တရုတ်ကြီးရဲ့ခွင်ဖြစ်တဲ့ အာရှဒေသကို အိုဘားမားကြီး ရောက်လာချိန်မှာ ပေါ်ထွက်လာတဲ့ ကာတွန်းတကွက်က ချစ်စရာ တကယ်ကောင်းနေပါတယ်။

.
cartoon: Stephff
.
အိုဘားမားကြီးရဲ့ အာရှပစိဖိတ်ဒေသ ၄ နိုင်ငံခရီးက တပတ် ကြာပါမယ်။ အခုတော့ သူ ဂျပန် ရောက်နေပါပြီ။ ဒါပြီးရင် တောင်ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်တို့ကို သွားပါမယ်။
ဒီ ၄ နိုင်ငံဟာ နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တရုတ်ကြီးနဲ့ အငြင်းပွားနေကြတာပါ။
တောင်တရုတ်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်ပြင်ထဲက ကျွန်းစုတချို့နဲ့ ပတ်သက်ပြီး တရုတ်နဲ့ သူပိုင်တယ် ငါပိုင်တယ် ငြင်းခုန် ရန်စောင်နေတာတော့ ကြာပါပြီ။
ဟိုတလောက ယူကရိန်းအရေးအခင်း ဖြစ်လာတော့လည်း ဒေသတွင်း စိုးရိမ်စရာတွေ ဖြစ်လာပါတယ်။
ဒီတော့ အိုဘားမားကြီး ခြေစကြာကြွချီလာခါနီးမှာ ဂျပန်ဝန်ကြီးချုပ်ဆီက အသံထွက်လာတာကတော့... ယူကရိန်းမှာ ဖြစ်ပျက်ခဲ့တာတွေအပြီး ပြောနိုင်တာကတော့ အခြေအနေကို ပြောင်းလဲဖို့ အင်အားသုံးတာကို လက်မခံနိုင်ဘူး ဆိုတာပါပဲ တဲ့။ ဒီအကြောင်း ဧရာဝတီပင်မစာမျက်နှာ http://www.irrawaddy.org/asia/asia-seeks-obamas-assurance-territorial-spats.html မှာ ဖော်ပြ
ခဲ့ပြီးပါပြီ။
နောက်သတင်းတပုဒ်မှာတော့ အိုဘားမားက ... တရုတ်နဲ့အငြင်းပွားနေတဲ့နယ်မြေအရေးကို အမေရိကန်က လျစ်လျူရှုထားလို့မရဘူးဆိုတဲ့သဘော ပြောလိုက်ကြောင်း ရေးထားပါတယ်။ အကျယ်ကို
http://www.irrawaddy.org/asia/obama-says-disputed-islands-within-scope-us-japan-security-treaty.html မှာ ဖတ်ပါ။
အဲဒီနယ်မြေဟာ ဂျပန်-အမေရိကန်တို့ပူးပေါင်းလုံခြုံရေးယူတဲ့နယ်မြေဖြစ်နေ ဆိုပဲ။
ဒါကြောင့်... အဲသလို လေသံပစ်ကြတဲ့အချိန်၊ ဒီဒေသကို အိုဘားမားကြီး ရောက်လာချိန်မှာ ပေါ်ထွက်လာတဲ့ ဒီကာတွန်းက ချစ်စရာ တကယ်ကောင်းနေပါတယ်။
.
0 comments :
Post a Comment