~
ကျနော်တို့ မြန်မာပြည်မှာ civil engineer ဆိုရင် အဆောက်အဦး ဆောက်တဲ့ အင်ဂျင်နီယာ ကို ပြေးမြင်ကြတယ်။
UK မှာတော့ civil engineer ဆိုတာ အဆောက်အဦး ဆောက်တဲ့ structure နဲ့ building construction ပိုင်းကို သိပ် မဆိုလိုဘူး။
urban planning, transportation, drainage, surveying, geotechnical စတဲ့ အပိုင်းတွေ ကို civil & infrastructure engineering လို့ ပြောဆို ရည်ညွန်းပါတယ်။
အခု ရန်ကုန်မှာ လူတွေ ကြုံတွေ့ ခံစားနေရတဲ့ ကားကျပ်ခြင်း ဒုက္ခ၊ ရေလျှံခြင်း ဒုက္ခ၊ ဂျိုးဖြူပိုက် ကို အားကိုးရတဲ့ မြို့လည်ခေါင်ကလူတွေရဲ့ ရေမလာခြင်း ဒုက္ခ တွေဟာ civil engineering နဲ့ လုံးဝ သက်ဆိုင်တဲ့ ပြသနာတွေပါ။
ဒါပေမဲ့ civil engineer တွေ ဖြေရှင်းလို့ မရပါဘူး၊ ဘာကြောင့်လဲ ဆိုတော့ civil engineer တွေ အထက်မှာ စစ်ရေးအမြင် ရှိပြီး စွယ်စုံတတ်သိ အဘ တွေ က လမ်းတခြမ်းခင်း ပေါ်လစီတွေ၊ ဂွမ်ဖန် ပေါ်လစီ တွေနဲ့ ဘဲ လုပ်လေ့ရှိတယ်။
civil engineer တွေလည်း ဆိုပြီး ဝ မရှိဘဲ ဝိ မလုပ်နဲ့ ထုံး နှလုံးမူ ထားလိုက်ကြပါ လေရော။ ကြာတော့ အဲဒီ civil engineer တွေလဲ မသွေးဘဲ ထားတဲ့ ဓါးလိုဘဲ တုံးကုန်ကြပြန်တယ်။
Transportation management တို့၊ urban planning တို့ ဆိုတာက “တိုင်းပြည်က ဘာလုပ်ပေးမလဲ မမေးနဲ့ မင်း တိုင်းပြည်ကို ဘာလုပ်ပေးနိုင်လဲ ပြော ဆိုတာမျိုး” ပြောမရဘူး။
စည်ပင်ခွန် ပေးနေရုံတင် အားမရလို့ ကိုယ့် အိမ်ရှေ့ က မြောင်း ကို ကိုယ့်ဘာသာ ခါးထောင်းကြိုက်ပြီးထမင်းစားဖို့ အလုပ်မလုပ်ဘဲ နေ့တိုင်း ဆင်းဖော်နေအုံးတော့ အဲဒီ မြောင်းထဲက ရေ ဆက် စီး သွားဖို့က gravity flow လိုတယ် (mechanically လုပ်ဖို့ကတော့ ဝေးရော)။
တရပ်ကွက်လုံး ဝိုင်း ဖော်ဦးတော့ main pipe ရဲ့ capacity က နည်းနေရင်၊ level တွေ မှားနေရင် ဆင်းမှာ မဟုတ်ဘူး။ မြောင်းထဲ အမှိုက် မပြစ်နဲ့၊ တွေ့ကရာ အမှိုက်မချနဲ့ စတဲ့ အများပြည်သူ ပူးပေါင်း ပါဝင်ရမဲ့ အပိုင်းတွေ ရှိပေမဲ့ အကန့်အသတ် ရှိပါတယ်။ သူတို့ အမှိုက် ချရမဲ့ အမှိုက်ပုံး ရှိဖို့ လိုတယ်။ အဲဒီ အမှိုက်ပုံး ကို ပုံမှန် လာသိမ်းတဲ့သူ ရှိဖို့ လိုပါတယ်။
လူနေ သိပ်သည်း ထူထပ်တဲ့ မြို့လည်ခေါင်မှာ အိမ်သာတွေက ထွက်လာတဲ့ အညစ်အကြေးတွေ စနစ် တကျ စီးဆင်း မသွားနိုင်ဘူး ဆိုရင်၊ sanitation system မရှိဘဲ နယ်မြို့လေးတွေကလို အိမ်သာကျင်းတွေ တူးထားရတယ် ဆိုရင် အခုလို ရေ ဒူးခေါင်းလောက်ထိ တက်တာနဲ့ septic tank ထဲက အတုံးအတုံးလေးတွေ ရေထဲ မျောလာနိုင်တဲ့ အလားအလာ ရှိနေတယ်။
မြို့လည်ခေါင်မှာ drainage system ကောင်းကောင်း မရှိဘဲ၊ ဒီ ရေတွေ ဘယ် စီးမလဲ ဆိုတာ မိုးနတ်မင်းမှာ သိမယ် ဆိုရင်တော့ ရပ်ကွက်ထဲ ကူးစက်ရောဂါတွေပါ ဖြစ်လာနိုင်တဲ့ အန္တရာယ် က အကြီးကြီးပါ။
အဝီစီ တွင်း တူးပြီး သုံးနေတဲ့ သူတောင် တော်တော်မြင့်တဲ့ အမြင့်ထိ flooding ဖြစ်လာတော့ အဝီစိတွင်း ထဲ အဲဒီ ညစ်ညမ်းရေတွေ ဝင်သွားရင် သုံးရေရော၊ သောက်ရေရော စိတ်မချရပါဘူး။
ရန်ကုန် ရဲ့ underground drainage system က ဘယ်လောက် ထိ ယိုယွင်း ပျက်စီးနေပြီလဲ ဆိုတာ စိုးရိမ်စရာပါ။ မြို့သစ်တွေဆိုရင် drainage system ကို အထူးတလည်တောင် ထည့်စဉ်းစားထားတယ် မထင်မိဘူး။
Traffic ကျပ်တာကလဲ အဲလိုဘဲ။ နေ့တဓူဝ လူတွေ ခံစားနေရတာက မမြင်ချင် အဆုံး ဖြစ်နေပြီ။ လမ်းပေါ်မှာ အချိန်တွေကုန်၊ အလုပ်တွေ နောက်ကျ၊ တကယ်တမ်း စဉ်းစားရင် ဒါတွေက တိုင်းပြည် စီးပွားရေး ကိုပါ ထိခိုက်တဲ့ အထိပါ။
ကိုယ်လို ကားမောင်းတဲ့ သူတိုင်းက စည်းကမ်း လိုက်နာ ဦးတော့ transportation arrangement မှားနေရင် ပြသနာက တက်နေမှာဘဲ။ bus network ဘယ်လို လုပ်ထားလဲ၊ traffic light တွေ ဘယ်လို ပေးထားလဲ၊ လမ်းတွေရဲ့ traffic ကို ဘယ်လို ထား ထားလဲ။ road user တွေကို ဘယ်လို ထိမ်းကျောင်းမလဲ စတာတွေက marster plan လိုပါတယ်။ strategically management လိုပါတယ်။
အခု ရန်ကုန်မှာ traffic ရှောင်ချင်လို့ ကိုယ့်ကား နဲ့ကိုယ် သွားလဲ ဒီလမ်းဘဲ၊ taxi စီးလဲ ဒီလမ်းဘဲ၊ စပယ်ယာ က တင်တင်စီးစီး ဆဲဆဲဆိုဆို ပြောတာဆိုတာ ခံပါမယ် ဆိုပြီး ဘတ်စ်ကား စီးလဲ ဒီလမ်းဘဲ။ ကားကျပ်တာကို ဘယ်လို သွားရှောင်မလဲ။
နောက်ဆုံး ရှောင်ချင်ရင် မြို့ပါတ်ရထား စီးဖို့ဘဲ ရှိတယ်။ အခု လက်ရှိ မြို့ပါတ် ရထား ကရော ဘယ်လောက်ထိ reliable ဖြစ်နိုင်မလဲ။ ရထားက ဘယ် နှစ် နာရီ တစင်း လာပြီး ဘယ်နေရာ ရောက်သလဲ၊ ဟိုနား ပျက်နေသလား၊ ဒီရထား မထွက်တော့ဘူးလား ဆိုတာတွေ စောင့်လိုက်ရင် လျှာပေါ် မြက်ပေါက်သွားမယ်။
လူဦးရေ ၈သန်း လောက် ရှိလာမှတော့ mass transport system တခု လိုကို လိုနေပါပြီ။ အဲဒါတွေဟာ ပြည်သူတွေ ကိုယ့်အားကိုယ်ကို လုပ်မရပါဘူး။
Traffic ရှင်းဖို့ ဟိုနား တံတားထိုး၊ ဒီနား တံတားထိုး၊ မြို့ထဲမှာ ကားတွေကို အခွန်ကောက်မယ် ဆိုတာမျိုးလောက်နဲ့ မရ။ ဟိုပွိုင့်မှာ အဘ ကား ဖြတ်သွားတုံး မီးနီနေလို့ အဲဒီ ယာဉ်ထိန်း ဖြုတ်ပြစ်ကွာ ဆိုတာမျိုးက အဖြေ မဟုတ်။
နိုင်ငံရေး အမြတ်ထုတ်ချင်တဲ့ စကားလုံးတွေနဲ့ စင်္ကာပူ လို ဖြစ်အောင် ၄လ အတွင်း တံတား ၄စင်း အပြီး ထိုးမယ် ဆိုတဲ့ ပေါက်တတ်ကရ စကားတွေ မှန်လား မမှန်လား သိပ်မစောင့် ခဲ့ရပါဘူး။ ၄ လ ဘဲကြာပါတယ်။
ဒါကြောင့် strategically စဉ်းစားဖို့ လိုပါတယ်၊ ထိထိရောက်ရောက် ဖြစ်အောင် လုပ်ဖို့ လိုပါတယ်။ ခမည်းခမက် ကုမ္ပဏီ တွေ ဂွင်ဖန်လိုက်ကြ၊ သားတွေ သမီးတွေ ကုမ္ပဏီတွေက လုပ်လို့ ရမဲ့ ရိုက်စား ဂွင် ဖန်လိုက်ကြ နဲ့တော့ အဆင်မပြေလှဘူး။
အရင် မြို့တော်ဝန် အဘ လို ရေလျှံတာကတော့ နှစ်စဉ် နှစ်တိုင်း ရေကြီးနေကျဘဲ၊ ကျုပ်ကတော့ ဘာမှ မတတ်နိုင်ဘူး ဆိုတာမျိုး ခေါင်းရှောင် စကား ပြောတဲ့သူမျိုး ဆိုလို့ကတော့ မြို့တော်ဝန် တောင် မလုပ်သင့် ခဲ့တဲ့သူပေါ့။
အဲဒါကြောင့် နောက်ဆုံး အနေနဲ့ ပွားချင်တာကတော့ နောက် ၅ နှစ် နဲ့ ၁၀ နှစ် အတွင်းမှာ Civil Engineering ဘယ်လောက် အရေးပါတယ် ဆိုတာ ရန်ကုန် မြို့ သူ မြို့သား များက ကိုယ်တွေ့ ခံစားပြီး ပြောပြ ကြပါလိမ့်မယ်လို့...
Ko Min ZawKo Min Zaw ရဲ့ https://www.facebook.com/kominzaw/posts/10152356616264823 စာမျက်နှာကနေ ကူးယူပါတယ်
"ခမည်းခမက် ကုမ္ပဏီ တွေ ဂွင်ဖန်လိုက်ကြ၊ သားတွေ သမီးတွေ ကုမ္ပဏီတွေက လုပ်လို့ ရမဲ့ ရိုက်စား ဂွင် ဖန်လိုက်ကြ နဲ့တော့ အဆင်မပြေလှဘူး..."

- ဆက်စပ်
http://blog.irrawaddy.org/2014/06/blog-post_1692.html
.
0 comments :
Post a Comment