အထူးကု ဆေးခန်းက မှောင်ခိုတိုကင်

Tuesday, September 2, 2014

  ဖေ့စ်ဘုတ်ပေါ်မှာ ပျံ့နေတဲ့ ရင်မောဖွယ် ပို့စ်တခုပါ။ ရန်ကုန်က နာမည်ကြီးအထူးကု ဆေးခန်းမှာ ဆေးကု ဖို့ သွားရင်း အထူးကု သမားတော်နဲ့ တွေ့ဖို့ အတွက် တိုကင် သွားယူတယ်တဲ့။ အဲဒီမှာ တိုကင် ကုန်သွား တယ် ဆိုတယ်။ တိုကင်ဆိုတာ Queue number system အရ ထုတ်ပေးတဲ့ နံပတ်ပြား တခုပါ။




အထူးကု ဆရာဝန်ကြီးက တနေ့တာအတွင်း သူတွေ့မယ့် လူနာအရေအတွက်ကို ကန့်သတ်တဲ့အနေနဲ့ တိုကင် စနစ် ( Queue number system ) ရှိပုံရပါတယ်။ 

တိုကင်က ကုန်သွားတယ်ဆိုတော့ ဆေးကုဖို့သွားတဲ့လူလည်း အခက်တွေ့သွားတယ်၊  ဒါနဲ့ သူနာပြု အမျိုးသမီးတဦးက ဆေးခန်းထွက်ပေါက် ကွမ်းယာဆိုင်မှာ တိုကင်ရောင်းတယ်လို့ အသိပေးသတဲ့။ တိုကင် တခုကို ကျပ် ၅၀၀၀ နဲ့ ရောင်းနေပါသတဲ့။ 

သူကတော့ ဆေးခန်းနာမည်နဲ့တကွ သမားတော်နာမည်ပါ ဖော်ပြပြီး သူ့ကိုယ်တွေ့ကို ရေးထားတာပါ။ 

ကျန်းမာရေး ကိစ္စအတွက် အထူးကု ဆေးခန်းမှာတောင် အထူးကု ဆရာဝန်နဲ့ တွေ့ဖို့ တိုကင် မှောင်ခို ရှိနေတဲ့ သဘောပါ။ 

ဒါဟာ တကယ့်အရေးပေါ် ကျန်းမာရေးအခြေအနေရင်ဆိုင်နေရသူတွေအတွက် တကယ်ပဲ ကြောက် စရာ ကောင်းတဲ့ အခြေဆိုက်နေတယ်လို့ ပြောရမယ်ထင်ပါတယ်။ 

ဒါမျိုးကို ကျန်းမာရေး ၀န်ကြီးဌာနအပါအ၀င် အစိုးရကလည်း စုံစမ်းစစ်ဆေးဖို့ လိုပြီလို့ မှတ်ချက်ပေး သူတွေကလည်း ရေးထားတာတွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ရုပ်ရှင်ရုံလက်မှတ်လည်း မှောင်ခို၊ ဂီတပွဲတော် လက်မှတ်လည်း မှောင်ခိုစတဲ့ အပျော်အပါး ကိစ္စတွေမှာ မှောင်ခို လက်မှတ်က ခေတ်စားတာ မဟုတ်ပဲ အခုလို ကျန်းမာရေး ကိစ္စမှာပါ မှောင်ခို ကိစ္စက ဖြစ်လာတယ်ဆိုတော့ မဖြစ်သင့်ပါဘူးလို့ ဆိုရပါမယ်။ 


အိမ့်သံစဉ် ~ 












4 comments :

  1. Anonymous said... :

    SSCဆေးရုံများဖြစ်နေမလားပဲ

  1. စွတ်ဖဲ့ said... :

    မန္တလေးမြို့ က နာမည်ကြီးအထူးကုဆေးရုံ ဖြစ်တဲ့ royal rose မှာ မြန်မာနိုင်ငံသားမဟုတ်တဲ့ မြန်မာဘာသာစကား မတတ်တဲ့ တရုတ်လူမျိုး (ဆရာဝန် အတုလို့ ယူဆရတဲ့ ) သူတွေ ဝင်ပြီး လိမ်ညာကုသ နေတာ ဟိုတစ်နေ့က facebook ပေါ်မှာ ဆရာဝန်အများအပြား share နေကြတာ တွေ့ ရတယ်
    အဲဒီကိစ္စလဲ ဖော်ထုတ်ပြီး တပြည်လုံးသိအောင် လုပ်ပါဦး

  1. Anonymous said... :

    မှန်ပါ့၊

  1. Anonymous said... :

    ကျမ်းမာရေးဝန်ကြီးဘယ်လိုလုပ်မလဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved