ဗန္ဒုလ မြင်းစီးပြီး ကလေးမြို့တော်ခန်းမ ကို ပြောင်းရမယ်

Tuesday, August 20, 2013

ဗန္ဒုလဟာ မြင်းစီးပြီး ကလေးမြို့ လမ်းဆုံကနေ မြို့တော်ခမ်းမကို ပြောင်းရပါတော့မယ်။ 




 ကလေးမြို့၊ လမ်းဆုံက ဗန္ဒုလ မြင်းစီး ကြေးရုပ်ကြီး၊ ဓာတ်ပုံ- ကလေးမြို့ မီဒီယာ

ဗန္ဒုလ မြင်းစီးကြေးရုပ်ကြီး ရှိနေတဲ့ ကလေးမြို့ လမ်းဆုံမှာ ယာဉ်အန္တရာယ် ကင်းရှင်းစေဖို့ နေရောင်ခြည် စွမ်းအင် စနစ်သုံး မီးပွိုင့် ထားရှိသွားဖို့ ဖြစ်လို့ ဗန္ဒုလ မြင်းစီး ကြေးရုပ်ကြီးကို မြို့တော်ခမ်းမ၀န်းထဲ ပြောင်း
ရွှေ့ဖို့ ရှိတယ်လို့ ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ တစောင်ဖြစ်တဲ့ ကြေးမုံမှာ ဖော်ပြထားပါတယ်။ 

ကလေးဝ၊ ဂန့်ဂေါတို့ဘက်က လာရင်လည်း တွေ့ရမယ့် အဲဒီ ကလေးမြို့ လမ်းဆုံမှာ နေ့စဉ် ယာဉ်အန္တရာယ်
ဖြစ်နေတာကြောင့် အခုလို မီးပွိုင့် ထားဖို့ စီစဉ်တာဖြစ်တယ်လို့ ဆိုပါတယ်။ 

လမ်းဆုံးမှာ မီးပွိုင့်ထားရင်လည်း မီးဝါ၊ မီးစိမ်း၊ မီးနီတွေရဲ့ အလုပ်လုပ်ပုံတွေကို ပြည်သူတွေကို ပညာပေး ရအုံးမှာပါတဲ့။ ရေးသားထားပုံက ကလေးမြို့မှာ မီးပွိုင့် မရှိခဲ့ပုံမျိုးပေါ့။

အဲဒီသတင်းမှာ စိတ်အ၀င်စားဆုံး တခုကလည်း ပါဝင်ပါတယ်။ ခုနက ပြောတဲ့ ဗန္ဒုလ မြင်းစီးကြေးရုပ်ကြီး ကလေးမြို့ မြို့တော်ခမ်းမ ၀န်းထဲ ပြောင်းလိုက်တဲ့အခါ မြင်းရဲ့ ဦးခေါင်းကို ဘယ်အရပ်ကို လှည့်မယ်ဆို တာကို လူအများက စိတ်ဝင်စားနေကြပါကြောင်းတဲ့။ 




အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved