မျိုးကြီးလည်း ပေါ်လစီသီချင်း ဆိုပြီ
Wednesday, October 20, 2010
လူငယ်တွေ အသည်းစွဲ ရော့ခ် အဆိုတော် မျိုးကြီး တယောက် အကျိုးပြုသီချင်ဆိုနေပြီလို့ သိရပါတယ်။
စစ်အစိုးရရဲ့ ရုပ်သံမီဒီယာဖြစ်တဲ့ မြ၀တီ၊ မြန်မာ့ရုပ်မြင်သံကြားနှစ်လိုင်းလုံးကနေ အဆိုတော် မျိုးကြီးရဲ့ ငါတို့ရဲ့ ခွန်အား အကျိုးပြုသီချင်းကို မနေ့ညက ၁၀ နာရီ ၀န်းကျင် ကိုရီးယားဇာတ်လမ်းတွဲတွေမလာခင်မှာ လွှင့်သွားပါတယ်။
ဒီအကျိုးပြုသီချင်းကို နာမည်ကြီး တေးရေးဆရာ လင်းလင်းက ရေးစပ်ပေးထားတာလို့ သိရပါတယ်။
“နိုင်ငံတော်သစ်ကြီးဆီ သွားမယ် ဆိုတဲ့ စာသားတွေ ပါပြီး ရွေးကောက်ပွဲကို ထောက်ခံတဲ့ သီချင်းပုံစံမျိုး။ နာမည်ကြီး အဆိုတော်ရယ်၊ နာမည်ကြီး တေးရေးရယ် သုံးထားတော့ လူစိတ်ဝင်စားမယ်ဆိုတာ သိတယ်လေ။ သီချင်းပုံစံက Slow Rock အမျိုးအစား ” လို့ အမည်မဖော်လိုတဲ့ သတင်းထောက် တဦးက ပြောပြပါတယ်။
ကိုရီးယားဇာတ်လမ်းတွဲတွေ မလာခင်မှာ လူကြည့်များတဲ့ အချိန်ကိုရွေးပြသွားပြီး နာမည်ကြီးအဆိုတော်နဲ့ ဆိုထားတာ ဖြစ်လို့ ပြသချိန်မှာ လူတော်တော်များများစိတ်ဝင်စားကြတယ်လို့ သိရပါတယ်။
ယမန်နေ့ည ၈ နာရီ မထိုးခင်မှာ ပုံမှန်ပြသနေကြ ကိုးရီးယားဇာတ်လမ်းတွဲ ၃ ပိုင်းကို ၂ ပိုင်းပဲ ပြသခဲ့ပြီး ကျန်တဲ့ အချိန်မှာ နယ်ခြား စောင့်တပ်နဲ့ အင်တာဗျုးကို ပြသခဲ့ပါတယ်။
“ ကိုးရီးယားဇာတ်ကားကြည့်ချင်လို့ စောင့်ရတာ တော်တော်စိတ်ပျက်ဖို့ ကောင်းတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သီချင်း တွေကို ထပ်ခါတလဲလဲလာနေတာ။ ရေးပြီး အဆိုတော်သစ်တွေ ပန်ဆုပြည့်ကျော်၊ ပန်းအိဖြူ၊ သာထက်ပိုင်၊ ဘုန်းခန့် အများ ကြီးပါတဲ့ ရွေးကောက်ပွဲ သီချင်းကလည်း ခဏခဏပြတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ထောက်ခံတုန်းက မင်း ၁၈ နှစ်ပြည့် ပြီးပြီ လား သီချင်း ရေးပေးခဲ့တဲ့အဆိုတော် ကိုင်ဇာက ခု၂၀၁၀ ရွေးကောက်ပွဲ သီချင်းကိုလည်း ကိုယ်ပိုင်သံစဉ်ရှာပြီး ရေးထား တာလို့ပြောတယ် ” လို့ အဆိုပါ သတင်းထောက် က ဆက်ပြောသည်။
ပြည်တွင်းက ပရိတ်သတ်တွေလဲ မျိုးကြီးရဲ့ ငါတို့ရဲ့ခွန်အား သီချင်းလေးကို စောင့်ကြည့်ပြီး ထင်မြင်ချက်တွေ ပေးကြပါဦး။
နရီလင်းလက်
107 comments :
  1. Anonymous said... :
    hi myo gyi, why you sing that policy song? finally you can't resist it?
    it will have some effects to you. Aren't you afraid? I don't want you to sing that kind of song.
  1. Anonymous said... :
    Yes,why he do like this?
    I think myo gyi want to take some chance from myanmar goverment.It's too bad for his future & history.
  1. Anonymous said... :
    သွားပြီ ... ကျဆုံးခန်းကိုရောက်ပြီ .... ဒါကြောင့်ထင်တယ် ... သူ့နောက်ဆုံးခွေ ယူလိုက် ခွေကို ဘယ်လိုမှနားထဲမဝင်ဘူး ဖြစ်နေတယ်။ အရင်ကဆို တခေါက်နားထောင်လိုက်တာနဲ့ ဘယ်သီချင်ကြိုက်တယ် မကြိုက်ဘူး တန်းပြောနိုင်တယ်၊ ခုတော့ တပုဒ်မှကို မကြိုက်တာ ။ ဘိုင်ဘိုင် ..မျိုးကြီးရေ ...
  1. Unknown said... :
    မျိုးကြီးဟာ ကျနော် အရမ်းကြိုက်တဲ့အဆိုတော် တစ်ယောက်ပါ။ ဘာလို့ ဒီသီချင်းကို ဆိုရတာလဲ ဗျား။
  1. Unknown said... :
    လုပ်ရက်လိုက်တာ ကိုမျိုးကြီးရယ်။ ငါတို့ကတော့ အားပေးလိုက်ရတာ IC ကဘယ်တုန်းကမှ ပေါ်လစီသီချင်းမဆိုဘူးဆိုပြီးတော့။ ဘာကြောင့်ဆိုတယ်ဆိုတာကို သိချင်တယ်။ သူနဲ့အင်တာဗျူးကို နားစွင့်နေမယ်။ အကယ်လို့ အင်တာဗျူးမပေးဘူးဆိုရင်တော့ မျိုးကြီးကိုလည်း နှုတ်ဆက်ရတော့မှာပဲ ။ တခါတည်း သတိပေးလိုက်မယ် နော်နော်ရင် ပေါ်လစီသီချင်းမဆိုပါနဲ့ဗျာ ။ မင်းရဲ့ ထာဝရပရိတ်သတ်အဖြစ်ပဲ ဆက်ရှိချင်တယ်။
  1. Anonymous said... :
    ဟဟ ဒီလိုပဲဖြစ်ရမယ်....နအဖ ကိုဆန့်ကျင်ရင် ဆိုးနေတဲ့သူလည်း အလိုလိုကောင်းသွား ညံ့နေတဲ့သူလည်း အလိုလိုတော်သွား ...ဟုတ်တော့ ဟုတ်နေတာပဲ...ပြည်ပမှာ အင်တာနက်သုံးနေတဲ့သူက ဘယ်လိုလုပ်ပြီး အဆိုတော်တွေရဲ့ သီချင်းခွေတွေကို ၀ယ်ပြီးနားထောင်တာရှိလို့တုန်း...
    ခက်တော့ခက်ပါရဲ့ သီချင်းလေးတစ်ပုဒ် ရုပ်မြင်သံကြားမှာဆိုလိုက်တာနဲ့ နအဖ အောက်ဆွဲ လက်ကိုင်ဒုတ် အကျိုးလိုချင်လို့ တို့ စုံနေတာပါ ပြောလိုက်ကြတာ...တစ်နေ့တစ်ခြား ဒီမိုတွေကို လူမုန်းများလာပြီဆိုတာ သတိထားမိကြရဲ့လား...နအဖ ကိုမုန်းနေတာက ဒီမိုတွေကို ပိုမုန်းတဲ့ပုံစံဖြစ်နေပြီ...နအဖ မကောင်းတာ သူ့ကိုမုန်းတာက လူတစ်ယောက်ချင်းစီကို တိုက်ရိုက်မခံစားရဘူး...ဒီမိုတွေက ဝေဖန် ကဲရဲ့လိုက်တာက အနုပညာသမားတွေကို တိုက်ရိုကိထိခိုက်စေတယ်...ဒီတော့ နောက်ဆုံးတော့ လူတွေက မကောင်းပါဘူးဆိုတဲ့ နအဖ ဘက်ကိုယိမ်းသွားကုန်ကြတော့တာပါပဲ...
  1. Anonymous said... :
    သီချင်းလေး တစ်ပုဒ်ဆိုမိတာနဲ့ မျိုးကြီး ဘ၀ပျက်လောက်အောင်လဲ ဝေဖန်မနေ ကြပါနဲ့။
    သိပ်အစွန်းမရောက်ကြပါနဲ့။ အခုချိန်ထိ ပေါ်လစီသီချင်းမဆိုပဲ ထိန်းထားတာတော့
    လေးဖြူ နဲ့ အငဲ ၂ ယောက်ပဲ ကျန်တော့တယ် ထင်ပါတယ်။
  1. Anonymous said... :
    မျိုးကြီးဟာ နဂိုကတည်းက နအဖစစ်ဗိုလ်တဦးရဲ့ သားဆိုတာ သိသိကြီးနဲ့ အ၀င်ခံခဲ့တဲ့ အိုင်စီရဲ့ အားနည်းချက်အပြစ်ပါပဲ။တကယ့် မိုးထဲရေထဲမှာ မျိုးကြီးလည်း ဘာသားနဲ့ထုထားတာမို့လို့လဲ။ဒီပုတ်ထဲက ဒီပဲ။မျိုးကြီးလည်း ဖြိုးကြီးအဖေလို ပေါ်လစီဆိုတာ ဆန်းသလား။မကျေနပ်ရင် ၀ိုင်းပယ်လိုက်ကြ။
  1. Anonymous said... :
    ဟဟ ဒီလိုပဲဖြစ်ရမယ်....နအဖ ကိုဆန့်ကျင်ရင် ဆိုးနေတဲ့သူလည်း အလိုလိုကောင်းသွား ညံ့နေတဲ့သူလည်း အလိုလိုတော်သွား ...ဟုတ်တော့ ဟုတ်နေတာပဲ...ပြည်ပမှာ အင်တာနက်သုံးနေတဲ့သူက ဘယ်လိုလုပ်ပြီး အဆိုတော်တွေရဲ့ သီချင်းခွေတွေကို ၀ယ်ပြီးနားထောင်တာရှိလို့တုန်း...
    ခက်တော့ခက်ပါရဲ့ သီချင်းလေးတစ်ပုဒ် ရုပ်မြင်သံကြားမှာဆိုလိုက်တာနဲ့ နအဖ အောက်ဆွဲ လက်ကိုင်ဒုတ် အကျိုးလိုချင်လို့ တို့ စုံနေတာပါ ပြောလိုက်ကြတာ...တစ်နေ့တစ်ခြား ဒီမိုတွေကို လူမုန်းများလာပြီဆိုတာ သတိထားမိကြရဲ့လား...နအဖ ကိုမုန်းနေတာက ဒီမိုတွေကို ပိုမုန်းတဲ့ပုံစံဖြစ်နေပြီ...နအဖ မကောင်းတာ သူ့ကိုမုန်းတာက လူတစ်ယောက်ချင်းစီကို တိုက်ရိုက်မခံစားရဘူး...ဒီမိုတွေက ဝေဖန် ကဲရဲ့လိုက်တာက အနုပညာသမားတွေကို တိုက်ရိုကိထိခိုက်စေတယ်...ဒီတော့ နောက်ဆုံးတော့ လူတွေက မကောင်းပါဘူးဆိုတဲ့ နအဖ ဘက်ကိုယိမ်းသွားကုန်ကြတော့တာပါပဲ...
    Lee pae ma aye looooo, nout lite DOG
  1. Anonymous said... :
    တိုင်ပြည်အတွက် လိုအပ်ရင် ဝေဖန်ရမယ်။ ပြောရမယ်။ ခြေမကောင်းခြေမ၊ လက်မ မကောင်းလက်မ။ အနုပညာရှင်တစ်ဦးက ဖောက်ရင် ဖောက်တဲ့ အနုပညာရှင်ဖြစ်စေ၊ စစ်သားအရေခြုံ ခြုံထားတဲ့ စစ်ဘီးလူး ဖြစ်စေ၊ ဘုန်းကြီးအတု ဖြစ်စေ၊ ကျောင်းသားအမည်ခံ ဖြစ်စေ မကောင်းသူ ကို မကောင်းဘူး ဆိုတာနဲ့ တပြိုင်တည်း ပြောကြ ဆိုကြ ဝေဖန်ကြတာကို ဗမာပြည် သူတွေ အားလုံး လက်ခံပါတယ်။။ နောက်လည်း ဒီလို ဖောက်ပြန်ရေး အနုပညာရှင်တွေ စစ်သားအရေခြုံ တွေ ပေါလာမှာပါ။။ လူထုကို ဖျက်လို ဖျက်ဆီ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေကို သွေးခွဲဖို စစ်ဝါဒီ တွေ နည်းမျိုးစုံ သုံး ရန်တိုက်ပေးနေတာ တို့ ပြည်သူတွေ အားလုံးသိတယ်။ ပြည်သူဘက်မှာ ရပ်တည်ရင် ပြည်သူ အနုပညာရှင်ဖြစ်မယ်။ စစ်အစိုးရ လက်ကိုင်တုတ် နောက်လိုက် လုပ်ရင် စစ်အစိုးရနောက်လိုက် အနုပညာရှင် ဖြစ်မယ်။
  1. Unknown said... :
    နောက်ဆုံးတော့ မျိုးကြီးလဲ ၀ိုင်းစုနောက်လိုက်မှာပါဗျာ...။
    မျိုးကြီးရေ...ဘိုင့်ဘိုင်.......။
  1. Anonymous said... :
    ကိုမျိုး ပထမဦးစွာပြောပါရစေ ။ တစ်ခုခုဆုံးရှုံးသွားသလိုပါပဲ ။ စိတ်မကောင်းဘူးဗျာ ။ အချိန်မှီသေးတယ်လို့ထင်ရင်တော့ ကျွန်တော်တို့ပြည်သူတွေရဲ့ တန်ဖိုးထားမှုကိုပြန်ယူစေချင်ပါတယ် ။ နောက်ဆုံးဗျာ ဘယ်သူ့ဘက်ပဲဖြစ်ဖြစ်ပေါ့ ။ ကျွန်တော်အကြံပေးချင်တာက အနုပညာကိုတန်ဖိုးထားတဲ့လူဆိုတာဟာ ဘယ်လိုနည်းနည်းနဲ့မှ မိမိရဲ့အနုပညာကို ဘာနဲ့မှမရောနှောမဆက်နွယ်စေချင်ပါဘူး ။ ဒီလောက်ပါပဲ ။
  1. Anonymous said... :
    ဗိုင့် ဗိုင်ပဲ မျိုးကြီးရေးးးးးးးးးးးးး
  1. mu2ng said... :
    ဟွန်းးးမျိုးကြီးတစ်ယောက်လုပ်ချလိုက်ပြန်ပြီးးးးဘာလဲ မင်းသားကြီး လွင်းမျိုးကို အာကျတာများလာမသိပေါင်။ဒီပုပ်နဲ. ဒီပဲနဲ.....အိုးးကိုယိုကာယာ.....ဟိုမှာလည်းပါ ဒီမှာလည်းပါ။ဒီဘ၀တော.ဒီမျှဘဲပေါ.နော်။
  1. Thuta said... :
    ဆန့်ကျင်ကြပါလေ..
    မလွန်ဆန်နိုင်လို့.. ကိုယ်တိုင်စိတ်ပါလို့.. တမင်သက်သက်.. မရည်ရွယ်ပဲ.. ဘာနည်းနဲ့ဖြစ်ဖြစ် ခုလိုမျိုး..
    ဒီရွေးကောက်ပွဲကို အနုပညာနဲ့ ထောက်ပံ့တဲ့ အနုပညာသည်တွေကိုလဲ ခင်ဗျားတို့ ပုတ်ခတ်ရှုတ်ချ.. ဆန့်ကျင်ကြပါလေ..
    ဒီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူတွေကိုလဲ ခင်ဗျားတို့ ပုတ်ခတ်ရှုတ်ချ ဆန့်ကျင်ကြပါလေ...
    ဒီရွေးကောက်ပွဲမှာ မဲထည့်ကြမဲ့ ပြည်သူတွေကိုလဲ ခင်ဗျားတို့ ခင်ဗျားတို့ ပုတ်ခတ်ရှုတ်ချ ဆန့်ကျင်ကြပါလေ...
    နောက်ဆုံး ဒီရွေးကောက်ပွဲကြီးရဲ့ ရလဒ်နဲ့ ဆက်သွားတော့မဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံကိုလဲ ခင်ဗျားတို့ ပုတ်ခတ်ရှုတ်ချ ဆန့်ကျင်ကြပီး တသက်လုံး ပြန်မလာကြပါတော့နဲ့ လို့တောင် ခပ်နာနာ တွေးမိပါတယ်ဗျာ..
    လုပ်ပိုင်ခွင့်မရှိလို့ ကျဉ်းထဲကျပ်ထဲက လူတွေကို ထိုင်အပစ်တင် ရှုတ်ချဖို့ ကိုယ့်လိပ်ပြာ ကိုယ်လုံကြရဲ့လား.. ကိုယ်ကိုယ်တိုင်ကရော ကျဉ်းကျပ်ထဲရောက်ရင် နိုင်ငံကို စွန့်ပီး ထွက်ပြေးလာဖို့တောင် ၀န်မလေးတဲ့လူလား.. တနေ့တကြိမ် မှန်ကြည့်ပီး အရင်ရှုတ်ချကြပါဦးလေ...
    မျိုးကြီးဟာ တကယ့်ကို စိတ်ပါလက်ပါ ၀င်ဆိုတယ်ဆိုရင်တောင် လူတိုင်းဟာ သူ့ကိုယ်ပိုင်စိတ်နဲ့ လွတ်လပ်စွာ ယုံကြည့်ခွင့်ရှိတယ်ဆိုတဲ့ ဒီမိုကရေစီဆိုတာကို ယုံတဲ့ကျွန်တော်.. သူ့အနုပညာကို အားပေးမှုမှာ တစ်စက်တောင် လျော့သွားမှာ မဟုတ်ပါဘူးလေ..
  1. ကျော်ထင် said... :
    နဂိုကတည်းကမကြိုက်တာနဲ့ အတော်ဘဲ နားမထောင်တော့ဘူး
  1. Anonymous said... :
    please let me compare about this(for all the oversea people in mynmar) , we will post and look down about actor,actress singer was supporting this stupid government, because they sing the politic song & act in the movie and support the government but them among those peoples who's look down on them please ask yourself "did i never ever support this myanmar government before ???" specially those peoples working in oversea these people are most valuable supporter for myanmar government because they support 10% from their income to this myanmar government , so before u look down to other peoples ask yourself first, and if you really love our country and if u really looking forward for our country please stop paying income tax(all those income tax money are killing the peoples in the country) ......... in the end all these peoples are love them self only you all only care about you and your family so please stop it this ......... to all political peoples please do your job if you take your self that u a political person, and please please pleas don't used those donation money or supporting money for you and your families(most of them got more than 1 family)
  1. Anonymous said... :
    I'm so sick of you all. Do you really expect all the celebrities like Lwin Moe or Myo Gyi to resit this Government? No way, you all. What would you do if the government tell you to do the same thing. May be you'll say like "Never. I would never do such thing.". Of course, you'll say that because this is Internet and no one really know who you are.
    You may be a perfect one. You do only good thing and you were never involved in anything bad morally, ethically etc.
    But, anything could happen to anyone in Myanmar. You can't play with this government. This is not a poker.
    You lose, you're gone. You're history.
  1. Anonymous said... :
    comments တွေဖတ်ရတာ တော်တော် ကောင်းပါတယ်... တော်တော်များများဟာ ပေါ်လစီသီချင်းဆိုတာကို မကြိုက်ကြပါဘူး တစ်ချို့တစ်လေပဲ မျိုးကြီးဘက်ကရှိကြတယ်.. ကိုယ်ကိုင်တိုင်လဲ မျိုးကြီးကို အရမ်းကြိုက်ပါတယ်..
    ဒါပေမဲ့ ဒီသီချင်းဆိုတယ် ဆိုတာသိလိုက်ရတော့ ခုသူ့သီချင်းနားထောင်ရင် တစ်ခုခုလိုနေသလိုပဲ နောက်တော့နားမထောင်ဖြစ်တော့ဘူး သေချာပြန်စဉ်းစားတော့ အပေါ်ကတစ်ယောက်ပြောထားသလို လုပ်ချင်တာကို လုပ်တာ ဒီမိုကရေစီ မဟုတ်ပါဘူး
    မိုက်ကယ်ဂျက်ဆင် ကလေးတွေကို မဟုတ်တာလုပ်တယ် ဆိုပြီးသတင်းထွက်လာတော့ ဘယ်လောက် ကျသွားလဲ တစ်ကယ်ဆို သူလုပ်တာ လူတွေအားလုံးကို မထိခိုက်ဘူးလေ... ဒါပေမဲ လူများစုမကြိုက်တာကို လုပ်တော့ သွားတာပါပဲ
    အခုလဲ ပြည်ပပဲရောက်နေနေ (ပြည်ပမှရောက်နေတဲ့သူတွေက ပြည်တွင်းကိုဘယ်လောက်ပြန်လာချင်တယ် ဆိုတာလဲ ဘ၀တူချင်းပဲ စာနာနိုင်မှာ) ပြည်တွင်းမှပဲ ရှိရှိ အားလုံးဟာ နအဖကို မုန်းနေကြတဲ့သူတွေပါ.. ကိုယ်မုန်းတဲ့သူတွေကို အားပေးတဲ့လူတစ်ယောက်ကိုမကြိုက်တာ သဘာဝကျပါတယ်.. ခုဒီလိုဆိုတာကို ထောက်ခံတယ်တို့ မှန်တယ်တို့ ဒီမိုကရေဆီ တို့ ပြောတဲ့သူတွေ နအဖ အပေါ် ဘယ်လိုခံစားချက်ရှိလို့လဲဆိုတာ မသိနိုင်တော့ပါ...
  1. Anonymous said... :
    စိတ်မကောင်းဖြစ်ရပါတယ်
  1. Anonymous said... :
    မျိုးကြီး သူခံယုချက် သူယုံချက်နဲ့သူလုပ်တာပဲ။ လုပ်ခွင့်ရှိပါတယ်။ သူအရည်အချင်းနဲ့ သူ သူပါသာရပ်တည်နေတာပဲ။ သူဘာသာလုပ်ချင်ရာလုပ်ခွင့်ရှိတာပဲ။ သူလုပ်တာကိုလက်မခံတာကတော့ လက်မခံတဲ့သူတွေအပိုင်းပဲ. ဒီမိုကရေဆီလိုပြောပြီး ကိုယ်ဖြစ်စေချင်တာကို လိုက်လုပ်စေချင်ရင်တော့ ဘာလည်းဆိုတာသဘောပေါက်ပါ။ ဒီမိုကရေဆီဆိုတဲ့လူတွေ အရည်ချင်းကလည်းမရှိ အမြော်မြင်ကလည်းနည်း၊ သူများခိုင်းတဲ့အမိန့်ကိုမျော်ပြီးလုပ်နေရတဲ့ဘ၀တွေပဲ။ ခုလည်း နှစ် ၂၀ ကျော်နေပြီ နအဖလုပ်သမျွှနောက်ကလိုက်လုပ်နေရတဲ့ဘ၀တွေပဲ။ ကန့်လန့်ကန်လန့် လုပ်ပြိး လမ်းပေါ်ဒီမိုကရေဆီနဲ့တော့ လမ်းပေါ်မှာပဲနိဂုံးချုပ်မှာပဲ။
  1. Anonymous said... :
    To Anonymous /
    Do u mind if i talk to u something ? R u job black ?
    I think, u r something wrong.
  1. ရင်ထဲ ခံစားရတယ်...ကိုမျိုးကြီး....အထင်ကြီးလေးစားထားတာလေးတွေ
    သွားတာဘဲ။ပြီးခဲ့တဲ့ နှစ်က ပဲခူးမှာ အိုင်ဆီ ပွဲလုပ်ဖြစ်တယ်။အရာရှိကြီးတစ်ယောက်ရဲ့ မွေးနေ့ဆိုလားဘဲ။ကိုလေးဖြူကို ဆိုစေဖို့ ငွေတော်တော် ပုံပေးလိုက်ရတယ်ကြားမိတယ်။ဒါမျိုးဆို ယူဗျာပြသနာမဟုတ်ဘူး။အခုဟာက တမျိုးသားလုံးနဲ့ ဆိုင်တယ်ဗျာ။ခင်ဗျားက ကိုယ့်ရဲ့ သမာဓိကို ငွေနဲ့ ရောင်းစားတာဘဲ။ခင်ဗျားကတော့ တော်တော်ခိုင်သွားမှာဘဲ။ကောင်းပါတယ် ခင်ဗျားအတွက်တော့။နောက်ဆုံးတော့ ခင်ဗျားဆိုထားတဲ့ သီချင်းထဲက လို ဒီပုဒ်ထဲက ဒီပဲဟာ ခင်ဗျားဘာဘဲ။ငွေနဲ့ကြတော့ ခင်ဗျားလည်းမရပါလား။
    ကိုလေးဖြူနဲ့ ကိုအငဲရေး တောင့်ထားဗျာတို့....လေးစားနေမယ်အိုင်စီရယ်...စင်္ကာပူမှာ အိုင်စီလာလို့ ခင်ဗျားပါတယ် ဆိုရင်တော့ အိုင်စီရယ် ခွင့်လွှတ်ပါဗျာ...အခုချိန်ကစပြီး ကျွန်တော် သိမ်းထားတဲ့ ခင်ဗျားသီချင်းတွေ ၀ဲပြီဗျာ....ခင်ဗျားကတော့ ရီနေမှာပေါ့ ....ခိုင်သွားပြီကိုး...ကောင်းတယ်ဗျာ....ခင်ဗျားလုပ်တာလေး...
  1. Anonymous said... :
    မင်းတို့သူ့သီချင်းနားမထောင်လဲ မျိုးကြီးက စီးပွားပျက်သွားမှာမဟုတ်ဘူး..
    ဟားဟား..ဒီသီချင်းဆိုလို့ ၀မ်းနဲတဲ့သူရော သူ့သီချင်းနားမထောင်တော့ဘူးဆိုတဲ့သူတွေရောကို မျိုးကြီးက ဘောပဲတဲ့...
  1. Anonymous said... :
    ကိုင်ဇာက အမေရိက ကနေ အကြွေးပေါင်းများစွာနဲ့ပြန်ပြေးသွားရသူ..အခု တေဇ ကွဲထားတဲ့ပထမ မယားကြီး ဒေါ်ထူးသမီးနဲ့ယူထားတော့
    သူက သီချင်းရေးယုံမကဘူး..လျှာနဲ့ရက်ဆိုလည်း လုပ်မဲ့သူ..
    မျိုးကြီးကို လေးဖြူ နဲ့ အငဲပြီးရင် IC မှာ ကြိုက်ခဲ့တာ..သူ့ရဲ့နောက်ဆုံး ရန်ကုန်ရှိုးကို လူငယ်တွေအရမ်းအားပေးခဲ့တာ..သူဒီလိုလုပ်လိမ့်မယ်လို့မထင်ခဲ့ဘူး..
    အင်း..တခုပဲစိုးရိမ်တာ..တခြားအနုပညာရှင်တွေ သာ အဲဒီဝါဒဖြန့်အနုပညာရှင်တွေနဲ့ နိုင်ငံတကာ ဖျော်ဖြေရေးအတူတူထွက်လို့ကတော့ ဟို..ဝိုင်းစုခိုင်သိမ်းနဲ့ပေါင်းလာမိလို့ အမေရိကန်ဗီဇာ အပိတ်ခံရတာမျိုး ကြုံရင်တော့ သေပြီဆရာပဲ..
    IC ကို ရပ်ဝေးမှာ အားပေးချင်ပါသေးတယ်..
  1. Anonymous said... :
    ကြိုက်တာကို ယုံကြည် ခွင့်ရှိတယ်ဆိုတာကိုတော့ လက်ခံပါတယ်။ ဒါပေမဲ့ ကိုယ်ယုံကြည်တာက အမှန်တရားတော့ ဖြစ်သင့်တာပေါ့။ အများအကျိုးယုတ်စေမဲ့ ကိဈွတော့ မဖြစ်သင့်ဘူးလေ။ အခုလိုအခြေအနေမျိုးမှာ လုပ်ရပ်တခုက ကိုယ့်ပုံရိပ်ကို အများကြီး ပြောင်းလဲနိုင်ပါတယ်။ ဘာရယ်တော့မဟုတ်ပါဘူး မျိုးကြီးအတွက် သတိပေးတာပါ။
  1. Anonymous said... :
    ကျွန်တော်တို့မှာတော့ ဘယ်နေရာရောက်ရောက် ခင်များတို့ကို အားပေးလိုက်ရတာ ဗမာပြည်ရှိတုန်းကလည်း ခင်များတို့ အခွေထွက်ရင် မူရင်းခွေပြီးအားပေးခဲ့တာပါ ပြည်ပရောက်တော့လည်း ခင်များတို့ ရှိုးဆိုရင် မလွတ်တမ်းကြည့်ခဲ့တယ် လုပ်ရက်လိုက်တာ ကိုမျိုးကြီးရေ...တစ်ကယ်တော့ ခင်များတို့ Rocker တွေဘာသတ္တိမှကို မရှိတာ...Hip Hop(Rapper) အဆိုတော် ဇေယျာသော် ရန်ရန်ချမ်းတို့လို့ သတ္တိမျိုး ဘာကြောင့်မမွေးနိုင်ကြတာလဲ....Bye Bye Myo Gyi
  1. Anonymous said... :
    လင်းလင်းရေ ခင်များရေးဆိုခဲ့တဲ့ သီချင်းလိုပေါ့ ဖြစ်သလိုပဲ ခင်များကို မေ့လိုက်ပြီ..........သစ္စာဖောက်တွေ ပရိသတ်ကိုစော်ကားတဲ့ကောင်တွေ
  1. Anonymous said... :
    စိတ်မကောင်းစရာဘဲ။ မျိုးကြီးရေ ပရိသတ် က
    ဒဏ်ခတ်တတ်တယ်နော့်။ စစ်အစိုးရနဲ့ ပေါင်းတော့ တူရာတူရာပေါ့။
    ဘိုင့်ဘိုင်မျိုးကြီး..
  1. Anonymous said... :
    စစ်အစိုးရကို မကြိုက်တဲ့လူတွေအဖို့ အဲလိုလူတွေကို အားပေးစရာအကြောင်းမရှိပါဘူး..... ဘိုင့်ဘိုင်.
  1. Anonymous said... :
    ကိုမျိုးကြီး ကယ်ရီအွန် ဆိုရင်ကျူပ်ကိုပါ နအဖ ဘက်တော်သားလို့ထင်ကြမလားပဲ... မျက်လုံးပေါက်တွေသေးသလိုပဲ...
  1. Anonymous said... :
    ဘာတဲ့ နိုင်ငံတော်သစ်ကြီးဆီ သွားမယ်ဟုတ်လား တော်တော်လည်း ရီစရာကောင်းနေပါလား ဘုန်းကြီးသတ် ကျောင်းသားသတ် ပြည်သူကိုသတ်တဲ့ကောင်တွေက နိုင်ငံတော်သစ်ဆိုတာနဲ့ ခင်များတို့ကပါ လိုက်သစ်လိုက်ရော တော်တော်လည်းဥာဏ်နည်းကြပါလား နိုင်ငံတော်သစ်တော့ရောက်မှာမဟုတ်ဘူး ငရဲပြည်အသစ်ပဲရောက်ကြမယ့်ကောင်တွေ
  1. Anonymous said... :
    တွေ့ကြတာပေါ့ မျိုးကြီးနဲ့လင်းလင်း ၁၉.၁၂.၂၀၁၀ စင်္ကာပူ ရှိုးမှာ မင်းတို့ကို ဒဏ်ခတ်ဖို့စောင့်နေမယ်
  1. Anonymous said... :
    ပုံယူသုံးထားပီး အညွှန်းလည်း မထည့်ထားဘူး
  1. Anonymous said... :
    I dont give a damn on what myogyi did. He performed this song because he was forced by unnatural forces or he's so excited to see the frigging change in politics. However, I would like to ask the anonymous person above who commented at 5:45 PM, October 20, 2010. I am not sure where you are from. But in the case of tax payers, I doubt you fully understand the situation. If one do not pay that 10% tax, the embassy will refuse to extend his/her passport. I hope you know the danger that expired passport could bring to a single person. So, in the case of myogyi, does he really have a weak point to refuse singing that song? I could not see a single thing. According to your quick wit to compare between myogyi and those oversea people, you might know the legit reason? Would you care to share? I will keep checking this page. And again, I do not care whether myogyi sang this song willingly or not.
  1. minn minn chit said... :
    My name is MINN MINN CHIT,
    I would like to inform all of our peoples that "If you really LOVE MOTHER LAND(MYANMAR),you try to learn technology somethings from any where for the future of our country.What are really we need now?
    Please read again and again & ask yourself.
    This song is nothing can be happen for us.
    Start your PLAN now.
  1. Anonymous said... :
    He had no choice.. they wanted him to sing a song and get attracted from people.. so.. the main problem is government .. not myo gyi.. don't take it wrong.. they are living inside the country .. they can't say NO...
  1. Anonymous said... :
    ဒီမိုကရေစီလေ ဒါသူ့လွတ်လပ်ခွင့်ပါ သူသဘောပါရာ သူလုပ်တာ ဘာဖြစ်နေကြတာလဲ ။ ခတ်တော့ ခတ်နေပါဘိ ။ လွတ်လွတ်လပ်လပ် ပေါ့ ။ ဘယ်လိုဖြစ်နေကြတာလဲ ။
  1. Anonymous said... :
    bye bye Myo Gyi ... Bye Bye..
  1. Anonymous said... :
    ဟအဲ့ဒါ....ဒီမိုပေါ့ဟ ကိုယ်ဘာသာလွတ်လွတ်လပ်လပ် ဆိုချင်တာ ဆိုမှာပေါ့.....သူ့ ရဲ့ ဂီတက သပ်သပ်......သူ့ရဲ့ ဝါဒကသပ်သပ်ဖြစ်ချင်ဖြစ်မှာပေါ့ ......သူ့ ဝါဒမှားတာနဲ့  သူ့ဂီတကိုအားမကြေးဆိုရင် ...တရုတ်ပြည်မှာ အင်္ဂလိပ်သီချင်းတွေရောင်းရမှာတောင်မဟုတ်ဘူး.......ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ကြပေါ့ဗျာ....ဘယ်ဒီမိုထဲမှာကို ပါနေလဲဆိုတာ.....
  1. Aung Khan said... :
    All Brother and sister . If you are Ko Myo Gyi place how to do ? Do you want to sing ? If don't want go to Jail . He will choice only 2 ways. Eg;if you are working at other country ,do you like to pay the text to Myanmar Government ? NO right ? But you need to pay right no choice. Same like that . Every time think (IF I'M HOE TO DO) .God bless to you all
  1. YeYint said... :
    သီချင်းပဲ ဆိုဆို ရုပ်ရှင်ပဲရိုက်ရိုက် ဘယ်လိုအနုပညာနဲ့ ဖမ်းစားသည်ဖြစ်စေ မြန်မာပြည်သူတွေက ဒီအစိုးရကို သဘောကျသွားတာမဟုတ်ပါဘူး သေနတ်တကားကားနဲ့ လုပ်ချင်ရာလုပ်ဆိုပြီး လွှတ်ထားကြတာလေ နိုင်ငံခြား
    ရောက်နေ ကြမှ အဝေးကနေပြီး ဆိုဆို ပြန်ပြီ ရိုက်ရိုက်ပြန်ပြီ နဲ့ ဒီမိုကရေစီ တောင်းဆိုနေလိုက်ကြတာ ပြည်တွင်းလာလုပ်ပါလား ဘယ်သူမှလဲ မလုပ်ရဲပဲ မျိုးကြီးရေ ဆိုဆို မင်းတို့အပေါ်ဒို့နားလည်တယ်
  1. Anonymous said... :
    Forever Bye Bye Myo Gyi!.....But not good bye.....BAD BYE BYE.
  1. Unknown said... :
    နည်းနည်းလေး နအဖကို ဆန့်ကျင်လိုက်တာနဲ့ ပြည်ပရောက် အတိုက်အခံဆိုတဲ့ ဘွဲ့ကြီးကိုပေးလိုက်တော့တာပဲ။ ရရှားက စစ်ခွေးတွေလား၊ ဗိုလ်ချုပ်တွေလာရင် တချိန်လုံးလပ်အုပ်ချီထားတဲ့နအဖ သံရုံးကသံရုံးက ဝန်ထမ်းတွေလားတော့မသိဘူး။ ထစ်ခနဲ့ရှိပြောလိုက်ရင် ဒီမိုတွေ ဒီမိုတွေ တပ်တပ်ပြောတာ။ ငါတို့က ဒီမိုကရေစီမလိုဘူး ၊လူ့အခွင့်အရေးမလိုဘူး လီကွမ်ယုလို မြန်မာပြည်ကိုထားနိုင်မယ်ဆိုရင် သန်းရွှေမက သူ့အမေလင်ပဲ အုပ်ချုပ်အုပ်ချုပ် ပညာရေး၊ ကျန်းမာရေး၊ လူနေမှုအဆင့်အတန်းလေးရှိအောင် လုပ်ပေးနိုင်တယ်ဆိုရင်တောင် လက်ခံတယ်။
    တခြားသူဆိုတာဘာမှမဖြစ်ဘူး။ ကိုယ်ရူးသွပ်တဲ့ အဆိုတော်က အခုလို နိုင်ငံရေး ရေချိန်မြင့်နေတဲ့အချိန်မှာ အသုံးချခံလိုက်ရတာကို မကျေနပ်တာ။
    ကိုလေးဖြူ ပေါ်လစီမဆိုဘူးဘူးလို့ဘယ်သူပြောလဲ 2003 ခုနှစ်က MRTV or MWD လားမသိဘူး တကြိမ်ထဲသာလွှင့်ခဲ့ဘူးတဲ့ အာစီယံ ဆိုတဲ့ကျနော်ကိုယ်တိုင်း အစအဆုံးကြည့်ခဲ့ဘူးတယ်။ အိုင်စီနဲ့ပဲဆိုတာပါ မှတ်မှတ်ရရ ကိုခရမ်းက ဒမ်စတစ်ကို လက်ညှိုးနဲ့လက်ခလည်ကြားမှာ လှည့်ပြီး ပညာပြနေသေးတယ်။ အော်သူလည်းဆိုတာပဲလို့စိတ်ထဲမှာမှတ်ထားခဲ့တယ်။ ဒီလောက် စိတ်မထိခိုက်ဘူး အခုနိုင်ငံရေးရေချိန်ကိုကြည့်ပါ.မျိုးကြီးကို ရူးသွပ်တဲ့ လူငယ်တွေ တွေဝေကုန်မယ်။ အဆိပ်ပင်ရေလောင်းဖြစ်ကုန်မယ်။ သူကလွှမ်းမိုးထားတဲ့ လူငယ်တွေဘဝကို ကြည့်သင့်တယ် သူ့ကို ကောင်းကောင်းအသုံးချသွားတာ။ ဒါကိုမခံနိုင်တာ.. ငါတို့ရူးသွပ်ခဲ့တဲ့အဆိုတော်က ဒါမျိုးကြီးလို့အပြောမခံချင်တာ။ သူတို့ကို ကော်ပီဆိုတဲ့ကောင်တွေလို့ပြောရင်ကို ငါတို့ကဆတ်ဆတ်ထိမခံနိုင်ဖြစ်ခဲ့ဘူတာပါ။ ရင်နာလွန်းလို့ရေးခဲ့တာပါ။
  1. Anonymous said... :
    အဝေးကနေ လေကျယ်မနေနဲ့ အတွင်းထဲမှာ လာနေပြီ ပြောပါလား။ မျိုးကြီးနေရာမှာ ဝေဖန်သူတွေ ရှိနေမယ် ဆိုရင် ဘာလုပ်မလဲ။ ငြင်းမလား။ အခုလို ပြောလို နအဖ လူလို့ ခေါင်းစဉ်တက်အုံးမလား။ ကိုယ်နဲ့ ယှဉ်ပြီး ခံစားပါ။ သူ့နေရာမှာ ငါဘာလုပ်မလဲဆိုတာ။ ကိုယ်လက်ရှိနေရာနဲ့ ခံစားနေရင်တော့ ဘာမှ အမှန်ရလာမှာ မဟုတ်ဘူး။
  1. ကိုဂစ်တာ said... :
    ကိုယ်ယုံကြည်ရာ လုပ်လို့ရပါတယ်။ လုပ်ပိုင်ခွင့်လဲ ရှိပါတယ်။ ဘာမှ မပြောလိုပါ။ ဒါပေမဲ့ ပြည်သူနဲ့ တသားတည်းရှိတဲ့ အဆိုကျော်၊ ပြည်သူချစ်တဲ့ အဆိုကျော်၊ ပြည်သူ့ ဘက်တော်သား လို့တော့ သမိုင်း မှာ မှတ်တမ်း အတင်မခံရမှာ ၀မ်းမနည်းစေချင်ပါ။
    ဒီပုတ် နဲ့ ဒီပဲ နဲ့ အဟုတ်ကြီးကို လက်ခုပ်တီးတယ်..ကိုးယို့ကားယား လောကကြီးပါပဲလေ..
  1. သွားတော့..မျိုးရယ်...သွားတော့..မျိုးရယ်...သွားကွယ်..
    သေးအောင်မုန်းတဲ..နအဖကို..ထောက်ခံတော့လဲ..
    ရင်ထဲ.....မင်းမရှိတော့ပါ..
    မင်းကိုမုန်းလိုက်ပြီးလေး...
    မိုးသီးချင်းအလိုက်အတိုင်ရေးသားထားပါသည်.....
  1. Anonymous said... :
    နအဖ ကိုထောက်ခံတဲ့သူဟာ နအဖ အသိုင်းအ၀ိုင်းထဲကပဲဖြစ်မယ် ကျွန်တော်က ရှမ်းလူမျိုးတစ်ယောက်ပါ နိုင်ငံရေးသမား လည်းမဟုတ်ပါဘူး ကျွန်တော် ပြောချင်တာကတော့ Anonymous ပြောသွားသလိုပါပဲ (အနုပညာကို တန်ဖိုးထားတဲ့လူဆိုတာဟာ ဘယ်လိုနည်းနည်းနဲ့မှ မိမိရဲ့အနုပညာကို ဘာနဲ့မှမရောနှောမဆက်နွယ်စေချင်ပါဘူး ) ပြည်သူတွေဆန္ဒ ကိုမေးစရာတောင်မလိုပါဘူး အကုန်သိပါတယ် တစ်ကမ္ဘာလုံးလည်းသိတယ် နအဖမကောင်းဘူးဆိုတာ နိုင်ငံခြားရောက်တဲ့ သူဆိုပိုသိလိမ့်မယ် လူ့အခွင့်အရေး ဆိုတာ မြန်မာပြည်ပဲ နေတဲ့လူကတော့ ဘာမှသိမှာမဟုတ်ဘူး လူတစ်ယောက်တိုင်းစီရဲ့လုပ်ပိုင်ခွင့်ပြောပိုင်ခွင့်ဆိုတာ ကျွန်တော်လည်း အစကသိပ်မသိဘူး ခုနိုင်ငံခြားမှာ၃နှစ်နေပြီးမှ ပိုမြင်လာပါတယ် ကျွန်တော်တို့ရှုံးဆုံးတဲ့ လူ့အခွင့်အရေးကို ပြည်သူတွေကို တန်ဖိုးထားတယ် ကိုယ့်အနုပညာကိုတန်ဖိုးထားတယ်ဆိုရင် အနုပညာသမားများ နိုင်ငံရေးကို ၀င်မရောစေချင်ဘူး.......................
  1. မျိုးကြီး က ကျနော် ကြိုက်တဲ့ အဆိုတော်တစ်ယောက်ပါပဲ ... သူလဲ သူ့အခက်အခဲနဲ့သူရှိမှာပါ ... တခုတော့ရှိတယ် သူကပါရမီရှင် တစ်ယောက်တော့မဟုတ်ဘူး ... ကိုလေး တို့ကောင်းသွားလို့ ... အားလုံးသတိမထားမိတာက မျိုးကြီး ဆိုပုံလောက်ကို ကောင်းကောင်းဆိုနိုင်တဲ့ အလင်္ကာ ဆိုတဲ့အဆိုတော် တစ်ယောက်ကို မသိလိုက်ကြတာပဲ ... ၂၀၀၀ ၀န်းကျင်ကထွက်တဲ့ အလင်္ကာ သီချင်းလေးတွေ ရှာကြည့်သဘောပေါက်မှာပါ ... တကယ်လို့သာ အဲတုန်းက အလင်္ကာသာ အိုင်စီမှာဆို ဘယ်လိုဖြစ်သွားမလဲ ...
  1. Anonymous said... :
    လူတယောက်ဟာ ကျဆုံးချိန်ရောက်လာရင် နည်းဆိုးနည်းမှားဟာ နည်းလမ်းမှန်ဟန်ဆောင်ပြီးတော့ စိတ်မှာလာထင်ဟတ်စေပါတယ် (ကိုကျော်သူ ပြောခဲ့တဲ့အမှတ်တရစကားလေးတခွန်းပါ)
  1. Anonymous said... :
    ဘာပြောရမှန်းတောင် မသိတော့ပါဘူးဗျာ မျိုးကြီးအတွက်စိတ်မကောင်းဖြစ်ရပါတယ်
    နအဖ ရဲ့ဖိအားပေးမှုကြောင့်လား
    အကျိုးရှိမယ်ထင်လို့ဆိုတာလားဗျာ
    အမြဲတမ်း IC ကိုအားပေးနေတဲ့တစ်နိုင်ငံလုံးက
    ပြည်သူတွေရဲ့ မျက်နှာကိုတော့ငဲ့ကြည့်သင့်ပါတယ်
  1. Anonymous said... :
    သီချင်းစာသားလေး တင်ပေးနိုင်ကြမလားဗျ?
  1. Anonymous said... :
    မျိုးကြီးကနေ ပေါတာကြီးဖြစ်သွားပြီ
  1. Anonymous said... :
    မျိုးကြီးလည်းလူသားတစ်ဦးပါ သူ့မှာသူစိတ်ကြိုက် သူ့ေ၇ွးချယ်ပိုင်ခွင့်ရှိပါတယ် ဒါမှလည်းအားလုံးပြောတဲ့ လူ့အခွင့်အရေးတို့ ဒီမိုကကရေစီတို့ဆိုတာပိုပြီးပေါလွင်လာမှာပါ ပြည်တွင်းကအနုပညာ၇ှင်တွေ၇ဲ့ဘ၀ကိုခံစားနားလည်ပေးသင့်ပါတယ်.......
  1. မင်းသစ်ထွန်း said... :
    မျိုးကြီးဆိုတာက အိုင်စီကောင်းလို့ အခွေရောင်းတဲ့ကောင်ပါ........ နောက်တကောင်ကျန်သေးတယ်....တရုတ်မယားပါသား.... ဝိုင်ဝိုင်းဆိုတဲ့ကောင်............. ဒီကောင်တွေက အိုင်စီကိုနာမည်ဖျက်မဲ့ကောင်တွေ...................
  1. Anonymous said... :
    အော်... မျိုးကြီး.. မျိုးကြီး.. မင်းလဲတောင့်မခံနိုင်ပါလား
    ကိုအငဲနဲ့ ကိုလေးဖြူကိုတော့ ဒီလိုသီချင်းတွေမဆိုဖို့ မျှော်လင့်ပါတယ်ဗျာ
  1. Anonymous said... :
    ကျွန်ုပ်လည်း စစ်အစိုးရအုပ်ချုပ်ရေး ကို သဘောမကျဘူး မကြိုက်ဘူး.. ဒါကို ဆန့်ကျင်ချင်တယ်.. လူအများစုလည်း မကြိုက်ဘူး လက်မခံနိုင်ဘူး.. ဒါဟာ အမှန်ပဲ.. ဒါပေမဲ့ ဒီစစ်အစိုးရအုပ်ချုပ်ရေး မပပျောက်ခင်မှာ ဒီအစိုးရနဲ့တော့ ခင်ဗျားတို့ ကျွန်ုတို့ အပါအ၀င် အားလုံး ဟာ အနည်းနဲ့အများ ပက်သက်နေကြရတာတာပဲ.. မပက်သက်ဘူး လာမပြောနဲ့.. ခင်ဗျားတို့ သွားနေတဲ့ လမ်းမတွေ မီးတွေ စားဝတ်နေထိုင်ရေးတွေ ဟာ ဒီစစ်အစိုးရ က စီစဉ်ဆောင်ရွက်ပေးထားတဲ့ ဟာတွေပဲ.. ခင်းဗျားတို့ ပြောလိမ့်မယ် ပြည်သူပိုင်တဲ့ လမ်းပဲ မီးပဲ သံယံဇာတ ပဲ ပြောလိမ့်မယ်.. မှန်ပါတယ်.. ဒါပေမဲ့ အဲ့ဒါတွေက ဒီစစ်အစိုးရ က ချယ်လှယ်ထားတာ ခံနေရတာလေ.. သူတို့ နဲ့ ပက်သက်ချယ်လှယ် ခံထားရမှန်းသိနေရက်နဲ့ ခင်ဗျားတို့ သူတို့ခင်းတဲ့ လမ်းတွေ မီးတွေ သုံးနေတယ်.. ကိုမျိးကြီးလည်း အဲ့လိုအချယ်လှယ် ခံထားရတဲ့ထဲက အရာတခုပဲ.. ခင်ဗျားတို့ က ကိုမျိုးကြီးကျတော့ အားမပေးတော့ဘူး အခွေမ၀ယ်တော့ဘူး လုပ်ပြီး ဆန့်ကျင်တယ်.. ဒီလမ်းတွေ ဒီမီးတွေက ရော ဆက်မသုံးတော့ဘူးလား.. ခင်ဗျားတို့ သေချာစဉ်းစားပါ.. ကိုမျိုးကြီး လိုပဲ ခင်ဗျားတို့ ကျွန်တော်တို့တတွေဟာ စစ်အစိုးရ ရဲ့ အချယ်လှယ်ခံနေရသူတွေပါ.. ဒီဘ၀ က လွတ်ချင်ကြတဲ့သူတွေချင်း အတူတူပါ.. ဒီလိုခံစားနေရသူ အချင်းချင်း မစည်းလုံးပဲ သွေးကွဲနေမှတော့ ဒီစစ်အစိုးရ ဘယ်လို ပူပေါင်းဆန့်ကျင်မလဲ.. ခင်ဗျားတို့က စစ်အစိုးရ က သက်ဆိုးရှည်အောင် ထောက်ပံ့ပေးနေသလိုဖြစ်နေတယ်.. ပူးပေါင်းရမဲ့ လူအချင်းချင်းကို မစာနာဘူး ပုတ်ခတ်နေကြတယ်.. အဲ့ဒါ ဘာကောင်းလဲ.. ဘာ ဒီမိုကရေစီ အတွက် ကြိုးပမ်းနေတာလဲ.. တခုပြောအုံးမယ် ခင်ဗျားတို့ ကိုမျိုးကြီး အဲ့သီချင်းတစ်ပုဒ်ဆိုတော့ ၀ိုင်းဝန်းဆန့်ကျင်ကျတယ်.. ခင်ဗျားတို့ သူ သီချင်းဘယ်နှခွေ ထွက်လဲသိလား. သီချင်းပေါင်းဘယ်နှပုဒ် ဆိုထားလဲသိလား.. သိတဲ့သူရှားပါလိမ့်မယ်.. သိတဲ့သူတောင်မှ သူ့သီချင်းအားလုံး မကြိုက်ဘူး.. ခင်ဗျားတို့တွေက ကြိုက်တဲ့သီချင်းပဲ ရွေးနားထောင်တာမဟုတ်ဘူးလား မကြိုက်တဲ့သီချင်းဆို ထပ်ခါတလဲလဲ နားထောင်ကြလို့လား.. နားမထောင်ပါဘူး ကျွန်တော်သိတယ်.. အဲ့လိုပဲ ခုသီချင်းကို ခင်ဗျားတို့ မကြိုက်ခဲ့တဲ့ သီချင်းတစ်ပုဒ်လိုမျိုး သဘောထားပြီး မေ့ပစ်လိုက်ပါ.. ဒီသီချင်း ဆိုဖို့အတွက် သူတကယ်စိတ်ပါမပါ ဘယ်သူမှ မသိသေးပါဘူး.. ခင်ဗျားတို့ ကျွန်တော်တို့လိုမျိုး အချယ်လှယ် ခံထားရတဲ့ အနေအထားမျိုးဖြစ်ပါလိမ့်မယ်.. နောက်ဆုံး အရေးကြီးတာ ပြောမယ်.. ခင်ဗျားတို့ စစ်အစိုးရကို တကယ်ဆန့်ကျင်ချင်တယ်ဆိုရင် အရေးကြုံလို့ အားလုံး ဆန့်ကျင်ဆန္ဒပြပြီဆိုရင် ပါဝင်ဖို့ ဖင်မလေးနဲ့.. ပါးစပ်ပြောပဲ လုပ်မနေနဲ့.. ပြည်တွင်းဖြစ်ဖြစ် ပြည်ပ ဖြစ်ဖြစ် ဘယ်နေရာက ဖြစ်ဖြစ် လုပ်လို့ရတယ်.. တကယ်လုပ်မယ်ဆို ရှေ့ထွက်လာဖို့ လူမရှိကြဘူး.. သံရုံးမှာ ဆန္ဒပြတယ်တဲ့ နည်းလိုက်တဲ့လူ.. အဲ့နိုင်ငံမှာရှိတဲ့ မြန်မာအရေအတွက်နဲ့ယှဉ်ရင် အစွန်းထွက်တောင် မရှိဘူး.. ကျွန်ုပ်လည်း တနေရာမှာပါတယ်.. ခင်ဗျားတို့ သိထားဖို့ပြောတာ.. (ကိုယ့်ကိုကိုယ် ဘေးထိုင်ပြောလား ပါဝင်နိုင်လား သေချာစဉ်းစား... ကိုယ့်ကိုကိုယ် ဘေးထိုင်ပြောလား ပါဝင်နိုင်လား သေချာစဉ်းစား... ကိုယ့်ကိုကိုယ် ဘေးထိုင်ပြောလား ပါဝင်နိုင်လား သေချာစဉ်းစား... ကိုယ့်ကိုကိုယ် ဘေးထိုင်ပြောလား ပါဝင်နိုင်လား သေချာစဉ်းစား... သေချာစဉ်းစား... )
  1. Unknown said... :
    မျိုးကြီးပေါ်လစီသီချင်းဆိုတယ်ဆိုတာ ကြားလို့ရောက်လာတာ မျိုးကြီးသီချင်းစာသားကို ဖတ်ချင်ပါတယ် မျိုးကြီးက ဘယ်အမျိုးသမီးနဲ့မှ အတွဲခွေမဆိုဘူး အင်တာဗျူးလဲများများစားစား ရှေးရှေးဝေးဝေးများများမပြောဘူး စကားမှားမှာကြောက်လို့တဲ့ ၇ိုးရိုးကုပ်ကုပ်နဲ့ဖာသီဖာသာနေတတ်တဲ့မျိုးကြီးက ဘာလို့နိုင်ငံရေးပေါ်လစီသီချင်းဆိုရတာလဲ လေးဖြူလဲပေါ်လစီသီချင်းဆိုဘူးပါတယ် ၁၉၉၈ပတ်ဝန်းကျင်လောက်က IC ကိုသူရဲကောင်းလေးများဆိုပြီး မြ၀တီ မြန်မာအသံကလွှင့်ဘူးတယ် အတင်းဖားဖားရားရားရေးထားတော့မဟုတ်ဘူး နိုင်ငံရေးပေါ်လစီသီချင်းမျိုးဘဲ
  1. Unknown said... :
    မျိုးကြီးနာမည်ကြီးတာ လေးဖြူကြောင့်ဆိုတာ လုံးဝမလက်ခံပါဘူး မျိုးကြီးကျောက်စာ ပေါက်ပြီသိပ်မကြာဘူးလေပြေထွက်တာဘဲ မျိုးကြီးကျောက်စာက ICနဲ့ကောလေးဖြူနဲ့ကော လွတ်တယ် ဒါဆိုလေးဖြူကို အင်ပါယာတီးဝိုင်းမှာ ထားကြည့်လိုက်လေ ဒီလောက်ကြာရှည်နာမည်ကြီးပါ့မလား ဘယ်ရိုးပွဲကြည့်ကြည့် မျိုးကြီးက မျိုးကြီးဘဲ ကက်ဆက်ခွေထဲကမျိုးကြီးကလဲ မျိုးကြီးဘဲ အပြင်ရှိုးပွဲမျိုးကြီးကလဲ မျိုးကြီးဘဲ လေးဖြူ၊အငဲတို့က ကတ်ဆက်ခွေထဲမှာ အသံတမျိုး အပြင်ရှိုးပွဲကြည့်ရင် အသံတမျိုး အသံပျက်နေတဲ့အခါပျက် အသံဝင်တဲ့အခါဝင် ဒါဟာအသံပါဝါမ၇ှိဘူးလို့ ဖေါ်ပြလိုက်တာဘဲ ကျနော်တို့သူငယ်ချင်းအားလုံးကတော့ မျိုးကြီးဘဲဗျာ ပြီးမှ လေးဖြူ၊အငဲ ကိုဒုတိယ ထားကြိုက်တယ် မျိုးကြီးဘာကြောင့်လုပ်ရတာလဲဆိုတာ အဖြေသိချင်တယ် စစ်အစိုးရကို ဖားဖားလျားလျားလုပ်မိလို့အပြစ်ပေးကြေးဆို လွတ်မဲ့သူတောင်ရှိမှာမဟုတ်ဘူး ဗီဒီယိုသရုပ်ဆောင်ထဲမှာဆို ကြွေလဲမွှေး မွေးလဲမွှေးကားမှာပါတဲ့ ကျော်ဟိန်း၊ဒွေးဆို ဘယ်လိုလုပ်မလဲ ဒွေးကိုမမုန်းတဲ့အပြင်ဒွေးမီးသဂြိုလ်တဲ့နေ့မှာ ညလုံးပေါက်စောင့်တဲ့သူနဲ့ ဒွေးအရိုးကိုအမူပြုပြီးစေတီတည်တယ် တခါမှမကြားဘူးတာတွေလဲ လျှောက်လုပ်ကြတယ် ဘာလို့ဒွေးကို မမုန်းရတာလဲ
  1. ကိုလေး said... :
    ဒီတစ်ခါ IC Show ပွဲကြည့်ရင် ကျွန်တော်ကတော့ မျိုးကြီးထွက်လာရင် အောက်ကနေ အသေဆဲဖို့ အခုကတည်းက ပြင်ဆင်ထားတယ်။ အခု လာမဲ့ အောက်တိုဘာ(23)ရက်နေ့မှာပေါ့။ တွေ့ကြသေးတာပေါ့။ မျိုးကြီးရယ်။ အဲဒါကြောင့် ယူလိုက် အခွေ မအောင်မြင်တာ။ ဆက်လက်ပြီးတော့လည်း ကျရုံးဦးမှာပါ။
  1. Ko Ko said... :
    Myo Gyi,
    I mostly like your songs before. But now my heart rejects you so I don't want to listen to your songs. you're gone now...! That is... you're selling yourself! Bye Bye, Guy...!
  1. Unknown said... :
    မြန်မာပြည်မှာနေနေရတဲ့ဘယ်သူ၊ဘယ်ပုဂ္ဂိုလ်မဆို၊စစ်အစိုးရကအတင်းဖိအားပေးလာရင်၊ဆန့်ကျင်ဖို့ဆိုတာတော်၂ခက်ခဲပါလိမ့်မယ်။အထူးသဖြင့်အနုပညာသမားတွေ။ကျွန်တော့်စိတ်ထဲမှာထင်တာကတော့၊ကိုမျိုးကြီးအနေနဲ့မရှောင်နိုင်တဲ့အခြေအနေမျိုးကိုကြုံရလို့ပေါ်လစီသီချင်းကိုဆိုရတာလို့ပဲမြင်ပါတယ်။နဲ၂တော့စာနာပေးကြပါ။
  1. ...အပေါ်က..annonymous ..အစ်ကိုကြီး..အရှည်ကြီးရှင်းပြတာ
    ကြိုက်တယ်ဗျာ..သဘောတူတယ်..။ ဒီလိုသာမျိုးကြီးကိုကန့်ကွက်
    ကြမယ်ဆိုရင်..ခင်ဗျားတို့ရော..အစိုးရကချယ်လှယ်နေတဲ့ရေတွေ
    မီးတွေ..မသုံးဘဲနေပါလားတဲ့..။အင်း..ဟုတ်တုတ်တုတ်..။
    ကျွန်တော်ယုံကြည်တာကတော့...ဒီမိုကရေစီဆိုတာ မတူသူတွေ
    အတူချစ်ခင်စွာနေကြတဲ့စနစ်...။တဲ့..။မှားနေရင်လည်းတောင်းပန်
    ပါတယ်..။ဒီလောက်လေးနဲ့သူ့ကို..ဒီထိပြောနေကြဖို့တော့စောသေး
    တယ်လို့ထင်တယ်ဗျာ...။ ချိန်ကြပါဦး..လို့..။
  1. Anonymous said... :
    အကျိုးပြုသီချင်း မဆိုတော့လဲ စစ်အစိုးရရဲ့ အငြိုငြင်ကိုခံရ
    ဆိုပြန်တော့လဲ ပြည်သူတွေရဲ့ အငြိုအငြင်ကို ခံရ
    ကဲ..........
    နိုင်ငံခြားမှာနေပြီး လွတ်လပ်နေကြသူတွေ
    မြန်မာပြည်တွင်းက မလွတ်မလပ်သူတွေရဲ့အဖြစ်ကိုလည်း စာနာကြပါအုံး
  1. Anonymous said... :
    ကိုလေး said...
    ဒီတစ်ခါ IC Show ပွဲကြည့်ရင် ကျွန်တော်ကတော့ မျိုးကြီးထွက်လာရင် အောက်ကနေ အသေဆဲဖို့ အခုကတည်းက ပြင်ဆင်ထားတယ်။
    ကိုလေးရေ
    မင်းကတော့ မင်းရဲ့ခွေးစိတ်ဓာတ်ကို ပြလိုက်တာပဲ။ မင်းဘာဆဲဆဲ မျိုးကြီးက အပြုံးပျက်မယ်မထင်ဘူး။ မင်းသာမျိုးကြီးနေရာမှာဆိုရင် မင်းဘာလုပ်မလဲ? ကဲ ဖြေပါ။ ဒါလားဗျာ လွတ်လပ်ခွင့်ဒီမိုကရေစီကို လိုချင်နေကြတဲ့လူတွေ.. မြန်မာပြည်ကနေ ကိုယ်လွတ်ရုန်းပြီး နိုင်ငံခြားမှာ ဒီမိုဒီမိုလို့ အင်တာနက်ပေါ်မှာ အာဘောင်အာရင်းသန်သန် လာအော်နေကြသူတွေ.. မင်းတို့အော်ပြီးသေသွားလည်း ဒီမိုကရေစီကတော့ ဒီတသက်ရမယ်လို့ မထင်ဘူးကွာ
  1. singapore said... :
    Bye bye Myo gyi... i am no longer your fun...Don't come to singapore also.
  1. Anonymous said... :
    kyawye........ဆိုတဲ့သူကိုပြောချင်ပါတယ်..ကျွန်တော်နိုင်ငံရေးအကြောင်းပြောမှာတော့မဟုတ်ပါဘူး..ခင်ဗျားဗဟုသုတနည်းတာကိုပြောပြမလို့ပါ..ဘာတဲ့ ခင်ဗျားပြောသွားတာ...မျိုးကြီးကျောက်စာခွေထွက်တုန်းက အိုင်စီနဲ့လေးဖြူလွတ်တယ်ဟုတ်လား....ခင်ဗျားသေချာကြည့်လိုက်ပါအုန်း..ကျောက်စာများခွေကို ဘယ်သူတွေတီးတာလဲ..နောက်ပီးအဲဒီခွေထုတ်နိုင် အောင်တိုက်တွန်းခဲ့တာဘယ်သူလဲ..(ခင်ဗျား အဲလိုဘာမှမသိပဲနဲ့ လျှောက်မရေးလျှောက်မပြောရဘူး..ကြားလား..အိုင်စီနဲ့ပက်သက်တာ လေ့လာလိုက်ပါအုန်း..နောက်ပီး ကျွန်တော်နဲ့ပြိုင်ပြောချင်တယ်ဆိုရင်လည်း အချိန်မရွေးပါ..)
  1. Unknown said... :
    The more those celebrities support Monk and people killers, the more I respect Ko Kyaw Thu, Ko Zarganar and others who still not bow to this brutal regime.
  1. Anonymous said... :
    do u know? myo gyi is than dar shwe's ah chit oo.
  1. Anonymous said... :
    လှောင်အိမ်ထဲ ငှက်ကလေးလို ..... ......တို့နှစ်ယောက်ရဲ့အဖြစ်..... တကယ်ကိုဆန့်ကျင်ဘက်!!!!!
  1. မျိုးကြီးရေ... တစ်ခုခုတော့ မှားနေပြီး..
    ထင်တောင်မထင်ဘူး... ဒီလိုသီချင်းမျိုးဆိုလိမ့်မယ်လို့... ယုံတောင်မယုံဘူး.......... ခုတော့ ယုံသွားပြီး....
    ငါတို့ဟာ... အိုင်စီကို အားပေးနှစ်သက်တဲ့ ပရိတ်သတ်တွေပါ... ခုတော့သွားပြီး...... စည်းကမ်းရှိတဲ့အိုင်စီဆိုပြီး ထင်ပေါ်ကျော်ကြားခဲ့တာ...... မျိုးကြီးသီချင်းခွေ အမှိုက်ပုံးထဲ လွင့်ပစ်ခံခဲ့ရပြီး...ကွာ.....
    ငါတို့ဟာ.. အိုင်စီကို ဆက်လက်အားပေးချင်သေးတယ်.... မျိုးကြီးရှိနေသေးတော့ ဘယ်လိုလုပ်ရမလဲ..........မျိုးကြီး အိုင်စီအဖွဲ့ထဲမှာ မရှိမှပဲ ဆက်လက်အားပေးတော့မယ်..
    နောက်ဆုံးတော့..........တစ်ခုခု တော့မှားနေပြီး
    ပေါ့ မျိုးကြီးရယ်..
  1. Unknown said... :
    အေးပြောပါရပါတယ် မျိုးကြီးကျောက်စာခွေကို ၁၉၉၅မှာ စထုတ်တယ် ၁၉၉၈မှာပေါက်တယ် သုံးနှစ်လောက်ကြာမှပေါက်တာ မျိုးကြီးပထမက Metal Zone band မှာဆိုတယ် Ghost Rider Band မှာ lead ဂီတာကိုတီးခတ်ဘူးတယ် မျိုးကြီးကျောက်စာခွေကို IC ကအဖွဲ့သားတယောက်မှမတီးပေးခဲ့ဘူး ကိုBoy ကိုအောင်ဒူး century band မှအဖွဲ့သားတော်တော်များများတီးပေးခဲ့တယ် Section Player တော်တော်များများနဲ့တီးခတ်ပြီးထုတ်ဝေခဲ့ပါတယ် မျိုးကြီးကျောက်စာကို စနားထောင်တော့ လူတွေနားထဲမှာ နည်းနည်းအရိုင်းဖြစ်နေတယ် ကျောက်စာကသံစဉ်တွေကအရမ်း freedom ဖြစ်လွန်းတယ် ပေါက်ကွဲမူများတယ် မြန်မာပြည်ကနားတွေနဲ့အံဝင်ခွင်ကျမဖြစ်သေးဘူးပေါ့ နောက်မှ IC ကအဖွဲ့သားများ ၊လေးဖြူတို့နဲ့ ရင်းနှီးဖြစ်သွားတာပေါ့ တောင်ဥက္ကလာက ခပ်ကြောင်ကြောင်အကြောင်းတော့ မပြောနဲ့ပေါ့ ဖတ်ဘူးတယ် လေးဖြူ၊မျိုးကြီးတို့ နှစ်ယောက်လက်ဘက်ရည်ဆိုင်လာပြီး အခွေဖွင့်ခိုင်းတဲ့တယ် ရက်ကွက်ကောလာဟလ စကားတော့ မပြောနဲ့ပေါ့
  1. Unknown said... :
    အေးပြောပါရပါတယ် မျိုးကြီးကျောက်စာခွေကို ၁၉၉၅မှာ စထုတ်တယ် ၁၉၉၈မှာပေါက်တယ် သုံးနှစ်လောက်ကြာမှပေါက်တာ မျိုးကြီးပထမက Metal Zone band မှာဆိုတယ် Ghost Rider Band မှာ lead ဂီတာကိုတီးခတ်ဘူးတယ် မျိုးကြီးကျောက်စာခွေကို IC ကအဖွဲ့သားတယောက်မှမတီးပေးခဲ့ဘူး ကိုBoy ကိုအောင်ဒူး century band မှအဖွဲ့သားတော်တော်များများတီးပေးခဲ့တယ် Section Player တော်တော်များများနဲ့တီးခတ်ပြီးထုတ်ဝေခဲ့ပါတယ် မျိုးကြီးကျောက်စာကို စနားထောင်တော့ လူတွေနားထဲမှာ နည်းနည်းအရိုင်းဖြစ်နေတယ် ကျောက်စာကသံစဉ်တွေကအရမ်း freedom ဖြစ်လွန်းတယ် ပေါက်ကွဲမူများတယ် မြန်မာပြည်ကနားတွေနဲ့အံဝင်ခွင်ကျမဖြစ်သေးဘူးပေါ့ နောက်မှ IC ကအဖွဲ့သားများ ၊လေးဖြူတို့နဲ့ ရင်းနှီးဖြစ်သွားတာပေါ့ တောင်ဥက္ကလာက ခပ်ကြောင်ကြောင်အကြောင်းတော့ မပြောနဲ့ပေါ့ ဖတ်ဘူးတယ် လေးဖြူ၊မျိုးကြီးတို့ နှစ်ယောက်လက်ဘက်ရည်ဆိုင်လာပြီး အခွေဖွင့်ခိုင်းတဲ့တယ် ရက်ကွက်ကောလာဟလ စကားတော့ မပြောနဲ့ပေါ့
  1. Anonymous said... :
    i saw some people (anonymous) critize about the insult of Myo Gyi.some of their words are wright.Myo Gyi was forced by the army and sang this song.He has no choice.if you want to cover Myo Gyi,you can cover.but don't abuse the people who hated the military government.you think back yourself over 50 millions of people from myanmar how many percent of people love this government?they did already the undisappeared mistakes in history.Such as killing the monks.you can protect the Myo Gyi but don't use the pro-military government words.don't make yourself as army DOGS.
  1. Anonymous said... :
    မျိုးကြီးရေ ... ထင်မထားဘူးကွာ ငါတို့ က မင်းကို အထင်ကြီးလေးစားနေတာ၊ ခုတော့ သွားပြီ စစ်အစိုးရက မင်းကို အသုံးချပြီး သတ်လိုက်ပြီ မင်းဘဝ သေသွားပြီကွ မင်းမသိဘူးလား
    ဒီသီချင်းကို မဆိုခင်က ဒါတွေကို မတွေးမိ မစဉ်းစားမိဘူးလား မင်းငတုံးပဲကွ..........
    တော်တော် စိတ်မကောင်းဘူးကွာ .....
    နောက်လဲ အနုပညာသမားတွေကို ဒီလိုအသုံးချပြီ သတ်အုံးမှာပဲ
    အနုပညာသမားများ အားလုံးသတိတရားလေးနဲ့ စဉ်းစားစေချင်တယ်ဗျာ.........
  1. တိုင်းတပါးကမျိုးချစ်သူ said... :
    ..မျိုးကြီးနဲ့ အိုင်စီ...ခင်ဗျားတို့ တွေကတတိုင်းပြည်လုံးအပေါ်ကိုအကြွေးတင်သွား
ိပြီနော်...ခင်ဗျားတို့ ကိုကျနော်နားလည်ပါတယ်....ဘာကြောင့် လုပ်ရတယ်ဆိုတာကိုလေ..ဒါပေမဲ့ ခင်ဗျားတို့ တွေအကြွေးတော့ပြန်ဆပ်ပါ..ကျနော်တို့ အားလုံးကခင်ဗျားတို့ ကိုအရင်ကထက်ပိုပြီးတော့ချစ်မြတ်နိုးစွာနဲ့ အားပေးနေချင်တယ်ဗျာယောက်ကျားပဲလုပ်စရာရှိတာကိုလုပ်ပါ..
  1. Anonymous said... :
    thar ku lada.
  1. Anonymous said... :
    ကျနော်တို့ အမြဲအားပေးနေတဲ့မျိုးကြီးလိုလူကိုတောင်မှမရုန်းနိုင်အောင်စစ်အစိုးရကထိန်းချုပ်နိုင်ခဲ့ ပြီတဲ့သူတို့ ကိုပြောပေးပါကမ္ဘာ့ အကြီးဆုံးအင်ပါယာတွေတောင်တနေ့ တော့ ပြိုလဲရတယ်လေ...ဖြစ်ပြီးပျက်တဲ့ သဘောတရားကိုမိရိုးဖလာဗုဒ္ဒဘာသာသန်းရွှေနဲ့ သူတို့ အပေါင်းပါတွေအားလုံးကိုသိမြင်အောင်ဘယ်လိုမျိုးကူညီရပါ့ ...သံသရာခရီးကအရှည်ကြီးပဲနော.....
  1. Anonymous said... :
    နည်းနည်းလေး နအဖကို ဆန့်ကျင်လိုက်တာနဲ့ ပြည်ပရောက် အတိုက်အခံဆိုတဲ့ ဘွဲ့ကြီးကိုပေးလိုက်တော့တာပဲ။ ရရှားက စစ်ခွေးတွေလား၊ ဗိုလ်ချုပ်တွေလာရင် တချိန်လုံးလပ်အုပ်ချီထားတဲ့နအဖ သံရုံးကသံရုံးက ဝန်ထမ်းတွေလားတော့မသိဘူး။ ထစ်ခနဲ့ရှိပြောလိုက်ရင် ဒီမိုတွေ ဒီမိုတွေ တပ်တပ်ပြောတာ။ ငါတို့က လီကွမ်ယုလို မြန်မာပြည်ကိုထားနိုင်မယ်ဆိုရင် သန်းရွှေမက သူ့****်ပဲ အုပ်ချုပ်အုပ်ချုပ် ပညာရေး၊ ကျန်းမာရေး၊ လူနေမှုအဆင့်အတန်းလေးရှိအောင် လုပ်ပေးနိုင်တယ်ဆိုရင်တောင် လက်ခံတယ်။
    I totally agree with you, Bro.
  1. Anonymous said... :
    I know Myo Gyi very well. He doesn't like the regime. It is true, his father was a military officer but trapped by BSI, Bureau of Special Investigation, and sentenced for 3 years. Myo Gyi hates the regime as his father was accused wrongly. However, he must be forced by the regime. We should learn more about a person's private and public life before we criticize him/her. And, we also should aware the strategy of the regime; they won't transfer the power back to the people and they will always mislead the people's attention. This is not the right time to spend our time by discussing whether Myo Gyi was right or wrong. This is time to think how we should respond the election, next month.
  1. ကိုင် ဘယ်လိုထင်မြင်ချက်တွေပေးပေးပေါ့ဗျာ။ ကျနော်ကတော့ မျိုးကြီးကို ကြိုက်တယ် ပေါ်လစီ သီချင်းပဲ ဆိုဆို ဘယ်လိုသီချင်းပဲဆိုဆို သူတို့က အနု ပညာသမားတွေ သူများမကောင်းကြောင်းပြောနေမယ့်အစားပေါ့လေ။ အခုက ကျနော်တို့တွေအကုန်လုံးက ဓါးမိုးတဲ့အောက်မှာ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေရတာလေ။ ပေါ်လစီကားရိုက်ရိုက် ပေါ်လစီသီချင်းပဲဆိုဆို မလွတ်ကင်းတဲ့ ကြားက လုပ်နေရတာပါ။ ကဲ ကျနော်ကတော့ ယူလိုက် စီးရီး ကိုအားပေးလိုက်ပါပြီ။ နားလည်ရမယ့်အရာတစ်ခုကို လွယ်လွယ်နဲ့ ထင်မြင်ချက်တွေ မပေးလိုက်ပါနဲ့ဗျာ။
  1. Anonymous said... :
    Bye,, Bye.... Myo Gyi
  1. Anonymous said... :
    မျိုးကြီး ဆိုခဲ့တဲ့ "ငါတို့ရဲ့ခွန်အား" ပေါ်လစီ သီချင်း စာသားကို ဖြစ်နိုင်ရင် တင်ပေးစေချင်ပါတယ်။ မျိုးကြီး ဘာအတွက် ဒီလို သီချင်းမျိုး ဆိုသလဲ စဉ်းစားလို့ မရပါ။
  1. suthi said... :
    if myo gyi die how to do?i mean do or die,,i like do, cos if u also die u can't do everything .
  1. arkar said... :
    myo gyi bar pae soe soe kya taw ka tot ar pae nay mal
    bae thu twe bae lo pae mat chat pay pay kya taw ka myo gyi ko ar pay nay hmar pae
  1. Anonymous said... :
    I understand everyone.
  1. Anonymous said... :
    Bye Bye Myo Gyi
  1. Anonymous said... :
    ပုထုဇဉ်ဆိုတဲ့လူပြောသလို မီးတွေမသုံးပဲနေရအောင် အဲဒီတိုင်းပြည်က အဲဒီအစိုးရကို ဘယ်သူကအမွေပေးထားလို့လဲ နိုင်ငံရေးအကြောင်းမသိရင်လည် မပြောနဲ့ ဒါအစိုးရလို့ကိုခေါ်လို့မရဘူး အာဏာရှင်ကွ ကိုယ့်အိမ်ပေါ်တတ်ပြီးလုပ်ချင်တိုင်းလုပ်နေတာကို ငြိမ်ခံနေရမလား မင်းပြောသလိုဆန့်ကျင်ရမယ်ဆိုရင် သူတို့မြေပေါ်မှာလည်း မနေနဲ့ အဲဒီကလေလဲ မရှူနဲ့ အဲဒီကရေလည်း မသောက်ပဲနေရမှာလား။
    မြန်မာနိုင်ငံက သူတို့ပိုင်တာကိုး။ ကိုယ့်အခွင့်အရေးဘာမှန်းမသိတဲ့လူတွေပါလား။
  1. Anonymous said... :
    I'm not his fan but, knowing what junta is capable of when it comes to coercing people to do things they disincline to do, I would rather not rash into castigate. You all know that what would junta do, if it can't get its way. He may be doing this for the fear of dire consequences. We have yet to see the whole picture. If you are really fan of MG, don't just assume. It'd only hurt him. Wait for all the facts come to light. Until then, keep your opinion at abeyance. That just my two cents.
  1. Anonymous said... :
    Like one of the commenter stated, my heart can't
    accept it, my sentiments are also the same. I
    can empathize with the celebs dilemma they are between a rock and a hard place. Now any movies or vcd's starring Lwin Moe, Wine Su, Khine Thin Kyi, Khant Si Thu, Zaw Win Htut and many others
    I don't enjoy watching, it's a big turn off.
    Cannot help my feelings. That's the kind of
    backlash they will be getting from majority of
    their fans. May be in time the negative feelings
    will subside. Sorry, nothing personal.
  1. Anonymous said... :
    သိပ်တော့ဘာမှ မပြောချင်တော့ပါဘူးလေ။ ဒီမိုး ဒီလေ နဲ့ ဒီလူတွေ....။
    ဒီပွဲက သိပြီးသားပွဲတစ်ပွဲပါပဲ။ လွင်မိုး၊နန်ဒါလှိုင်၊၀ိုင်းစုခိုင်သိန်း၊မျိုးကြီး.....
    နောက်ဘယ်သူတွေလာကြဦးမလဲ..ကြိုက်တဲ့လူကိုသာ လုပ်ချင်တာလုပ်ခိုင်းလိုက်...အဓိက က မိမိကိုယ်တိုင်ပါပဲ..၀မ်းနည်းစရာကောင်းတာကတော့ ခိုင်းတာအကုန်လိုက်လုပ်နေကြခြင်းပါပဲ...လူပဲလေ...ဒါပေမယ့် “လူမသေခင် နာမည်သေတဲ့အလုပ်တွေ သိပ်မလုပ်ကြပါနဲ့” လို့တော့ပြောချင်ပါတယ်။
  1. Anonymous said... :
    ကျွန်တော်တို့တွေ သူ့ နေရာမှာ ရှိနေခဲ့မယ်ဆိုရင် ခင်ဗျား ဘာလုပ်မလဲ ။
    ခင်ဗျား ငြင်းခဲ့မယ် ။ ထားလိုက်ပါ ။
    ခင်ဗျား ထောင်ထဲသွားမလား ။ ခင်ဗျား ရဲ့ ဘ၀ကို စွန့်လွှတ်မလား ။ ခင်ဗျားရဲ့ မိသားစုကို ခင်ဗျား စုတ်ပြတ်သွားစေချင်လား ။
    ပြီးတော့ သူ့မှာ ဘယ်လို အခြေအနေကြောင့် ဒီလို ဖြစ်ခဲ့ရသလဲ ဆိုတာမျိုးကိုရော ခင်ဗျားတို့ စဉ်းစားခဲ့ဘူးကြလား ။ ဘယ်လို ဖိအားတွေက သူ့ကို ဒီလိုဖြစ်စေခဲ့တာလည်း ဆိုတာကိုရော ခင်ဗျားတို့ မစုံစမ်းကြတော့ဘူးလား ။
  1. Anonymous said... :
    ဘာဘဲဖြစ်ဖြစ်ပေါ့ဗျာ ကျနော်တို့အားပေးတာက အနုပညာကို အားပေးတာပါ၊ လူကိုအားပေးတာမဟုတ်ပါဘူး။ အဆိုတော် တိုင်းက သူတို့ကြိုက်တဲ့သီချင်း ဘာသီချင်းဖြစ်ဖြစ်ဆိုနိုင်ပါတယ်။ အခု မျိုးကြီးဆိုသွားတဲ့အတိုင်း ရွေးကောက်ပွဲကို ထောက်ခံအားပေးလိုက်ရင် အဲဒီလူဟာလည်း ရူးနေတာဘဲ..သူအဲဒီပေါ်လစီသီချင်းဆိုလိုက်လို့ သူ့ကို မကြိုက်တော့ရင်လည်း အဲဒီလူဟာ အရူးပါဘဲ...ရွေးကောက်ပွဲက ဘာဘဲလုပ်လုပ် အဖြေက အစောကြီးကတည်းက ထွက်ပြီးသားဖြစ်နေတဲ့ရွေးကောက်ပွဲပါဘဲ။
  1. Unknown said... :
    ဟုတ်ပဗျာ!!!!ကိုမျိုးကြီးရေ လူတိုင်းက နာမည်ကြီးတွေကို စံအဖြစ်ထားကြတာလေ....ကိုလေးဖြူ.....ကိုအငဲတို့ ကိုလည်းစံအဖြစ်ထားခဲ့ကြရတာလေ ကျွန်တော်တို့ လူငယ်အနေနဲ့ က ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေရှိပေမယ့်....တစ်ခါတစ်ခါ ကိုစံထားတဲ့လူပြောတာကိုအမှန်လို့ မျက်စိမှိတ်ပုံအပ်ချင်ကြတာကလား
    အကြောင်းကြောင်းကြောင့်လို့ ပဲဖြေတွေးရတော့မှာပေါ့......လူတိုင်းမှာ တစ်ဦးချင်းစီ(personallty)ယုံကြည်ခွင့်၊ အခက်အခဲဆိုတာရှိကြမယ်လို့ ထင်ပါတယ်။ကိုမျိုးကြီးအနေနဲ့ ယုံကြည်ရာအနုပညာနဲ့ ရှင်သန်နိုင်ပါစေခင်ဗျား။
  1. nyein said... :
    အေးဗျာ..ျေမးပါရစေ။မျိုးကြီးဆိုတဲ့သီချင်းထဲမှာစစ်အစိုးရကောင်းပါတယ်ဆိုတဲ့ စာသားပါပါသလား။comment ရေးတဲ့သူတွေအားလုံးအဲဒီသီချင်းနားမထောင် ဘူးပဲပြောနေကြတာသေချာပါတယ်။သီချင်းတပုဒ်ကိုကျမ်းတအုပ်လိုသဘော ထားနေကြတာသဘောထားသေးသိမ်လွန်းပါတယ်။လူထုကနားလည်ရင်သီချင်း ကသီချင်းပဲဖြစ်မှာပါဘာမှမဖြစ်နိုင်ပါဘူး။
  1. Unknown said... :
    ကျနော်စဉ်းစားမိတာ မျိုးကြီးကို ၂၀၀၈ခုနှစ်လောက်ကတည်းက ဆိုခိုင်းမယ် မျိုးကြီးက မဆိုဘဲငြင်းလိုက်မယ် မျိုးကြီး ဆင်ဆာခွင့်ပြုမိန့်တင်တော့ မကျလာဘူးဗျာ တနှစ်စောင့် နှစ်နှစ်စောင့် မကျလာဘူး အစတုန်းကဆိုရင် လေးဖြူ သိပ်မကြာဘူး မျိုးကြီးထွက်တယ် နောက် အငဲထွက်တယ် နောက်ဆုံး ၀ိုင်ဝိုင်းထွက်တယ် နောက်တကျော့လေးဖြူပြန်ထွက်တယ် အခုက လေးဖြူ အငဲ ၀ိုင်ဝိုင်းတို့သာ ပီးသွားတယ် မျိုးကြီးက မထွက်လာနိုင်ဘူး ခင်များတို့ယုံလား မျိုးကြီး ကိုယ်ပိုင်သံစဉ်သေသေချာချာလုပ်လို့ သုံးနှစ်ကြာတယ်ဆိုတာ ကျနော်တော့ မယုံဘူး ဥပမာဗျာ အမေရိကန်ကနေ ပြသနာပေါင်းစုံ နောက်ဆုံးဘယ်သူမှ တာဝန်မယူနိုင်လို့ ပြန်လွှတ်လိုက်တဲ့ ၀ိုင်းစုခိုင်းသိန်းအကြောင်းကို မြန်မာပြည်သတင်းမှာ ဘာမှမတွေ့ရဘူး အလင်းတန်းဂျာနယ်၊ ရွှေအမြူတေတို့ဝက်ဘ်ဆိုဒ်မှာ ရှာဖတ်ကြည့် ၀ိုင်းစုခိုင်းသိန်း ကောင်းကောင်းမွန်မွန်လည်ပတ်ခဲ့တဲ့အကြောင်းဘဲ ဖတ်ရတယ် ဒါဘဲဗျာ မျိုးကြီးခေါင်းမာစွာသုံးနှစ်ကြာမျှနေလာခဲ့တာ နားလည်ပေးကြပါ အဆိုတော်တယောက်အနေနဲ့ သီချင်းအခွေထွက်ခွင့်မရရင် သူတို့ဘ၀က ဆုံးသလိုပါဘဲ မျိုးကြီးတို့အဖွဲ့က ပိုက်ဆံမမက်ဘူး ကျနော်တို့ထက် အစိုးရကို ဆန့်ကျင့်ခဲ့တယ်
  1. Unknown said... :
    စင်္ကပူမြန်မာတွေက ကိုမျိုးကြီးတို့လာလို့ စင်အောက်ကနေဆဲမယ်ဆိုရင် ကိုမျိုးကြီးဘဲ ကွက်မဆဲနဲ့ဗျာ တေးရေးဆရာ လင်းလင်း သီချင်းကိုတီးခတ်ပေးတဲ့ IC အဖွဲ့သားအားလုံးကိုဆဲမလား ဘယ်လိုလဲ ဒါမှ မျှတမှာပေါ့ အခုကကိုမျိုးကြီးတယောက်တည်းဘဲကို အပြစ်ဝိုင်းပြောနေတာတော့ မလွန်ဘူးလား
  1. Unknown said... :
    နောက်တခုကျနော်စဉ်းစားမိတာ ကိုမျိုးကြီးပါသမျှ အခွေတိုင်းဆင်ဆာတင်ရင် ဆင်ဆာခွင့်ပြုမိန့်မကျလာနိုင်ဘူးလို့ ထင်တယ် အခု ၂၀၁၀မှာသူတို့ အိုင်စီအနှစ် ၂၀ မြောက်ပွဲကိုလုပ်မယ်လို့ သိရတယ် ကိုမျိုးကြီးလည်းပါနေတော့ ဒီအခွေဆင်ဆာခွင့်ပြုမိန့်မကျလာနိုင်ဘူးပေါ့ဗျာ ဒါဆိုရင် အိုင်စီအဖွဲ့သားတွေဘာလုပ်မလဲ ကိုမျိုးကြီးတယောက်တည်းရဲ့သီချင်းကိုဘဲ ကွက်ချန်ထားပြီး အခွေထုတ်မလား ဒါဆိုရင်မလုပ်ကောင်းဘူးလေဗျာ ဘော်ဒါတွေလေဗျာ ဘာဘဲဖြစ်ဖြစ်ကိုမျိုးကြီးက ဖိအားရလိုက်တာဘဲ ငွေကြေးဖိအားကို တော်လှန်နိုင်တယ်ဗျာ အခွင့်အရေးဖိအားကို တော်လှန်နိုင်တယ်ဗျာ နောက်ဆုံးထိ သူ့တယောက်တည်းအခွေမထွက်ဘဲနဲ့လဲ တော်လှန်နိုင်တယ်ဗျာ ဒါပေမဲ့ဘော်ဒါ ဖိအားကိုတော့ ကိုမျိုးကြီးမတွန်းလှန်နိုင်ဘူးလို့ ကျနော်တော့ ထင်တာဘဲ ဒါကတော့ ကျနော်ထင်မြင်သုံးသပ်ကြည့်တာပေါ့
  1. nyein said... :
    ကိုယ့်နာမည်တောင်မဖော်ပြရဲ့သူတွေကမျိုးကြီးကိုဝေဖန်နေကြတာ တော်တော်ရယ်စရာကောင်းပါတယ်။နိုင်ငံရေးသမားအမည်ခံပြီး ဘ၀ကိုUNHCR နဲ့ရောင်းစားနေကြတဲ့သူတွေကသီချင်းတပုဒ်ကိုဘာကြောင့်ဒီလောက်ကြောက်နေ ကြတာလဲ။ခင်ဗျားတို့ကလူတိုင်းကိုထောင်ထဲရောက်အောင်ပို့ဖို့ရယ်မျောင်းထဲ ရောက်အောင်ပို့ဖို့ရယ်ဒါတွေပဲချောင်းနေကြတာမလား။တတိယနိုင်ငံကူးဖို့ စောင့်မျော်နေကြတဲ့ခင်းဗျားတို့ကဗမာပြည်မပြန်ချင်တာနဲ့ပဲ။သီချင်းတပုဒ်ကို ရန်လုပ်နေကြတာနိုင်ငံရေးလို့ထင်နေလား။ခင်ဗျားတို့ကမ်းပိန်းလုပ်ရခြင်းရဲ့ အကြောင်းရင်းကဘာလဲ။လူသားဆန်တဲ့သူတိုင်းစစ်အာဏာရှင်စနစ်ကိုမကြိုက် ကြဘူး။မျိုးကြီးကိုစစ်အာဏာရှင်စနစ်ကြိုက်တယ်ထင်လို့လား။ကမ်ပိန်းလုပ် တယ်ဆိုတာဘာကြောင့်ဘယ်လိုဆိုတဲ့အချက်အလက်ပေါ်မှုတည်ပြီးလုပ်တာ အခုလိုဘာမှန်းမသိညာမှန်းမသိသူများယောင်လို့လိုက်ယောင်နေတာအရှက်မ ရှိတဲ့သူတွေရဲ့အလုပ်ပဲ။
  1. reader1 said... :
    တစ်ခုပြောချင်ပါတယ်...အဲဒီလိုသီးချင်းဆိုတော့မျိုးကြီးကဘာဖြစ်သွားလို့လဲ
    အဆိုတော် သီချင်းဆိုတာဆန်းဘာတွေဆန်းနေလို့လဲဗျာ ..ဒီမိုတွေကပိုကိုပိုလွန်တယ်ဗျာ ...ကျွန်တော်ကြိုက်တာနဲ့လောင်းကြေးထပ်ရဲတယ် နောက်တစ်ခါမျိုးကြီး တစ်ကိုယ်တော် live show လုပ်ရင်လဲပရိတ်သတ်က၀က်ဝက်ကွဲအားပေးဦးမှာပဲ...
  1. Anonymous said... :
    ငတ်ပြီးသေတော့ မောင်မျိုးရေ။ anonymous ဆိုတာ ကြောက်လို့မဟုတ်။ မင်းတို့လို အူကြောင်ကြားတွေလို problem ရှာမှာစိုးလို့
  1. လံကွတ်တီ said... :
    မျိုးကြီးရေ..rockဘိုအေကြီးနှင့်အတူဖားသီချင်းတစ်ခွေလောက်ထုတ်ပါလား..စည်းလုံးခြင်းအတွက်သီချင်းတပုဒ်ရှိနေမယ်...
    သီဆိုခြင်းအတွက် ပိုက်ပိုက်ရနေမယ်..
  1. မောင်ငြိမ်း said... :
    မျိုးကြီးကိုဝိုင်းပြောနေလိုက်ကြတာကိုယ်တိုင်ကတော့မိမိကိုယ်မိမိသူတောင်းစားဖြစ်နေပါတယ်လို့လိမ်ပြောပြီးရင်နိုင်ငံကြီးတွေသွား။ရောက်တော့ငါတို့ငတ်နေလို့ပါထောက်ပံ့ကြေးယူသုံးဖြူန်းနိုင်ငံရေးအကြောင်းပြပြီးအဆိုတော်ဝေဖန်သရုပ်ဆောင်ဝေဖန်လိုက်မင်းတို့ကိုယ်တိုင်ရောဘာအဆင့်ရှိလို့တုန်း။
  1. Anonymous said... :
    ရာဇသံကို အာခံဖို့ မျိုးကြီးလည်း မတတ်နိုင်ရှာလို့နေမှာပါ ကျော်ဆန်းအမိန့်နဲ့ ရေးဟဲ့ ဆိုဟဲ့ဆိုရင် နိုင်ငံကျော်ကြီး အယ်ဘမ်တွေဆက်ထုတ်မလား အိမ်မှာဂစ်တာလေးနဲ့ငြီးနေမလား စဉ်းစားပြီလေ ကိုယ်ချင်းစာပေးလိုက်ပါ
  1. Anonymous said... :
    လောက ကြီးမှာ ဖြစ်လာဖို့ ရှိသမျှ ဟာ ဆက်ဖြစ်နေမှာဘဲ။ဘယ်သူတား လို့မှ မရဘူး။ ဖြစ်သမျှ ကိုသာစောင့်ဆိုင်းပြီး လိုက်ဝေဖန်နေမယ်ဆိုရင် သင့်ဘ၀ မှာ ဖြစ်လာမယ့်အရာမှန် သမျှကို သင်လစ်လျှူ ရှူ့ နေပြီ ဆိုတာ သိထားသင့်တယ်။ သင့်ဘ၀ အတွက် ဘဲသင်ကြိုးစားပါ။ သင့် ဘ၀ သာ သင့်အတွက် ပါ။
  1. SEE......................................
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved