နော်ဝေ လူ့အခွင့်အရေးဆုရတဲ့ ချင်း တက်ကြွလှုပ်ရှားသူ

Saturday, October 9, 2010



နော်ဝေက လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Norwegian Mission to the East (NMTE) ရဲ့ စိန့် စတီဖင် ဆု (St. Stephen Prize) ဆုကို ချင်းတိုင်းရင်းသား၊ လူ့အခွင့်အရေး လှုပ်ရှားသူ Victor Biak Lian က ရရှိကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့်၊ အမျိုးသား ရင်ကြားစေ့ရေးနဲ့ လူ့အခွင့်အရေးတွေအတွက် ထူးထူးခြားခြား ဆောင်ရွက်မှုကြောင့် ဆုချီးမြှင့်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၄၅ နှစ်အရွယ်ရှိ Victor Biak Lian ဟာ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာ ၂၂ နှစ်ရှိပြီဖြစ်ကြောင်း၊ ၁၉၈၈ အရေးအခင်းမှာ ကျောင်းသား လှုပ်ရှားသူတဦးအဖြစ်ပါခဲ့ကြောင်း၊ နောက်ပိုင်းမှာ အိန္ဒိယကို ထွက်ပြေးခဲ့ရကြောင်း Chinland Guardian သတင်းမှာ ဖော်ပြထားပါတယ်။

“ကျနော့်ရဲ့ လှုပ်ရှားမှုဟာ ၁၉၈၈ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမပေါ်က စခဲ့တာပါ။ နောက်ပိုင်းမှာ တောထဲရောက်ပြီး ပြောက်ကျားစစ်သားဖြစ်ခဲ့ပါတယ်။ အခုတော့ လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေပါတယ်။ တက်ကြွလှုပ်ရှားသူအဖြစ် ကိုယ့်ကိုယ်ကိုယ် ခံယူထားပြီး စစ်အစိုးရကို ဆက်လက် တိုက်ပွဲ ဝင်သွားမယ်” လို့ Victor Biak Lian က ပြောထားပါတယ်။

(ဓာတ်ပုံ Chinland Guardian)

1 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved