DV ဗီဇာကံစမ်းမဲ ဟောပြောပွဲ ဘတ်ဂျက်ကြောင့် ဖျက်သိမ်း

Wednesday, October 16, 2013

~


  DV ဗီဇာကံစမ်းမဲအကြောင်း အချက်အလက်များဆိုင်ရာ ဟောပြောပွဲကို ၁ဝ ရက်နေ့က ရန်ကုန်မြို့၊ ပြည်လမ်း၊ ယုဒသန်ခန်းမမှာ ပြုလုပ်ဖို့ စီစဉ်ထားတာကို ဖျက်သိမ်းလိုက်ပါတယ် တဲ့။


အမေရိကန်အစိုးရ ဘဏ္ဍာရေးအခြေအနေ အခက်အခဲ အကြီးအကျယ်တွေ့နေချိန်မှာ နိုင်ငံခြားရေးဌာနက ချွေတာရေးလုပ်နေရတယ်၊ သဘောက အရေးသိပ်မကြီးတဲ့ အစီအစဉ်တွေကို နားထားပါမယ် တဲ့။ အမေရိကန်နိုင်ငံသားတွေကို အကာအကွယ်ပေးရေး၊ အမျိုးသား လုံခြုံရေး အကျိုးစီးပွား၊ ကုန်သွယ်ရေး စီးပွားရေး လုပ်ငန်းတွေကိုပဲ ဆက်လက် ဆောင်ရွက်ခွင့်ပြုပါတယ် တဲ့။

ဒါကြောင့် ယုဒသန်ခန်းမ အစီအစဉ် ဖျက်သိမ်းမှုကို နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လို့ အမေရိကန်သံရုံး ကောင်စစ်ဝန်ဌာန ဖေ့စ်ဘုတ်မှာ အောက်တိုဘာ ၄ ရက်နေ့က ကြေညာထားပါတယ်။
အမေရိကန်က DV ဗီဇာကံစမ်းမဲကို ထုံးစံအတိုင်း တနှစ်တကြိမ် ဖွင့်ပေးနေပါတယ်။ အစီအစဉ်က ကံစမ်းမဲအကြောင်း အသေးစိတ် ရှင်းလင်းဖို့ ပြင်ထားတဲ့ပွဲ ဖြစ်ပါတယ်။

မူရင်း ကြေညာချက်ကို ကူးယူ ဖော်ပြပါတယ် ...

During this time of a partial government shutdown, the State Department must severely constrain spending. This means that non-essential activities will not occur. Only activities that directly advance the protection of American citizens, advance national security interests or trade and economic activities are authorized to continue.For that reason, our October 10, 2013 Diversity Visa informational session at the Judson Center has been cancelled. Thank you for your understanding. 


.

1 comments :

  1. Anonymous said... :

    phin khan lae

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved