ပုဒ်မ ၄၃၆ ကို ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီက ပြင်ဆင်ဖို့ သဘောတူ

Friday, May 23, 2014

အခုတလော ၈၈ မျိုးဆက် ( ငြိမ်း/ ပွင့်) နဲ့ NLD ပါတီတို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး လှုပ် ရှားမှု တွေ အရှိန်မြင့်မားနေချိန်မှာပဲ လွှတ်တော်ထဲက အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီက သူတို့ဆွေးနွေး အပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး အခက်တွေ့နေတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်မယ်လို့ သဘောတူ လိုက်ကြပါပြီ။




ပုဒ်မ ၄၃၆ မှာ

အခြေခံဥပဒေပါ ပုဒ်မများကို ပြင်မယ် ဆိုရင် -
၁။  ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့  ၇၅% ကျော်က ပြင်ဆင်ရန် သဘောတူရမယ်
၂။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော်က ထောက်ခံရမယ်...


ဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေက  ပြဋ္ဌာန်းထားတာပါ။


အခု ၃၁ ဦး ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီက အခု ပုဒ်မ ၄၃၆ ပါ အချက်တွေဖြစ်တဲ့ လွတ်တော် ကိုယ်စား လှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှ ပြင်ဆင်နိုင်တဲ့ အချက်မှာ လွှတ်တော်ကိုယ်စားလှယ် ၃ ပုံ ၂ ပုံ က ထောက်ခံရင် ပြင်ဆင်နိုင်မယ်ဆိုပြီး သဘောတူခဲ့ကြပါတယ်။ 

 အဲဒီလို လွှတ်တော်က ပြင်ဆင်ဖို့ ထောက်ခံမှု ရပြီဆိုတာနဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကနေ ဆန္ဒမဲပေး ပိုင်ခွင့် ရှိသူအားလုံး ရဲ့ ၅၀ ရာခိုင်နှုန်းကျော်က ထောက်ခံရင် အတည်ဖြစ်မယ်ဆိုတဲ့ စကားရပ်အစား လူထုဆန္ဒခံယူပွဲမှာ လာရောက် မဲပေးသူ ၅၀ ရာခိုင်နှုန်းကျော်ရင် အတည်ဖြစ်တယ် ဆိုပြီး 
ပြောင်း လဲဖို့ သဘောတူကြပါတယ်။ 

အဲဒီလို ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ပြောင်းလဲပြင်ဆင်ဖို့ သဘောတူတွေ ရှိခဲ့ပေမယ့် အချိန်မရွေး စစ်တပ်က အာဏာ သိမ်းပိုင်ခွင့်ရှိတဲ့ အချက်ကိုတော့ ပြင်ဆင်ဖို့ သဘောမတူနိုင်ခဲ့ပါဘူး။ 

ဒါပေမယ့် အရင်တုန်းက စစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေ လက်မခံနိုင်ဖြစ်နေခဲ့တဲ့ ဖက်ဒရယ်ဆိုတဲ့ စကားလုံးထည့်သွင်းရေးကိုတော့ ၃၁ ဦး 
ကော်မတီက သဘော တူခဲ့တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာလည်း ဖော်ပြထားပါတယ်။

အခုလို လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဆိုင်ရာ အကောင် အထည်
ဖော်ရေး ၃၁ ဦးကော်မတီက ပြင်ဆင်ဖြည့်စွက်ရေး သဘောတူညီမှုရှိတာကို လွှတ်တော်ကို တင်သွင်းပြီး လွှတ်တော်ထဲက ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းကျော်က သဘောတူပြီဆိုရင် ဥပဒေကြမ်းဖြစ် လာနိုင်ပါ တယ်။ 

ဒါပေမယ့် ၃၁ ဦးကော်မတီက သဘောတူခဲ့သလောက်ကိုပဲ ပြင်ဆင်မှု တကယ်ဖြစ်လာပြီး ဥပဒေ အတည်
ဖြစ်လာဖို့ ဆိုတာကတော့ မသေချာသေးပါဘူး။ 










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved