်လည်း . . . အသင့်ယခု (၂) နှစ်တာကာ လရောက်ရှိချိန်မှ ကျန်းမာရေးဦးစီးဌာန၏ ခွဲစိတ်ခွင့်ပြု မှတ်ပုံတင်ရရှိခဲ့ တော့သည်။ ထို့ကြောင် “သုခကုသိုလ်ဖြစ်ဆေးခန်း”၌ ဆေးပညာရပ်များဖြင့် စေတနာရှင် ဆရာဝန်မှ ၈.၁၂. ၂ဝ၁၂ ရက်နေ့ နံနက် ၉းဝဝ နာရီအချိန်တွင် မျက်စိခွဲစိတ်ရန် လူနာစုစုပေါင်း (၈) ဦးတို့အား ခွဲစိတ်မှုစတင် အကောင်ထည်ဖော်ခဲ့တော့သည်။ 
   မျက်စိခွဲစိတ်မှုစတင်ချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး  
ဒေါ်ရွှေဇီးကွက်နှင့်အတူ သမီး မြင့်မိုရ်ဦး (Australia-ဆေးကျောင်းသူ)နှင့် ကိုဆောင်းဦးလှိုင်တို့မှ ခွဲစိတ်ခန်းအတွင်းသို့ ဝင်ရောက်လေ့လာကြကာ မျက်စိဝေဒနာရှင်လူနာများကို အားပေးစကား ပြောကြားခဲ့ ကြသည်။ ၉.၁၂.၂ဝ၁၂ ရက်နေ့တွင် မျက်စိခွဲစိတ်မှုခံယူခဲ့ကြသော လူနာ (၈) ဦးတို့၏ ခွဲစိတ်မှုအား စစ်ဆေးစမ်းသပ်ခြင်းများ၊ ဆေးပေးခြင်းများ၊ မျက်စဉ်းခတ်ခြင်းများအား ပြုလုပ်ပြသ ခဲ့ပြီး မျက်စိခွဲစိတ် လူနာများအတွက် အလှူရှင်များတို့မှ လှူဒါန်းထားသည့် နေကာမျက်မှန်များအား နာရေး ကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ တပ်ဆင်ပေးခဲ့သည်။ 
 ယခုလက်ရှိ အနေအထားအရ “သုခ ကုသိုလ်ဖြစ်ဆေးခန်း”ရှိ မျက်စိခွဲစိတ်ခန်းသည် ကျန်းမာရေး ဦးစီးဌာန၏ ညွှန်ကြားချက်အတိုင်း ဖွဲ့စည်း တည်ဆောက်ထားသော အဆင့်မှီခွဲစိတ်ခန်းဖြစ်သော်ငြားလည်း မျက်စိခွဲစိတ်ကုမည့် ဆရာဝန်ကြီး (၈) ဦးရှိပြီး ခွဲစိတ်ခန်း သုံးကုတင် တစ်လုံးတည်းသာရှိနေသည့်အတွက် အမြင်မှုန်ဝါးမှု၊ အမြင်မကြည်လင်မှု၊ တိမ်စွဲကပ်နေသူ ပြည်သူများအတွက် အမြန်ဆုံး၊ အထိရောက်ဆုံး အမြင်ကြည်လင်ပြတ်သားမှု ပေါ်ထွန်းလာရေးအတွက် ထပ်မံ၍အင်တိုက်အားတိုက် ခွဲစိတ်ခန်းသုံး ကုတင်များ၊ ခွဲစိတ်ခန်းသုံး ကရိယာ များအား တိုးချဲ့မြှင့်တင် ဖွင့်လှစ် ကုသပေးနိုင် ရန်အတွက် ကြိုးစားရတော့မည် ဖြစ်ပေသည်။
0 comments :
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved