ပေးစာ - ဆေးရုံဆောက်လုပ်ရေးကြောင့် လမ်းပျက်

Sunday, October 24, 2010





သို့
Irrawaddy
ကျွန်တော်တို့သည် မဥက္ကလာပ (င) ရပ်ကွက် ဆောက်လုပ်ရေး ယန္တရားဝင်းတွင် နေထိုင်ကြသော ရပ်ကွက်နေပြည်သူများ ဖြစ်ပါသည်။ ကျွန်တော်တို့ ရပ်ကွက်မှာ မယ်လမုဘုရားနှင့် ကပ်လျှက်ရှိပါသည်။ ကျွန်တော်တို့ရပ်ကွက်မှ သုဓမ္မာလမ်းမသို့ အများပြည်သူ အသုံးပြုလျှက်ရှိသော (၂၅) ပေအကျယ်အဝန်းရှိ ရပ်ကွက်သို့ အဝင်အထွက်လမ်းမ တခုရှိပါသည်။ ၎င်းလမ်းမကြီးမှာ ယခင်က အများပြည်သူ စိတ်ချမ်းမြေ့စွာ အသုံးပြုနေသော လမ်းတလမ်းဖြစ်ပါသည်။

ယခုအခါ လမ်းထိပ်တွင် OSC ဆေးရုံကြီး ဖွင့်လှစ်ပြီး ခြောက်ထပ်အဆောက်အဦးများ ထပ်မံဆောက်လုပ်လျှပ်ရှိ၍ ၎င်းလုပ်ငန်းခွင်သို့ ကားကြီးများ ဝင်ထွက်သွားလာပြီး စည်းကမ်းမဲ့ရေများ အသုံးပြု၍ လမ်းပေါ်တွင် ရေများအမြဲဝပ်နေပါသဖြင့် ယခုလမ်းမှာ လုံးဝအသုံးပြု၍မရအောင် အခြေအနေဆိုးနေပါသည်။

ကျွန်တော်တို့ရပ်ကွက်နေပြည်သူများ သွားလာရန်အတွက် များစွာအခက်အခဲ ဖြစ်နေပါသည်။
OSC ဆေးခန်းသို့ လမ်များပြုပြင်ရန် အကြောင်းကြားသော်လည်း လုံးဝဂရုမစိုက်ဘဲ စည်းကမ်းမဲ့စွာ ဆောက်လုပ်ရေးလုပ်ငန်းများကိုသာ ဆက်လက်လုပ်ကိုင်လျှက်ရှိပါသည်။

၎င်း OSC ဆေးခန်းမှပိုင်ရှင်များမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များဖြစ်သော ဦးအောင်မင်း၊ ဦးအောင်မြင့်နှင့်် အိုးအိမ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဝင်းတို့ဖြစ်သည်ဟုစုံစမ်းသိရှိရပါသည်။ ၎င်း OSC ဆေးရုံ၏ မြေမှာ နိုင်ငံတော်မှပိုင်သောမြေ ဖြစ်ပါသည်။ သိန်းတစ်သောင်းခန့်တန်သော နိုင်ငံပိုင်မြေကို ညွန်ချုပ်ဦးအောင်းဝင်းမှ လုပ်ပိုင်ခွင့်ရှိသော အခွင့်အာဏာကို အလွဲသုံးစားပြုလုပ်၍ သိန်းနှစ်ရာကျော်မျှနှင့်သာ ဝယ်ယူပြီး ၎င်း OSC ဆေးခန်းကိုဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ထို့အပြင် ၎င်း OSC ဆေးရုံနောက်နှင့် ဆက်စပ်လျှက်ရှိသော ကျွန်တော်များ ဆောက်လုပ်ရေးဝန်ကြီးဌာန ယန္တရားဝန်ထမ်များ သက်သာချောင်ချိရေးငါးမွေးကန်များကိုလည်း အိုးအိမ်ဦးစီးဌာနညွန်ကြားရေးမှူး၏ လုပ်ပိုင်ခွင့်များနှင့် သိမ်းယူကာ မြေဖို့ခြံခတ်ခြင်းများ ခံခဲ့ရပါသည်။

သို့ပါ၍ ကျွန်တော်တို့ရပ်ကွက် အသုံးပြုနေသောလမ်းကို အမြန်ဆုံးပြုပြင်ပေးပါရန်နှင့် အဂတိလိုက်စားသူများကို သက်ဆိုင်ရာများမှ လိုအပ်သလို အရေးယူပေးပါရန် Irrawaddy မှတဆင့် တင်ပြလိုက်ရပါသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved