ပုဒ်မ ၄၃၆ ပြင်ဆင်ရေး စစ်ကိုင်းတိုင်း၊ တမူးမြို့ လူထုဟောပြောပွဲ

Tuesday, July 15, 2014

 ~


 


  
၈၈ ငြိမ်း/ပွင့် အဖွဲ့ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတဲ့ ဓာတ်ပုံများနဲ့သတင်းကို ကူးယူ ဖော်ပြလိုက်ပါတယ်။



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ ပူးပေါင်းပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ယနေ့ ဇူလိုင်လ ၁၃ ရက် (တနင်္ဂနွေနေ့) ညနေ ၇း ၁၅ နာရီက စစ်ကိုင်းတိုင်း၊ တမူးမြို၊့  ဧပရယ်မွန်ခန်းမ တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားမှူးအဖြစ် ၈၈မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုကိုလှိုင် က ဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ တမူး ဒေသခံ ၁၅၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပထမဦးစွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်
အမှုဆောင်အဖွဲ့ဝင် ဥပဒေပညာရှင် ဦးထွန်းထွန်းဟိန်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဖွင့်ဆိုရှင်းပြပြီး ထို ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဘယ်ကြောင့် ပြင်ဆင်သင့်ကြောင်း ရှင်းလင်းဟောပြောသွားခဲ့သည်။


ထို့နောက် ၈၈မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ မင်းကိုနိုင်က ပုဒ်မ ၄၃၆ ၏ အဓိပ္ပာယ်ကို ရှင်းလင်းပြောကြားပြီး အဘယ်ကြောင့် ပြင်ဆင်သင့်ကြောင်းကို ဟောပြောသွားခဲ့သည်။

နောက်ဆုံးအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦးက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ် လက်မှတ်ရေးထိုးရန် လိုအပ်သည့်အချက်အလက်များနှင့် နည်းလမ်းများကို ရှင်းလင်းပြောကြားသွားခဲ့သည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး စစ်ကိုင်းတိုင်း၊ တမူးမြို့ လူထုဟောပြောပွဲ အခမ်းအနားကို ည၁၀း ၃၀ နာရီတွင် ရုတ်သိမ်းခဲ့ကြသည်။

 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved