လက်ပံတောင်း သပိတ်စခန်းတွေက သိမ်းဆည်းပစ္စည်းများ လာပြန်ပို့

Monday, December 17, 2012

  ဓာတ်ပုံများ၊ သက်ဆွေဝင်း၊ မုံရွာ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြ သပိတ်စခန်းကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွင်းပြီးနောက် ဒဏ်ရာရရှိကြသော ရဟန်း၊ သာမဏေများအား ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စား သမ္မ တ ရုံးမှ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက တောင်းပန် လျှောက်ထားခြင်း အခမ်းနားကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့လယ် ၂ နာရီကျော် အချိန်တွင် မန္တလေးမြို့ အတုမရှိ ကျောင်းတော်တွင် ကျင်းပခဲ့ပါတယ်။ 

အဲဒီလို ကျင်းပပြီးနောက်ပိုင်း ယမန်နေ့ကတော့ အဆိုပါ သပိတ်စခန်းဖြိုခွဲစဉ်က သိမ်းဆည်းသွားခဲ့ တဲ့ မော်တော်ဆိုင်ကယ်တွေ၊ ရေသန့်ဗူးတွေနဲ့ မီးစက်တွေကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ က ဒေသခံတွေဆီ ပြန်လည်လာရောက်ပေးပို့ခဲ့ပါတယ်။ 






















0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved