ထိုင်းစစ်တပ် ဘက်မလိုက်ကြောင်း ပြသ

Thursday, December 12, 2013



ထိုင်းစစ်တပ် အကြီးအကဲတွေက တွေ့ဆုံဆွေးနွေးလိုတယ် ဆိုတဲ့ ဆန္ဒပြသူများရဲ့ခေါင်းဆောင် ဆူထေ့ပ် သပ်ဆူဗန်ရဲ့ တောင်းဆိုချက်ကို လက်မခံဘဲ ငြင်းဆိုထားတယ်လို့ သိရပါတယ်။ ဒါဟာ ထိုင်းစစ်တပ်က ဘက်မလိုက်ကြောင်း ပြသမှု တခုလို့ ပြောနေကြပါတယ်။



ဘန်ကောက်မြို့တော်မှ ဆန္ဒပြသူများ (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)


လတ်တလော အခြေအနေမှာ ဆန္ဒပြသူတွေကို ဦးဆောင်နေတဲ့ ဆူထေ့ပ်ကို တွေ့ဆုံဖို့ အချိန် မတန်သေးဘူးလို့ စစ်တပ်အကြီး အကဲတွေက ပြောဆိုတဲ့အကြောင်း ဒီကနေ့ ထိုင်းသတင်းတွေမှာ ရေးသား ထားပါတယ်။ 

ဆူထေ့ပ် သပ်ဆူဗန်က ထိုင်းစစ်တပ်မှာ တာဝန်ရှိတဲ့ အကြီးအကဲ Prayuth Chan-ocha နဲ့ တခြား 
ခေါင်းဆောင်တွေကို ယနေ့ တွေ့ဆုံခွင့် တောင်းထားတာလည်း ဖြစ်ပါတယ်။ 

  စစ် တပ် အနေနဲ့ သီးခံထားရမယ်၊ ဘက်မလိုက်ဘူးလို့ ထိုင်းစစ်တပ်အကြီးအကဲတွေ က ပြောကြားကြောင်း ထိုင်း သတင်းတွေက ရေးကြပါတယ်။ 

ထိုင်းစစ်တပ်မှ အကြီးအကဲတွေက ဆက်လက်ပြီး ဆူထေ့ပ်အနေနဲ့ နိုင်ငံအတွင်းမှာ ရှိတဲ့ အဖွဲ့အစည်း တချို့နဲ့ အရင် ပူးပေါင်းပြီး တော့ ဖြေရှင်းသင့်တယ်လို့လည်း ပြောပါတယ်။ 

ဆန္ဒပြသူတွေ အနေနဲ့ကတော့ ဘန်ကောက်မြို့မှာ အစိုးရ နှုတ်ထွက်သွားတဲ့ အထိ ဆန္ဒပြသွားမယ် လို့ ပြောဆိုထားပြီး ကနေ့အထိ ဆက်လက် ဆန္ဒပြနေဆဲပါ။

အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် စားပွဲဝိုင်းပေါ်မှာ အတိုက်အခံပါတီနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ၀န်ကြီးချုပ် ယင့်လပ်က ပြော ကြားခဲ့ပေမယ့် တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်မလာပါဘူး။ 

အစိုးရက ထိုင်းလွတ်တော်ကိုလည်း ဖျက်သိမ်းထားပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ ကို 
ရွေးကောက် ပွဲ အသစ် ကျင်းပဖို့ ပြန်လည် သတ်မှတ်ထားပါတယ်။ 

ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ်က“ရွေးကောက်ပွဲ အသစ် ပြန်လည်ကျင်းပဖို့ သတ်မှတ်လိုက်တာ ဟာ ထိုင်းနိုင်ငံရဲ့ ထွက် ပေါက် တခုဖြစ်တယ်”လို့ ယမန်နေ့က ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့သို့ မထွက်ခွာခင် ပြောကြားခဲ့ပါတယ်။ 

ဆူထေ့ပ်က စစ်တပ်အကြီးအကဲတွေကို တွေ့ဆုံခွင့် တောင်းခံထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း သတင်းထောက်တွေရဲ့ မေးမြန်းမှုကိုလည်း မစ္စ ယင့်လပ်က ပုဂ္ဂိုလ်ရေး အရ စစ်တပ်ကိုယ်စား ပြောခွင့် မရှိပါဘူး၊ ဒါပေမယ့် စစ်တပ်နဲ့ အစိုးရ တာဝန်ရှိသူ အာလုံး ကိုယ့်တာဝန် ကိုယ်သိကြပါတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ ထုတ်လွှင့်ပြသနေပြီး ဘယ်လို အဆုံးသတ်မလဲကြမလဲဆိုတာ မသိရသေးပါဘူး။ 

ထိုင်းသတင်းတွေအရ လာမည့် ရွေကောက်ပွဲမှာ လက်ရှိ အစိုးရ ဖုယားထိုင်း ပါတီကပဲ ထပ်ပြီးတော့ အနိုင်ရမယ်လို့ ပြောဆိုနေကြပါတယ်။ 

ထိုင်းနိုင်ငံရေး မတည်မငြိမ် ဖြစ်လာတာဟာ ပြည်ပမှာ တိမ်းရှောင်နေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ထိုင်းနိုင်ငံ ပြန်လာ နိုင်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကို ညီမတော် စပ်သူ ထိုင်းဝန်ကြီးချုပ် ယင့်လပ်က လွှတ်တော်ထဲမှာ အတည်ပြုခဲ့ရာကနေ စတင်ခဲ့တာပါ။

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ၂၀၀၆ ခုနှစ်က အာဏာ အလွဲသုံးစားလုပ်မှုနဲ့ အဂတိ လိုက်စား မှုတွေကြောင့် စွပ်စွဲခံ ရပြီး စစ်တပ်က အာဏာသိမ်းတာ ခံခဲ့ရပါတယ်။ 


သန်းထိုက်ဦး ~


ဆက်စပ်သတင်း


လိပ်ခဲတည်းလည်း ထိုင်းနိုင်ငံရေးအရွေ့ 








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved