မြန်မာအစိုးရအဖွဲ့ နိုဗဲလ် ငြိမ်းချမ်းရေးဆု ရနိုင်ဟု ဆို

Sunday, March 3, 2013

ဖင်လန်နိုင်ငံရဲ့  နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင်လည်းဖြစ် သမ္မတဟောင်းလည်းဖြစ်သူ မစ္စတာ Martti Ahtisaari က ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာတဲ့ မြန်မာအစိုးရအဖွဲ့ဟာ နိုဗဲလ် ငြိမ်းချမ်းရေး ဆု ရနိုင်တယ်လို့ ယုံကြည်ကြောင်း လွန်ခဲ့တဲ့ သေကြာနေ့က ပြောဆိုလိုက်ပါတယ်။ 

 နိုဗဲလ်ငြိမ်းချမ်းရေး ဆုတံဆိပ်ပုံ၊ ဓာတ်ပုံ- csmonitor.com

၂၀၀၈ ခုနှစ်အတွက် နိုဗဲလ်ငြိမ်းချမ်းရေ ဆုရှင် ဖင်လန် သမ္မတဟောင်းအနေနဲ့ အခုလို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ မြန်မာအစိုးရ အဖွဲ့အား နိုဗဲလ် ငြိမ်းချမ်းရေး ဆု ရနိုင်တယ်လို့ ပြောဆိုလိုက်ချိန် ဟာ မြန်မာသမ္မတ ဦးသိန်းစိန်လည်း ဖင်လန် အပါအ၀င် ဥရောပ ၅ နိုင်ငံ ခရီးစဉ် အတွင်းဖြစ်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ 

ဒီအပြင် ဖင်လန်နိုင်ငံကလည်း အလည်အပတ် ရောက်လာတဲ့ ပြုပြင်ပြောင်းလဲရေး အစိုးရရဲ့ သမ္မတ ဦးသိန်းစိန် လာရောက်ချိန်မှာ နိုင်ငံ ဖွံ့ဖြိုးရေးအတွက် ယူရို ၇ သန်းနီးပါးကို ကူညီကြောင်းလည်း ကြေညာ လိုက်တယ် လို့ AFP သတင်းတပုဒ်က ဆိုပါတယ်။ 

ဒါပေမယ့် ဖင်လန်နိုင်ငံကို သမ္မတ ဦးသိန်းစိန် လာရောက်ချိန်မှာတော့ ဖင်လန်ရောက် မြန်မာနိုင်ငံသားများ
ရဲ့ ဆန္ဒပြမှုကို ရင်ဆိုင်ခဲ့ရပါတယ်။ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved