DVB နိုဘယ်ငြိမ်းချမ်းရေးဆု လျာထားခံရ

Wednesday, October 6, 2010




ဒီနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် နောက်ဆုံးဆန်ခါတင် စာရင်းမှာ DVB ပါတယ်လို့ သိရပါတယ်။

တခြားပြိုင်ဘက်တွေက အာဖဂန် လူ့အခွင့်အရေလှုပ်ရှားသူ အမျိုးသမီး ဆီမာဆာမားနဲ့ ဆီရာလီယွန်က အပြည်ပြည်ဆိုင်ရာ တရားရုံးတို့ ဖြစ်ပါတယ်။

တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူတွေလည်း နောက်က ကပ်လိုက်လာတာမို့ မကြာသေးခင်က တရုတ်အစိုးရက နော်ဝေအစိုးရကို ဖိအားပေးခဲ့ပါသေးတယ်။

ဒါပေမယ့် နိုဘယ်ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး ကော်မတီဟာ နော်ဝေအစိုးရရဲ့ သြဇာခံ မဟုတ်ပါဘူး။

နော်ဝေ သံတမန်အသိုင်းအဝိုင်းရဲ့ အဆိုအရ ရွေးချယ်ရေး ကော်မတီဟာ ဆုကို ရွေးထားပြီးပြီလို့ သိရပါတယ်။ ဘယ်သူရမယ်ဆိုကတော့ သောကြာနေ့ ကြေညာမှပဲ အားလုံး သိရမှာပါ။

၁၉၉၁ တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ငြိမ်းချမ်းရေးဆုကို ရခဲ့ဖူးပါတယ်။

တကယ်လို့သာ ဒီနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုကို DVB ရခဲ့ရင်DVB တင်သာမက ပြည်တွင်း ပြည်ပမှာရှိတဲ့ စီတီဇင် ဂျာနယ်လစ်တွေ အပါအဝင် အမှန်တရားအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာ စာနယ်ဇင်း သတင်းစာဆရာတွေ အားလုံးအတွက် ဝမ်းမြောက် ဂုဏ်ယူဖွယ်ပါပဲ။

2 comments :

  1. Anonymous said... :

    If Chinese activists won a peace prize, everyone who have been fighting for justice, freedom and democracy in the world will share the prize. DVB is just a news agency... not sure it is a right choice.

  1. Anonymous said... :

    Anon: "If Chinese activists won a peace prize, everyone who have been fighting for justice, freedom and democracy in the world will share the prize."

    couldn't agree with u more on that

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved