စနေလင်း ~
(ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ) |
ဒါကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျင်းပတဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမြင်ကွင်းများ ဖြစ်ပါတယ်။
အ |
ကရင်ဒုံးယိမ်း ပြိုင်ပွဲကိုပါ ထည့်သွင်း ကျင်းပခဲ့တာမို့ အရင်နေ့တွေက ပြိုင်ထားကြတဲ့ သူတွေကတော့ ဒီကနေ့ ဘယ်အဖွဲ့တွေ ဆုရကြမလဲဆိုတာကို စောင့်မျှော်နေကြတယ်။ အခမ်းအနားစတော့ မွန်တိုင်းရင်းသူ ဝတ်စုံနဲ့ အမျိုးသမီးငယ်က အခမ်းအနား အစီအစဉ်များကို စတင်ဖတ် ကြားပါတယ်။
ဦးတင်ဦး |
“ပင်လုံညီလာခံ ကျင်းပတဲ့အချိန်က ဗိုလ်ချုပ်ရဲ့ သန့်ရှင်းတဲ့ စေတနာနဲ့ ပြောခဲ့တဲ့မိန့်ခွန်းက “မြန်မာများသည် ဗြိတိသျှ၏ ကျွန် မဖြစ်လိုကြောင်း၊ တောင်တန်းသားများကိုလည်း ကျွန် မဖြစ်စေလိုကြောင်း၊ တောင်တန်းဒေသများကလည်း မြန်မာတို့၏ ကျွန် မဖြစ်စေလိုကြောင်းကို အလေးအနက်ထား ပြောခဲ့တယ်။ အဓိပ္ပာယ်က အလွန်ရှင်းပါတယ်။ တိုင်းရင်းသားအားလုံး တန်းတူရည်တူ အခွင့်ရေးရှိရမယ်” လို့ ဦးတင်ဦးက ပြောပါတယ်။
NLD ခေါင်းဆောင်များ |
၁၉၉၆ မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးနောက် ပြုလုပ်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရရေး၊ ကိုယ်ပိုင် အုပ်ချုပ် ပြဌာန်းခွင့်ရရေး၊ ပြည်ထောင်စု မူစစ်စစ်ကို တိုင်းရင်းသား ခံစားနိုင်ခွင့်ရှိရေးတို့ကို ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း၊ တပ်မတော်ကိုလည်း ပြည်သူချစ်တဲ့ တပ်မတော်နဲ့ တိုင်းရင်းသားများ လေးစားအားကိုးရတဲ့ တပ်မတော် ဖြစ်စေချင်ကြောင်း ထည့်သွင်းပြောကြားသွားပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဆိုတာ လုံးဝ ရရှိပြီးတာ မဟုတ်သေးကြောင်း ပြောသွားပြီး ကချင်ပြည်နယ် စစ်ပွဲအရေး၊ ရခိုင်ပြည်နယ် ပဋိပက္ခအရေးတွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ အပေါ်လည်း တုံ့ပြန် ပြောဆိုသွားပါတယ်။
“ကာယကံရှင်တွေရဲ့ လိုလားမှု၊ တောင်းဆိုမှု မရှိဘဲနဲ့ ၀င်လုပ်လို့ ငြိမ်းချမ်းရေး ရမယ်ဆိုတာ ကိုယ့်ကိုကိုယ် အထင်ကြီးတာပဲ။ ကျမကို လိုလားတယ်၊ လုပ်ပေးစေချင်တယ်ဆိုရင် အချိန်မရွေးလုပ် ပေးပါ့မယ်ဆိုတာ ဒီနေ့မှာ တရားဝင်ပြောပါရစေ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ဒါဟာ လုံလောက်တဲ့ အတိုင်းအတာ တခုအထိ မရောက်သေးဘူးလို့ ဆိုပေမယ့် မျှော်လင့်ချက် ရနိုင်မယ် အတိုင်းအတာ ရှိမယ်လို့ မြင်တယ်။ စုပေါင်းမျှဝေ ခံစားရမယ့် ကိစ္စမှန်သမျှကို အတူတူ စုပေါင်းမျှဝေ ခံစားကြဖို့ သန္နိဋ္ဌာန်ပြုပါတယ်” လို့ ပြောရင်း သူ့ရဲ့မိန့်ခွန်းကို နိဂုံးချုပ်ပါတယ်။
0 comments :
Post a Comment